Latest News

Sunday, December 31, 2017

ပါမောက္ခချုပ်ဆရာတော်၏ ၂ဝ၁၈ ခုနှစ် နှစ်သစ်မင်္ဂလာ နှုတ်ခွန်းဆက်လွှာ

ပါမောက္ခချုပ်ဆရာတော်၏ ၂ဝ၁၈ ခုနှစ် နှစ်သစ်မင်္ဂလာ နှုတ်ခွန်းဆက်လွှာ

မိမိတို့ ဘဝ၊ လှပသောအနာဂတ်ကို ဖော်ဆောင်ကြ

၂ဝ၁၈ ခုနှစ်၏ နှစ်သစ်မင်္ဂလာအခါသမယမှာ သတ္တဝါတွေ အားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေဟု ဆုတောင်းမေတ္တာ ပို့သလိုက်ပါသည်။

ပြည်ထောင်စုမြန်မာနိုင်ငံတော် ရဟန်းရှင်လူ ပြည်သူ ပြည်သားအားလုံး မင်္ဂလာကျင့်စဉ်အတိုင်း လိုက်နာကျင့်သုံး ခြင်းဖြင့် ''မင်္ဂလာရှိသောနှစ်'' အဖြစ် မှတ်တမ်းတင်နိုင် အောင် ကြိုးစားအားထုတ်ကြရမည် ဖြစ်ပါသည်။

အခက်အခဲဟူသမျှကို ကျော်လွှားနိုင်

အချင်းချင်း မေတ္တာသက်ဝင် ချစ်ခင်ခြင်း၊ အကြင်နာ တရားထားခြင်း၊ မလိုမုန်းထား စိတ်ကင်းခြင်း၊ စိတ်ထား ဖြောင့်မှန် အပြန်အလှန်လေးစားခြင်းရှိကြမှသာ အခက်အခဲ ဟူသမျှကို ကျော်လွှားနိုင်ကြမည် ဖြစ်ပါသည်။

မိမိတို့ကိုယ်တိုင် ကိုယ်ကျင့်တရား ကောင်းမွန်အောင် ပြုပြင်ခြင်း၊ အသိပညာ အတတ်ပညာစွမ်းအား မြှင့်တင်ပေး ခြင်းအားဖြင့် မိမိတို့ ဘဝ၊ လှပသောအနာဂတ်ကို ဖော်ဆောင် ကြပါရန် တိုက်တွန်းအပ်ပါသည်။
သက်ရှည်ကျန်းမာ စိတ်ချမ်းသာ လိုရာဆန္ဒ ပြည့်ကြ ပါစေ။MOI

သီတဂူဆရာတော်ကြီး၏ ၂ဝ၁၈ ခုနှစ် နှစ်သစ်ကူးနှုတ်ခွန်းဆက်စကား

သီတဂူဆရာတော်ကြီး၏ ၂ဝ၁၈ ခုနှစ် နှစ်သစ်ကူးနှုတ်ခွန်းဆက်စကား

၂ဝ၁၇ ခုနှစ်ဆိုတဲ့ နှစ်ဟောင်းတစ်ခုဟာ ဒီဇင်ဘာ ၃၁ ရက်မှာ ကုန်သွားပြီ၊ တစ်နှစ်ကုန်သွားပြီ၊ တစ်နှစ်ကုန်သွားတော့ နှစ်ဟောင်းကုန်ပြီလို့ ဒါပြောကြတာ၊ ဇန်နဝါရီ ၁ ရက်နေ့မှာ နှစ်သစ်သို့ပြောင်းပြီ၊ အသစ်သို့ပြောင်းပြီလို့ ဆိုကြတယ်၊ အဲဒီ အသစ်ကရော ဘယ်လောက်ခံမှာလဲ၊ အသစ်တိုင်း အသစ်တိုင်း က အကုန်လုံး အဟောင်းတွေ ချည်းဖြစ်ရမယ်ဆိုတာကို အားလုံး သတိပြုကြဖို့ လိုလိမ့်မယ်၊ မြတ်ဗုဒ္ဓက မိန့်တော်မူတယ်၊ ''ကာလော ယသတိ ဘူတာနိ၊ သဗ္ဗာနေဝ သဟတ္တနာ'' အချိန်သည် အချိန်ကို စားပြီးတော့ စက္ကန့်တိုင်းဟာ အချိန်တွေ ကုန်နေတယ်၊ စက္ကန့် တိုင်း စက္ကန့်တိုင်း အဟောင်းတွေ အဟောင်းတွေ ကုန်ဆုံးပြီး တော့ အသစ်တွေ အသစ်တွေ ပြောင်းနေတာ၊ မြတ်ဗုဒ္ဓရဲ့ အဘိဓမ္မာသဘောအရ အဲဒါကို မြင်အောင်ကြည့်နိုင်တဲ့ လူဟာ အဟောင်းကိုရော အသစ်ကိုရော သူဟာ လွန်မြောက်နိုင်တယ်၊
အဟောင်းတွေကုန်ပြီဆို အသစ်မှာ ပျော်မွေ့နေကြမယ့်အစား အသစ်လည်းပဲ စက္ကန့်မလပ် သူလည်း အဟောင်းအဖြစ်သို့ ပြောင်းနေတယ်၊ မြစ်ထဲမှာ ရေစီးသလိုပဲ၊ စီးနေတဲ့ရေကို ကြည့်လိုက်မယ်ဆိုရင် အဝေးကြည့်တော့ ဒါမြစ်ကြီးပဲ၊ အနားကပ် ပြီးတော့ တဖြည်းဖြည်း ကြည့်လာလေလေ စီးနေတဲ့ရေကို တွေ့ရ လိမ့်မယ်၊ မြစ်ထဲကို ခြေတစ်ချောင်းချလိုက်ရင် ခြေထောက်ကို ထိလိုက်တဲ့ရေသည် ခြေထောက်ရဲ့ အောက်သို့ လွန်မြောက်ပြီး တော့ သူဟောင်းသွားပြီ၊ ပြောင်းသွားပြီ၊ ခြေထောက်မှာ ထိတိုင်း ထိတိုင်းသော ရေတွေဟာ အသစ်အသစ်တွေချည်းပဲ ဖြစ်တယ် ဆိုတာကို မြင်ကြဖို့ အရေးကြီးတယ်၊ အဲဒါကြောင့် နှစ်သစ်ကူးပွဲ လုပ်ကြတဲ့ ပုဂ္ဂိုလ်တွေဟာ မိနစ်တိုင်း နှစ်သစ်ကူးပွဲလုပ်လို့ရတယ်၊ စက္ကန့်တိုင်း နှစ်သစ်ကူးပွဲလုပ်လို့ရတယ်၊ စက္ကန့်တစ်ခုသည် အဟောင်းဖြစ်ပြီးတော့ နောက်လာတဲ့ စက္ကန့်တစ်ခုဟာ အသစ်ပဲ၊ အဲဒါကို မြတ်စွာဘုရားက ''ကာလော ယသတိ ဘူတာနိ၊ သဗ္ဗာ နေဝ သဟတ္တနာ '' ကာလ သည် ကာလကိုစား၍ ကာလသည် ကုန်ခဲ့ပြီ၊ ''ယောစ ကာလကသော ဘူတော သဘူတ ပစနိံ ပစ္စိ'' အချိန်ကာလကို နိုင်အောင်စားနိုင်တဲ့ ပုဂ္ဂိုလ်ဟာ လောက မှာ အောင်မြင်သူတစ်ယောက်ပဲ၊ အချိန်ကာလကို နိုင်အောင်စား ဆိုတာက ဘာကိုဆိုလို သလဲဆိုရင် အချိန်ရှိတိုင်း အလုပ်လုပ်နေဖို့ ပြောတာ၊ အချိန်ရှိတိုင်းအလုပ် လုပ်နေရင် အဲဒီအလုပ် လုပ်နေတဲ့ ပုဂ္ဂိုလ်ဟာ အချိန်ကို နိုင်တာပဲ၊ အလုပ်မလုပ်မိလိုက်ဘူး ဆိုတာနဲ့ တစ်ပြိုင်နက်တည်း မလုပ်ဖြစ်လိုက်တဲ့အချိန်ဟာ ဒါဆုံးရှုံးသွား တာပဲ၊ ဒီတော့ ကာလကို နိုင်အောင်စားမယ်ဆိုရင် အဲဒီပုဂ္ဂိုလ်မှာ အချိန်ကို နိုင်အောင်စားဖို့၊ ကာလကို နိုင်အောင်စားဖို့ လိုအပ် တဲ့ အရည်အချင်းတွေ မြတ်ဗုဒ္ဓ ပြောထားတယ်၊ ဟောထား တယ်။ ။
MOI

နိုင်ငံတော်သမ္မတ ဦးထင်ကျော်၏ ၂၀၁၈ ခုနှစ်၊ နှစ်သစ်ကူးနှုတ်ခွန်းဆက် အမှာစကား

နိုင်ငံတော်သမ္မတ ဦးထင်ကျော်၏ ၂၀၁၈ ခုနှစ်၊ နှစ်သစ်ကူးနှုတ်ခွန်းဆက် အမှာစကား

နိုင်ငံသူနိုင်ငံသားများခင်ဗျား -

နှစ်သစ်မင်္ဂလာအခါသမယမှာ နိုင်ငံသူနိုင်ငံသား တိုင်းရင်းသားညီအစ်ကို၊ မောင်နှမ အားလုံး ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေကြောင်း ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။
နိုင်ငံသူနိုင်ငံသားများခင်ဗျား-

နိုင်ငံတော်အစိုးရအနေနဲ့ နိုင်ငံ့တာဝန်ယူခဲ့တဲ့ အချိန်ကစပြီး တိုင်းပြည်အကျိုးအတွက် ရည်ရွယ်ချမှတ်ထားတဲ့ မူဝါဒတွေဖြစ်တဲ့ ပြည်တွင်းငြိမ်းချမ်းရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုကြီးဖြစ်ပေါ်လာရေး၊ ပြည်သူတွေရဲ့ လူမှုစီးပွားဘ၀များ မြင့်မားတိုးတက်ရေးတို့အတွက် တစ်စိုက်မတ်မတ် အလေးထားကြိုးပမ်းအားထုတ်ခဲ့ရာမှာ အတိုင်းအတာတစ်ခုအထိ အောင်မြင်အောင် ဆောင်ရွက်နိုင်ခဲ့ပါတယ်။
နိုင်ငံသူနိုင်ငံသားများခင်ဗျား-

အခုအခါမှာလည်း (၂၁)ရာစုပင်လုံညီလာခံရဲ့ အစည်းအဝေးအဆင့်ဆင့်တွေ ကျင်းပပြီး တိုင်းရင်းသားပြည်သူတွေလိုလားတောင့်တတဲ့ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်နိုင်ဖို့ အစိုးရ၊ ပြည်သူ၊ လွှတ်တော် ၊ တပ်မတော် ၊ နိုင်ငံရေးပါတီတွေ၊ အရပ်ဖက် လူမှုအဖွဲ့အစည်းတွေ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေ အတူတကွ ကြိုးပမ်း ဆောင်ရွက်လျက်ရှိပါတယ်။

တည်ငြိမ်အေးချမ်းပြီး ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတော်ကို တည်ဆောက်ရာမှာ စိန်ခေါ်မှုတွေ အခက်အခဲတွေကြုံတွေ့ရမှာ သဘာဝပဲဖြစ်ပါတယ်။ ဒီစိန်ခေါ်မှုတွေကို ရင်ဆိုင်ကျော်လွှားနိုင်ဖို့ ပြည်သူတစ်ရပ်လုံးက အားအင်အပြည့်နဲ့ တက်ကြွစွာ ပူးပေါင်းပါဝင်ကြဖို့ အလေးအနက် တိုက်တွန်းလိုပါတယ်။

နိုင်ငံသူနိုင်ငံသား တိုင်းရင်းသားညီအစ်ကို မောင်နှမများနှစ်သစ်မှာ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပြီး ကောင်းကျိုးလိုရာဆန္ဒများ အားလုံးပြည့်ဝနိုင်ကြပါစေ။

Zawgyi Version
နိုင်ငံတော်သမ္မတ ဦးထင်ကျော်၏ ၂၀၁၈ ခုနှစ်၊ နှစ်သစ်ကူးနှုတ်ခွန်းဆက် အမှာစကား

နိုင်ငံသူနိုင်ငံသားများခင်ဗျား -

နှစ်သစ်မင်္ဂလာအခါသမယမှာ နိုင်ငံသူနိုင်ငံသား တိုင်းရင်းသားညီအစ်ကို၊ မောင်နှမ အားလုံး ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေကြောင်း ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။
နိုင်ငံသူနိုင်ငံသားများခင်ဗျား-

နိုင်ငံတော်အစိုးရအနေနဲ့ နိုင်ငံ့တာဝန်ယူခဲ့တဲ့ အချိန်ကစပြီး တိုင်းပြည်အကျိုးအတွက် ရည်ရွယ်ချမှတ်ထားတဲ့ မူဝါဒတွေဖြစ်တဲ့ ပြည်တွင်းငြိမ်းချမ်းရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုကြီးဖြစ်ပေါ်လာရေး၊ ပြည်သူတွေရဲ့ လူမှုစီးပွားဘ၀များ မြင့်မားတိုးတက်ရေးတို့အတွက် တစ်စိုက်မတ်မတ် အလေးထားကြိုးပမ်းအားထုတ်ခဲ့ရာမှာ အတိုင်းအတာတစ်ခုအထိ အောင်မြင်အောင် ဆောင်ရွက်နိုင်ခဲ့ပါတယ်။
နိုင်ငံသူနိုင်ငံသားများခင်ဗျား-

အခုအခါမှာလည်း (၂၁)ရာစုပင်လုံညီလာခံရဲ့ အစည်းအဝေးအဆင့်ဆင့်တွေ ကျင်းပပြီး တိုင်းရင်းသားပြည်သူတွေလိုလားတောင့်တတဲ့ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်နိုင်ဖို့ အစိုးရ၊ ပြည်သူ၊ လွှတ်တော် ၊ တပ်မတော် ၊ နိုင်ငံရေးပါတီတွေ၊ အရပ်ဖက် လူမှုအဖွဲ့အစည်းတွေ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေ အတူတကွ ကြိုးပမ်း ဆောင်ရွက်လျက်ရှိပါတယ်။

တည်ငြိမ်အေးချမ်းပြီး ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတော်ကို တည်ဆောက်ရာမှာ စိန်ခေါ်မှုတွေ အခက်အခဲတွေကြုံတွေ့ရမှာ သဘာဝပဲဖြစ်ပါတယ်။ ဒီစိန်ခေါ်မှုတွေကို ရင်ဆိုင်ကျော်လွှားနိုင်ဖို့ ပြည်သူတစ်ရပ်လုံးက အားအင်အပြည့်နဲ့ တက်ကြွစွာ ပူးပေါင်းပါဝင်ကြဖို့ အလေးအနက် တိုက်တွန်းလိုပါတယ်။

နိုင်ငံသူနိုင်ငံသား တိုင်းရင်းသားညီအစ်ကို မောင်နှမများနှစ်သစ်မှာ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပြီး ကောင်းကျိုးလိုရာဆန္ဒများ အားလုံးပြည့်ဝနိုင်ကြပါစေ။

Ref ; Myanmar President Office



========================================

{Unicode Version}
ကျွန်းလှမြို့နယ်၌ ကြာပန်းဆင်းခူးရာမှ ကျောင်းသား/သူ ၃ ဦး ရေနစ်သေဆုံးမှု
==========================================
၂၀၁၇ခုနှစ်၊ ဒီဇင်ဘာလ ၃၀ ရက်နေ့ ၀၉၃၀ အချိန် ကျွန်းလှမြို့နယ်၊ ကုက္ကိုကုန်းကျေးရွာ အနောက်ဖက်(၂)ဖာလုံခန့်ရှိ သဖန်းဆိပ်ဆည်ရေဝင်ဧရိယာ၌ မောင်ဝေဠုအောင်(၁၄)နှစ်၊ (၉တန်း) ပါ ၃ ဦး(ကျား ၁၊ မ ၂)တို့သည် ကြာပန်းဆင်းခူးရာ ရေနစ်နေသဖြင့် ဆယ်ယူခဲ့ပြီး ကျွန်းလှမြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကုသစဉ် ၁၃၅၀ အချိန်တွင် သေဆုံးသွားခဲ့သဖြင့် ၁၈၃၀ အချိန်တွင် သေမှုသေခင်းအမှတ်စဉ် (၈/၂၀၁၇) ရေးဖွင့်စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိ ပါသည်။

ဓနုဖြူမြို့နယ်​ (၁၆)ရပ်​ကွက်​ မြစ်​ကမ်းပါပြိုကျမှု​ကြောင့် နေအိမ်​ (၁၁)လုံးပါသွား


ဓနုဖြူ ဒီဇင်​ဘာ ၃၁

ဓနုဖြူမြို့ ၊ (၁၆)ရပ်​ကွက်​ ကမ်းနားလမ်း ခန့်​မှန်း (GQ-750113)အတွင်း ဒီဇင်​ဘာ ၃၀၊ ည (၁၀း၃၀)ကမြစ်​ကမ်းပြိုကျမှု ဖြစ်​ပွားရာ ပျဉ်​ခင်း၊ ထရံကာ၊ သွပ်​မိုးအိမ် (၇)လုံး၊ ပျဉ်​ခင်း၊ ဝါးထရံကာ၊ သွပ်​မိုးအိမ်​ (၄)လုံး၊ စုစု​ပေါင်း ​နေအိမ်​(၁၁)လုံးနှင့်​ ကျွန်းငါးဖမ်း​လှေ (၂)စီး၊ ပိုက်​ (၂)ပုံ၊ စက်​တစ်​လုံးပါရှိသွားခဲ့ပြီး ပျဉ်​ခင်း၊ ဝါးထရံကာ၊ သွပ်​မိုး​နေအိမ်​ (၈)လုံးအား ကြိုတင်​ဝိုင်​ဝန်းဖျက်​သိမ်းခဲ့​ကြပြီး စုစု​ပေါင်းဆုံးရှုံးမှုတန်​ဖိုးမှာ ခန့်​မှန်း​(၉၆)သိန်းခန့့်​ ပျက်​စီးဆုံးရှုံးခဲ့သည်​။

 လူနှင့်​တိရစ္ဆာန်​ ​သေ​ကြေပျက်​စီးမှုမရှိပါ။ ကမ်းပြိုသည့်​​နေရာအား လွတ်​​တော်​ကိုယ်​စားလှယ်​များ၊ မြို့နယ်​အ​ထွေ​ထွေအုပ်​ချုပ်​​ရေးမှူးနှင့်​ ဝန်​ထမ်းများ၊ စည်​ပင်​​ကော်​မတီဝင်​များ၊ စီမံကိန်း​ရေး​ဆွဲေ​ကော်​မတီဝင်​များ၊ မြို့နယ်​ရဲတပ်​ဖွဲ့များ၊ မီးသတ်​တပ်​ဖွဲ့ဝင်​များ၊ ရပ်​ကွက်​အုပ်​ချုပ်​​ရေးမှူးနှင့်​ တာဝန်​ရှိသူများ၊ ရပ်​ကွက်​​နေပြည်​သူများမှ ​​ရေထဲ​နေအိမ်​​မျောပါ အိမ်​​ထောင်​စုများအား ​ဘေးလွတ်​ရာသို့​ရွေ့​ပြောင်း​ပေးခဲ့​ကြောင်း မြို့နယ်​အ​ထွေ​ထွေအုပ်​ချုပ်​​ရေးဦးစီးဌာနမှသိရပြီး ယ​နေ့တွင်​လည်း စိုးရိမ်​ရ ​နေအိမ်​ (၅)လုံးတို့အား ကြိုတင်​ဖျက်​သိမ်း​နေကြ​ကြောင်းသိရသည်​။

အောင်​သူဟိဏ်း(ပြန်​/ဆက်​)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS

မိုင်းတုံ နှစ်လောင်းပြိုင် လူသတ်မှု


၂၀၁၇ခုနှစ်၊ ဒီဇင်ဘာလ ၂၉ ရက်နေ့ ည ၁၁ နာရီကျော်အချိန်ခန့် တွင် ရှမ်းပြည်နယ် အရှေ့ ပိုင်း မိုင်းတုံမြို့နယ်၊ ပါခတ်ကျေးရွာတွင် နှစ်လောင်းပြိုင် လူသတ်မှု ဖြစ်ပွားခဲ့ကြောင်း သိရပါသည်။

အဆိုပါ သတင်းအရ မိုင်းတုံမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ သွားရောက် စစ်ဆေးခဲ့ရာ မအီနာရှဲ(၄၀)နှစ် ၏အိမ်တွင်အတူနေ မအီနာရှဲ၏ သမီး မနားကျို(၂၅)နှစ်တို့တွင် ဘယ်ဂျိုစောင်း/မေးရိုးတွင် ပြတ်ရှဒဏ်ရာ ၂ ချက်၊ ရင်ဘတ်တွင် ထိုးသွင်း ဒဏ်ရာ ၁ ချက်နှင့် မော်ကျို(၃၅)နှစ် (မနားကျို၏ ခင်ပွန်း)တွင် သွား ၂ ချောင်းကျိုး၊ နား ၂ ဖက်/ပါးစပ်ပေါက်ပြဲ (သွေးထွက်လျက်)၊ ရင်ဘတ်ညိုမဲဒဏ်ရာများဖြင့် သေဆုံးနေပြီး မော်ကျို၏ ဘယ်ဘက်တွင် ဓါးချွန် ၁ ချောင်းနှင့် တူမီး ၁ လက် တွေ့ရှိ သိမ်းဆည်းခဲ့ကြောင်း သိရပါသည်။


 အဆိုပါ ဖြစ်စဉ်မှာ ည ၈ နာရီ အချိန်တွင် မအီနာရှဲသည် တစ်ရွာတည်းနေ ဦးအဲယေ၏ ဈေးဆိုင်သို့ မုန့်ဝယ်သွားစဉ် ၎င်း၏ အိမ်ဘက်မှ ကျည်ပေါက်သံကြား၍ ပြန်သွားကြည့်ရာ အိမ်ပေါ်၌ မနားကျိုနှင့် မော်ကျိုတို့ ၂ ဦး မှာ ဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရှိခြင်းဖြစ်ကြောင်းသိရပြီး၊ ည ၁၁ နာရီ ၃၀ မိနစ် အချိန်တွင် မနားကျိုနှင့် မော်ကျိုတို့၏ အလောင်းအား မိုင်းတုံမြို့ ပြည်သူ့ဆေးရုံသို့ ပို့အပ်ခဲ့ကြောင်း သိရသည်။

 ဒီဇင်ဘာလ ၃၀ ရက်နေ့ ၀၁၃၅ အချိန် မိုင်းတုံမြို့မရဲစခန်း (ပ)၁၆/၂၀၁၇ ရာဇသတ်ကြီးပုဒ်မ ၃၀၂ (လူသတ်မှု)ဖြင့် အမှုဖွင့် စုံစမ်းစစ်ဆေးလျက်ရှိကြောင်းနှင့် နံနက် ၁၀  နာရီ အချိန်တွင် မော်ကျို၏ အလောင်း အား ရင်ခွဲစစ်ဆေးရာ ၎င်း၏ဦးနှောက်ငယ်အတွင်း ယမ်းစပေနေသော အဝတ်စငယ် ၁ ခု တွေ့ရှိရသဖြင့် ဇနီးဖြစ်သူ မနားကျိုနှင့် စကားများကာ မနားကျိုအား ဓါးဖြင့်ထိုးပြီး မိမိကိုကိုယ် တူမီးသေနတ်ဖြင့် ပစ်ခတ်သေဆုံးခြင်း ဖြစ်နိုင်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရပါသည်။

သစ်ထူးလွင်

မင်းသားလွင်မိုးရဲ့သမီးကြီး ယွန်းဝတီလွင်မိုးရဲ့မင်္ဂလာပွဲ


မင်းသားလွင်မိုးရဲ့သမီးကြီး ယွန်းဝတီလွင်မိုးရဲ့မင်္ဂလာပွဲ

မူဆယ်​(၁၀၅)မိုင်​ကုန်​သွယ်​​ရေးဇုန်​ယာဉ်​ငယ်​စစ်​​ဆေး​ရေးဂိတ်​အနီး၌အ​ဝေးထိန်းမိုင်း(၁)လုံး​တွေ့ရှိ

မူဆယ်​(၁၀၅)မိုင်​ကုန်​သွယ်​​ရေးဇုန်​ယာဉ်​ငယ်​စစ်​​ဆေး​ရေးဂိတ်​အနီး၌အ​ဝေးထိန်းမိုင်း(၁)လုံး​တွေ့ရှိ    
           
မူဆယ်   ​ဒီဇင်​ဘာ  ၃၁

ရှမ်းပြည်​နယ်​(​မြောက်​ပိုင်း)မူဆယ်​ခရိုင်​မူဆယ်​မြို့နယ်​ မိုင်းယု(၁၀၅)မိုင်​ကုန်​​သွယ်​​ရေးဇုန်​ယာဉ်​ငယ်​စစ်​​ဆေးဂိတ်​အနီး၌ ဒီဇင်​ဘာ  ၃၁  ရက်​ နံနက်​(၉)နာရီအချိန်​ခန့်​အ​ဝေးထိန်းမိုင်း(၁)လုံး​တွေ့ရှိခဲ့သည်။

ဖြစ်​စဉ်​မှာမူဆယ်​ခရိုင်​မူဆယ်​မြို့နယ်​မိုင်းယု(၁၀၅)မိုင်​ကုန်​သွယ်​​ရေးဇုန်​​ယဉ်င​​ယ်​စစ်​​ဆေး​ရေးဂိတ်​အနီးပြည်​​ထောင်​စုလမ်းမကြီး​ဘေးခြုံဖုတ်​အတွင်း၌အမည်​မသိလက်​နက်​ကိုင်​အဖွဲ့၏​ထောင်​ထား​သောအ​ဝေးထိန်းမိုင်းတစ်​လုံးကို ဒီဇင်​ဘာ  (၃၁)ရက်​ နံနက်​​က ကုန်​တင်​ကုန်​ချအလုပ်​တစ်​ဦးမှ ​တွေ့ရှိခဲ့သဖြင့်​  နယ်မြေခံတပ်မှ ဒုတပ်​ရင်းမှူး.သိန်းလိုင်​ဦးထံဖုန်းဖြင့်​ဆက်​သွယ်​အကြာင်းကြားသဖြင့် နယ်မြေခံတပ်မှ တပ်ဖွဲ့ဝင်များ၊  နန်းခမ်းမြို့မပြည်​သူ့စစ်​တပ်​ဖွဲ့ဝင်​များ၊(၁၀၅)မိုင်​ရဲကင်းအဖွဲ့များ၊သတင်းရဲတပ်​ဖွဲ့များ၊မူဆယ်​သတင်းရဲတပ်​ဖွဲ့များ၊ ကုန်​သွယ်​​ရေးဇုန်​မှတာဝန်​ရှိသူများ၊လုံထန်​ပြည်​သူ့စစ်​များ၊မီးသတ်​အဖွဲ့များ၊ရပ်​မိရပ်​ဖများအခင်းဖြစ်​ပွားရာ​နေရာသို့အချိန်​မီရာက်​ရှိလာခဲ့သည်​။

ထို့​နောက်​ဆားကစ်​ပြားဖြူ.း(၂)​ချောင်းပါ​ရှေ့ထွက်​ရမုအ​ဝေးထိန်း မိုင်းကိုအဖွဲ့စုံဖြင့်​ကြည့်​ရူ့စစ်​​ဆေးခဲ့ပြီးအဆိုပါမိုင်းအား အောင်​မြင်​စွာဖယ်​ရှားရှင်းလင်း​ပေးခဲ့​ကြောင်းသိရသည်​။
သတင်းနှင့်​ဓာတ်​ပုံ သန့်​ဇင်​-မူဆယ်​(မြန်​မာ့အလင်း)

ရေခဲသေတ္တာဆေးကတ်စ်အပူလွန်ခဲ့ရာမှမီးလောင်မှုဖြစ်ပွား

ရေခဲသေတ္တာဆေးကတ်စ်အပူလွန်ခဲ့ရာမှမီးလောင်မှုဖြစ်ပွား

မော်လမြိုင်မြို့   ဒီဇင်ဘာ  ၃၁

ချောင်းဆုံမြို့နယ်ကညောကျေးရွာအပေါ်ခြံစုတွင်ဒီဇင်ဘာလ(၃၁)ရက်နေ့နံနက်(၄)နာရီခွဲအချိန်ခန့်ကအိမ်ရှင်ဦးထွန်းရွှေ၏နေအိမ်တွင်ရေခဲသေတ္တာဆေးကတ်စ်အပူလွန်ကဲပြီးမီးစတင်လောင်ကျွမ်းခဲ့ကြောင်းသိရသည်။

မီးလောင်မှုဖြစ်ပွားသည့်နေရာသို့ချောင်းဆုံမြို့နယ်မီးသတ်ဦးစီးဌာနဒုဦးစီးမှူးဦးလွင်မင်းပိုင်နှင့်မီးသတ်တပ်ဖွဲ့ဝင်များမော်လမြိုင်မြို့မှမီးသတ်ယာဉ်များ၊ချောင်းဆုံမြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးဖုန်းနိုင်နှင့်ရဲတပ်ဖွဲ့ဝင်များ၊ကျေးရွာနေပြည်သူများမှမီးသတ်ယာဉ်(၇)စီးတို့ဖြင့်ဝိုင်းဝန်းငြိမ်းသတ်ခဲ့ရာမီးငြိမ်းသွားခဲ့ကြောင်းသိရသည်။

မီးလောင်မှုကြောင့်ဦးထွန်းရွှေ၏နေအိမ်သွပ်မိုးပြင်ခင်းပြင်ကာဦးမောင်ဇော်၏နေအိမ်သွပ်မိုးပြင်ခင်းပြင်ကာနေအိမ်နှင့်ဦးဒွတ်၏နေအိမ်ဓနိမိုး၊ဓနိကာ၊ပြင်ခင်းနေအိမ်(၃)လုံးမီးလောင်ပျက်စီးဆုံးရှုံးသွားခဲ့ပြီးမီးလောင်မှုကြောင့်လူနှင့်တိရစ္ဆာန်များထိခိုက်မှုမရှိကြောင်းနှင့်မီးစတင်လောင်ကျွမ်းမှုဖြစ်ပွားသောအိမ်ရှင်ဦးထွန်းရွှေကိုသက်ဆိုင်ရာနယ်မြေရဲစခန်းမှအမှုဖွင့်အရေးယူဆောင်ရွက်ထားကြောင်းသိရသည်။
တင်ထွဋ် (မော်လမြိုင်)မြန်​မာ့အလင်း

ဂန့်ဂေါမြို့ တော်ဝင်ဘီယာဆိုင်တွင် မီးလောင်မှုဖြစ်ပွား

ဂန့်ဂေါမြို့ တော်ဝင်ဘီယာဆိုင်တွင် မီးလောင်မှုဖြစ်ပွား

ဂန့်ဂေါ ဒီဇင်ဘာ ၃၁

ဂန့်ဂေါမြို့ မြောက်ကုန်းရပ်ကွက် တော်ဝင်ဘီယာဆိုင် ၏ စားဖိုဆောင်တွင် ဒီဇင်ဘာ ၃၀ ရက် ညနေ ၆ နာရီ ၄၅ မိနစ် က ဂတ်စ်အိုးလှယ်ရာမှ မီးလောင်မှုဖြစ်ပွားခဲ့သည်။

 အဆိုပါ တော်ဝင် ဘီယာဆိုင်မှာ ဦးနေမျိုးအောင်(ခ) သားကြီး ပိုင်ဆိုင်သည့် ဆိုင်ဖြစ်ပြီး စားဖိုဆောင်ရှိ ပုလဲမြို့နယ် သာယာကုန်းကျေးရွာမှ အကြော်ဆရာ ဦးနေဇော် (၂၀) နှစ် က ဂတ်စ်ကုန်သွားသဖြင့် ဂတ်ဆ် အိုး လဲလှယ်ရာတွင် ဂတ်ဆ်များစိမ့်ထွက်၍ မီးဖိုခန်းအတွင်းရောက်ရှိကာ မီးစတင်လောင်ကျွမ်းခြင်းဖြစ်ကြောင်း သိရသည်။

 မီးလောင်သဖြင့် အကြော်ဆရာ နေဇော်တွင် မီးငြိမ်းသတ်ရာမှ အပေါ်နှုတ်ခမ်း ပေါက်ပြဲဒဏ်ရာရရှိ သွား ပြီး သာယာကုန်းကျေးရွာမှ ဆိုင်လုပ်သား ဖိုးသား(ခ) ဇင်မင်းနိုင် (၁၅) နှစ် မှာ ဝဲ၊ယာ လက်ဖျံနှင့် မေးစေ့၊ ဝဲခြေသလုံးတို့တွင် မီးလောင်ဒဏ်ရာရှိကာ ဂန့်ဂေါမြို့ မြို့မရပ်ကွက်မှ ဆိုင်လုပ်သား ဒေါ်စန်းစန်းအောင် (၂၃) နှစ် တွင် ဝဲ၊ယာ လက်ဖျံ၊ လက်ခုံ၊ လက်ချောင်း၊ ဝဲယာခြေသလုံး၊ ခြေချောင်း၊ခြေချောင်း တို့တွင် မီးလောင် ဒဏ်ရာများ ရရှိကြကြောင်း နှင့် မီးလောင်သွား သည့်အတွက် ကာလတန်ဖိုး ၁၁ သိန်းကျပ်ခန့် ပျက်စီး ဆုံးရှုံးသွားကာ မီးပေါ့ဆစွာ အသုံးပြုသူ အကြော်ဆရာ နေဇော်အား ဂန့်ဂေါမြို့မ ရဲစခန်းမှ အမှုဖွင့် အရေးယူ ဆောင်ရွက်ထားသည်။

 မီးလောင်ရာသို့ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးမှူး နှင့် တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ပြည်သူများ ရောက်ရှိ၍ မီးသတ်ကား ၇ စီး၊ ရေသယ်ယာဉ် ၄ စီးတို့ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ကြကြောင်းနှင့် အခြား အဆောက်အဦးများသို့ မီးကူးစက်ခြင်းမရှိ ကြောင်း သိရသည်။
(မြန်​မာ့အလင်း)

နေအိမ်မီးဖိုချောင် မီးကြွင်းမီးကျန်မှ မီးလောင်ကျွမ်းမှုဖြစ်ပွား

နေအိမ်မီးဖိုချောင် မီးကြွင်းမီးကျန်မှ မီးလောင်ကျွမ်းမှုဖြစ်ပွား
Photo Credit
ဟင်္သာတ ဒီဇင်ဘာ ၃၁

   ဟင်္သာတမြို့ ပန်းဘဲတန်းရပ်ကွက် ပိုးစာတော(၄)လမ်း၌ ဒီဇင်ဘာ ၃၁ ရက် နံနက် ၁၁ နာရီ ၁၅ မိနစ်အချိန်ခန့်က လူနေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွားခဲ့ပြီး မီးလောင်ရာသို့ ဟင်္သာတခရိုင် မီးသတ်ဦးစီးမှူး ဦးစိုးနောင်နှင့် တပ်ဖွဲ့ဝင်များက မီးသတ်ယာဉ် (၃)စီးနှင့် ရပ်ကွက်နေ ပြည်သူများနှင့်အတူ ပူးပေါင်းဝိုင်းဝန်းငြိမ်းသတ်ခဲ့မှုကြောင့် နံနက် ၁၁ နာရီ ၂၅ မိနစ်အချိန်ခန့်တွင် မီးငြိမ်းသွားခဲ့ကြောင်းသိရသည်။

ဖြစ်စဉ်မှာ နေအိမ်မီးဖိုချောင် မီးကြွင်းမီးကျန်မှ မီးလောင်ကျွမ်းမှုဖြစ် စတင်ဖြစ်ပွားခြင်းဖြစ်ကြောင်း သိရှိရပြီး အဆိုပါမီးလောင်မှုကြောင့် ၀ါးအိမ်၊ ၀ါးကြမ်းခင်း၊ ထရံကာ၊ သွပ်မိုး  စုစုပေါင်းတန်ဘိုး(၄၅၀၀၀၀)ကျပ်ခန့် မီးလောင်ဆုံးရှုံးခဲ့ပြီး မီးပေါ့ဆစွာသုံးစွဲသူအား ဥပဒေနှင့်အညီ အမှုဖွင့်အရေးယူဆောင်ရွက်နိုင်ရေး တာဝန်ရှိသူများက စစ်ဆေးလျက် ရှိကြောင်း သိရသည်။
ကျော်ကျော်(ပြန်/ဆက်)

မယ်ဟုတ်ချောင်းအနီး ပျောက်ဆုံးခဲ့သည့် ရဲတပ်ကြပ် တစ်ဦး ရေနစ်သေဆုံးလျက်တွေ့ရှိ

မယ်ဟုတ်ချောင်းအနီး ပျောက်ဆုံးခဲ့သည့် ရဲတပ်ကြပ် တစ်ဦး ရေနစ်သေဆုံးလျက်တွေ့ရှိ

တာချီလိတ် ဒီဇင်ဘာ ၃၁

 ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့နယ်၊ ဖန်မင်အုပ်စု၊ ပြည်သူ့စစ်စခန်းရှေ့ မယ်ဟုတ်ချောင်းအနီး ခြောက်ရက်ကြာ ပျောက်ဆုံးခဲ့သည့် မယ်ယန်းပူးပေါင်းစစ်ဆေးရေးစခန်း တာဝန်ကျ ရဲဝန်ထမ်း တစ်ဦး ဖန်မင်ရွာ သဲစုတ်စက်အနီးဒီဇင်ဘာ ၃၁ ရက် နံနက်ပိုင်းက ရေနစ်သေဆုံးလျက်တွေ့ရှိရသည်။

 ဒီဇင်ဘာ ၃၁ ရက် နံနက် ၈ နာရီခွဲ အချိန်ခန့်တွင် တာချီလိတ်မြို့၊ ဖန်မင်အုပ်စု၊ ဖန်မင်ရွာ ဦးစိုင်းညွန့်၏ သဲစုတ်စက်အနီး မယ်ဟုတ်ချောင်းအတွင်း လူသေ အမျိုးသားအလောင်း တစ်လောင်းတွေ့ရှိကြောင်း ဖုန်းဆက်အကြောင်းကြားသဖြင့် တာချီလိတ်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး သန်းနု၊ မြို့မစခန်းမှူး ဒုရဲမှူး ကြည်စိုးနှင့် ရဲတပ်ဖွဲ့ဝင် များသည် သက်သေများနှင့်အတူ သွားရောက် စစ်ဆေးရာ ဦးစိုင်းညွန့်၏ သဲရေစုပ်စက်ပိုက်လိုင်းပေပါတွင် မှောက်လျက်အနေထားဖြင့် ကပ်ညှိနေသော လူသေ အမျိုးသား အလောင်းအား ပုပ်ပွလျက် ပြင်ပဒဏ်ရာမတွေ့ရှိဘဲ ရေနစ်သေဆုံးနေသည်ကို တွေ့ရှိသဖြင့် စစ်ဆေးရာ တာချီလိတ်မြို့မရဲစခန်း လူပျောက်အမှတ်စဉ် (၅/၂ဝ၁၇)ရေးဖွင့် စုံစမ်းစစ်ဆေးနေသည့် ရဲတပ်ကြပ် သန်းထွန်းဦး (၄၂ နှစ်)၊ ကျိုင်းတုံမြို့မရဲစခန်း၏ အလောင်းဖြစ်ကြောင်း သိရှိရ၍ အလောင်းအား တာချီလိတ်ပြည်သူ့ ဆေးရုံကြီးသို့ ဆေးစာ ရေးသားပို့အပ်ခဲ့သည်။

 ဖြစ်စဉ်မှာ ဒီဇင်ဘာ ၂၆ ရက်နေ့လည်ပိုင်းတွင်မယ်ယန်းပူးပေါင်းစစ်ဆေးရေးစခန်းတာဝန်ကျ ရဲတပ်ကြပ် သန်းထွန်းဦးသည်အတူတာဝန်ကျနေသည့် ရဲအုပ် စန်းယုအောင်၏ သမီးဖြစ်သူ မရတနာယုအောင် (၉ နှစ်)အား မုန့်စားရန်အတွက် ဆိုင်ကယ်ဖြင့် ခေါ်ဆောင်သွားရာမှ ပြည်သူ့စစ်စခန်းရှေ့ မယ်ဟုတ်ချောင်းအနီး ဆိုင်ကယ်အား တွေ့ရှိရပြီး လူ နှစ်ဦးပျောက်ဆုံးနေသဖြင့် လိုက်လံရှာဖွေစဉ် ဒီဇင်ဘာ ၃၁ ရက်နေ့ နံနက်ပိုင်းတွင် ရေချောင်းအတွင်း ပုပ်ပွလျက် ရဲတပ်ကြပ် သန်းထွန်းဦးဖြစ်ကြောင်း အတည်ပြု သိရပြီး ပျောက်ဆုံးနေသည့် မရတနာယုအောင်ကို ဆက်လက်စုံ စမ်းရှာဖွေလျှက်ရှိသည်။
 ဖြစ်စဉ်တွင် ရဲတပ်ကြပ် သန်းထွန်းဦး သေဆုံးခြင်းနှင့် ပတ်သက်၍ ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်/မဟုတ် စစ်ဆေးနိုင်ရန် တာချီလိတ်မြို့မရဲစခန်း အမှုရေးဖွင့် ဆောင်ရွက် ထားကြောင်းသိရသည်။
မြင့်မိုရ်(တာချီလိတ်)မြန်​မာ့အလင်း

ဓနုဖြူမြို့နယ်​ (၁၆)ရပ်​ကွက်​ မြစ်​ကမ်းပါပြိုကျမှု​ကြောင့်​ ​နေအိမ်​ (၁၁)လုံးပါသွား

ဓနုဖြူမြို့နယ်​ (၁၆)ရပ်​ကွက်​ မြစ်​ကမ်းပါပြိုကျမှု​ကြောင့်​ ​နေအိမ်​ (၁၁)လုံးပါသွား

ဓနုဖြူ  ဒီဇင်​ဘာ ၃၁

ဓနုဖြူမြို့ ၊ (၁၆)ရပ်​ကွက်​ ကမ်းနားလမ်း ခန့်​မှန်း (GQ-750113)အတွင်း ဒီဇင်​ဘာ ၃၀၊ ည (၁၀း၃၀)ကမြစ်​ကမ်းပြိုကျမှု ဖြစ်​ပွားရာ ပျဉ်​ခင်း၊ ထရံကာ၊ သွပ်​မိုးအိမ် (၇)လုံး၊ ပျဉ်​ခင်း၊ ဝါးထရံကာ၊ သွပ်​မိုးအိမ်​ (၄)လုံး၊ စုစု​ပေါင်း ​နေအိမ်​(၁၁)လုံးနှင့်​ ကျွန်းငါးဖမ်း​လှေ (၂)စီး၊ ပိုက်​ (၂)ပုံ၊ စက်​တစ်​လုံးပါရှိသွားခဲ့ပြီး ပျဉ်​ခင်း၊ ဝါးထရံကာ၊ သွပ်​မိုး​နေအိမ်​ (၈)လုံးအား ကြိုတင်​ဝိုင်​ဝန်းဖျက်​သိမ်းခဲ့​ကြပြီး စုစု​ပေါင်းဆုံးရှုံးမှုတန်​ဖိုးမှာ ခန့်​မှန်း​(၉၆)သိန်းခန့့်​ ပျက်​စီးဆုံးရှုံးခဲ့သည်​။ လူနှင့်​တိရစ္ဆာန်​ ​သေ​ကြေပျက်​စီးမှုမရှိပါ။ ကမ်းပြိုသည့်​​နေရာအား လွတ်​​တော်​ကိုယ်​စားလှယ်​များ၊ မြို့နယ်​အ​ထွေ​ထွေအုပ်​ချုပ်​​ရေးမှူးနှင့်​ ဝန်​ထမ်းများ၊ စည်​ပင်​​ကော်​မတီဝင်​များ၊ စီမံကိန်း​ရေး​ဆွဲေ​ကော်​မတီဝင်​များ၊ မြို့နယ်​ရဲတပ်​ဖွဲ့များ၊ မီးသတ်​တပ်​ဖွဲ့ဝင်​များ၊ ရပ်​ကွက်​အုပ်​ချုပ်​​ရေးမှူးနှင့်​ တာဝန်​ရှိသူများ၊ ရပ်​ကွက်​​နေပြည်​သူများမှ ​​ရေထဲ​နေအိမ်​​မျောပါ အိမ်​​ထောင်​စုများအား ​ဘေးလွတ်​ရာသို့​ရွေ့​ပြောင်း​ပေးခဲ့​ကြောင်း မြို့နယ်​အ​ထွေ​ထွေအုပ်​ချုပ်​​ရေးဦးစီးဌာနမှသိရပြီး ယ​နေ့တွင်​လည်း စိုးရိမ်​ရ ​နေအိမ်​ (၅)လုံးတို့အား ကြိုတင်​ဖျက်​သိမ်း​နေကြ​ကြောင်းသိရသည်​။ ​အောင်​သူဟိဏ်း(ပြန်​/ဆက်​)

ကျွန်းလှမြို့နယ် ကုက္ကိုကုန်းကျေးရွာသဖန်းဆိပ်ဆည်အနီးတွင် ကျာင်းသားကျောင်းသူသုံးဦးရေနစ်သေဆုံး

ကျွန်းလှမြို့နယ် ကုက္ကိုကုန်းကျေးရွာသဖန်းဆိပ်ဆည်အနီးတွင်  ကျာင်းသားကျောင်းသူသုံးဦးရေနစ်သေဆုံး


ကျွန်းလှ   ဒီဇင်ဘာ   ၃၀

     စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကျွန်းလှမြို့နယ် ကုက္ကိုကုန်း ကျေးရွာသဖန်းဆိပ်ဆည်အနီးတွင် ဒီဇင်ဘာ၃၀ရက်နေ့နေ့လည် ၁နာရီ မိနစ်၅၀အချိန်ခန့်က ကျောင်းသားကျောင်းသူသုံးဦးရေနစ်သေဆုံးသွားကြောင်းသိရသည်။

    ဖြစ်စဉ်မှာကျောင်းသားကျောင်းသူငါးဦး သည်ကုက္ကိုကုန်း ကျေးရွာ အနီးသဖန်းဆိပ်ဆည်ရေဝပ်ဧရိယာတွင်ကြာပန်းဆင်းခူးကြရာမခိုင်သဇင်ထွန်း(၁၀)နှစ်/မသဲစုလှိုင်(၁၃)နှစ်/မောင်ဝေဠုအောင်သုံးဦးတို့မှာရေနစ်ပြီးမြို့နယ်ပြည်သူ့ဆေးရုံသို့ပို့ဆောင်၍ဆေးကုသခံယူစဉ်သေဆုံးသွားကြောင်းသတင်းရရှိသည်။အဆိုပါရေနစ်သေဆုံးမှုနှင့်ပတ်သက်၍ဓမ္မတာအတိုင်းသေဆုံးခြင်းဟုတ်မဟုတ်ကျွန်းလှမြို့မရဲစခန်းမှစစ်ဆေးလျှက်ရှိကြောင်းသိရသည်။
   မျိုးဝင်းညို    ကျွန်းလှ(မြန်​မာ့အလင်း)

EXPRESSယာဉ် မီးလောင်ကျွမ်းမှု မြို့ချောင်းအမြန်လမ်းပိုင်း၌ ဖြစ်ပွား

EXPRESSယာဉ် မီးလောင်ကျွမ်းမှု မြို့ချောင်းအမြန်လမ်းပိုင်း၌ ဖြစ်ပွား

ကျောက်တံခါး ဒီဇင်ဘာ ၃၁

ကျောက်တံခါးမြို့နယ် မြို့ချောင်းအမြန်လမ်းပိုင်း၌ မော်တော်ယာဉ်မီးလောင်ကျွမ်းမှု ဖြစ်ပွား၍  ငွေကျပ်သိန်းနှစ်ရာခန့် ဆုံးရှုံးမှုဖြစ်ပွားခဲ့ကြောင်းသတင်းရရှိသည်။

ဖြစ်စဉ်မှာ ၂၀၁၇ ဒီဇင်ဘာ ၃၁ ရက် နံက် တစ်နာရီအချိန်ခန့်တွင် ကျောက်တံခါးမြို့နယ် မြို့ချောင်းအမြန်လမ်းမကြီးရဲစခန်းအပိုင် ရန်ကုန်-မန္တလေးသွားအမြန်လမ်းပိုင် မိုင်တိုင်အမှတ် ၉၉/၃ နှင့် ၉၉/၄ အကြား ရန်ကုန်မှ ပုဂံသို့ မြောက်ဥက္ကလာ ပမြို့ (ဌ)ရပ်ကွက် စိန်ချယ်လမ်းနေ ယာဉ်မောင်း မင်းမင်း မောင်နှင်လာသော ယာဉ်အမှတ် 2H/----- YBS-16 အစိမ်းရောင် ဘုရားဖူး EXPRESS ယာဉ် အင်ဂျင်ခန်းမှဝါယာရှော့ဖြစ်၍ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း ။
သတင်းအရ မြို့ချောင်းအမြန်လမ်းမကြီးရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ မြို့ချောင်းအမြန်လမ်းမကြီး မီးသတ်တပ်ဖွဲ့ဝင်မျာ ဖြူးမီးသတ်တပ်ဖွဲ့များမှ စုစုပေါင်းမီးသတ်ယာဉ်လေးစီးဖြင့် ငြိမ်းသတ်ခဲ့ရာ ၁:၄၅ အချိန်ခဲ့တွင် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း။

မီးလောင်ကျွမ်းမှုကြောင့် ယာဉ်ပေါ်တွင် ယာဉ်မောင်းပါ သံဃာ လေးပါး ကျား (၁၇)ဦး မ(၁၉)ဦ စုစုပေါင်း (၄၀)ဦး ထိခိုက်ဒဏ်ရာရရှိမှု မရှိသော်လည်း EXPRESS ယာဉ်မှာ တစ်စီးလုံးမီးလောင်ကျွမ်းခဲ့ပြီး ခန့်မှန်းတန်ဖိုးငွေ ကျပ်သိန်းနှစ်ရာခန့် ဆုံးရှုံးမှုဖြစ်ပွားခဲ့ကြောင်း မှုခင်းမှတ်တမ်းအရသိရှိရသည်။

ယာဉ်၏ကြံခိုင်မှုအား စစ်ဆေးခြင်းမရှိဘဲ မောင်းနှင်ရာမှ မီးလောင် ကျွမ်းမှုဖြစ်ပွားခဲ့ခြင်းကြောင့် ပေါ့ဆစွာမောင်းနှင်သူ ယာဉ်မောင်း မင်းမင်းအား မြို့ချောင်းအမြန်လမ်းမကြီးရဲစခန်းမှ အမှုဖွင့်ဆောင်ရွက် လျက်ရှိကြောင်း စုံစမ်းသိရှိရသည်။ ဘိုဘို(မလှိုင်)မြန်​မာ့အလင်း




Ref;ပြည်​ထဲ​ရေးဝန်​ကြီးဋ္ဌာန

မိုင်းတုံမြို့နယ်၌ မှုခင်းဖြစ်​ပွား

မိုင်းတုံမြို့နယ်၌ မှုခင်းဖြစ်​ပွား

 ၂၀၁၇ခုနှစ်၊ ဒီဇင်ဘာလ ၂၉ ရက်နေ့ ၂၃၄၅ အချိန် မိုင်းတုံမြို့နယ်၊ ပါခတ်ကျေးရွာတွင် လူသတ်မှုဖြစ်ပွားကြောင်း သတင်းအရ မိုင်းတုံမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ သွားရောက် စစ်ဆေးခဲ့ရာ  မအီနာရှဲ(၄၀)နှစ် ၏အိမ်တွင်အတူနေ မအီနာရှဲ၏ သမီး မနားကျို(၂၅)နှစ်တို့တွင် ဘယ်ဂျိုစောင်း/မေးရိုးတွင် ပြတ်ရှဒဏ်ရာ ၂ ချက်၊ ရင်ဘတ်တွင် ထိုးသွင်း ဒဏ်ရာ ၁ ချက်နှင့် မော်ကျို(၃၅)နှစ် (မနားကျို၏ ခင်ပွန်း)တွင်  သွား ၂ ချောင်းကျိုး၊ နား ၂ ဖက်/ပါးစပ်ပေါက်ပြဲ (သွေးထွက်လျက်)၊ ရင်ဘတ်ညိုမဲဒဏ်ရာများဖြင့် သေဆုံးနေပြီး မော်ကျို၏ ဘယ်ဘက်တွင် ဓါးချွန် ၁ ချောင်းနှင့် တူမီး ၁ လက် တွေ့ရှိသိမ်းဆည်းခဲ့ ပါကြောင်း၊ အဆိုပါဖြစ်စဉ်မှာ ၁၈၀၀ အချိန်တွင် မအီနာရှဲသည် တစ်ရွာတည်းနေ ဦးအဲယေ၏ ဈေးဆိုင်သို့ မုန့်ဝယ်သွားစဉ် ၎င်း၏ အိမ်ဘက်မှ ကျည်ပေါက်သံကြား၍ ပြန်သွားကြည့်ရာ အိမ်ပေါ်၌  မနားကျိုနှင့် မော်ကျိုတို့ ၂ ဦး မှာ ဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရှိခြင်းဖြစ်ကြောင်း သိရှိရ၍ ၂၃၃၀ အချိန်တွင် မနားကျိုနှင့် မော်ကျိုတို့၏အလောင်းအား  မိုင်းတုံမြို့ ပြည်သူ့ဆေးရုံသို့ ပို့အပ်ခဲ့ပါကြောင်း၊ ဒီဇင်ဘာလ ၃၀ ရက်နေ့ ၀၁၃၅ အချိန် မိုင်းတုံမြို့မရဲစခန်း (ပ)၁၆/၂၀၁၇ ရာဇသတ်ကြီးပုဒ်မ ၃၀၂ (လူသတ်မှု)ဖြင့် အမှုဖွင့်စုံစမ်းစစ်ဆေးလျက်ရှိကြောင်းနှင့် ၁၀၀၀ အချိန်တွင် မော်ကျို၏ အလောင်း အား ရင်ခွဲစစ်ဆေးရာ ၎င်း၏ဦးနှောက်ငယ်အတွင်း ယမ်းစပေနေသော အဝတ်စငယ် ၁ ခု တွေ့ရှိရသဖြင့် ဇနီးဖြစ်သူ မနားကျိုနှင့် စကားများကာ မနားကျိုအား ဓါးဖြင့်ထိုးပြီး မိမိကိုကိုယ် တူမီးသေနတ်ဖြင့် ပစ်ခတ်သေဆုံးခြင်းဖြစ်နိုင်ကြောင်း သတင်းရရှိပါသည်။

Ref ;ပြည်​ထဲ​ရေးဝန်​ကြီးဋ္ဌာန

Saturday, December 30, 2017

တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်စွာကျင်းပနိုင်ရေး စနစ်တကျပူးပေါင်းပြီး မသမာဖြေဆိုမှုများ မရှိစေရေး ဆောင်ရွက်

တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်စွာကျင်းပနိုင်ရေး စနစ်တကျပူးပေါင်းပြီး မသမာဖြေဆိုမှုများ မရှိစေရေး ဆောင်ရွက်

မန္တလေး ဒီဇင်ဘာ ၃ဝ

ပညာရေးဝန်ကြီးဌာန မြန်မာနိုင်ငံစာစစ်ဦးစီးဌာန ၂ဝ၁၇-၂ဝ၁၈ ပညာသင်နှစ်၊ တက္ကသိုလ်ဝင် စာမေးပွဲ စာစစ်ဌာန ကြီးကြပ်ရေး မှူးများ၊ တွဲဖက်ကြီးကြပ်ရေးမှူးများ၊ လက်ထောက်ကြီးကြပ် ရေးမှူးများနှင့် စာဖြေသူများ လိုက်နာရန် စည်းကမ်းချက်များ ဆိုင်ရာဆွေးနွေးပွဲသင်တန်းကို ယနေ့ နံနက် ၉ နာရီခွဲတွင် မန္တလေးမြို့အမှတ် (၁၄) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီး တက်ရောက် အဖွင့်အမှာစကား ပြောကြားသည်။

တန်ဖိုးထားဆောင်ရွက်

ပြည်ထောင်စုဝန်ကြီးက ယခုဆွေးနွေးပွဲ သင်တန်းတွင် စာစစ်ဌာနများ လျာထားစီစဉ်ခြင်း၊ စာမေးပွဲကြီးကြပ်ခြင်း၊ စာမေးပွဲစစ်ဆေးသည့် ကာလနှင့် တစ်နေ့တာ ဆောင်ရွက်ရမည့် အချိန်ဇယားများ၊စာဖြေသူများ စာရင်းပြုစုရာတွင် ဆောင်ရွက် ရမည့်လုပ်ငန်းများ၊ တက္ကသိုလ်ဝင်စာမေးပွဲ စာစစ်ဌာနကြီးကြပ် ရေးမှူးများ၊ တွဲဖက်ကြီးကြပ်ရေးမှူးများ၊ လက်ထောက်ကြီး ကြပ်ရေးမှူးများနှင့် စာဖြေသူများ လိုက်နာရန်စည်းကမ်းချက်များ အစရှိသည့် လုပ်ငန်း လက်စွဲပါအချက်များကို ညှိနှိုင်းဆွေးနွေး၍လိုက်နာအကောင်အထည်ဖော် ဆောင်ရွက်ကြရမည်ဖြစ်ပါ ကြောင်း၊ တက္ကသိုလ်ဝင်စာမေးပွဲ လုပ်ငန်းဆိုင်ရာများကို ယခင် နှစ် အတွေ့အကြုံများအရ အားသာချက်များကို ပိုမိုကောင်း မွန်စေရေးနှင့် အားနည်းချက်များ လျော့နည်းလာအောင် ပြင်ဆင်၍ အောင်မြင်စွာကျင်းပနိုင်ရေး စနစ်တကျ ပူးပေါင်း အကောင်အထည်ဖော်ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊ စာမေးပွဲပြီး၍ စာစစ်လုပ်ငန်းဆောင်ရွက်ရာတွင် ကျန်းမာရေး ကောင်းမွန်ပြီး လက်ရှိသင်ကြားပို့ချနေသည့် ဘာသာရပ်နှင့် ကိုက်ညီသော ဆရာ ဆရာမဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပါ ကြောင်း၊ လုပ်ငန်းအောင်မြင်ရေးအတွက် မိဘအုပ်ထိန်းသူ ပြည်သူများနှင့် ပူးပေါင်းဆောင်ရွက်ကြရန်၊ တစ်ဦးနှင့်တစ်ဦး အပြန်အလှန်ကူညီဖေးမ၍ တန်ဖိုးထားဆောင်ရွက်ရန် လိုပါ ကြောင်း၊ စာမေးပွဲတွင် မသမာဖြေဆိုမှုများ လုံးဝမရှိစေရေး ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း ပြောကြားသည်။

ထို့နောက် တက်ရောက်လာသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးရာ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ပြန်လည်ဆွေးနွေးဖြေကြားသည်။

ဆွေးနွေးတင်ပြ

ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် စစ်ကိုင်း ပညာရေးတက္ကသိုလ်သို့ ရောက်ရှိကြရာ စစ်ကိုင်းပညာရေး တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာစောပြုံးနိုင်က လက်ရှိ ဆောင်ရွက်နေမှုများနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ် များကို ဆွေးနွေးတင်ပြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက အရည်အသွေးမြင့် ပညာရေးကို ဖော်ဆောင်ရာတွင် ပညာရေးတက္ကသိုလ်၏ အခန်း ကဏ္ဍသည် အလွန်အရေးကြီးပါကြောင်း၊ အရည်အသွေးရှိသောB.Edဘွဲ့ရ ဆရာ ဆရာမများ မွေးထုတ်နိုင်ရေးအတွက် တက္ကသိုလ် ဆရာ ဆရာမများအနေဖြင့် အထူးပြုဘာသာရပ် ကျွမ်းကျင်မှုအပြင် အင်္ဂလိပ်စာ၊ ICT အရည်အသွေးများ တိုးတက်အောင်ဆောင်ရွက်ကြရန်နှင့် စာများများဖတ်၍ သုတေ သနစာတမ်း၊ သုတေသနလုပ်ငန်းများ၊ ထိရောက်အကျိုးရှိအောင် ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း သင်တန်းတက်နေသည့် ကျောင်းသား ကျောင်းသူ၊ ဆရာ ဆရာမများအနေဖြင့် ဘွဲ့ရ သည့်အခါ ကိုယ်တာဝန်ကျရာကျောင်းမှ ကျောင်းသား ကျောင်း သူများအား လူသားကောင်းများဖြစ်ရန်၊ အများနှင့်ပူးပေါင်း ဆောင်ရွက်တတ်ရန်၊ တာဝန်ယူတာဝန်ခံ ဆောင်ရွက်တတ်ရန်၊ တီထွင်ကြံဆနိုင်စွမ်းရှိသည့် လူငယ်များဖြစ်ရန် ပြုစုပျိုးထောင် ပေးကြရမည်ဖြစ်ပါကြောင်း ဆွေးနွေးမှာကြားသည်။

ထို့နောက် တက်ရောက်လာသည့် ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများက သိရှိလိုသည်များကို ဆွေးနွေး မေးမြန်းရာ ပညာရေးဝန်ကြီးနှင့် တာဝန်ရှိသူများက ပြန်လည် ဆွေးနွေးဖြေကြားပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးကြောင်း သတင်းရရှိသည်။ မြန်​မာ့အလင်း

သစ်ကတိုးအိုင်နှင့် မိုးမခတို့တွင် ဆင်ထိန်းသိမ်းစောင့်ရှောက်ရေးစခန်းများဖွင့်

သစ်ကတိုးအိုင်နှင့် မိုးမခတို့တွင် ဆင်ထိန်းသိမ်းစောင့်ရှောက်ရေးစခန်းများဖွင့်

ပုသိမ် ဒီဇင်ဘာ ၃ဝ

ဆင်ထိန်းသိမ်းစောင့်ရှောက်မှုကို ပြည်သူ များသိရှိလေ့လာနိုင်ကြစေရန် သယံဇာတ နှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ရေးဝန်ကြီးဌာန၊ မြန်မာ့သစ်လုပ်ငန်း၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ် သစ် ထုတ်လုပ်ရေး ဒေသက သစ်ကတိုးအိုင် နှင့် မိုးမခတို့တွင် ဆင်ထိန်းသိမ်း စောင့်ရှောက်ရေးစခန်းများ ဖွင့်လှစ် လိုက်သည်။

သစ်ကတိုးအိုင် ဆင်ထိန်းသိမ်း စောင့်ရှောက်ရေးစခန်းသည် ပုသိမ်မြို့မှ ပုသိမ်-မော်တင်စွန်း မော်တော်ကားလမ်း မိုင်တိုင်အမှတ် -၂၁/၆၏ လက်ယာဘက် ဘေး၌တည်ရှိပြီး နိုဝင်ဘာ ၁ ရက်က စတင် ဖွင့်လှစ်ခဲ့သည်။ မိုးမခဆင်ထိန်း သိမ်းစောင့်ရှောက်ရေးစခန်းသည် ပုသိမ်-ငွေဆောင်ကားလမ်းမိုင်တိုင်အမှတ် ၃၈ ငွေဆောင်ကမ်းခြေဘူးကွဲရွာ၏ မြောက် ဘက် တစ်ဖာလုံခန့်အကွာ၌ တည်ရှိပြီး ဒီဇင်ဘာ ၁ ရက်တွင် စတင်ဖွင့်လှစ်ခဲ့ ကြောင်း သိရသည်။

ထိုသို့ ဆင်ထိန်းသိမ်းစောင့်ရှောက် ရေးစခန်းများ ဖွင့်လှစ်လိုက်သဖြင့် ဆင် များ၏ သဘာဝနှင့် လိမ္မာယဉ်ကျေးသည့် သရုပ်ပြဖျော်ဖြေမှုများကို ကြည့်ရှုနိုင် ခြင်း၊ ဆင်များကို အစာကျွေးနိုင်ခြင်း၊ ဆင်များနှင့်အတူ ဓာတ်ပုံ ဗီဒီယိုရိုက်နိုင် ခြင်း၊ ဆင်များကို ကိုယ်တိုင် ရေချရေချိုး ပေးနိုင်ခြင်း၊ ဆင်စီး၍ တောတောင် ရေမြေသဘာဝနှင့် ဆင်စခန်း၏ ဖွဲ့စည်း ထားမှုအခြေအနေအား လေ့လာနိုင် ခြင်း၊ ဆင်ဝန်ထမ်းများ၏လူနေမှုဘဝများ အား လေ့လာနိုင်ခြင်းနှင့် တောချက် ဟင်းလျာများ သုံးဆောင်နိုင်ခြင်း စသည့် ဝန်ဆောင်မှုများရရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။

သစ်ကတိုးအိုင်နှင့် မိုးမခ ဆင်ထိန်းသိမ်းရေးစခန်းများသို့ အဖွဲ့လိုက် လာရောက်လေ့လာမည်ဆိုပါက ပိုမို အဆင်ပြေ ချောမွေ့စေရန်အတွက် တာဝန်ခံများဖြစ်သည့် ဦးသူရထွန်း လက်ထောက်မန်နေဂျာ (သစ်ထုတ် လုပ်ရေး) ဖုန်း-ဝ၉ ၄၃ဝ၁၉၅၇၂၊ ဦးစိုးထက်ကျော် သစ်အုပ်ကြီး (သစ် ထုတ်လုပ်ရေး)ဖုန်း-ဝ၉ -၇၈၃၈၁၈၃၁၃၊ ဦးလင်းလင်းထွန်း (ဒုတိယ တိရ္ဆာန် ဆေးကုမှူး)ဖုန်း-ဝ၉- ၇၆၁ဝ၃၈၉၇၈ တို့ထံသို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။ ခရမ်း-စိုးမြင့်(မြန်​မာ့အလင်း)

တညင်းကုန်း သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်နှင့် ပန်းမန်အဆင့်မြင့် လက်ကားဈေးသစ်ကြီး ဇန်နဝါရီ ၁ ရက်တွင် ဖွင့်လှစ်မည်

တညင်းကုန်း သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်နှင့် ပန်းမန်အဆင့်မြင့် လက်ကားဈေးသစ်ကြီး ဇန်နဝါရီ ၁ ရက်တွင် ဖွင့်လှစ်မည်

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီနှင့် မြန်မာအက်ဂရိုအိတ်(စ်)ချိန်း ပတ်ဘလစ်လီမိတက်(MAEX) တို့ အကျိုးတူပူးပေါင်းတည်ဆောက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ် ရွှေပြည်သာတံတားလမ်းနှင့် ပုလဲလမ်းထောင့်ရှိ တညင်းကုန်း သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်နှင့် ပန်းမန်အဆင့်မြင့် လက်ကားဈေးသစ်ကြီးတွင် သစ်သီး လက်ကားဈေးရုံ၊ ဟင်းသီးဟင်းရွက်နှင့် စားဖိုဆောင်သုံး သစ်သီးဝလံပစ္စည်း လက်ကားဈေးရုံ၊ တောင်သူလက်လီရောင်း (Ground Market ) ဈေးရုံကြီးသုံးရုံတို့ တည်ဆောက် ပြီးစီးပြီဖြစ်၍ ဒီဇင်ဘာ ၂၆ ရက်က အကြိုဖွင့်လှစ်မှု ပြုလုပ်ခဲ့သည်။

ထို့အပြင် အဆိုပါဈေးကြီးကို ၂ဝ၁၈ ခုနှစ် ဇန်နဝါရီလ ၁ ရက်မှ စတင်၍ ၂၄ နာရီဖွင့်လှစ်သည့် ဈေးကြီးအဖြစ် ဆိုင်ခန်းများကို တရားဝင်ဖွင့်လှစ်ကာ စားသုံးကုန်ပစ္စည်းများ ရောင်းချတော့မည်ဖြစ်သဖြင့် ဈေးစီမံကိန်းနှင့် တည်ဆောက် ပြီးစီးမှုအပိုင်းများ၊ ဈေးဆိုင်ခန်းများ ဖွင့်လှစ်သွားမည့် အခြေ အနေများ၊ လာရောက်ရောင်းဝယ်မည့် သူများအတွက် ဆောင်ရွက်ပေးထားသည့် ဝန်ဆောင်မှုများ ပြုလုပ်ထားသည့် အပေါ် MAEXကုမ္ပဏီမှ CEO ဦးအောင်ကြီးနှင့် မြန်မာ့ သတင်းစဉ်မှ တွေ့ဆုံမေးမြန်းခဲ့မှုများကို ကောက်နုတ်ဖော်ပြ လိုက်ပါသည်။

မေး။ ။ ဒီဈေးကြီးရဲ့ စီမံကိန်းနဲ့ စတင်အကောင်အထည်ဖော်
ဆောင်ရွက်မှုကိုသိပါရစေ။

ဖြေ။ ။ ဈေးစတင်ဖြစ်ပေါ်လာပုံကတော့ ၂ဝ၁၄ ခုနှစ် ဒီဇင်ဘာ
လမှာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကနေ တညင်းကုန်း ကုန်စိမ်းဈေး မြေနေရာအပါအဝင် မြေ ၈၅ ဧက ပေါ်မှာ သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်နဲ့ ပန်းမန်အဆင့် မြင့်လက်ကားဈေးကြီး တည်ဆောက်ဖို့တင်ဒါခေါ်ယူခဲ့ပါတယ်။

အဲ့ဒီလို တင်ဒါခေါ်ယူတဲ့အခါမှာ ‘ဒဂုံအင်တာနေရှင်နယ်ဆိုပြီး ကျွန်တော်တို့ ကုမ္ပဏီက ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။
၂ဝ၁၅ ခုနှစ် မတ်လမှာ အဆင့်မြင့် လက်ကားဈေးကြီး တည်ဆောက်ဖို့အတွက်ဆိုပြီး ကျွန်တော်တို့ ကုမ္ပဏီကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ချပေးခဲ့ပါတယ်။အဲ့ဒီလိုချပေးတဲ့အခါမှာ တင်ဒါစည်းမျဉ်း စည်းကမ်းအရ တင်ဒါအောင်တဲ့ ကုမ္ပဏီဟာ အများပိုင်ကုမ္ပဏီ ဖွဲ့စည်းပေး ရမယ်လို့ ပါတဲ့အတွက် ဒဂုံအင်တာနေရှင်နယ်လီမိတက်ဟာ ပထမဆုံး ၄၅ ရာခိုင်နှုန်း ရှယ်ယာထည့်ဝင်ပြီးတော့ မြန်မာ အက်ဂရိုအိတ်(စ်)ချိန်း ပတ်ဘလစ်လီမိတက်(MAEX) အများ ပိုင်ကုမ္ပဏီကိုစတင်ဖွဲ့စည်းခဲ့တာပါ။ စတင်ဖွဲ့စည်းစဉ်က ရှယ်ယာံHOLDERS၁၁ ဦးနဲ့ ဖွဲ့စည်းခဲ့တာပါ။

အခုအချိန်မှာတော့ ရှယ်ယာ HOLDERS ပေါင်း ၂၂၇၄ ဦးနဲ့ အစုရှယ်ယာငွေကျပ် ( ၂၂ ဘီလီယံ)ကျော်နဲ့ ဒီဈေး ကြီးကို ရင်းနှီးမြှုပ်နှံလျက်ရှိပါတယ်။ ဒီဈေးကို အဓိကအားဖြင့် ကျွန်တော်တို့က သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်နဲ့ ပန်းမန် အပါအဝင် စားသောက်ကုန်တွေကို လက်ကားရောင်းဝယ် ဖြန့်ဖြူးဖို့ ရည်ရွယ်ပြီး ဆောင်ရွက်ထားတဲ့ ဈေးဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာရှိတဲ့ ဈေးတွေထဲမှာ အကြီးဆုံးဈေးကြီးဖြစ်ပါတယ်။

မေး။ ။ ဒီဈေးကြီးမှာ အဓိကအားဖြင့် ဘယ်လိုကုန် ပစ္စည်း တွေကို အရောင်း၊ အဝယ် ပြုလုပ်သွားမှာလဲ။ ဈေး တည်ဆောက်ထားမှုနဲ့ ပြီးစီးမှုအပေါ် ရှင်းပြပေးပါဦး။

ဖြေ။ ။ဒီဈေးမှာဆိုရင် ဈေးရုံကြီးပေါင်းရှစ်ရုံ ပါရှိမှာဖြစ်ပါတယ်။

အဲဒီဈေးရုံတွေကတော့ ဈေးရုံအမှတ်တစ် သစ်သီး လက်ကားရောင်းဝယ်ရေးဈေးရုံ၊ ဈေးရုံအမှတ်နှစ်က ဟင်းသီး ဟင်းရွက်ပန်းမန်၊ စားဖိုဆောင်သုံး သစ်သီးဝလံပစ္စည်း လက်ကားရောင်းဝယ်ရေးဈေးရုံ၊ အမှတ်သုံးကတော့ ဟင်းသီး ဟင်းရွက် ပန်းမန် တောင်သူလက်လီရောင်းဈေးရုံဖြစ်ပါတယ်။
ရုံအမှတ်လေးကတော့ ရာသီပေါ်သီးနှံ လက်ကားရောင်း ဝယ်ရေးဈေးရုံအပြင် နောက်ပိုင်းမှာ တင်ဒါစနစ်ကို ကျင့်သုံး ဖို့အတွက် တင်ဒါခန်းမတို့ အဲ့ဒီထဲမှာပါဝင်မှာဖြစ်ပါတယ်။ ရုံ အမှတ်ငါးကတော့ နှစ်ထပ်စားသောက်ဆိုင်တွေနဲ့ ပါဝင်ဖွဲ့စည်း ထားတဲ့ နှစ်ထပ်ဈေးရုံ ဖြစ်ပါတယ်။ ရုံအမှတ်ခြောက်မှာ ကတော့ အသင့်စားသုံးနိုင်တဲ့ သားငါးနဲ့ ငါးပိ၊ ငါးခြောက် ကုန်ခြောက်မျိုးစုံ ရောင်းဝယ်တဲ့ နှစ်ထပ်ဈေးရုံဖြစ်ပါတယ်။ ရုံအမှတ်ခုနစ်နဲ့ ရှစ်ကတော့ အအေးခန်းပါဝင်တဲ့ အလတ်စား ပွဲရုံပါ။ အကြီးစားပွဲရုံ လူနေဆိုင်ခန်း အဆောက်အအုံ နှစ်ခန်းတွဲ သုံးထပ်၊ လေးထပ်တို့အပါအဝင် ပွဲရုံအဆောက်အအုံ ၂ဝဝ ပါဝင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် အဆင့်မြင့် Hyper Market တစ်ခုပါမယ်။ ဈေးကို လာရောက်တဲ့သူတွေ တည်းခိုနိုင်ဖို့ အဆင့်မြင့် ရှစ်ထပ်မိုတယ်တွေအပြင် စက်သုံးဆီရောင်း ဝယ်ရေးဆိုင်တစ်ဆိုင်ပါဝင်မယ်။ ဒီဈေးကြီးဟာဆိုရင် နိုင်ငံ တကာကို Export လုပ်ဖို့အထိ ရည်ရွယ်ထားတဲ့အတွက် ကြောင့် အသင့်ထုပ်ပိုးထားတဲ့ ပစ္စည်းတွေကို ထားဖို့ အအေး ခန်းစက်ရုံ သုံးရုံလည်းပါဝင်သွားမှာဖြစ်ပါတယ်။

အခုလက်ရှိ PHASE-1 အနေနဲ့ကတော့ ဈေးရုံကြီး သုံးရုံ ပြီးစီးသွားပါပြီ။ ဒီဇင်ဘာ ၂၆ ရက်က အကြိုဆိုင်ခန်း ဖွင့်လှစ်မှု လုပ်ခဲ့ပါတယ်။ အဲဒီဈေးရုံတွေကတော့ ဈေးရုံ အမှတ်တစ် သစ်သီးလက်ကားရောင်းဝယ်ရေးဈေးရုံ၊ ဈေးရုံ အမှတ်နှစ်က ဟင်းသီးဟင်းရွက်၊ ပန်းမန်၊ စားဖိုဆောင်သုံးသစ်သီး ဝလံပစ္စည်း လက်ကားရောင်းဝယ်ရေးဈေးရုံ၊ အမှတ်သုံးကတော့ ဟင်းသီးဟင်းရွက်၊ ပန်းမန် တောင်သူ လက်လီရောင်းဈေးရုံ ဖြစ်ပါတယ်။ အဲဒီမှာကတော့ သစ်သီးဝလံနဲ့ ဟင်းသီးဟင်းရွက် တွေအပြင် ပန်းမန်တွေကို ထုတ်လုပ်သူတွေနဲ့ လက်လီရောင်းတဲ့ သူတွေ တစ်ခါတည်း လာရောက်ရောင်းချနိုင်တဲ့ ဈေးရုံဖြစ်ပါ တယ်။ အဲဒီဈေးရုံ သုံးရုံထဲမှာဆိုရင် အမှတ်တစ်နဲ့နှစ် ဈေးရုံ တစ်ရုံစီမှာ ဆိုင်ခန်းအကျယ် (၅x၁၁) ပေ၊ (၅x၁၃)ပေ ဆိုင်ခန်းပေါင်း ၁၁၂ဝ နဲ့ ဈေးရုံအမှတ်သုံးဖြစ်တဲ့ တောင်သူ လက်လီရောင်းဈေးရုံမှာတော့ (၅x၅) ပေ၊ (၅x၈) ပေ ဆိုင်ခန်း ၃၃၆ဝ ရှိပါတယ်။ အားလုံးပေါင်း ဆိုင်ခန်း ၅၆ဝဝ ပြီးစီးသွားပြီ ဖြစ်ပါတယ်။

မေး။ ။လက်ရှိပြီးစီးဖွင့်လှစ်တော့မယ့်အပေါ် ဈေးရောင်းချလို သူတွေအတွက် ဆိုင်ခန်းငှားရမ်းမှု အခြေအနေနဲ့ ဈေးစီမံကိန်း တည်ဆောက်မှုအပြီးသတ် ကာလကိုသိပါရစေ။

ဖြေ။ ။အခုပြီးစီးသွားတဲ့ ဈေးဆိုင်ခန်း ၅၆ဝဝ အနက်က ယခင် တညင်းကုန်း ကုန်စိမ်းဈေးဟောင်းမှာရှိတဲ့ ဈေးရောင်းချသူတွေအတွက် ဆိုင်ခန်းပေါင်း ၂ဝဝဝ ကို စာချုပ် ပါစည်းကမ်းအရ ယာယီဖယ်ထားပြီး ကျန်ရှိတဲ့ ဆိုင်ခန်းတွေ ကို အပြင်ကနေပြီး လာရောက်ရောင်းချမယ့် သူတွေအတွက် ဆိုင်ခန်းငှားရမ်းခွင့် ခွင့်ပြုခဲ့ပါတယ်။ ဆိုင်ခန်းလာရောက်လျှောက် ထားသူအတွက် ဆိုင်ခန်းပေါင်း ၂၅ဝဝ ကျော်ကို ငှားရမ်းခဲ့ပြီး ဆိုင်ခန်းငှားရမ်းခဲ့တဲ့သူတွေကို ဒီဇင်ဘာ ၂၆ ရက်က ဈေး စတင်ရောင်းချခွင့်ပြုခဲ့ပါတယ်။ ဆိုင်ခန်းငှားရမ်းခကိုတွက် ချက်ပြီး အမှန်တကယ်ဈေးဆိုင်ခန်း စတင်ဖွင့်လှစ်မှုကိုတော့ ၂ဝ၁၈ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှာ ပြုလုပ်သွားမှာဖြစ်ပါတယ်။ သတ်မှတ်ရက်မှာ ဆိုင်ခန်းတွေ ဖွင့်လှစ်နိုင်ဖို့အတွက် အခုလည်း တော်တော်များများက ပြင်ဆင်ထားပြီးဖြစ်ပါတယ်။ ဈေးစီမံကိန်း ကြီး အားလုံးအပြီးသတ် ပြီးစီးမှုကိုတော့ ၂ဝ၁၉ ခုနှစ် နှစ်ကုန် ပိုင်းလောက် မျှော်မှန်းထားပါတယ်။ အခုလည်း ဆက်လက် ပြီးတော့ PHASE(1.1 )အကောင်အထည်ဖော် တည်ဆောက် မှုအဖြစ် ရာသီပေါ်သီးနှံ အဆောက်အအုံနဲ့ နှစ်ထပ်စားသောက် ကုန်ဈေးရုံ၊ အအေးခန်းပါဝင်တဲ့ အလတ်စားပွဲရုံ၊ သားငါးနဲ့ ကုန်ခြောက်မျိုးစုံ နှစ်ထပ်ဈေးရုံတွေကိုလည်း ဆက်လက်ပြီး တည်ဆောက် လျက်ရှိပါတယ်။ အမှတ်လေး ဈေးရုံဖြစ်တဲ့ ရာသီ ပေါ် သီးနှံဈေးရုံဆိုရင်လည်း နောက်တစ်လအတွင်းမှာ အပြီးသတ် တည်ဆောက်ပြီးစီးတော့မှာ ဖြစ်ပါတယ်။

မေး။ ။ဒီဈေးကြီးကို ဘယ်လိုဒေသတွေကနေ ကုန်စည် စီးဆင်းမှုတွေ အဓိကပြုလုပ်မှာဖြစ်ပါသလဲ။ လာရောက် ရောင်းဝယ်သူတွေအတွက်ကိုလည်း အဆင်ပြေအောင် ဘယ်လို စီစဉ်ဆောင်ရွက်ပေးထားပါသလဲ သိပါရစေ။

ဖြေ။ ။ ဒီဈေးကိုဝင်တဲ့ ကုန်ပစ္စည်းတွေကတော့ ရှမ်းပြည်နယ်
ဘက်ကလာတဲ့ စားသုံးကုန်တွေ၊ ဗမာကုန်လို့ ခေါ်တဲ့ နေပြည်တော်၊ ကျောက်ဆည်၊ လယ်ဝေးဘက်က စားသောက် ကုန်တွေ၊ ပြည်၊ သဲကုန်း၊ မှော်ဘီ၊ တိုက်ကြီးနဲ့ ဧရာဝတီ တိုင်းဒေသကြီးဘက်က စားသောက်ကုန်တွေ အဓိက ဝင်ရောက် ရောင်းချတာ ဖြစ်ပါတယ်။ ဒီဈေးကြီးမှာဆိုရင် အဆင့်မြင့် အမှိုက်သိမ်းစနစ်၊ ဈေးဧရိယာ တစ်ခုလုံးအတွက် ၂၄ နာရီ လုံခြုံရေးစနစ်တွေအပြင် ဈေးလာရောက် ရောင်း၊ ဝယ်သူ တွေအတွက် ကုန်စည်တွေ အတင်အချ အလွယ်တကူ ပြုလုပ်နိုင်ဖို့နဲ့ ယာဉ်ရပ်နားနိုင်ဖို့အတွက် ဈေးတည်ဆောက်ပုံ အရ ဈေးရုံတွေ ပတ်ပတ်လည်မှာ ယာဉ်ရပ်နားတဲ့ နေရာတွေ တည်ဆောက်ထားပါတယ်။ ယာဉ်အစီးရေ ၂ဝဝဝ ကျော် ရပ်နားနိုင်တဲ့ ကားပါကင်ရှိပါတယ်။ ဒါ့အပြင် ဈေးပတ်ပတ် လည်ကိုလည်း ကွန်ကရစ်လမ်းတွေ တည်ဆောက်ပေးထားပြီး သန့်ရှင်းသပ်ရပ်မှုရှိအောင် ဆောင်ရွက်ထားပါတယ်။ တောင်သူ လက်လီရောင်းသူတွေ အတွက်ဆိုရင်လည်း ဈေးရုံထဲအထိ ဝင်ရောက်ပြီး ကုန်ပစ္စည်းတွေ ချနိုင်တဲ့အထိ ပြုလုပ်ပေးထား ပါတယ်။ ဒါ့ကြောင့် ရောင်းဝယ်သူတွေအနေနဲ့ ကုန်ပစ္စည်း သယ်ယူရတဲ့ အလုပ်သမားခကို သက်သာစေမှာဖြစ်ပါတယ်။ ဒုတိယအနေနဲ့ကတော့ လာရောက်ရောင်းချတဲ့ စားသောက် ကုန်တွေကို စားသုံးရန်သင့်မသင့် စစ်ဆေးပေးသွားမှာ ဖြစ်တဲ့ အတွက် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ စားသောက်ကုန်ပစ္စည်းတွေ ကို ဝယ်ယူစားသုံးနိုင်မှာ ဖြစ်ပါတယ်။ စိုက်ပျိုးထုတ်လုပ်သူ တွေအတွက်ကိုလည်း လိုအပ်တဲ့ နည်းပညာ အကူအညီပံ့ပိုး ပေးမှာဖြစ်ပါတယ်။ ဒါ့ကြောင့် ဒီဈေးက ကုန်ပစ္စည်းတွေဟာ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ စားသောက်ကုန်များကို ရရှိစေမှာ ဖြစ်ပါတယ်။ ကိုယ်ပိုင် စိုက်ပျိုးထုတ်လုပ်ပြီး လာရောက်ရောင်းချတဲ့သူတွေအတွက်လည်း ဒီဈေးကြီးမှာ ပွဲရုံတွေရှိတဲ့အပြင် ကိုယ်တိုင်လာရောက် ရောင်းချနိုင်မှာ ဖြစ်တဲ့အတွက် သူတို့အနေနဲ့ တန်ဖိုးမြင့်တဲ့ ဈေးတွေရရှိသွားမှာ ဖြစ်ပါတယ်။ နောက်ပိုင်းမှာဆိုရင် ဒီဈေးကြီးမှာ လာရောက် ရောင်းချတဲ့ ကုန်ပစ္စည်းတွေအတွက်ကိုလည်း အအေးခန်း စနစ်ကိုလည်း ရည်ရွယ်ထားပါတယ်။ အဓိကကတော့ Export လုပ်ငန်းလုပ်တဲ့သူတွေအတွက် ရည်ရွယ်ထားတာပါ။ ဒီလို လုပ်ဆောင်ခြင်းအားဖြင့် ကျွန်တော်တို့နိုင်ငံမှာ တဖြည်းဖြည်းနဲ့ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံ စားသောက်ကုန်ပစ္စည်းတွေ အတွက် Export လုပ်နိုင်တဲ့ အလားအလာတွေ ပိုပြီးတော့ ကောင်းမွန်စေနိုင်မှာဖြစ်ပါတယ်။ တွေ့ဆုံမေးမြန်း-ဇော်ကြီး (ပဏီတ)မြန်​မာ့အလင်း

ထား ခဲ့ ခြ င်း များ ။ (အောင်ဝေး)



ကျနော်တို့က
ဂျိမ်းဂျွိုက်စ်ကိုသိတယ်
ခင်ဗျား နားမလည်ပါဘူး ဘိုနို။

ကျနော်တို့က
အိုင်ယာလန်အစိမ်းကိုချစ်တယ်
ခင်ဗျား မသိပါဘူး ဘိုနို။

အိုင်ယာလန်အစိမ်း
ရိုးမအစိမ်း
အစိမ်း အစိမ်း
ထူပိန်း နိုးထ
အဘိုးအဘအမွေ
အစိမ်းလေ
ခင်ဗျား မခံစားတတ်ပါဘူး။

ခင်ဗျား မပါလည်း
ကျနော်တို့ လမ်းဆက်လျှောက်နိုင်ပါတယ်။

ဆက်လျှောက်
ဆက်လျှောက်
လမ်း ဆက်လျှောက်မယ်။

ခင်ဗျား မရှိလည်း
ကျနော်တို့မှာ
သေချာတဲ့ဂီတတွေရှိတယ်
အားလုံးကိုကျော်ဖြတ်မယ်
သနားတယ် ဘိုနို။

ခင်ဗျား ကူညီခဲ့မှုအတွက်
ကျနော်တို့ရာဇ၀င်မှာ
စာတစ်မျက်နှာ
ခင်ဗျားနာမည်ကို တစ်ဝက်ရေးထားမယ်။

ခင်ဗျားက
အမှန်တရားကို တစ်ဝက်ပဲချစ်တတ်ခဲ့တာကိုး။

ကျနော်တို့ရထားက
ရှေ့ဆက်ထွက်သွားပါပြီ။

ကိုစန်းဇော်ထွေးကို ထားခဲ့ရတာနဲ့
ခင်ဗျားကို ထားခဲ့ရတာ
ထားခဲ့တာချင်းတော့ မတူဘူးပေါ့  မစ္စတာဘိုနိုရယ်။ ။

ေ အ ာ င္ ေ ၀ း
(ဒီဇင္ဘာ ၃၁- ၂၀၁၇)

မန္တလေးမြို့ နှစ်သစ်ကူးပွဲ စည်ကားသိုက်မြိုက်စွာ ကျင်းပမည်

မန္တလေးမြို့ နှစ်သစ်ကူးပွဲ စည်ကားသိုက်မြိုက်စွာ ကျင်းပမည်

မန္တလေး   ဒီဇင်ဘာ  ၃ဝ

မန္တလေးမြို့ နှစ်သစ်ကူး New Year Count Down ပွဲကို ကျုံးတောင်ဘက်ခြမ်းရှိမန္တလေးမြို့တော် စည်ပင်သာယာရုံးရှေ့၌  ပြုလုပ်မည်ဖြစ်သည်။

မန္တလေးမြို့တွင် ၂ဝ၁၇ ခုနှစ်မှ ၂ဝ၁၈ ခုနှစ်သို့ ကူးပြောင်းသည့် ကာလဖြစ်သော ဒီဇင်ဘာ ၃၁ ရက် ည နှစ်သစ်ကူး New Year Count Downပွဲကို မြို့သူ မြို့သား များ  စနစ်တကျနှင့် ပျော်ရွှင်စွာ  ဆင်နွှဲနိုင်ရန်အတွက် မြို့တော်စည်ပင်သာယာရုံးရှေ့ ကျုံးတောင်ဘက်ခြမ်းတွင်   ပြုလုပ်ပေးမည်ဖြစ်ကြောင်း   စည်ပင်သာယာရေး ကော်မတီဝင် ဦးကျော်ဆန်းမြင့်က ပြောကြားသည်။

 ''မန္တလေးမှာ နှစ်သစ်ကူး Count  Down   နှစ်စဉ်လုပ်ကြတယ်၊ ပျော်ကြတယ်၊ သူတို့ပျော်တာကို ကျယ်ကျယ်ဝန်းဝန်းနဲ့ စနစ်တကျရှိအောင် ဒီနှစ်မှာ စည်ပင်ရုံးရှေ့ မှာလုပ်ဖို့ စီမံပေးတာပါ၊ အရင်နှစ်တွေက ဆီဒိုးနားဟိုတယ်နားမှာ လုပ်ကြတယ်၊ အခုဆိုရင် စည်ပင်ရုံးရှေ့မှာ လျှပ်စစ်မီးလုံးတွေ ထွန်းညှိဖို့ ပြင်ဆင်နေပြီ''ဟု ¤င်းက ပြောသည်။

ယင်းကဲ့သို့ ပြုလုပ်ရာတွင် မြို့တော်စည်ပင်ဘတ်ဂျက်ငွေကို အသုံးမပြုဘဲ မြို့တော် စည်ပင်တွင်ရှိသော လျှပ်စစ်မီးလုံးများဖြင့် အလှဆင်ပြီး စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည် ဖြစ်သည်။

 ''ပျော်ပွဲရွှင်ပွဲတွေ မပါဘူး၊ စည်ပင်ဘတ်ဂျက်ငွေလည်း သုံးစွဲမှာ မဟုတ်ဘူး၊ မြို့သူမြို့သားတွေနဲ့ တစ်သားတည်းဖြစ်အောင်နဲ့ စိတ်ချမ်းသာ ပျော်ရွှင်စေချင်လို့ တတ်နိုင်တဲ့ဘက်ကနေ ဖြည့်ဆည်းပေးတာပါ၊ လုံခြုံရေးပိုင်းလည်း စီစဉ်ထားပါ      တယ်''ဟု စည်ပင်သာယာရေးကော်မတီဝင် ဦးကျော်ဇောအောင်က ပြောသည်။

New Year Count Down နှစ်သစ်ကူးပွဲပြုလုပ်ရာတွင် လုံခြုံရေးအတွက် နယ်မြေခံ ရဲတပ်¸နှင့် မြို့တော်စည်ပင်သာယာရဲတပ်¸တို့က တာဝန်ယူဆောင်ရွက် မည်ဖြစ်ပြီး ယူနီဖောင်းနှင့် တပ်¸ဝင်များအပြင် အရပ်ဝတ်များဖြင့်လည်း လုံခြုံရေး ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။          မင်းထက်အောင်(မန်းကိုယ်ပွား)

လွတ်လပ်ရေးနေ့ အထိမ်းအမှတ် မြန်မာ-ထိုင်း ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲ ကျင်းပမည်

လွတ်လပ်ရေးနေ့ အထိမ်းအမှတ် မြန်မာ-ထိုင်း ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲ ကျင်းပမည်

ရန်ကုန်   ဒီဇင်ဘာ   ၃ဝ

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ မြန်မာနိုင်ငံ ရိုးရာလက်ဝှေ့အဖွဲ့ချုပ်မှ ကြီးမှူးပြီး မြန်မာမီဒီယာဂရု(ပ်)မှ စီစဉ်ကျင်းပသော နှစ်(၇ဝ)ပြည့် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် မြန်မာ-ထိုင်း ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ် ရွှေတံဆိပ်ဆုရှင်များ၊ လက်ဝှေ့ကျော်များအပါအဝင် ပွဲပေါင်း ခုနစ်ပွဲနှင့် အထူးအမျိုးသမီးစိန်ခေါ်ပွဲကို ဇန်နဝါရီ ၄ ရက် မွန်းလွဲ ၂ နာရီတွင် တောင်ငူမြို့  ကေတုမတီ မိုးလုံလေလုံ အားကစားခန်းမ၌ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါပြိုင်ပွဲ ငါးချီစိန်ခေါ်ပွဲတွင် နေရူဘီ(မြန်မာ STL) နှင့် မွေထိုင်းချန်ပီယံ ခွန်ချင်း ပီယာပန်(ထိုင်း)၊ စွမ်းထက်နိုင်(ဗမာ့သွေး)နှင့်  ဖိုက်တာ STL၊ ဇော်ချစ်အောင် (ဗမာ့သွေး)နှင့်        
ကျော်ဝင်းအောင်(အဖြူရောင်သွေးသစ်)၊ မိုက်သွေး(ဗမာ့သွေး)နှင့်   စစ်မင်း(ရာမညအားမာန်)၊    ထယ်ကြီး (STL)နှင့်  သိန်းညီညီ(အဖြူရောင်သွေးသစ်)တို့က    တိုင်းဒေသကြီးနှင့် ပြည်နယ်မှ  ရွှေတံဆိပ်ဆုရှင်များဖြစ်ပြီး လေးချီစိန်ခေါ်ပွဲတွင်   တက်လူ(ရာမညအားမာန်)နှင့် ရဲသွေးအောင်(အဖြူရောင်သွေး သစ်)၊ သူရလိမ်(ဗမာ့သွေးသစ်)နှင့် စိုးလင်းအောင်(STL)၊ အမျိုးသမီးအထူးစိန်ခေါ်ပွဲတွင်      ဘရောနီကာ(ဖယ်ခုံ)နှင့်   မြွေမပွေးမ(မြွေမဟာက်မင်း)တို့      ယှဉ်ပြိုင်ထိုးသတ်ကြမည် ဖြစ်ပြီး   ဝင်ကြေးအဖြစ်   ငွေကျပ် ၃ဝဝဝ၊  ငွေကျပ် ၅ဝဝဝ  သတ်မှတ်ထားကြောင်း သိရသည်။
တင်စိုး(မြန်မာ့အလင်း)

ကွယ်လွန်သွားသူနိုင်ငံရေးအကျဉ်းသားဟောင်းကိုစန်း​ဇော်​​ထွေးအတွက်​ ဆရာ​​မောင်​အောင်​ပွင့်​ရဲ့ကဗျာ


စန်း​ဇော်​​ထွေး​ရေ•••••
မိုး​သောက်​လှပလင်းပြီ
ဘေးကင်းကြ​စေ။


စန်း​ဇော်​​ထွေး​ရေ•••••
လက်​သီးတစ်​ချက်​နဲ့တစ်​ချက်​ကြား
တုတ်​တစ်​ချက်​နဲ့ တစ်​ချက်​ကြား
သုခဆိုတာ ရှိပါလားတဲ့
နန္ဒစစ်​​အောင်​က ​ရေးတတ်​လိုက်​တာ။


စန်း​ဇော်​​ထွေး​ရေ•••••
ပင်​လယ်​ဆွဲဆန့်​သူ မြစ်​ဟာ
အသစ်​ရဲ့​မျှော်​စင်​တဲ့ ကွ
ဌေးကြည်​(စလင်း)က။

စန်း​ဇော်​​ထွေး​ရေ•••••
ချို​ထောင်​​ထောင်​မှာ လက်​နက်​​တွေများဖို့
လက်​နက်​​တွေ ပွားဖို့
မောင်​လင်းရိပ်​ မလိုလားသလို
ဒို့လည်း မလိုလားကြဘူး။

စန်း​ဇော်​​ထွေး​ရေ•••••
ပြည်​တွင်းစစ်​အရှည်​ကြာဆုံး အနှစ်​(70)တိုင်​ပြီ
ဥတု​ကျော်​​ဝေဒနာ ​သွေးတိတ်​ခဲလှချည့်
ညည်းခဲ့တဲ့ ငါ့ကဗျာ
မောင်​သန်းစိုး(​ချောက်​)က
သူ့ဇာတိ သံဖြူဇရပ်​မြို့ဟာလည်း
စစ်​ဆိုတဲ့အသံ မကြားချင်​တဲ့ မြို့တဲ့​လေ။


စန်း​ဇော်​​ထွေး​ရေ•••••
ကိုဗဟိန်းရဲ့ မခင်​ကြီး
မခင်​ကြီးရဲ့ ကိုဗဟိန်း
သူတို့ အတူတူ​နေခဲ့ဖူးတဲ့
ရန်​ကုန်​​မြေနုလမ်း အိမ်​က​လေး ရှိ​သေးလားလ်ု့
သွားကြည့်​ချင်​မိရဲ့
ကိုဗဟိန်းက လသာလိုက်​တာဆို​တော့
ဆရာတာရာက သူ​တော့ မခင်​ကြီးကို လွမ်းပြီထင်​တာ
နိုင်​ငံ​ရေး ​ဆွေး​နွေးရ​အောင်​တဲ့​လေ
သူတို့ တိုင်းပြည်​ကို ချစ်​ပုံများ။

စန်း​ဇော်​​ထွေး​ရေ•••••
လေထုညစ်​ညမ်းမှုဟာ
လူ့အခွင့်​​ရေး၊ ကျန်းမာ​ရေး၊ သဘာဝ ဝန်းကျင်​အမြင်​​တွေ
ဆုံးရှုံးလှပြီ။

စန်း​ဇော်​​ထွေး​ရေ•••••
မင်းက ငါ့ကို စိတ်​ရှည်​ သည်းခံ
ပြုပါ ကဗျာ့သာသနာတဲ့​လေ
ပြီး​တော့ တစ်​​နေ့တာ
အချိန်​ဇယား ဆွဲ​ပေးတယ်
ပါကင်​ဆန်​က ဆိုးတယ်​ကွာ
အိပ်​​ပျော်​မယ်​ မကြံ​သေးဘူး
အိပ်​မက်​ဆိုး​တွေက မက်​ပြီ။

ဟိုးမှာ...​တောစိမ်းစိမ်း ​တောင်​စိမ်းစိမ်း​တွေ လှမ်းမြင်​​နေရတဲ့
မြစ်​တစ်​မြစ်​ စီးဆင်း​နေတဲ့
မင်းရဲ့Recycle ပန်းချီကားကို ငါကြိုက်​တယ်​ဆို​တော့
အကြိုက်​ချင်းတူတယ်​ဆိုပြီး ငါ့ကို ​ပေးတယ်
ကြည့်​မိတိုင်း ငါဘဝ အ​မော​တွေ ​ပြေ​စေတယ်​။

စန်း​ဇော်​​ထွေး​ရေ•••••
ဒို့ မြစ်​ဝကျွန်း​ပေါ် ကနစို​တောကို သိပ်​လွမ်းတာပဲ
မြစ်​​ရေစီးထဲသစ်​ရိပ်​က ​မျောပါမသွား
အလုံးစုံပျက်​သုဉ်းခြင်းဆိုတာ ဘယ်​သူ့ကို ခြိမ်း​ချောက်​လို့လဲကွာ
တရား ဓမ္မကို ​ပြောပြတာပါ။

ပါစတာနတ်​ရဲ့ ​ဒေါက်​တာဇီးဗားဂိုးရုပ်ရှင်​ကား
ငါကြည့်​ဘူးတယ်​၊
ဦး​နှောက်​​ဆေး​ကြော​ရေး စခန်းပို့ဖို့
ရထားကျပ်​ကျပ်​ သိပ်​သိပ်​ထဲမှာ​တောင်​ ဖိုးဖိုးဖွားဖွား
အချစ်​ပွားနိုင်​​သေးတာပဲ
လားတစ်​​ကောင်​၊ မြည်းတစ်​​ကောင်​ရဲ့ ​မေးရိုးကို
ဂီတ သံစဉ်​ဖန်​တီးထားတာ ငါခံစားရဘူးတယ်

စိတ်​ရှည်​ သည်းခံ
ပြုပါ ကဗျာ့သာသနာ ဆိုတဲ့ မင်းရဲ့မှာစကား
ငါ အမြဲစွဲမြဲ ပါတယ်​ကွာ။

မေတ္တာဖြင့်
မောင်​​အောင်​ပွင့်

ဧရာဝတီ တိုင်းဒေသကြီး ပုသိမ်နယ်မြေရဲစခန်းနယ်ထိန်းအဖွဲ့က ထောင်ထွက် သူခိုးတယောက်အားထပ်မံ ဖမ်းဆီးဖော်ထုတ်အရေးယူခဲ့


ဧရာဝတီ တိုင်းဒေသကြီး ပုသိမ်နယ်မြေရဲစခန်း နယ်ထိန်းအဖွဲ့က လွန်ခဲ့သည့်(၂)လကျော်ခန့်မှခိုးမှုဖြင့် ထောင်(၃)နှစ်ပြစ်ဒဏ်ကျလွတ်မြောက်သူအား ပြည်သူကိုဗဟိုပြု အမာခံသတင်းပေးတို့ ထံမှရရှိသော
သတင်းများအားအတည်ပြု ပြီး လက်ကိုင်ဖုန်းတလုံး (မ)ဝတ်လက်ပတ်နာရီတလုံး တို့အား မြို့တွင်းသို့
လိုက်လံရောင်းချနေကြောင်းသတင်းရအမှုဖွင့်စစ်ဆေးရာမှခိုးယူလာခြင်းဖြစ်ကြောင်းစစ်ဆေးပေါ်ပေါက်ခဲ့
သည်။

၁၉.၁၂.၂၀၁၇.ရက်နေ့ည (၈)နာရီအချိန်ခန့် ပုသိမ်နယ်မြေရဲစခန်း မှ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်ကျော်စိုးအောင် ခေါင်းဆောင်သော နယ်ထိန်းအဖွဲ့ နှင့် သက်သေများနှင့်အတူ ပုသိမ်မြို့ မိမိရဲစခန်းအပိုင်နယ်မြေအတွင်း လှည့်ကင်းဆောင်ရွက်နေစဉ် အမှတ်(၄)ရပ်ကွက် ကန္နားလမ်း ရှုခင်းသာအပန်းဖြေနေရာမှာ အမည်မသိလူတဦး ဟာဝေးအနက်ရောင် လက်ကိုင်ဖုန်း ၁ လုံး မိန်းမပတ် လက်ပတ်နာရီတလုံးတို့အား
လိုက်ပြီးရောင်းချနေကြောင်း သတင်းရရှိသဖြင့် သွားရောက်ကြည့်ရှုခဲ့ (၉)လပိုင်းကခိုးမှုဖြင့်ထောင်ကလွတ်လာသူ နိုင်လင်းထွေး(ခ)သင်ပေါင်းဖား အသက် ၂၁ နှစ် (ဘ)ဦးစိုးမြင့် သဘောင်္ကျင်း အမှတ် ၉ ရပ်ကွက်နေ သူဖြစ်၍ရဲစခန်းသို့ခေါ်ဆောင်ခဲ့၏။

ရဲစခန်းသို့ရောက်ရှိသည်နှင့်စခန်းမှူးရဲအုပ်အောင်ဝင်းမြင့်ထံတင်ပြပြီး ၎င်းရောင်းချနေသော ပစ္စည်းတိုနှင်ပတ်သက်ပြီးစစ်ဆေးမေးမြန်းခဲ့ရာ၎င်းပိုင်ဆိုင်ကြောင်းခိုင်လုံစွာပြောပြနိုင်ခြင်းမရှိသဖြင့် နေအိမ်တခုခုမှခိုးယူလာသည်ဟုမသင်္ကာ၍ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် ကျော်စိုးအောင် က တရားလိုပြုတိုင်ကြားသဖြင့် ပုသိမ်နယ်မြေရဲစခန်း (ပ)၃၃၆/၂၀၁၇. ရာဇသတ်ကြီးပုဒ်မ ၃၈၀/ကျင့် ၅၄ ဖြင့်အမှုဖွင့်၍ အမှုအား ဒုရဲအုပ် သိန်းထိုက်လင်း ကတာဝန်ယူစစ်ဆေးဆောင်ရွက်ခဲ့၏

အမှုစစ်မှ ၂၀.၁၂.၂၀၁၇.ရက်နေ့ကတရားခံအား ချုပ်ရီမာန်တောင်းခံပြီး အကြမ်းစစ်ဆေးခဲ့ရာ နိုင်လင်းထွေး(ခ)သင်ပေါင်းဖား အသက် ၂၁ နှစ် ပုသိမ်မြို့ အမှတ် ၁ နယ်မြေရွှေတဆုပ်ရပ်ကွက်ဇာတိဖြစ်ပြီး အစိုးရ မူလတန်း ကျောင်းမှာ ပညာသင်ကြားခဲ့ပြီးကျောင်းကထွက်ကာ မိဘများနှင့်အတူ ပုသိမ်တဘက်ကမ်းက သဘောင်္သို့ပြောင်းရွှေ့ခဲ့ပြီးကျဘမ်းလုပ်ကိုင်စားသောက်နေကြောင်း ဦးစိုးမြင့် ဒေါ်စန်းစန်းဦးတို့မွေးချင် ၆ ယောက်မှအငယ်ဆုံးသားဖြစ်ပြီး အသက် ၁၇ နှစ်ခန့်က တရပ်ကွက်တည်းနေ မမေသင်စိုးနှင့်အိမ်ထောင်ကျခဲ့ပြီး သားတယောက်ထွန်းကားခဲ့ပြီး ၂၀၁၄.ခုနှစ်က ခိုးမှုဖြင့် ထောင် ၃ နှစ်ကျခဲ့ပြီး ၂၈.၉.၂၀၁၇.ရက်ကထောင်ကလွတ်ခဲ့ကြောင်းဆိုခဲ့၏။

မှုခင်းပိုင်းထွက်ဆိုခဲ့ရာ ၁၉.၁၂.၂၀၁၇.ရက်နေ့ည နေ ၄. နာရီအချိန်ခန့် မှာပုသိမ်မြို့ကန္နားဈေးသို့ အလစ်အငိုက်တွေ့ချိန်ဈေးအသိမ်းခန့်မှန်းပြီးခိုးယူရန်လိုက်လံကြည့်ရှုနေချိန် အသက် ၅၀ ကျော်ခန့် အမျိုးသ္မီး တဦးစက်ချုပ်နေသောဆိုင်အားတွေ့ရှိရပြီးလေ့လာကြည့်ရာ၎င်းတဦးတည်းတွေ့ရပြီးစက်ခုံဘေးရှိသစ်သားပုံးပေါ် ပိုက်ဆံအိပ်အားခိုးယူခဲ့ပြီးကမ်းနားဘက်သို့သွားခဲ့ပြီးပိုက်ဆံအိပ်အားဖွင်ကြည့်ရာအနက်ရောင်လက်ကိုင်ဖုန်းတလုံးနှင်လက်ပတ်နာရီအသေးလေးတလုံးသာတွေ့ရှိရပြီးကျန်တာဘာမှမတွေ့ရ ဖုန်းအားစက်ပိတ်လိုက်ပြီး ဆင်းကဒ်ထုပ်ယူလိုက်ပြီး ပိုက်ဆံအိတ်နှင့်ငဝန်မြစ်အတွင်းသို့လွှင့်ပစ်ခဲ့ကြောင်းဆိုခဲ့၏
အမှုစစ် ကစခန်းမှူးအောင်ဝင်းမြင့်ထံစစ်ဆေးချက်တင်ပြခဲ့ရာ ဂါတ်စာရေး ရဲတပ်ကြပ်ကြီးဟန်စိုး တို့က ၂ လကျော်အတွင်း အလားတူအခြားပစ်မှုများရှိမရှိအသေးစိတ်စစ်ဆေးရန်တိုက်ထွန်းထားကြောင်းသိရပါသည်။
ရွှေဘို ဝဠာ


ဝဋ်ကြွေးတွေကြေပါရစေဆိုသူ ဆရာလေး ထက်ထက်မိုးဦး

ဝဋ်ကြွေးတွေကြေပါရစေဆိုသူ ဆရာလေး ထက်ထက်မိုးဦး


ချီဂွေဗာယား သူ့ဘ၀ သူ့တော်လှန်ရေး (၉)


(၉)
၁၉၃၂ နှင့် ၁၉၃၅ အကြား ကာလများတွင် ပါရာဂွေး နှင့် ဘိုလစ်ဗီယား တို့ အကြား မကြာခဏ
ဆိုသလို သွေးထွက်သံယို ပဋိပက္ခ များ ဖြစ်ပွားခဲ့သည်။ အဓိက အားဖြင့် နှစ်နိုင်ငံ နယ်ခြားရှိ
ချာကိုး ဟူသော ခြောက်သွေ့ဒေသရှိ တောရိုင်းမြေကို သူပိုင်ကိုယ်ပိုင် အငြင်းပွားခဲ့ကြခြင်း
ကြောင့် ဖြစ်ပေသည်။ အန်နက်စတို ဂွေဗာယားလင့်ခ်ျ က ချာကိုးစစ်ပွဲ အကြောင်းကို သတင်းစာ
များမှတဆင့် အမြဲမပြတ် စောင့်ကြည့်လေ့လာနေခဲ့သည်။ အကြောင်းကလည်း ရှိပေသည်။

မီဆွန်နက်စ် တွင် ပါရာဂွေး လူမျိးများနှင့် အတူနေထိုင်ခဲ့ခြင်းကြောင့်လည်း ပါရာဂွေးဖက်က
ထောက်ခံခဲ့သူ ဖြစ်သည်။ တနေ့တွင် လေ့လာနေယုံမျဖြင့် အားမရတော့ပဲ လက်နက်ကိုင်၍
ပါရာဂွေး ဖက်မှ ၀င်တိုက်လိုကြောင်း ထုတ်ဖေါ်ပြောဆိုလာခဲ့သည်။ ဖခင်ဖြစ်သူမှ ဤမျအထိ
စိတ်အားထက်သန်စွာ ပြောဆိုနေမှုကြောင့်သားကြီးဖြစ်သူ လည်း စစ်ပွဲအကြောင်းကို
စိတ်ဝင်တစား လေ့လာခဲ့ပေတော့သည်။ သိတ်မကြာမီမှာပင် အဆိုပါ ပဋိပက္ခသည် ကလေး
များ ကစားကွင်းသို့ ကူးစက်လာရပေတော့သည်။တဖက်နှင့်တဖက် ပါရာဂွေး နှင့် ဘိုလစ်ဗီယား
သတ်မှတ်ကာ စစ်တိုက်တမ်း ဆော့ကစားလာခဲ့ကြခြင်းပင် ဖြစ်ပေသည်။

သားဖြစ်သူ၏ နိုင်ငံရေး အသိတရားများ နိုးကြားလာခဲ့ရခြင်းသည် အဆိုပါ စစ်ပွဲကို စိတ်ဝင်တစား လေ့လာမှု မှ စတင်ခဲ့ရသည်ဟု အန်နက်စတို ဂွေဗာယား လင့်ခ်ျ က နောက်ပိုင်းတွင် ပြော
ဆိုလာခဲ့သည်။ ၎င်း၏ ပြောဆိုချက်သည် ဖြစ်နိုင်ဖွယ် မရှိလှပေ။ အဘယ်ကြောင့်ဆိုသော်
စစ်ပွဲပြီးဆုံးခဲ့ချိန်တွင် အန်နက်စတီယို သည်၇ နှစ် အရွယ်ပင် ရှိပေသေးသည်။ သို့သော်
လည်း ချီ က သူ့အဖေ၏ စစ်ပွဲနှင့် ပါတ်သက်၍စိတ်အားထက်သန်ခဲ့မှုများ ကို ပြန်ပြောင်းပြော
ပြခဲ့သည်။ ၎င်း၏ ပြောဆိုမှုများက အဖေကို ချစ်သည့်စိတ်ရော ခပ်ငေါ့ငေါ့ သဘော လေသံများ
ပါ လာခဲ့သဖြင့် ဖခင်ဖြစ်သူသည် ရည်ရွယ်ချက်ကောင်းမွန်သော်လည်း အပြောသာ ရှိပြီး
လက်တွေ့ ကျကျ တကယ်လုပ်ခဲလှသည်ဟုဖခင်နှင့် ပါတ်သက်၍ အရှိကို အရှိအတိုင်း ဝေ
ဖန်လိုက်ခြင်းပင် ဖြစ်တော့သည်။

တကယ်တမ်း အန်နက်စတီရို ချေဂွေဗာယား၏နိုင်ငံရေး အသိစိတ်ကို နိုးထလာစေခဲ့သည်က
စပိန် ပြည်တွင်းစစ်ပွဲကြီးပင် ဇြစ်သည်။ အဆိုပါပြည်တွင်းစစ်ကြီးက ၁၉၃၈ နှစ်ဆန်းပိုင်းမှစ၍
ဖက်ဆစ်ဝါဒီ ဖြစ်သော ဖရန်ကို သူပုန်အဖွဲ့အရေးသာလာခဲ့ရပေသည်။ ထိုစစ်ပွဲကြီးမှ
ထွက်ပြေးတိမ်းရှောင်လာသူ စပိန် သမ္မတနိုင်ငံဘက်သားများ ၎င်းနေထိုင်ရာ မြို့လေးဖြစ်
သော အဲလ်တာ ဂါစီယာ သို့ ရောက်ရှိလာခဲ့ကြသည်။ (စကားချပ် - အဆိုပါ စပိန်ပြည်တွင်း
စစ်ပွဲကြီး အသေးစိတ်ကို မကြာမီ ထုတ်ဝေမည့် "မဟာတို့၏ ကျဆုံးခန်း' ၏ နောက်ဆက်တွဲ "အေး
စက်သွားသော ကမ္ဘာမြေ" စာအုပ်တွင် အသေးစိတ် ဖေါ်ပြထားပါတယ်)။ ထိုသို့ ရောက်လာ
ကြသော ဒုက္ခသည်များထဲတွင် မိခင်နှင့်အတူ ပါလာသော ဂွန်ဇာလေး-အက်ဂွီလာ ကလေး
လေးဦး ပါရှိလာခဲ့သည်။ ၎င်းတို့၏ ဖခင်ဖြစ်သူဂွမ် ဂွန်ဇာလေး-အက်ဂွီလာသည် စပိန်ရေတပ်
၏ ကျန်းမာရေး ဘက်ဆိုင်ရာ အကြီးအကဲ ဖြစ်သည်။ သူတာဝန်ကို ၁၉၃၉ ခုနှစ် ဂျန်န၀ါရီလ
ဘာစီလိုနား မြို့ သူပုန်လက်တွင်းသို့ ကျရောက်သွားခဲ့ပြီးနောက်မှသာ မိသားစုနောက် လိုက်
လာခဲ့သူ ဖြစ်သည်။ သူတို့ မိသားစု နှစ်စုတွင်ကလေးများကလည်း သက်တူရွယ်တူ ဖြစ်နေ
ကြပြီး တကျောင်းတည်းလည်း အတူတက်ခဲ့ကြပြန်သည်။ ထိုအချိန်တွင် ဂွေဗာယား မိသား
စုက စီလီယာ ၏ အမအကြီးဆုံးဖြစ်သူ ကာမင်းနှင့် သူမ၏ ကလေးနှစ်ယောက်ကို အိမ်တွငိ
လက်ခံထားခဲ့သည်။ သူမ၏ ခင်ပွန်းဖြစ်သူကွန်မြူနစ် ကဗျာဆရာနှင့် သတင်းစာဆရာ
လည်းဖြစ်သူ ကာယက်တီနို "ပိုလီချို" ကော်ဒိုဗာအီတာဘူရူသည် ဗြူနိုအေရီ ရှိ သတင်းစာ
တစောင်ဖြစ်သော Critica အတွက် စပိန်နိုင်ငံတွင် သတင်းယူနေခဲ့သည်။ ခင်ပွန်းဖြစ်သူ
ပိုလီချို ၏ စာများ ရောက်ရှိလာတိုင်း ကာမင်းက ကလေးများကို အမြဲဖတ်ပြလေ့ရှိသဖြင့်
မည်သည့် သတင်းစာတွင်မှ မဖေါ်ပြရသေးသော စစ်ပွဲ၏ အသေးစိတ် သတင်းများကို
သိရှိခွင့် ရခဲ့ကြသည်။

၁၉၃၀ ခုနှစ်ကျော် အစောပိုင်းကာလများတွင်အာဂျင်တီနား၏ ပြည်တွင်းနိုင်ငံရေး အခြေ
အနေများက ငြိမ်သက်နေသဖြင့် လစ်ဘရယ်အယူရှိသော ဂွေဗာယားတို့ မိသားစု အဖို့ စိတ်
ဝင်တစား မရှိခဲ့ကြပေ။ ထိုအချိန်က အာဂျင်တီနားအား ရှေရိုးအစဉ်အလာ အယူအဆ စွဲကိုင်
ထားသော စစ်အစိုးရ သည် ပြည်တွင်းရှိ အစဉ်အလာ "လစ်ဘရယ်" ပါတီ အုပ်စုတစုနှင့် ညွန်
ပေါင်းအစိုးရ ပုံစံ အုပ်ချုပ်နေခဲ့ကြသည်။ ၁၉၃၀ တွင် သမ္မတ ဟီပိုလီတို ယီဂိုရင်း အား ဖြုတ်
ချခဲ့ပြီးချိန်မှစ၍ အတိုက်အခံ ဖြစ်သော Union Civica Radical ပါတီလည်း အကွဲကွဲ အပြား
ပြား ဖြစ်နေခဲ့သည်။ ပြည်တွင်းနိုင်ငံရေး က စိတ်ဝင်စားစရာ မကောင်းသဖြင့်
စပိန်သမ္မတနိုင်ငံမှနိုင်ငံတကာတွင် ခေါင်းထောင်ထလာနေသောဖက်ဆစ်ဝါဒကို ရွတ်ရွတ်ခ္ဈံခ္ဈံ ရပ်တည်ခုခံ
နေမှုသည့် အဖြစ်ကို မည်သူမဆို စိတ်အားတက်ကြွစွာထောက်ခံမှု ပေးရန် ၀န်မလေးခဲ့ကြပေ။

အန်နက်စတို ဂွေဗာယား လင့်ခ်ျကလည်း စပိန်သမ္မတနိုင်ငံအားထောက်ခံရန် ဖွဲ့စည်းလာ
သော နိုင်ငံလုံးဆိုင်ရာ သွေးစည်းညီညွတ်ရေးကွန်ယက်၏ အဖွဲ့ခွဲတခုကို မြို့ တွင် တည်
ထောင်နိုင်ရန် စိတ်အားတက်ကြွစွာ ကူညီပေးခဲ့သည်။ စပိန်မှ ရောက်ရှိလာသူများအားလည်း
ခင်မင်ရင်းနှီးစွာ ကြိုဆိုခဲ့ပြန်သည်။ ထိုသို့ရောက်ရှိလာသူများအထဲတွင် ဗိုလ်ချုပ်ကြီး
ဂျုယာဒိုအား အထူးတလေးတစား ဆက်ဆံခဲ့သည်။ ဗိုလ်ချုပ်ကြီး ဂျုယာဒိုသည် ဂွာဒါလာဂျာ
ယာ တိုက်ပွဲကြီးတွင် ဖရန်ကို တပ်များနှင့် ၎င်းတို့၏ မဟာမိတ် အီတလီ ဖက်ဆစ်များအား
ချေမူန်းနိုင်ခဲ့သူ ဖြစ်သည်။ သို့သော် အာဂျင်တီနားတွင် မိသားစု ၀မ်းရေးအတွက် အသက်
အာမခံ လိုက်လံရောင်းချသူအဖြစ် အသက်မွေးဝမ်းကျောင်း ပြုနေရသူ ဖြစ်သည်။ ဗိုလ်ချုပ်ကြီး
ဂျုယာဒိုက ဂွေဗာယား မိသားစုနှင့် ညစာလာရောက်စားသည့်အခါတိုင်း စစ်ပွဲအတွေ့အကြုံ
များကို တမေ့တမော ပြောတတ်သူ ဖြစ်သည်။

ထိုသို့ပြောသည့်အခါတိုင်း အန်နက်စတီရို လေးက မြေပုံပေါ်တွင် သမ္မတ နိုင်ငံတော်တပ်ဖွဲ့
များနှင့် ဖက်ဆစ်တပ်များ၏ စခန်းတည်နေရာကို လိုက်လံ၍ အမှတ်အသား ပြု ခဲ့သည်။ အိမ်
ရှိ ခွေးလေးကိုပင် သမ္မတနိုင်ငံ၏ ၀န်ကြီးချုပ်ဖြစ်သူ ဂွမ် နီဂရင် ကို အစွဲပြုပြီး နီဂရီနားဟု
အမည်ပေးခဲ့ပြန်သည်။

၁၉၃၉ စက်တင်ဘာလတွင် ဟစ်တလာမှ ပိုလန်ကို ကျုးကျော်လာသည့်အခါ ဒုတိယကမ္ဘာစစ်ကြီး စတင်
 ဖြစ်ပွားလာခဲ့တော့သည်။ယင်းနှင့်အတူ အဲလ်တာ ဂါစီယာရှိ မြို့နေလူထုကလည်း ဟိုဘက်ဒီဘက် အပြိုင်ထောက်ခံလာခဲ့ကြသည်။ အန်နက်စတို ဂွေဗာယား လင့်ခ်ျသည်လည်း မဟာမိတ်လိုလားသော Accion Argentina အုပ်စုအား စိတ်ရောကိုယ်ပါ ထောက်ခံမှု ပေးခဲ့သည်။ ရုံးခန်းဖွင့်ရန် အခန်း
ငယ်တခုအား ငှားပေးခဲ့ပြန်ပြီး ပြည်နယ်အနှံ့သွား၍ လူထု အစည်းအဝေးပွဲများ တွင် တက်
ရောက် စကားပြောခဲ့သည်။ ထို့အပြင် "နာဇီများစိမ့်ဝင်လာနိုင်မှု' များကိုလည်း မျက်ခြေမပြတ်
ထောက်လှမ်းခဲ့ပြန်သည်။ နာဇီများ တဖြေးဖြေးနှင့် အာဂျင်တီနားကို ကျုးကျော်ဝင်ရောက်
လာမည့်အရေးကို သူ နှင့် သူ၏ လုပ်ဖေါ်ကိုင်ဖက်များ စိုးရိမ်လာခဲ့ကြသဖြင့် ကော်ဒိုဗာရှိ
ဂျာမန် အသိုက်အ၀န်းကို စောင့်ကြည့်လာခဲ့ကြသည်။ အန်နက်စတီရိုလည်း Accion Argentina ၏ လူငယ် အသင်းတွင် ပါဝင်လာခဲ့သည်။ သားဖြစ်သူ သည် ကစားချိန်၊စာကြည့်
ချိန်မှ လွဲ၍ ကျန်ရှိသည့် အားလပ်ချိန်များတွင်သူတို့နှင့် အတူ တွဲလုပ်ခဲ့ကြောင်း ဖခင် ဖြစ်သူ
က ပြောပြခဲ့သည်။

ကော်ဒိုဗာ ပြည်နယ်ထဲရှိ ဂျာမန်များ နေထိုင်ရာဖြစိသည့် ကာလူမူချီတာ ချိုင့်ဝှမ်းအရပ်သည်
အဓိက ထား စောင့်ကြည့်ရမည့် ပြစ်မှတ် ဖြစ်လာခဲ့ရသည်။ ထိုအရပ်သည် အဲလ်တာ ဂါစီယာ
နှင့် သိတ်မဝေးကွာလှပြန်ပေ။ ၁၉၃၉ ခုနှစ် ကုန်ပိုင်းလောက်တွင် အတ္တလန်တိတ် သမုဒ္ဒရာထဲ၌ ဗြိတိသျ စစ်သင်္ဘောများ အားအကြီးအကျယ် ထိခိုက်ပျက်စီးမှုများ ရှိအောင်အနှောက်အယှက် ပေးနိုင်ခဲ့သော ဂျာမန်သင်္ဘော Admiral Graf Spee စစ်သင်္ဘောလည်း ပျက်စီးသွားခဲ့သဖြင့် ရီယို ဒီ လာ ပလာတာ အရပ်သို့ ခုတ်မောင်းလာခဲ့ပြီးနောက်သင်္ဘော ကပ္ပိတိန် မှ ၎င်း၏သင်္ဘောအား မွန်တီဗီဒီယိုး အရပ်တွင် ဖေါက်ခွဲနစ်မြုပ်ပြစ်ခဲ့သည်။ (ပုံတွင်ရှု့)သင်္ဘောတွင် ပါလာသူ အရာရှိများနှင့် သင်္ဘောသားများအား ကော်ဒိုဗာတွင် ထိမ်းသိမ်းထားခဲ့သည်။ နောက်ပိုင်းတွင် ထိမ်းသိမ်းခံထားရသူများက ၎င်းတို့ကို ထားရှိရာ ၀န်းအတွင်းတွင်ပင်
သစ်သားများနှင့် ရိုင်ဖယ်သေနတ်ပုံစံ ပြုလုပ်ပြီးစစ်ရေးလေ့ကျင့်ခန်းများ လုပ်နေကြသည်ကို၎င်း ဘိုလစ်ဗီယားမှ လက်နက်များ သယ်ဆောင်လာသောထရပ်ကားတစီးလည်း ၎င်းတို့ရှိရာ ချိုင့်ဝှမ်းအ
ရပ်သို့ ဦးတည်သွားသည်ကို ၎င်း အန်နက်စတိုဂွေဗာယား လင့်ခ်ျ တို့ အဖွဲ့ က တွေ့ရှိလာခဲ့
ကြသည်။ အခြားမြို့တမြို့ရှိ ဂျာမန်ပိုင် ဟိုတယ်တခုတွင်လည်း နာဇီ သူလျို အဖွဲ့တခု လျိုဝှက်
လှုပ်ရှားနေကြပြီး ဘာလင် နှင့် တိုက်ရိုက်ဆက်သွယ်နိုင်ရန် ရေဒီယို အသံလွှင့်စက်တလုံးထား
ရှိကြောင်း သိရှိခဲ့ရပြန်သည်။

ုထိုသို့လေ့လာ သိရှိလာခဲ့ကြသဖြင့် ကော်ဒိုဗာပြည်နယ်ထဲတွင် ဂျာမန် မြေအောက်လှုပ်ရှားမှု
များ ရှိလာနေပြီဆိုကာ ထိတ်လန့်တုန်လူပ်လာခဲ့ကြသည်။ ထို့အတွက် ၎င်းတို့သိရှိသမျ ကို
ဗြူနိုအေယီးစ်ရှိ Accion Argentina ဌာနချုပ်သို့ အသေးစိတ် အစီရင်ခံစာ ပေးပို့ခဲ့ကြသည်။
ထို့အတွက် မဟာမိတ် လိုလားသော သမ္မတရော်ဘတ်တို အော်တစ် မှ ချက်ခြင်းတုန့်ပြန်
အရေးယူလာမည်ကို စောင့်မျော်နေခဲ့ကြသည်။သို့သော် အော်တစ် က ကျန်းမာရေး မကောင်းလှ တော့သဖြင့် သူ့နေရာတွင် ဒုသမ္မတ ရာမွန်းကက်စ်စတီလိုက တာဝန်ယူလိုက်ပြီ ဖြစ်သည်။

၎င်းက ၀န်ရိုးတန်ုးနိုင်ငံများ အဖွဲ့ကို လုံးဝဥသုံ ထောက်ခံသူတဦး လည်းဖြစ်သည်။ ထို့
အတွက်လည်း ၎င်းတို့ပေးပို့သည့် အစီရင်ခံစာနှင့် ပါတ်သက်၍ မယ်မယ်ရရ အရေးယူဆောင်
ရွက်သည်ကို မတွေ့ခဲ့ကြရပေ။

စစ်ပွဲတလျောက်လုံး အာဂျင်တီနားက ဟိုဖက်ယိမ်းလိုက် ဒီဖက်ယိမ်းလိုက်နှင့် လုပ်နေခဲ့
သော်လည်း တရားဝင်အားဖြင့် မူ ကြားနေနိုင်ငံအဖြစ် ရပ်တည်လာခဲ့သည်မှာ ၁၉၄၅ ခုနှစ်
ဂျာမန်တို့ စစ်ရှုံးလုဆဲဆဲ အခြေအနေရောက်လာသည်အထိ ဖြစ်သည်။ စီးပွားရေးအရ
တဖက်တွင် မဟာမိတ်များကို မပြစ်ပါယ်နိုင်သလို နိုင်ငံရေး နှင့် စစ်ဖက် အသိုက်အ၀န်ုးများ
များက ၀င်ရိုးတန်းနိုင်ငံများကို လိုလားနေပြန်သောကြောင့်လည်း ဖြစ်သည်။ နိုင်ငံထွက် အမဲ
သား၊ ကောက်ပဲသီးနှံများနှင့် အခြား လယ်ယာထွက်ကုန်များ တင်ပို့နိုင်ရန် ဥရောပ ဈေးကွက်
ကို မှီခိုနေရသောကြောင့် စစ်ပွဲအတွင်း ရေလမ်းကြောင်းများ ပိတ်ဆိုမှုများ ရှိနေပြန်သဖြင့် စီးပွား
ရေးကို အကြီးအကျယ် ထိခိုက်ပျက်စီးစေလာခဲ့သည်။ မဟာမိတ်များကို ထောက်ခံမှုပေးသည့်
အတွက် အပြန်အလှန် အနေဖြင့် အမေရိကန်မှ၎င်းတို့၏ ပိုလျံနေသော သီးနှံများကို ၀ယ်ယူ
တင်သွင်းပေးမည်ဟူသော အာမခံချက်ကိုအော်တစ် အစိုးရ က အရယူနိုင်ခဲ့သည်။ တဖန်
အမေရိကန် မှလည်း စက်မှု ကုန်ပစ္စည်းများထောက်ပံ့ပေးခဲ့ရသည်။ သို့သော်လည်း အောတစ် အစိုးရ အနေဖြင့် အမေရိကန်တို့မှ ကုန်သွယ်ရေးတွင် မျမျတတ ပြုလုပ်မည်ဟူသောကတိကိုကား မရရှိခဲ့သဖြင့် ကက်စတီလို အစိုးရ တက်လာချိန်တွင် အစွန်းရောက် အမျိုးသားရေး ၀ါဒီများက အာဂျင်တီနား ပို့ကုန်များအတွက်
ဈေးကွက်သစ် ရရှိရန် ဂျာမဏီကို မျက်စိကျလာခဲ့ကြသည်။ ထို့ အပြင် စစ်ရေး အထောက်အပံ့
များလည်း ရရှိရန် မျော်လင့်ခဲ့ကြပြန်သည်။
လှစိုးဝေ

  • ချီဂွေဗာယား သူ့ဘ၀ သူ့တော်လှန်ရေး(၁)
  •  ချီဂွေဗာယား သူ့ဘ၀ သူ့တော်လှန်ရေး(၂)
  • ချီဂွေဗာယား သူ့ဘ၀ သူ့တော်လှန်ရေး(၃)
  • ချီဂွေဗာယား သူ့ဘ၀ သူ့တော်လှန်ရေး(၄)


  • ချီဂွေဗာယား သူ့ဘ၀ သူ့တော်လှန်ရေး(၅)
  • ချီဂွေဗာယား သူ့ဘ၀ သူ့တော်လှန်ရေး(၆)
  • ချီဂွေဗာယား သူ့ဘ၀ သူ့တော်လှန်ရေး(၇)
  • ချီဂွေဗာယား သူ့ဘ၀ သူ့တော်လှန်ရေး(၈)
  • နံမည်ကြီး အဆိုတော်တဦး ဘုန်းကြီး ကျောင်းဝင်းအတွင်း သေနတ်ပစ်ဖေါက်မှုဖြင့် ရဲတပ်ဖွဲ့ က ရှာဖွေနေ



    စစ် လိုဆို SEK LOSO ဟာ ထိုင်းနိုင်ငံမှာ လူကြိုက်များဆုံး အဆိုတော်တဦး ဖြစ်ပါတယ်၊ ဒီဇင်ဘာလ ၂၉ ရက်နေ့ ည တနာရီအချိန် နကော်စီဌာမရ ပြည်နယ်မှာ ဂီတပွဲပြီးတဲ့နောက် လိုဆိုဟာ ဘုရားရှေ့ မှာ ဆုတောင်းရင်း သေနတ်(၉ )ချက် မိုးပေါ်ထောင်ပစ်ပြီး သေနတ်ကို ကျည်ရှင်းလိုက်တဲ့ချိန် ကျည်တတောင့် ထပ်မှန်ပေါက်ကွဲခဲ့ပါတယ်။ သေနတ်ပြောင်းဝ ဟာ အောက်ပိုင်းသုံးပေအကွာကိုချိန်ထားတဲ့အချိန်မှာ ကျည်ဆံပေါက်ကွဲသွားခဲ့တာဟာ အနီးနာမှာ လူတွေရှိနေရင် ထိမှန်သွားနိုင်ပါတယ်။

    အယုဒ္ဒယပြည်ကို ဗမာမင်းတွေ သိမ်းပိုက်ထားတဲ့ လက်တွင်းကနေ ပြန်လည်တိုက်ခိုက်သိမ်းယူ
    ပေးနိုင်ခဲ့သူ ထိုင်းဘုရင် စုမ်ဒက် တက်စင် မဟာရ Somdet Phra Chao Taksin Maha Rat (မွေး December 28, 1767 – ကံတော်ကုန် April 6, 1782 ) ၂၅၀ မြောက် မွေးနေ့ ပွဲ မှာ အဆိုတော် လိုဆို လာရာက်ပြီး ဖျော်ဖြေနေချိန် မိုးတွေသဲလာလို့  ပွဲပျက်သွားရပါတယ်။

    သူ့ ရဲဖေ့ဘုတ်စာမျက်နှာမှာ တိုက်ရိုက်ပြနေတဲ့ ရုပ်သံတင်ခဲ့ပြီး တဲ့ နောက်ပိုင်း လူမှူကွန်ယက်စာမျက်နှာတွေမှာ ဖေါ်ပြခဲ့ကြရာကနေ ခုတော့ ပြည်နယ်ရဲတွေက လိုဆိုကို စစ်ဆေးတရားစွဲဘို့  လိုက်ရှာနေပြီလို့  သိရပါတယ်။

    ထိုင်းနိုင်ငံမှာ သေနတ်စွဲကိုင်မှုဆိုင်ရာဥပဒေ ၃၇၆ မှာ ခုလိုအများပြည်သူနေရာမှာ သေနတ်ပစ်ဖေါက်ခဲ့ရင် ထောင်ဒဏ်(၁၀)ရက်နဲ့  ဒဏ်ငွေ ထိုင်းဘတ်ငွေ ၅၀၀၀ ပေးဆောင်ရမယ်လို့  ဖေါ်ပြထားပါတယ် ၊ တကယ်လို့  နောက်ဆုံး ထွက်သွားတဲ့ကျည်ဟာ ဘေးကလူကိုထိမှန်သွားမယ်ဆိုရင် ထောင်ဒဏ် ၁၀ နှစ်အထိ အပြစ်ပေးနိုင်ကြောင်းသိရပါတယ်။

    Social Action for Children and Women - SAW

    ခရိုင်ရဲရုံးမှ လစာထုတ်စာရေးမထံ ရဲတပ်သားဖြစ်သူက ငွေချေးရာကနေ ခိုက်ရန်ဖြစ်ပွား


    ကျောက်ဆည် -  ဒီဇင်ဘာ ၃ဝ

    မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင်-ကျောက်ဆည်မြို့ မရဲစခန်းအပိုင် နယ်မြေ၌ ဒီဇင်ဘာ(၃ဝ)ရက် နံနက်(၆)နာရီ အချိန်ခန့် တွင် ကျောက်ဆည်ခရိုင်ရဲတပ်ဖွဲ့ မှူးရုံးမှ လစာထုတ်စာရေးမဖြစ်သူထံမှ ရဲတပ်သားတစ်ဦးက ငွေသွားရောက်ချေးဌါးရာမှ စကားများကာ ခိုက်ရန်ဖြစ်ပွားခဲ့ကြောင်း ကျောက်ဆည်မြို့ မရဲစခန်းက သိရသည်။

     ဖြစ်စဉ်မှာ ကျောက်ဆည်မြို့ မင်းရပ်(ဆင်နှစ်ကောင်ဝင်း)အတွင်း နေထိုင်သူ ကျောက်ဆည်ခရိုင်ရဲတပ်ဖွဲ့ မှူးရုံးမှ လစာထုတ်စာရေးဖြစ်သူ မ....... ထံသို့ ကျောက်ဆည်ခရိုင်မြစ်သားမြို့ နယ် ရဲစခန်းမှ ရဲတပ်သားအေးကို အသက်(၂၂)သည် ငွေသွားရောက် ချေးဌားရာ ၄င်း၏အဒေါ်ဖြစ်သူဒေါ်ပြုံး အသက်(၅၅)နှစ် ဖြစ်သူနှင့် စကားများ ရန်ဖြစ်ခဲ့ပြီး ရဲတပ်သားအေးကိုမှ ဒေါ်ပြုံးအား ၄င်းအိမ်ရှိအိမ်သုံးဓားဖြင့် လည်ပင်ကို ဓားဖြင့်ထောက် လှီးခဲ့သဖြင့် ဒေါ်ပြုံး တွင် လည်ပင်ပြက်ရှဒဏ်ရာတစ်ချက် (မစိုးရိမ်ရ)ရရှိခဲကြောင်း သိရသည်။

     အဆိုပါ ခိုက်ရန်ဖြစ်ပွားနေချိန်တွင် ရဲစာရေးမဖြစ်သူမှ အိပ်နေရာကနေ အချင်းဖြစ်ပွားနေရာသို့ ရောက်ရှိလာရာ ရဲတပ်သားအေးကိုမှ ရဲစာရေးမဖြစ်သူ မ...... အား လည်ပင်ကိုဓားဖြင့် ထောက်ခဲ့ခြင်းကြောင့် ရဲစာရေးမက လက်ဖြင့်ပြန်လည်ဖယ်ထုတ်ခဲ့ကြောင်း ယင်းကြောင့် ရဲစာရေးမဖြစ်သူမ၏ လည်ပင်၌ ဓားထောက်ဒဏ်ရာ(၁)ချက် ညာလက်ညိုးပြက်ရှ ဒဏ်ရာ(၁)ချက်(မစိုးရိမ်းရ)ဒဏ်ရာများ အသီးသီးရရှိခဲ့ပြီးနောက် ရဲတပ်သားအေးကိုသည်အပြင်သို့ ပြန်လည်ထွက်ခွာလာရာ အဆိုပါရပ်ကွက်နေပြည်သူများနှင့်ရဲတပ်ဖွဲ့ ဝင်များမှပိတ်စို့ တားစီး ဖမ်းဆီးမိခဲ့ကြောင်းအဆိုပါဖြစ်စဉ်နှင့် ပက်သက်ပြီး ကျောက်ဆည်မြို.မရဲစခန်းတပ်ဖွဲဝင်များမှ ဒဏ်ရာရှိသူများကိုကျောက်ဆည်ပြည်သူ့ ဆးရုံသို.ရဲဆေးစာဖြင့်ပို.ဆောင်ပေးခဲ့ပြီး ရဲတပ်သားအေးကိုအား ကျောက်ဆည်မြို.မရဲစခန်းမှ မှုဖွင့်အရေးယူစစ်ဆေးဆောင်ရွက်လျက် ရှိကြောင်းကျောက်ဆည်မြို့ မရဲစခန်းမူး ဒုရဲမူးမြင့်ဦးထံ ကသိရသည်။

    ကျော်ကျော်(မလိုင်)
    Myanmaalinn
    https://www.facebook.com/MYANMAALINNNEWS

    ရန်ကုန်မြို့ပတ်ရထားလမ်း အဆင့်မြှင့်တင်ခြင်းနှင့်အတူ အလိုအလျောက်စနစ်သုံး ဂိတ်များ အသုံးပြုမည်

    ရန်ကုန်မြို့ပတ်ရထားလမ်း အဆင့်မြှင့်တင်ခြင်းနှင့်အတူ အလိုအလျောက်စနစ်သုံး ဂိတ်များ အသုံးပြုမည်

    ရန်ကုန်မြို့ပတ်ရထားလမ်းပိုင်း အဆင့်မြှင့်တင်မှုများ စတင်ဆောင်ရွက် နေခြင်းနှင့်အတူ ရန်ကုန်မြို့ပတ်ရထားလမ်းတစ်လျှောက်   ရထားလမ်းနှင့် ကားလမ်းဆုံရာ  တရားဝင်ဖြတ်ကူးဂိတ်များတွင်  အလိုအလျောက်စနစ်သုံး Automatic Level Crossing Gate များ အသုံးပြုသွားနိုင်မည်ဖြစ်ကြောင်း မြန်မာ့မီးရထားမှ သိရသည်။

    ဂျပန်နိုင်ငံအစိုးရ၏ ကူညီထောက်ပံ့မှုနှင့်အတူ ဂျပန်နိုင်ငံ အပြည်ပြည် ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ(JICA)နှင့်  မြန်မာ့မီးရထားတို့   ပူးပေါင်းဆောင်ရွက်နေသည့် ရန်ကုန်မြို့ပတ်ရထားလမ်းပိုင်း အဆင့်မြှင့်တင်မှု တွင်  မြို့ပတ်ရထားများ၏ သွားလာမှုနှုန်း  ပိုမိုမြန်ဆန်လာမည့်အပြင် ရထား အစင်းရေတိုးမြှင့်ပြေးဆွဲလာနိုင်မည်ဖြစ်ပြီး ရထားလမ်းနှင့် ကားလမ်းဆုံရာ  တရားဝင်ဖြတ်ကူးခွင့်ပြုထားသည့်  ဂိတ်တံခါးများ၏ လုံခြုံစိတ်ချရမှုများ သည်လည်း အရေးပါလာမည်ဖြစ်ကြောင်း မြန်မာ့မီးရထားမှ သိရသည်။

    ယင်းကြောင့်  အဆိုပါ တရားဝင် ဖြတ်ကူးခွင့်ပြုထားသော ရထားလမ်းဆုံ ဂိတ်တံခါးများအနက် ဂိတ်တံခါး ၂၅ ခုတွင် လူအင်အားသုံးကာ အဖွင့်အပိတ် လုပ်နေသည့်စနစ်မှ  အလိုအလျောက်စနစ်သုံး ဂျပန်နည်းပညာ ဂိတ်တံခါးများ အသုံးပြုမှုသည်လည်း   ရန်ကုန်မြို့ပတ်ရထားလမ်း   အဆင့်မြှင့်တင်မှုတွင်       ပါဝင်သော   လုပ်ငန်းဖြစ်ကြောင်း   မြန်မာ့မီးရထားမှ   တာဝန်ရှိသူတစ်ဦးက ပြောသည်။
    ''ဂျပန်အစိုးရရဲ့ ကူညီထောက်ပံ့မှုနဲ့ ဆောင်ရွက်နေတဲ့ စီမံကိန်းကြီးမှာ အချက်ပြစနစ်အဆင့်မြှင့်တင်ခြင်းတွေပါမယ်၊ ခေတ်မီတွဲဆိုင်းတွေ ဝယ်ယူတာ တွေပါမယ်၊ မြို့ပတ်ရထားစီမံကိန်း အဆင့်မြှင့်တင်မှုမှာ မြို့ပတ်ရထားခရီးစဉ် တစ်လျှောက် အသွားအလာများတဲ့နေရာတွေမှာ အော်တိုစနစ် ဂိတ်တံခါးတွေ ဖြစ်လာမှာပါ၊ ဒါတွေဟာ ၂ဝ၂၁ အထိ လျာထားတဲ့စီမံကိန်းမှာ ပါသွားမှာဖြစ်ပါ တယ်၊  အော်တိုစနစ် ဂိတ်တံခါးတွေဟာ ကုန်ကျစရိတ်ကလည်း အင်မတန် ကြီးမြင့်ပါတယ်''ဟု အဆိုပါ တာဝန်ရှိသူက ပြောသည်။

    ရန်ကုန်မြို့ပတ်ရထားလမ်း အဆင့်မြှင့်တင်ခြင်းစီမံကိန်းတွင် အဓိက အားဖြင့် ရထားတွဲဆိုင်း၊ မီးပွိုင့်၊ ရထားလမ်းပိုင်း၊ ရထားပြေးဆွဲ မောင်းနှင်မှု များတွင်   ပြောင်းလဲသွားမည်ဟုသိရပြီး  ရထားတွဲဆိုင်းများတွင်လည်း ရှေ့ခေါင်းတွဲမှ နောက်ကတွဲဆိုင်းများကို ဆွဲသည့်ပုံစံမျိုးမရှိတော့ဘဲ တွဲဆိုင်း တိုင်းတွင် အင်ဂျင်ပါပြီး ဂျပန်နိုင်ငံဖြစ် ပါဝါပြည့် တည်ဆောက်မှုဖြစ်လာမည်ဟုJICA မှ သိရသည်။ ယင်းကြောင့် ယခုလက်ရှိအမြန်နှုန်း ၁၅ ကီလိုမီတာမှ ကီလိုမီတာ ၄ဝ ခန့်လောက်သာရှိသည့် ရထားအမြန်နှုန်းမှ အမြန်ဆုံးကီလိုမီတာ ၆ဝ အထိ အရှိန်မြှင့်လာနိုင်မည်ဖြစ်ကြောင်း သိရသည်။

    ယင်းသို့  ရထားပြေးဆွဲနိုင်မှုအရှိန်နှုန်း  မြှင့်တင်လာသည်နှင့်အမျှ ရထားလမ်းနှင့်   ကားလမ်းဆုံရာ   တရားဝင်ဖြတ်သန်းခွင့်ပြုထားသည့် လမ်းဆုံဂိတ်နေရာများ၊ တရားမဝင် စည်းကမ်းမဲ့ဖြတ်သန်းနေသော နေရာများ တွင် အန္တရာယ်ကင်းရှင်းရေး၊ ရထားသွားလာပြေးဆွဲမှုကို အဟန့်အတား မဖြစ်စေရေးတို့အတွက်  အဓိကထား ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာ့မီးရထားမှ သိရသည်။

    မြန်မာနိုင်ငံတစ်ဝန်း ရထားလမ်းနှင့် ကားလမ်းဆုံရာနေရာများ၊ ရထား လမ်းကူးနေရာများတွင်  တရားမဝင်  ဖြတ်ကူးနေမှုများ၊  စည်းကမ်းမဲ့ လမ်းဖြတ်ကူးသူများ၊ ရထားလမ်းအနီး လွတ်ကင်းစွာ သွားလာမှု မရှိမှုများ၊ ရထားမရပ်မီတွင် ပြေးတက်၊ ပြေးဆင်းလုပ်မှုများ စသည်ဖြင့်  မတော်တဆ ဖြစ်ရပ်များ   များလာခြင်းနှင့်ပတ်သက်၍   သတင်းမီဒီယာများမှတစ်ဆင့် အသိပညာပေး ဖြန့်ဝေနိုင်ရန်နှင့် မြန်မာ့မီးရထားမှ ဆောင်ရွက်နေမှုများကို ဒီဇင်ဘာ ၂၉ ရက် နံနက်ပိုင်းက ရန်ကုန်မြို့တွင် သတင်းစာရှင်းလင်းပွဲတစ်ရပ် ပြုလုပ်ခဲ့ပြီး အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် မြန်မာ့မီးရထားမှ အထွေထွေ မန်နေဂျာများက သက်ဆိုင်ရာဌာနအလိုက် ပြန်လည်ရှင်းလင်းဖြေကြားမှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ဆုနှင်းလဲ့(​ကြေးမှုံ)

    ရှမ်းမိုး ရှမ်းမြေ ရှမ်းစိုက်ခင်း

    ရှမ်းမိုး ရှမ်းမြေ ရှမ်းစိုက်ခင်း

    ဧရိယာစတုရန်း ၆ဝ၁၅၅ မိုင်ကျယ်ပြီး မြို့နယ်ပေါင်း ၅၅ မြို့နယ်၊ ကျေးရွာပေါင်း၁၆၂၉ အုပ်စုဖြင့် ဖွဲ့စည်းထားသော ရှမ်းပြည်နယ်ကား ကျယ်ဝန်းလှသည်။ နေထိုင်ကြသော လူဦးရေ ငါးသန်းရှစ်သိန်းကျော်အနက် အများစုမှာ ရှမ်း ဖြစ်သော်လည်း ပအိုဝ်း၊ ပလောင်၊ ဓနု၊ ဝ၊ လားဟူ၊ မူဆေး၊ မိုင်းသား၊ ကယမ်း၊ တောင်ရိုး၊ ကယား၊ လီရှော၊ ကိုးကန့်၊ ယင်းကြား၊ မြောင်ဇီး၊ ဆိုင်နေ၊ ထိုလွိုင်ကော်၊ အင်းသား၊ မော၊ မြန်မာ စသည်ဖြင့် တိုင်းရင်းသားစုံလင်စွာ နေထိုင် ကြသည်။

    ရှမ်းပြည်နယ်၏     အဓိကစီးပွားရေးလုပ်ငန်းမှာ လယ်ယာလုပ်ငန်းဖြစ်၏။

    ရှမ်းပြည်နယ်သည်  ရာသီဥတု  ကောင်းမွန်ခြင်း၊ ရွာသွန်းသော   မိုးရေချိန်မျှတခြင်း၊   သဘာဝမြေသြဇာ အမြောက်အမြားရှိခြင်းတို့ကြောင်း  စိုက်ပျိုးရေးအလွန် ဖြစ်ထွန်းသည်။ ယနေ့ကမ္ဘာတွင်  စားနပ်ရိက္ခာပြဿနာ ဖြစ်နေသည်။ တရိပ်ရိပ်တိုးနေသည့် လူဦးရေကို အစာ ထုတ်လုပ်ရေးက အမီမလိုက်နိုင်၍ စိုးရိမ်နေကြသည်။

    စိုပြည်စိမ်းလန်းသော ရှမ်းပြည်နယ်ကား စိုက်ပျိုးရေး ကောင်းမွန်သည်ထက်    ပိုမို  ကောင်းမွန်နေသဖြင့် ပြည်ထောင်စုကြီး၏ ထမင်းအိုးတစ်လုံးဟု တင်စားလောက် ပေသည်။

    ရှမ်းပြည်နယ်၏ မြေမျက်နှာပြင်ကိုကြည့်ပါ။ ကုန်းမြင့် ဖြစ်နေသည်များကို ကြည့်မလား။ တောင်စောင်း တောင် ကမ်းပါးများ  မြင်ချင်သလား။  မြေသြဇာကောင်းသော မြစ်ဝှမ်းများတွင် စိုက်ချင်သလား၊ ရေပြင်ပေါ်မျောနေသော ကျွန်းတွေပေါ် ပျိုးချင်သလား။  အမြင့်အနိမ့်အမျိုးမျိုး၊ အကျဉ်းအကျယ် အထွေထွေ စုံလင်လှပါဘိ။ တစ်နေရာနှင့် တစ်နေရာ၊ တစ်ဒေသနှင့်တစ်ဒေသ မတူကြပါ။ လူမျိုးစု တစ်စုနှင့်တစ်စု စိုက်ပျိုးကြပုံလည်း မတူကြပါ။

    သူတို့စိုက်ပျိုးကြပုံများကို လေ့လာကြည့်ကြပါစို့။

    ရှမ်းပြည်နယ်တွင် စပါး၊ ဂျုံ၊ ငရုတ်၊ ကြံ၊ ဝါ၊ အာလူး၊ မြေပဲ၊ ပဲပုပ်၊ ပဲယဉ်း၊ ထောပတ်ပဲ၊ မတ်ပဲ၊ ကုလားပဲ၊ ကြက်သွန်ဖြူ၊ ပြောင်းဖူးစသည်တို့ကို စိုက်ပျိုးကြသည်။ အေးမြသော  ရာသီဥတုနှင့်လိုက်ဖက်သော  လိမ္မော်၊ သစ်တော်၊ မက်မန်း၊ ပန်းသီး၊ စပျစ်သီး စသော ဥယျာဉ်ခြံ သစ်သီးဝလံများလည်း ထွက်သည်။ လက်ဖက်နှင့် ဗာဂျီး နီးယားဆေးတို့ကလည်း ကျော်ကြားလှ၏။ မြစ်ကမ်းနား တစ်ဝိုက် သို့မဟုတ် နုန်းမြေရှိပြီး ရေတင်နိုင်သော ဒေသ များတွင် လယ်ယာစိုက်ပျိုးကြသလို ရေမတင်သော တောင် စောင်း၊ တောင်ကမ်းပါးများတွင်လည်း လှေကားထစ်လုပ်၊ မြောင်းများ၊ ဝါးတံလျှောက်များဖြင့် အဆင့်ဆင့်ရေသွင်းပြီး စိုက်ပျိုးကြသည်။

    တောင်ပေါ်စပါးအပြင်   ခေါင်မိုင်လွေ၊   ခေါင်နွန်၊ ခေါင်ဆန်းဟောင်၊ ခေါင်လိုင်ဟု ရှမ်းဘာသာဖြင့်ခေါ်သော စပါးများ၊  ခေါင်ဆိုင်၊  ခေါင်ကျိန်နှင့်  ခေါင်ယောက်ခေါ် ကောက်ညှင်းများကို ပြည်နယ်တစ်ခွင်ရှိ မြေပြန့်၊ မြစ်ဝှမ်း၊ ချိုင့်ဝှမ်း၊ အင်းလေးဒေသတစ်ဝိုက်၊ ဟဲဟိုး၊ အောင်ပန်း၊ သီပေါ၊ ကိုးကန့်၊   ဆင့်ကိုင်း၊ ကျိုင်းတုံတို့တွင် အနှံ့စိုက်ကြ၏။

    သာစွအင်းလေးကိုလည်းကြည့်ပါ။ ဥာဏ်၊ ဝီရိယနှင့် ဇွဲရှိသည့်အပြင် ကြံရည်ဖန်ရည်က လည်း တော်သောကြောင့် အင်းသားတို့အား စီးပွားရေးလာဘ်မြင်သူများဟု တင်စားကြ သည်ဆိုလည်း ဆိုလောက်ပေသည်။ အင်းသား တို့ကား မြေကြီးမှရွှေသီးရန် ဖန်တီးနိုင်ရုံမက ရေပြင်မှ မြေအသွင်သို့ ပြောင်းလဲနိုင်စွမ်းသူ များတည်း။

    တောင်တန်းကြီးများအကြားတွင် ၁၂ မိုင် ရှည်၍ လေးမိုင်ကျယ်သော အင်းလေးကန်ကြီး ရှိ၏။  မှိုင်းညို့ညို့ တောင်ပြာတန်းကြီးများ၊ စိမ်းစိုစို ထင်းရှူးတောအုပ်ကြီးများ၊ ပြာလဲ့လဲ့ ရေပြင်၊ ချမ်းမြမြရာသီဥတုတို့က အင်းလေး၏ အလှကို ပိုမိုသာယာစေသည်။

    စိမ့်၊ စမ်း၊ ချောင်း၊ မြစ်များစွာတို့သည် အင်းလေးကန်တွင်းသို့   စီးဝင်ကြသည်။ ပတ်ဝန်းကျင် တောတောင်များကို ဖြတ်ကျော် တိုက်စားလာရသောကြောင့် အမှိုက်များ၊ ဒိုက် များ ပါလာကြ၏။ ယင်းတို့ကို အင်းသားတို့က နေစရာမှီတွယ်စရာ  မြေများ၊  စိုက်ပျိုးရန် မြေသြဇာများအဖြစ်  သုံးကြ၏။  ထို့ပြင် အင်းလေးကန်ပတ်လည်တွင် ရေဝင်ညွန်နုန်း မြေကွက်များရှိသောကြောင့်လည်း လယ်ယာ စိုက်ပျိုးနိုင်ကြသည်။

    တန်ခူး၊ ကဆုန်မှာ ထွန်ယက်၊ တန်ဆောင် မုန်းတွင် ရိတ်သိမ်းလေ့ရှိသော အင်းသားတို့ ၏ လင်ပန်းရှောနှင့် ကောက်လျဉ်တို့ကား အကောင်းဆုံးစပါးများတည်း။   ကျွဲကိုပင် အသုံးပြုကြသည်။ ကျွန်းမျောစိုက်ပျိုးနည်းနှင့် မြေဖို့ စိုက်ပျိုးနည်းဟူ၍ ရှိ၏။

    အင်းလေးကန်တွင်း စုန်ဆန်မျောနေသော ရေပေါ်ကျွန်းခေါ် မြေခဲများကို  စုပေါင်းယူ၊ ရေထဲမျောပါမသွားအောင် ဝါးစည်းများဖြင့် တုပ်နှောင်ပြီး ကျွန်းမျောနည်းဖြင့် စိုက်ပျိုးကြ ရသည်။ ရေခြံလုပ်ငန်းဟုလည်း လူသိများ၏။

    ကျွန်းမျောများကို ရေအောက်မြေရောက် သည့်တိုင်  တစ်ခုပေါ်တစ်ခု ထပ်ဆင့်ဖိချ၊ အပေါ်ကနေ အဆင့်ဆင့်ဖို့၊ ကျွန်းမျောများ ရေထဲမျောမသွားစေရန် ကျွန်းမြေပတ်ဝန်း ကျင်တွင် သံဒင်များဖြင့် ပေါင်ခတ်၊ စူးများ ဝါးများဖြင့်  ထိုးရိုက် စသည်ဖြင့်  ကြိုးစား လုပ်ကိုင်သောအခါ  ကျွန်းမျောများသည် ကျွန်းမြဲများ ဖြစ်လာတော့သည်။

    မြေများကို ဆွပေး၊ ရေမှော်ပင် နွားချေး တို့နှင့်  မြေသြဇာကောင်းမွန်အောင်  ပြုပြင် စိုက်ပျိုးသည်ကို မြေဖို့စိုက်နည်းဟု ခေါ်၏။

    လယ်ယာစိုက်ပျိုးရေးအတွက် ခေတ်မီ စက်အမျိုးမျိုးတီထွင်နိုင်ကြသော်လည်း ကျွန်း မြေများပေါ် မသုံးနိုင်သေးချေ။

    ရှမ်းပြည်နယ်တွင် လုပ်ကိုင်စားသောက် နေထိုင်ကြသည့်  တိုင်းရင်းသားများအနက် အတွင်ကျယ်ဆုံး အဖွံ့ဖြိုးဆုံးစာရင်းထဲ ပါဝင် သော ပအိုဝ်းတို့သည်လည်း စိုက်ပျိုးရေးကိုပင် အဓိကထား၏။  ပလောင်များကိုကြည့်ပါက လည်း   စိုက်ပျိုးရေးက   ထိပ်ဆုံးဖြစ်သည်။ ဝအမျိုးသားတို့   လုပ်ကိုင်စားသောက်ပုံကို ကြည့်သည်ဖြစ်စေ၊ ကိုးကန့်တို့၏ အသက်မွေး ဝမ်းကျောင်းပုံကို လေ့လာသည်ဖြစ်စေ၊ တိယန် တို့၏ စီးပွားရေးကို သုံးသပ်သည်ဖြစ်စေ အဓိကမှာ  လယ်ယာစိုက်ပျိုးရေးပင်  ဖြစ် သတည်း။

    လားဟူအမျိုးသားတို့မှာ သီးထပ်သီးညှပ် မရှိဘဲ တစ်သီးစားသာ စိုက်ပျိုးခြင်းနှင့် ဓနုတို့ သည်  မိုးကောင်းလယ်များနှင့်  မိုးရေကျ လယ်များမှာ   စပါးစိုက်ခြင်းတို့လောက်သာ ကွာခြား၏။ မြောင်ဇီးတို့က စိုက်ပျိုးကြ၊ ကော် တို့ကလည်း လယ်ယာကိုသာ  အားကိုးကြ သည်။

    စုပေါင်းလုပ်ကိုင်ကြသည့်နေရာတွင်လည်း တူညီကြ၏။ လယ်ရေသွင်းယူရန် မြစ်များ၊ ချောင်းများမှ ရေကို  အတူတကွယူသုံးကြ၊ တောင်သူလယ်သမားအားလုံး စုပေါင်းပြီး သစ်သားတိုင်၊ ဝါးလုံးကြီးများဖြင့် ဆည်ပြုလုပ် ကြ၊ ရေအင်အားနည်းသော်လည်း အလှည့်ကျ စနစ်ကျစွာ ခွဲဝေယူကြပုံများမှာ အားရစရာ ပင်။

    ယနေ့ ရှမ်းပြည်နယ်၏ စိုက်ပျိုးရေးကား များစွာတိုးတက်နေပြီ။ သီးနှံမျိုးစုံစိုက်ပျိုးမှု များပြားလာလေပြီ။  ပြည်နယ် စိုက်ပျိုးရေး လုပ်ငန်းများ တိုးတက်စေရန် အဘက်ဘက်က တိုးချဲ့ဆောင်ရွက်ပေးလျက်ရှိရာ ဆည်မြောင်း ကြီး များစွာရှိနေလေပြီ။

    ဟဲဟိုးချိုင့်ဝှမ်းဆည်မြောင်း၊  ဘန်းယဉ် ဆည်မြောင်း၊ နန်းကပ်ဆည်၊ နန်းခွပ်ဆည်၊ မိုင်းပါလျှိုဆည်၊ နန်းရေလွှဲဆည်၊ မိုင်းဆတ် ချိုင့်ဝှမ်းဆည်၊  မိုင်းလွီရေလွှဲဆည်၊  မိုင်းလုံ ဆည်တို့မှ လယ်ယာစိုက်ဧက နှစ်သောင်းကျော် တို့သို့ ရေများဖြန့်ဝေပေးလျက်ရှိနေပြီ။

    ရှေးယခင်နှင့် ယခု နှိုင်းယှဉ်၍သာ ခန့်မှန်း ကြည့်ပါတော့။

    ရှမ်းအမျိုးသားတို့၏ စိုက်ပျိုးရေးမှ စိတ် ဝင်စားစရာကောင်းသော နောက်တစ်ချက်မှာ လယ်စထွန်သော နေ့၊ လ၊ ရက်တို့၊ ပျိုးကျဲသော နေ့၊ လ၊ ရက်တို့ကို မှတ်သားခြင်းပင်ဖြစ်သည်။ အချိန်ပြည့်မပြည့်  သိရန်တည်း။   ဥပမာ၊ ပျိုးထောင်သက်သည် ၄၅ ရက်မှသည် ရက် ၅ဝ အထိရှိရမည်မို့ ရက်မှတ်သားထားပါက အလွယ်တကူ တွက်နိုင်သည်။

    ကောက်စိုက်ပြီးသည့်နောက် လယ်ထဲ ယာထဲ ကျွဲ၊ နွားတို့ ဝင်ရောက်မနှောင့်ယှက် နိုင်စေရန် အချို့နေရာများတွင် ဝါးများဖြင့်၊ အချို့နေရာများတွင် ရှားစောင်းပင်၊ ကြက်လျှာ ပင် စိုက်ခြင်းဖြင့် ခြံစည်းရိုးခတ် ကာကွယ်ကြ သည်။

    ရိတ်ပြီးသောကောက်ပင်များ သိမ်းပုံက လည်း စနစ်ကျလှပါဘိ။

    ရေမဝပ်နိုင်သော၊   ခြောက်သွေ့သော ကုန်းကမူကို  ရွေးရသည်။  စပါးနှံများကို အတွင်းဘက်လှည့်ထားပြီး တစ်ဆင့်ပြီးတစ်ဆင့် ဝိုင်းစည်းသွားပါက အထက်အမြင့်ဆုံးနေရာ တွင် ထိပ်ချွန်ဖြစ်နေတော့သည်။ မိုးရွာသည့် တိုင် အတွင်းမှစပါးများရေမစိုဘဲ မိုးရေများ ဘေးသို့ လျှောကျသွားစေသည့်နည်းဖြစ်၏။

    တလင်းနယ်သည့် နေရာတွင်လည်း ကျွဲ၊ နွားများကို အသုံးမပြု၊ ကောက်လှိုင်းအစည်း ကို ပြင်ထားသောနေရာတွင် ရိုက်ခါချသည်။ တစ်လံခန့်ရှည်သော  ထိပ်ကောက်ဝါးဖြင့် ထပ်ရိုက်ပြီး ကျလာသောစပါးများကို ပုံထားရ သည်။   တောင်းတွင်ထည့်ပြီး   အပေါ်သို့ လွှင့်တင်လိုက်သောအခါ အမှိုက်သရိုက်များ လွင့်စဉ်ကုန်ကြ၏။

    နောက်တစ်နည်းကား အပေါ်သို့ လွှင့်တင် လိုက်ပြီး ပြန်ကျလာသည့်စပါးပုံကို ယပ်တောင် များဖြင့်    ဝိုင်းခတ်ကြသည့်နည်းဖြစ်သည်။ စပါးဖျင်းစပါးသိမ်များလွင့်ကုန်ပြီး အောင်မြင် သော စပါးများသာ ကျန်ခဲ့စေသည်။

    ရှမ်းပြည်နယ်၏ ဧရိယာသုံးပုံနှစ်ပုံကို တောင်တန်းကြီးများက နေရာယူထားသော ကြောင့် စိုက်ပျိုးရေးလုပ်ငန်းကို တောင်စောင်း များတွင် လှေကားထစ်စိုက်ပျိုးရေးနည်းဖြင့် စိုက်ပျိုးကြရသည်။  လှေကားထစ်နည်းစနစ် ဆိုသည်ကား တောင်စောင်းများတွင် လှေကား ထစ်  မြေကွက်များ အဆင့်ဆင့်ပြုလုပ်၍ အမြင့်ဆုံးအထစ်မှ ရေသွင်းယူကာ အောက် ဆုံးအထစ်ရောက်အောင် ရေသွယ်ချရသည်။

    ယနေ့ ရှမ်းပြည်နယ်၏ စိုက်ပျိုးရေးကား ခေတ်မီတိုးတက်လာသည်နှင့်အမျှ လယ်ယာ ကုန်ထုတ်လုပ်မှုသည်လည်း တိုးတက်နေပြီ။ စပါးအထွက်၊ ဂျုံအထွက်၊ မြေပဲအထွက် နှမ်း အထွက်ကိုကြည့်လျှင် အားရစရာကောင်းလိုက် ပါဘိ။

    တစ်ဖန်  ဗာဂျီးနီးယားဆေးအထွက်က လည်း တိုးတက်နေသည်။

    တောင်ပေါ်ဒေသ၏    ရာသီဥတုနှင့် ပထဝီဝင်အနေအထားအရ ဘိန်းစိုက်ပျိုးကြ သည်ကိုလည်း တွေ့ရ၏။ ဘိန်းသည် တစ်မျိုး သားလုံးအား လူညွန့်တုံးစေသည့်  မူးယစ် ဆေးဝါးပင်ဖြစ်သောကြောင့် အမျိုးသားရေး အမြင်ဖြင့် စည်းရုံးဖျက်သိမ်းလျက်ရှိသည်။

     ဖျက်ဆီးခဲ့သော ဘိန်းခင်းများနေရာတွင် စပါး၊ ပြောင်း၊ ပဲပုပ်၊ နေကြာ၊ အာလူး၊ လက်ဖက်၊ ကော်ဖီ၊ သစ်တော်၊ မက်မန်း၊ ထောပတ် စသော သီးနှံများဖြင့် အစားထိုးစိုက်ပျိုးကြစေသည်။ သင်တန်းများပို့ချပေးပြီး မျိုးစေ့မျိုးပင်၊ ဓာတ် မြေသြဇာ၊ ပိုးသတ်ဆေးနှင့်လယ်ယာသုံးပစ္စည်း များလည်း ထောက်ပံ့ပေးနေသည်။

    စီမံချက်များချမှတ်၍ စည်းရုံးဆောင်ရွက် သောကြောင့်လည်း လူသားမျိုးနွယ်ကို ဖျက်ဆီး နေသော မူးယစ်ဆေးဝါးထုတ်လုပ်ရာ ပင်ရင်း အခြေအမြစ်ဖြစ်သည့် ဘိန်းခင်းများ ဖျက်ဆီး ရာတွင် ဒေသခံပြည်သူတို့ ပါဝင်လာကြခြင်း ဖြစ်သည်။

    ယခုအခါ ဘိန်းအစားထိုး စိုက်ပျိုးကြ သော ဧရိယာကျယ်ဝန်းလာလေပြီ။ အစားထိုး ကောက်ပဲသီးနှံတို့ စုံလင်သည်ထက် ပိုမိုစုံလင် လာလေပြီ။

    ရှမ်းပြည်နယ်၏   စိုက်ပျိုးကွင်းများကို စိတ်ကူးကြည့်ကာမျှနှင့် အလွန်မျက်စိအေး စေသည့်    ပန်းချီကားချပ်ကြီးတစ်ချပ်ကို တွေ့မြင်ရပေမည်။ စပါးခင်းများ၊ ကြက်သွန်ဖြူ ခင်းများ၊ လိမ္မော်ခြံများ၊ လက်ဖက်ခင်းများ၊ မက်မန်းပင်များ   စသည်ဖြင့်   မကုန်နိုင်၊ မဆုံးနိုင်။

    ကလောမြို့နယ်၏ အာလူးအထွက်တိုး စီမံကိန်းကိုလည်း   ကြားဖူးကြပေလိမ့်မည်။ အထွက်ကောင်းစေရန် နည်းလမ်းသစ်များ ဖြန့်ဖြူးသည်။ လိုအပ်သောပစ္စည်းများ  ပေး သည်။ အထွက်တိုးနေသည်ကို စာရင်းဇယား များနှင့် အတိအကျပြသ၏။

    ရှမ်းပြည်နယ်ကား မြေကလည်း ကျယ်ပါ ဘိ။  ရာသီဥတုကလည်း  ကောင်းပါဘိ။ နေထိုင်ကြသူများကလည်း စိုက်ပျိုးရေးကို ခုံမင်ကြပါဘိ။

    ယခုအခါ မျိုးကောင်းမျိုးသန့်ကိုစိုက်၊ အစွမ်းထက် ဓာတ်မြေသြဇာကိုထည့်၊ ခေတ်မီ စက်ကိရိယာကိုသုံး၊    သိပ္ပံနည်းကျသော အထွက်တိုးစနစ်ကိုယူသဖြင့်   စိုက်ပျိုးရေး တိုးတက်မှုသည်  ပေ ၅ဝဝဝ ကျော်မှ ပေ ၇ဝဝဝ ကျော်အထိ   မြင့်မားသော   ရှမ်း တောင်တန်းကြီးများကိုပင်   ကျော်လွန်နေ ချင်ပြီ။ မောင်အောင်မွန်(​ကြေးမှုံ)