Latest News

Friday, September 30, 2016

ဒေါ်အောင်ဆန်းစုကြည်ကို ပုတ်ခတ်ပြောဆိုသူအားတရားစွဲ

ဒေါ်အောင်ဆန်းစုကြည်ကို ပုတ်ခတ်ပြောဆိုသူ ဟိုင်းကြီးကျွန်းမှ ဆယ်အိမ်မှူးတစ်ဦးကို NLD ပါတီမှ
တရားစွဲ

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကို ဝေဖန်သော အလယ်တန်းပြဆရာမကို ပြင်းထန်စွာ သတိပေး

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကို ဝေဖန်သော မြန်အောင်အထကမှ အလယ်တန်းပြဆရာမကို ပြင်းထန်စွာ သတိပေး

ပုသိမ်- ငရုတ်ကောင်းတောင်-ငါးပြေမ ဓာတ်အားပို့လွှတ်ရေးစီမံကိန်းများဌာနဓာတ်အားလိုင်းဆောင်ရွက်ရာတွင်နစ်နာသူတောင်သူများလျော်ကြေးကိစ္စ


30.9.2016
ယနေ့လွှတ်တော်တွင် ပုသိမ်- ငရုတ်ကောင်းတောင်-ငါးပြေမ ဓာတ်အားပို့လွှတ်ရေးစီမံကိန်းများဌာန တောင်ပိုင်းမှဆောင်ရွက်သော (၆၆ကေဗွီ) ဓာတ်အားလိုင်းဆောင်ရွက်ရာတွင်မလွတ်ကင်းသော သီးပင်၊စားပင်၊နှစ်ရှည်ပင် များခုတ်ထွင်မှုကြောင့် နစ်နာသူတောင်သူများလျှော်ကြေးရအောင်လွှတ်တော်မှာကြယ်ပွင့်ပြမေးခွန်းမေးမြန်းခဲ့ပါတယ်။
သက်ဆိုင်ရာဝန်ကြီးမှပြန်လည်ဖြေကြားရာတွင် တာဝန်ရှိသူ ညွှန်မှုးအဆင့်ဆင့်ကိုညွှန်ကြားပြီး
အမြန်ဆုံးဆောင်ရွက်ပေးမည့်အကြောင်းပြန်လည်ဖြေကြားခဲ့သည်။
Koaung Thu









လပွတ္တာမှာ ၅ နှစ်အောက်ကလေး ၆ ဦးမှာ တစ်ဦးနှုန်း သေဆုံးနေ

၂၀၁၄ ခုနှစ် သန်းခေါင်စာရင်း အစီရင်ခံစာအရ ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်မှာ အသက် ၅ နှစ်အောက်ကလေးငယ် ၆ ဦးမှာ ၁ ဦးနှုန်း သေဆုံးနေတယ်လို့ ကုလသမဂ္ဂလူဦးရေ ရန်ပုံငွေအဖွဲ့က ဒီနေ့ ကြေညာချက်ထုတ်ပြန်ပါတယ်။

အသက် ၅ နှစ်အောက် ကလေးငယ်တွေ သေဆုံးမှုဟာ ဧရာဝတီတိုင်းနဲ့ မကွေးတိုင်းတွေမှာ အများဆုံးဖြစ်တယ်လို့ ကုလသမဂ္ဂလူဦးရေ ရန်ပုံငွေအဖွဲ့ လက်ထောက် ဌာနေကိုယ်စားလှယ် ဒေါက်တာ ဒေါ်လှလှအေး က ပြောပါတယ်။

"၂၀၁၄ ခုနှစ် လူဦးရေနဲ့ အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအရ ဆိုလို့ရှိရင် ၅ နှစ်အောက် ကလေးသူငယ် သေဆုံးမှုဟာ ဆိုလို့ရှိရင်ကတော့ အများဆုံး၊ အမြင့်ဆုံးကတော့ တိုင်းဒေသကြီးတွေမှာ ဧရာဝတီ၊ မကွေး အဲ့လိုဒေသတွေမျာ ပိုများတာကိုတွေ့ရတယ်။ "

မြန်မာနိုင်ငံမှာ ၅ နှစ်အောက် ကလေးငယ်တွေသေဆုံးမှုဟာ အာဆီယံနိုင်ငံတွေအကြားမှာ ဒုတိယအများဆုံး ဖြစ်နေပါတယ်။

အဲလို ကလေးငယ်တွေ သေဆုံးမှုဟာ နိုင်ငံသားတွေရဲ့ လူနေမှုအဆင့်အတန်း နိမ့်ကျတာကြောင့် ဖြစ်ပြီး အထူးသဖြင့် ဝေးလံခေါင်သီတဲ့ဒေသတွေမှာ နေထိုင်ကြသူတွေရဲ့ လူနေမှုအဆင့်အတန်းကို မြှင့်တင်ပေးဖို့ လိုအပ်တယ်လို့လည်း အစီရင်ခံစာမှာ ရေးသားထားပါတယ်။

ဒါ့အပြင် အိမ်ထောင်စုတစ်စုမှာ ကလေးမွေးဖွားနှုန်းများတဲ့အခါ မွေးကင်းစကလေးငယ်တွေအပေါ် ဂရုစိုက်မှု နည်းပါးသွားတတ်ကြောင်း၊ အဲဒါကြောင့် မွေးကင်းစနဲ့ ကလေးငယ်တွေ သေဆုံးတာဟာ ကလေးမွေးဖွားနှုန်းများတာနဲ့ ဆက်နွယ်နေကြောင်းလည်း ပါရှိပါတယ်။

အသက် ၁၅ နှစ်ကနေ ၂၄ နှစ်အရွယ် လူငယ်တွေမှာ ကိုယ်ဝန်ဆောင်မွေးဖွားနှုန်းတွေ များနေတာတွေ့ရပြီး သားဆက်ခြားအသိပညာပေးဖို့ လိုအပ်နေတယ်လို့လည်း ဒေါက်တာ ဒေါ်လှလှအေး က ပြောပါတယ်။

မြန်မာနိုင်ငံမှာ မွေးကင်းစကလေးငယ် ၁ ထောင်မှာ ၆၂ ဦး သေဆုံးနေပြီး အသက် ၅ နှစ်အောက် ကလေးငယ်အယောက် ၁ ထောင်မှာ ၇၂ ဦးနှုန်း သေဆုံးနေတယ်လို့ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်း အစီရင်ခံစာအရ သိရပါတယ်။

( ဓါတ်ပုံ - ငှက်ဖျားရောဂါဖြစ်နေတဲ့ သမီးလေးကို ထွေးပွေ့ထားတဲ့ အမျိုးသမီးတဦးကို တွေ့ရစဉ် )

RFA

ဧရာဝတီတိုင်းအတွင်းရှိ စည်းကမ်းမလိုက်နာသည့် ရေနံချက်ဖိုများကို အရေးယူရန်အဆိုတင်

မြန်အောင်မြို့နယ်၊ ကြံခင်းမြို့နယ်နှင့် အင်္ဂပူမြို့နယ်အတွင်းရှိ ပုဂ္ဂလိက ရေနံချက် လုပ်ငန်း များကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုနှင့် သစ်တောပြုန်းတီးမှုများရှိနေသည့်အတွက် စည်းကမ်းလိုက်နာခြင်း မရှိသော ရေနံချက်ဖိုများအား တိုင်းဒေသကြီးအစိုးရအနေဖြင့် ထိရောက်စွာ အရေးယူဆောင်ရွက်ပေးရန်နှင့် ဖျက်သိမ်းပေးရန် တိုက်တွန်းကြောင်း အ ဆိုကို မြန်အောင်မြို့နယ် တိုင်းဒေသကြီး ကိုယ်စားလှယ် ဒေါ်စုစုအောင် ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်တွင် တင် သွင်းလိုက်သည်။

စက်တင်ဘာလ ၃၀ ရက်နေ့က ဒုတိယအကြိမ် ဧရာဝတီတိုင်းဒေသကြီး လွှတ်တော် တတိယပုံမှန်အစည်းဝေးတွင် တင်သွင်းခဲ့ခြင်း ဖြစ်ပြီး ယင်းအဆိုအားလွှတ်တော်တွင် ဆက်လက်ဆွေးနွေးသွားမည် ဖြစ်သည်။

"ကျွန်မတို့ မြန်အောင်မြို့နယ်မှာ တခြားတိုင်းက လာရောက်လုပ်ကိုင်ပါတယ် ၊ သူတို့ ရေနံဖိုကရှိတယ်။ စွန့်ပစ်ပစ္စည်း တွေက ဒေသမှာရှိနေတယ်။ ပြည်သူတွေ အတွက် အရမ်းကို ထိခိုက်နေပါတယ်၊ ရေနံဖိုတစ်ဖိုချက်ရန် ၃ရက် အထိ ချက်ရပါတယ်၊ အလျား ၁၈ ပေ အနံ ၆ပေ အမြင့် ၃ပေ ထင်းပုံ ၂၂ပုံကို အသုံးပြုရပါတယ်၊ ကျွန်မ ဒေသအတွင်းမှာ ၅၀ ရာနှုန်းကျော် ၆၀ ရာနှုန်း ထင်းများပြုန်းတီးခဲ့ရပြီး ၊ သူတို့ ရေနံချက်ဖိုကနေ စွန့်ပစ်ပစ္စည်းတွေက ကျွန်မတို့ လယ်ယာ မြေလုပ်ကိုင်တယ် သဘာဝရေမြောင်းတွေက စွန့်ပစ်ပါတယ်၊ လူတွေကို အဓိက ဒုက္ခပေးတယ် ပေါ့စတစ်နဲ့ အက်စက် တွေပါတယ်။ အဲဒါမို့ ရေနံဖိုတွေဖျက်သိမ်းပေးဖို အဆိုတင်သွင်းတာ ဖြစ်တယ်" ဟု အဆိုရှင်မြန်အောင်မြို့နယ် ကိုယ်စား လှယ်ဒေါ်စုစုအောင်က မဇ္ဈိမသို့ပြောသည်။

စွမ်းအင်ဝန်ကြီးဌာနမှ နိုင်ငံတော်စီးပွားရေး လုပ်ငန်းများ ဥပဒေပုဒ်မ (၃)၊ ပုဒ်မခွဲ (၈)ပါ ကိစ္စရပ်များ နှင့် စပ်လျဉ်း၍ ဒေသန္တာရရေနံချက် လုပ်ခြင်းလုပ်ငန်းကို စနစ်တကျဆောင်ရွက်နိုင်ရန် နိုင်ငံတော်ပိုင် စီးပွားရေးလုပ်ငန်းများ ဥပဒေ ပုဒ်မ (၁၁)အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ ထုတ်ပြန်ထားသော စည်းကမ်းချက် (၁၈)ချက်အား လိုက်နာပြီး ထင်းမသုံးစွဲ ကတိဖြင့် ပြန်လည်ရေနံချက်လုပ်ခွင့်ပြုထားသော်လည်း လိုက်နာ ကျင့်သုံးမှုမရှိပဲ နေ့အခါ လောင်စာ တောင့်များဖြင့် ဟန်ပြမီးမသေရုံ ချက်လုပ်ပြီး ညအခါ ထင်းများ အသုံးပြုနေကြောင်း ဒေသခံပြည်သူများနှင့် ရေနံဖို များအား စောင့်ကြည်စစ်ဆေးရန် ဖွဲ့စည်းထားသော ဒေသခံ ကော်မတီအဖွဲ့များ တင်ပြချက်များကြောင်း သိရှိရကြောင်း အဆိုရှင် ဒေါ်စုစုအောင်က တိုင်းဒေသကြီးလွှတ်တော်တွင် ဆွေးနွေးခဲ့သည်။

"ရေနံချက်ဖိုများသည် သက်ဆိုင်ရာ တရားဝင့ခွင့်ပြုချက်၊ အထောက်အထားလိုင်စင်မရှိခြင်း၊စည်းကမ်းချက်ပါ အချက် များ အား လိုက်နာခြင်းမရှိပဲ ချက်လုပ်နေပြီး၊ ရေနံဖို့များထွက်ရှိသော စွန့်ပစ်ပစ္စည်းများကို စည်းကမ်းမဲ့ စွန့်ပစ်ရာ ရေ မြောင်းအတွင်း သို့ရောက်၍ ပတ်ဝန်ကျင်နယ်မြေများ မြေသားများကို ပျက်စီးစေနိုင်ကြောင်း ဒေသခံပြည်သူများ နစ်နာ ဆုံးရှုံးမှုများနှင့် ရင်ဆိုင်နေရသည်” ဟု မြန်အောင်မြို့နယ်တိုင်းဒေသကြီး ကိုယ်စားလှယ် ဒေါ်စုစုအောင်က လွှတ်တော် တွင် ဆွေးနွေးခဲ့သည်။

ယင်းအဆိုအား တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လမ်းပန်းဆက်သွယ်ရေး စက်မှုလက်မှု စွမ်းအင် ဝန်ကြီးက ထောက်ခံ ဆွေးနွေးခဲ့ပြီး လွှတ်တော်တွင် ဆက်လက်ဆွေးနွေးသွားမည် ဖြစ်သည်။

Mizzima - News in Burmese

http://www.mizzimaburmese.com/articl

ဆားမလောက် အရက်အဆီချက်စက်ရုံ ပိတ်သိမ်းပစ်ရန် ရှိ မရှိ တိုင်းအစိုးရအား လွှတ်တော်ကိုယ်စားလှယ်မေး

ညောင်တုန်းမြို့နယ်ရှိ အရက်ချက်စက်ရုံ ကျသင့် အခွန်ငွေ မှန်ကန်စွာ မပေးသွင်းဘဲ လည်ပတ်နေသော အရက်ချက် စက်ရုံမှ ရေဆိုး အညစ်အကြေးများ တာဝန်မဲ့ စွန့်ပစ်နေမှုကြောင့် စက်ရုံပိတ်သိမ်း အရေးယူရန် ရှိမရှိ နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် မည့်ကဲ့သို့ စီမံဆောင်ရွက်ထားသည်သိရှိလိုကြောင်း တိုင်းဒေသကြီး လွှတ်တော်တွင် မေးခွန်း မေး မြန်းခဲ့သည်။

စက်တင်ဘာလ ၃၀ ရက်နေ့က ဒုတိယအကြိမ် ဧရာဝတီတိုင်းဒေသကြီး လွှတ်တော် တတိယ ပုံမှန်အစည်းဝေးတွင် ညောင်တုန်းမြို့နယ် တိုင်းဒေသကြီး ကိုယ်စားလှယ် ဒေါ်နီနီမိုးက မေးမြန်းခဲ့ခြင်း ဖြစ်သည်။

" စက်ရုံသည် လူနေရပ်ကွက်အတွင်း ဖြစ်ခြင်း၊ ပန်းလှိုင်မြစ်ကို မေးတင်တည်ဆောက်ထားခြင်း၊ မူလတန်းကျောင်း၊ ဘုန်း ကြီး ကျောင်းနှင့် ကပ်လျက်ရှိခြင်း၊ ရဲစခန်းနှင့် မျက်နှာခြင်းဆိုင် တောင်သူလယ်သမား ဆေးရုံ၏ မလှမ်းမကမ်းရှိနေခြင်း စည်ပင်သာယာ ဥပဒေ စက်ရုံ အလုပ်ရုံများ ဥပဒေ၊ ဒေသန္တရ ကျန်းမာရေး ဥပဒေ၊ သဘာဝပတ်ဝန်းကျင် ထိမ်းသိမ်းရေး ဥပဒေ၊ ကျေးရွာ အက်ဥပဒေတို့နဲ့ မညီဖြစ်နေကြောင်း” ညောင်တုန်းမြို့နယ်တိုင်းဒေသကြိးကိုယ်စားလှယ် ဒေါ်နီနီမိုးက လွှတ်တော်တွင် ဆွေးနွေးခဲ့သည်။

ကျားမင်းကြီး(KMG)၊ မန်းရွှေရီ(MSY)၊ ဆားမလောက်(SML) စက်ရုံ ၃ရုံ ခေါင်းတိုင် ၆ တိုင်အား ၁၂ နာရီ 1duty လျှင် ဂါလံ ၉၀၀၀ ကျ စက်ရုံဖြစ်ပြီး တစ်နေ့ အနည်းဆုံး ဂါလံ ၁၈၀၀၀ ထွက်ရှိနေသော် လည်း နိုင်ငံတော်သို့ ဂါလံ၆၀၀၀ နှုန်းဖြင့် သာ အခွန်ဆောင်နေကြောင်း ကြားသိရကြောင်း ဒေါ်နီနီမိုးက လွှတ်တော်တွင် ပြောကြားခဲ့သည်။

ညောင်တုန်းမြို့နယ်၊ ဆားမလောက်ကျေးရွာ ပန်းလှိုင်မြစ်ဘေး မြေ ၄ဧက ပေါ်တွင် ၂၀၀၉ခုနှစ် စက်တင်ဘာလ စတင် လည်ပတ်သော် အရက်အဆီချက်စက်ရုံဖြစ်သည်။

အဆိုပါ မေးခွန်းနှင့် ပတ်သက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လမ်းပန်းဆက်သွယ်ရေး စက်မှုလက်မှုစွမ်းအင် ဝန်ကြီး ဦးဝင်းဌေး က "ကျွန်တော်တို့ အစိုးရအဖွဲ့က စစ်ဆေးခြင်း ညွန်ကြားခြင်းများ ပြုလုပ်ထားပါတယ်၊ အဖွဲ့ဖွဲ့ပြီးစေလွှတ်ခဲ့ ပါ တယ်။ စွန့်ပစ်ပစ္စည်းများကို လုပ်ထုံးလုပ်နည်းနဲ့ မညီလျှင်ပိတ်သိမ်းဖို့ ညွန်ကြားခဲ့ပါတယ်၊ ဒေသခံပြည်သူတွေ အကျိုးစီး ပွား အလို့ဌာ စက်ရုံ ဒီနေရာမှာ ဆက်လက်လည်ပတ်ရန်မသင့်တော်ဘူးဆိုရင် ပြည်ထောင်စုအစိုးရအဖွဲ့ ညွန်ကြားချက်နဲ့ တိုင်းဒေသကြီးအစိုးရအဖွဲ့ကြိုးစားမှုနဲ့ နည်းလမ်းမှန်စွာနဲ့ စက်ရုံကိုပိတ်သိမ်းတယ်အထိ ကြိုးစား ဆောင်ရွက်မည်”ဟု ပြန်လည်ဖြေဆိုခဲ့သည်။

ထို့ပြင် စက်ရုံအား ၂၆ရက်နေ့က ပိတ်သိမ်းထားပြီး ဆက်လက်လည်ပတ်နေပါက ထိရောက်စွာအရေးယူမည်ဖြစ်ကြောင်း ဝန်ကြီးက ဆက်လက်ပြောဆိုခဲ့သည်။

============

Mizzima - News in Burmese

http://www.mizzimaburmese.com/article/18621

တပ်သားက တပ်ကြပ်ကြီးအား ဓားဖြင့်ခုတ်သတ်မှု ဖြစ်ပွား

By ဆလိုင်းသန့်စင် | September 30, 2016 |

လပွတ္တာမြို့ အ၀င် (ဓာတ်ပုံ – ဆလိုင်းသန့်စင်/ ဧရာဝတီ)

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့နယ်၊ ပြင်စလူမြို့အခြေစိုက် အမှတ် ၆၃ ခြေလျင်တပ်ရင်းမှ တပ်သားက တပ်ကြပ်ကြီးတဦးကို ထင်းခုတ်ဓားမဖြင့် အချက်ပေါင်းများစွာ ခုတ်သတ်မှု စက်တင်ဘာလ ၂၈ ရက်နေ့က ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အသတ်ခံရသူ တပ်ကြပ်ကြီး ၀င်းသန်း က တပ်သား ဇော်ရှင်း ကို ထမင်းချက်ခိုင်းခြင်း၊ အိမ်သာရေဖြည့်ခိုင်းခြင်းများ ညွန်ကြားခိုင်းစေသည့် အတွက် တပ်သား ဇော်ရှင်းက ပြန်လည် ပြောဆိုခဲ့ကြောင်း၊ တပ်ကြပ်ကြီးက တပ်သားကို စက်တင်ဘာ ၂၈ ရက် မနက်ပိုင်းက လက်သီးဖြင့် ထိုးခဲ့ကြောင်း သိရသည်။

၎င်းအပေါ် မကျေနပ်သည့် တပ်သား ဇော်ရှင်းက တပ်ကြပ်ကြီး ၀င်းသန်း အိပ်ပျော်နေစဉ် ထင်းခုတ် သည့်ဓားမဖြင့် အချက်ပေါင်းများစွာ ခုတ်သတ်ခဲ့ခြင်းဖြစ်ကြောင်း လပွတ္တာမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတဦးက ပြောသည်။

“မနက်ပိုင်းမှာ ရဲဘော်လေးကို တပ်ကြပ်ကြီးက ထမင်းချက်ခိုင်းတယ်။ ထမင်းချက်နေတုန်း အိမ်သာရေ ထပ်ဖြည့်ခိုင်းတာကို ကလေးက ခံပြောတော့ တပ်ကြပ်ကြီးနဲ့ စကားများတယ်။ အဲဒီမှာ တပ်ကြပ်ကြီးက လက်သီးနဲ့ထိုးပြီး ဆုံးမလိုက်တယ်။ ကလေးကမကျေနပ်လို့ တပ်ကြပ်ကြီး နေ့ခင်းပိုင်း အိပ်နေတဲ့အချိန် ဓားမနဲ့ခုတ်ပစ်လိုက်တာ”ဟု သူက ပြောသည်။

ထင်းခုတ်ဓားမမှာ အရိုး ၁၀ လက်မ၊ အသွား ၁၂ လက်မခန့်ရှိပြီး တပ်ကြပ်ကြီး ၀င်းသန်းတွင် ၀ဲဘက် မျက်လုံးပေါ်မှ ယာဘက်နားစပ်အထိ ၁၀ လက်မခန့် ပြတ်ရှဒဏ်ရာ၊ ၀ဲဘက်မျက်လုံး အောက်မှ ၀ဲဘက်နားရွက်အောက်ထိ ၈ လက်မခန့် ပြတ်ရှဒဏ်ရာ၊ ၀ဲဘက်လက်ဖျံ ပြတ်ရှဒဏ်ရာ၊ ၀ဲဘက် လက်မောင်းရင်း ၁ လက်မခန့် ပြတ်ရှဒဏ်ရာ၊ ယာဘက်လည်ပင်း ၁ လက်မခန့် ပြတ်ရှဒဏ်ရာနှင့် ယာဘက်လက်ဖျံ ၂ လက်မခန့်ပြတ်ရှဒဏ်ရာ၊ ပါးစပ်ဝဲဘက်မှ ယာဘက်နား အောက်အထိ
၅ လက်မခန့် ပြတ်ရှဒဏ်ရာ၊ ဦးခေါင်းအလယ် ၈ လက်မခန့် ပြတ်ရှဒဏ်ရာ၊ ၀ဲဘက်လက်ခလယ်နှင့် လက်သူကြွယ်ပြတ်ဒဏ်ရာတို့ဖြင့် အခင်းဖြစ်ပွားရာနေရာတွင် သေဆုံးခဲ့ကြောင်း သိရသည်။

သေဆုံးသူ ခွဲတပ်ကြပ်ကြီး ၀င်းသန်း၏ ရုပ်အလောင်းကို ပြင်စလူမြို့ ၂၅ ကုတင်ဆန့်ဆေးရုံသို့ ရဲဆေးစာဖြင့် ပေးပို့ထားကြောင်း၊ တပ်သားဇော်ရှင်းအား အရေးယူပေးရန် တပ်ရင်းတာဝန်ခံ ဗိုလ်ကြီး မောင်မောင်၏ တိုင်ကြားချက်အရ ပြင်စလူနယ်မြေရဲစခန်းမှ ပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ကာ ဖမ်းဆီးစစ်ဆေးခဲ့ကြောင်း သိရသည်။

“အစောပိုင်းမှာ ကျနော်တို့ဆီမှာ အမှုလာဖွင့်လို့ ပုဒ်မ ၃၀၂ (လူသတ်မှု) နဲ့ အမှုဖွင့်ပြီး တပ်သား ဇော်ရှင်းကို ဖမ်းဆီးထိန်းသိမ်းထားခဲ့တယ်။ အခုတော့ သူတို့ တပ်ဥပဒေနဲ့အညီ စစ်ဆေး အရေး ယူမယ်ဆိုပြီး တပ်သားဇော်ရှင်းကို တပ်ကလာခေါ်သွားပါပြီ”ဟု လပွတ္တာမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတဦးက ပြောသည်။
Irrawaddy

Thursday, September 29, 2016

တိုင်း စည်ပင်ညွှန်ကြားရေးမှူး အပါအဝင် ဧရာဝတီတိုင်း စည်ပင်ဝန်ထမ်း ၄ ဦး သတိပေး လက်မှတ်ထိုးရ

စည်သူမောင်မောင်

ဓာတ်ပုံ - စည်သူမောင်မောင်

ပုသိမ်၊ စက်တင်ဘာ ၂၉ ။                 ။ ဧရာဝတီတိုင်းဒေသကြီး၊ စည်ပင်သာယာရေးဌာနမှ တိုင်းညွန်ကြားရေးမှူး အပါအဝင် စည်ပင်ဝန်ထမ်း ၄ ဦး ဧရာဝတီတိုင်း ဒေသကြီး ဝန်ကြီးချုပ်ရုံးတွင် စက်တင်ဘာလ၂၈ ရက်နေ့ သတိပေး လက်မှတ်ရေးထိုးခဲ့ရကြောင်း သိရသည်။

"ပထမ အစိုးရက ၃ ထပ်၂၈ ပေ ထက် ပိုမဆောက်ဖို့ညွန်ခဲ့တယ်၊ ကျွန်တော်တို့အစိုးရလက်ထက်လည်း သုံးထပ် ၂၈ ပေ ထက် ပိုမဆောက်ရလို့ညွန်ခဲ့တယ်။ ညွန်တယ်ကြားက ငါးထပ်ဖြစ်သွားတယ်၊ ဒါက စည်ပင်သာယာ ဝန်ထမ်းအဆင့် ဆင့် ကြီးကြပ်ကွပ်ကဲမှု အားနည်းလို့ တာဝန်မကျေလို့ဖြစ်ရတဲ့ ကိစ္စဆိုပြီး စုံးစမ်းစစ်ဆေးအဖွဲ့ဖွဲ့ပြီး အပြစ်ပေးခံရတယ်။ ဝန်ထမ်းတွေမှာ ကြီးကြပ်ကွပ်ကဲမှု ပေါ်လွင်သွားတယ်။ သူတို့ကို ဝန်ကြီးချုပ်ရုံးခန်းမှာ မှတ်တမ်းတင် သတိပေး ခံရတာပေါ့၊ တိုင်းအဆင့်ရယ်မြို့နယ် အဆင့်ရယ်။ ဝန်ထမ်းလေးယောက် အဆောက်အဦး ဆောက်လုပ်တာ ကြီးကြပ်မှု အားနည်းလို့” ဟု စည်ပင်သာယာရေးဝန်ကြီး ဦးကျော်မြင့်က မဇ္ဈိမကို အတည်ပြု ပြောသည်။

သတိပေးခံရသူများမှာ တိုင်းညွန်ကြားရေးမှူး၊ မြို့နယ် အလုပ်အမှုဆောင်၊ မြို့နယ် အင်ဂျင်နီယာနှင့် နယ်မြေ အင်ဂျင်နီယာတို့ဖြစ်ပြီး၊ အဆောက်အဦး ဆောက်လုပ်မှုတွင် တိုင်းဒေသကြီးအစိုးရ ခွင့်ပြုသည့် ထပ်ပိုဆောက်လုပ်ထား သည့်အ တွက် သတိပေးလက်မှတ်ရေးထိုးရခြင်း ဖြစ်သည်။

" အစိုးရက နှစ်​ကြိမ်​တိုင်​တိုင်​တား​နေတဲ့ကြားက ဆက်​ဆောက်တယ်။ ကန်ထရိုက်ကို အရေးယူမှုဆောင်ရွက်မှုများအား တိုင်းအစိုးရ ဆုံးဖြတ်​ချက်​ချအရေးယူကြောင်း၊ ဝန်ထမ်းများအား ခုမှ သတိပေးလက်မှတ်ထိုးခိုင်းတာ" ဟု ဧရာဝတီ တိုင်း​ဒေသကြီးအစိုးရအဖွဲ့ဝင်​ စည်​ပင်​သာယာ​ရေးဝန်​ကြီးဦး​ကျော်​မြင့်​က မဇ္ဈိမသို့ အ​ရေးယူ​ဆောင်​ရွက်​မှုအား​ပြောသည်​။

ပုသိမ်​မြို့၊အမှတ်​ ၅ရပ်​ကွက်​ ​ထောင်​ကုန်းလမ်းရှိ အကျဉ်း​ထောင်​အနီးတွင်​ ဆောက်လုပ့်နေသည့် အဆောက်အဦးအား ယခင် အစိုးရလက်ထက်တွင် သုံးထပ် ၂၈ပေအထိ ခွင့်ပြုခဲ့ပြီး အစိုးသစ်တွင်လည်း အဆိုပါ သတ်မှတ်ချက် သုံးထပ် ၂၈  ပေသာ ဆောက်လုပ်ခွင့် ပြုထားသော်လည်း အဆောက်အဦးမှာ ၅ ထပ်အထိ ဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်။
Mizzima

ကျောင်းသူ ၂ ဦးကို အဓမ္မပြုကျင့်သည့် ကျောင်းဆရာကို အရေးယူ

ဆလိုင်းသန့်စင်| September 29, 2016 |

ကျောင်းဆရာ ဦးရန်နိုင်

ကျိုက်လတ်မြို့မရဲစခန်း (ဓာတ်ပုံ- ဆလိုင်းသန့်စင်/ဧရာဝတီ)

ဧရာဝတီတိုင်းဒေသကြီး၊ ကျိုက်လတ်မြို့နယ်၊ ရွှေညောင်ပင်ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) မှ ၈ တန်းကျောင်းသူ ၂ ဦးကို စာသင်ကျောင်းအတွင်း၌ သားမယားအဖြစ် အကြိမ်ကြိမ် ပြုကျင့်သည်ဟုဆိုကာ သမိုင်းဘာသာရပ်သင် ဆရာဦးရန်နိုင်အား ရဲတပ်ဖွဲ့က စက်တင်ဘာလ ၂၇ ရက်နေ့ တွင် ဖမ်ဆီးအရေးယူထားကြောင်း သိရသည်။

ရွှေညောင်ပင် အလက(ခွဲ)မှ အသက် ၂၈ နှစ်အရွယ်ရှိသည့် သမိုင်းဘာသာရပ်သင်ဆရာ ဦးရန်နိုင်သည် ၎င်းစာသင်ကြားပေးနေသည့် အသက် ၁၅ နှစ် အရွယ်ကျောင်းသူတဦးကို ဆရာများနားနေခန်းအတွင်း ၅ ကြိမ် သားမယားပြုကျင့်ခဲ့ကြောင်း၊ အသက် ၁၄ နှစ်အရွယ်ကျောင်းသူတဦးကိုလည်း စာသင်ခန်းအတွင်း ၃ ကြိမ် သားမယားအဖြစ် ပြုကျင့်ခဲ့သည်ဟု စစ်ဆေးပေါ်ပေါက်ထားကြောင်း ကျိုက်လတ်မြို့မ စခန်းမှူး ဒုရဲမှူး ထင်အောင်က ဧရာဝတီကို ပြောသည်။

“အဲဒီဆရာက သူသင်တဲ့သမိုင်းဘာသာအတွက် ကျောင်းပိတ်ရက်မှာ အချိန်ပိုခေါ်တယ်။ အဲလို အချိန်ပိုခေါ်ပြီးတော့ တခြားကျောင်းသားတွေကို အခန်းထဲမှာ စာကျက်ခိုင်းထားပြီး ပထမကောင်မလေးကို အမှတ်ခြစ်ဖို့ဆိုပြီး ဆရာများနားနေခန်းကို ခေါ်ပြီးတော့ ဆရာ့မှာ သွေးသားနဲ့ပတ်သက်တဲ့ အကူအညီ လိုနေပါတယ်ဆိုပြီး ကလေးမလေးကို ပြောတယ်။ ကလေးမလေးက ငြင်းတော့ ဒီတခါထဲပါဆိုပြီး သားမယားအဖြစ် အဓမ္မပြုကျင့်တယ်။ အဲဒီလိုနဲ့ ၅ ကြိမ်တိုင် သားမယားပြုကျင့်ခဲ့တယ်”ဟု သူက ပြောသည်။

ကျောင်းဆရာဦးရန်နိုင်မှ အသက် ၁၅ နှစ်အရွယ် ကျောင်းသူကို ဇူလိုင်လအတွင်းက သားမယားအဖြစ် ၅ ကြိမ် ပြုကျင့်ခဲ့ပြီးနောက် ကညင်ကိုင်း ကျေးရွာမှ အသက် ၁၄ နှစ်အရွယ် ကျောင်းသူ တဦးကိုလည်း သြဂုတ်လအစောပိုင်းတွင် ညနေကျောင်းဆင်းချိန်များ၌ သားမယားအဖြစ် ၃ ကြိမ် ပြုကျင့်ခဲ့သည်ဟု  စစ်ဆေးပေါ်ပေါက်ခဲ့ကြောင်း စခန်းမှူး ဒုရဲမှူး ထင်အောင်က ဆိုသည်။

“အဲဒီဆရာက ကညင်ကိုင်းရွာမှာနေတယ်။ ဒုတိယကလေးမလေးက သူနေတဲ့ ကညင်ကုန်းရွာကို တလမ်းထဲ ပြန်ကျတာဆိုတော့ ညနေကျောင်းဆင်းချိန်တွေမှာ ကျောင်းဆင်းချိန်မှာ စောင့်ပြီး အတူတူပြန်ကြတယ်။ အဲဒီမှာ ကလေးမလေးကို ၇ တန်းစာသင်ခန်းထဲကို ခေါ်ပြီးတော့ သားမယားအဖြစ်ပြုကျင့်တာဖြစ်တယ်”ဟု သူက ပြောသည်။

ဦးရန်နိုင်သည် ရွှေညောင်ပင်ရွာ အလက (ခွဲ) တွင် ၂၀၁၄ ခုနှစ် အောက်တိုဘာလက စတင်၍ တာဝန်ထမ်းဆောင်နေခြင်းဖြစ်ပြီး ယခင်က မအူပင်မြို့နယ် ရေနုတ်ချောင်း ကျောင်း၊ ဂင်္ဂါးကျောင်းများတွင် တာဝန်ထမ်းဆောင်ခဲ့ဖူးသူဖြစ်ကြောင်း သိရသည်။

“သားမယားအကျင့်ခံရတဲ့ ကျောင်းသူလေး ၂ ယောက်အကြောင်းကို အချင်းချင်း ပြောပြရာကနေ ကညင်ကိုင်းရွာက သူတို့နဲ့အတူတူ ကျောင်းတက်နေတဲ့ ၈ တန်းကျောင်းသူက သိသွားပြီးတော့ အိမ်ရောက်တဲ့အခါမှာ ဒီလိုအကျင့်မကောင်းတဲ့ဆရာဆီမှာ စာမသင်ချင်ဘူးဆိုပြီး လူကြီးတွေကို ပြောတယ်။ အဲဒါနဲ့ လူကြီးတွေက ဘယ်လိုဖြစ်တာလဲ မေးကြည့်တော့မှ သူ့သူငယ်ချင်း ၂ ယောက်ကို သမိုင်းစာသင်တဲ့ ဆရာဦးရန်နိုင်က ဒီလိုမျိုးတွေကျူးလွန်နေကြောင်း ပြောပြတော့မှ မိဘအချင်းချင်း ဖုန်းဆက်၊ ကလေးမတွေကို ချော့မေးတော့မှ ဒီအမှုက ပေါ်လာတာ”ဟု ကညင်ကိုင်းကျေးရွာမှ ဒေသခံတဦးက ပြောသည်။

ကျောင်းဆရာ ဦးရန်နိုင်မှ ကျောင်းသူ ၂ ဦးကို အကြိမ်ကြိမ် သားမယားပြုကျင့်ခြင်းကို အရေးယူပေးရန် ဖခင် ၂ ဦး၏ တိုင်တန်းချက်အရ ကျိုက်လတ်မြို့မရဲစခန်းမှ ပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့်ကာ ဖမ်းဆီးထားကြောင်း သိရသည်။
burma.irrawaddy.com

Wednesday, September 28, 2016

၈ တန်းကျောင်းသူ (၂)ဦးကို အကြိမ်ကြိမ်သားမယားအဖြစ် ပြုကျင့်သည့် ကျောင်းဆရာကို အရေးယူ

ဧရာဝတီတိုင်းဒေသကြီး၊ ကျိုက်လတ်မြို့နယ်၊ ရွှေညောင်ပင်ကျေးရွာ အလက(ခွဲ)မှ (၈)တန်းကျောင်းသူ နှစ်ဦးကို စာသင်ကျောင်းအတွင်း အကြိမ်ကြိမ် သားမယားအဖြစ်ပြုကျင့်သည့် သမိုင်းဘာသာရပ်သင် ဆရာကို ကျူးလွန်ခံရသူများ၏ သူငယ်ချင်းကျောင်းသူတစ်ဦးမှ စတင်ဖော်ထုတ်မှုကြောင့် စက်တင်ဘာလ (၂၇)ရက်တွင် အမှုဖွင့်ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရှိရသည်။

ရွှေညောင်ပင် အလက(ခွဲ)မှ သမိုင်းဘာသာရပ်သင်ဆရာ ဦးရန်နိုင်အသက်(၂၈)နှစ်သည် (၁၅)နှစ်အရွယ် (၈)တန်း ကျောင်းသူ တစ်ဦးအား ကျောင်းပိတ်ရက် အချိန်ပိုခေါ်ယူသင်ကြားချိန်များတွင် ဆရာများနားနေခန်း အတွင်း (၅)ကြိမ်တိုင် သားမယားပြုကျင့်ခဲ့ပြီး (၁၄) နှစ်အရွယ်(၈) တန်းကျောင်းသူတစ်ဦးအား ညနေကျောင်း ဆင်းပြီးချိန်များတွင် စာသင် ခန်းအတွင်း (၃)ကြိမ် တိုင်တိုင်သားမယားအဖြစ်ပြုကျင့်ခဲ့ကြောင်း ကျိုက်လတ်မြို့မ ရဲစခန်းမှ စစ်ဆေးချက်များအရ သိရသည်။

“တစ်ယောက်ကတော့ ကျောင်းပိတ်ရက် မနက်ပိုင်းတွေမှာ အချိန်ပိုခေါ်ရင်းကျူးလွန်တာ၊ ကလေးမလေးကို ခေါ်ပြီး အမှတ်ကူဖျက်ခိုင်း နှိပ်ခိုင်းတာတွေ ရှိတော့ တခြားကျောင်းသားတွေကို စာကျက်ခိုင်းထားပြီး ဆရာ များနားနေခန်းမှာ ကျူးလွန်တာ၊ တစ်ယောက်က တစ်လမ်းတည်းနေတော့ ကျောင်းဆင်းချိန် အတူတူပြန်ရင်း ညနေပိုင်းတွေမှာ စာသင်ခန်းအတွင်းမှာပဲ ကျူးလွန်လေ့ရှိတယ်။”ဟု ကျိုက်လတ်မြို့မ ရဲစခန်မှ ဒုရဲမှူး ထင်အောင်က ပြောသည်။

ကျောင်းသူများအား သားမယားအဖြစ်ကျူးလွန်ခဲ့သည့် သမိုင်းဘာသာရပ်သင် ဆရာရန်နိုင်အား ကျိုက်လတ် မြို့မရဲစခန်းတွင် ဖမ်းဆီးစစ်ဆေးနေပြီး ၎င်းတာဝန်ကျရာ မအူပင်ခရိုင်အတွင်းမှ စာသင်ကျောင်းများ၊ ရွှေ ညောင်ပင်ကျေးရွာ အလက(ခွဲ)မှ ကျောင်းအုပ်ဆရာကြီးအား ၎င်းတာဝန် ထမ်းဆောင်ချိန်မှစ၍ အလား တူဖြစ်ရပ်များ ကျူးလွန်ခဲ့ခြင်းရှိမရှိ စုံစမ်းနေကြောင်း ဒုရဲမှူးထင်အောင်ကဆက်ပြောသည်။

သမိုင်းဘာသာရပ်သင်ဆရာ ဦးရန်နိုင်သည် ပညာရေးကောလိပ်မှ ၂၀၀၅-၂၀၀၆ ခုနှစ်တွင် ကျောင်းဆင်းကာ မူလတန်းပြ ဆရာအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး မအူပင်မြို့နယ် ရေနုတ်ချောင်းကျောင်း၊ ဂင်္ဂါးကျောင်းများတွင် တာဝန်ထမ်းဆောင်ခဲ့ဖူးပြီး ၂၀၁၄ အောက်တိုဘာလမှ စတင်ကာ ရွှေညောင်ပင်အလက (ခွဲ)တွင် တာဝန် ထမ်းဆောင်ပြီး ကညင်ကုန်းကျေးရွာရှိ နေအိမ်တစ်ခုတွင် နေထိုင်နေသူဖြစ်ကြောင်း သိရသည်။

“ကျောင်းက ဆရာမတစ်ယောက်ရဲ့ တူမတော်စပ်တဲ့ ကျောင်းသူတစ်ယောက်က တစ်နေ့ကျောင်းက အပြန် အိမ်မှာ ဒီလိုအကျင့်မကောင်းတဲ့ ဆရာဆီမှာ စာမသင်ချင်ဘူးလို့ လူကြီးတွေကို ပြောရာကနေ ဘာဖြစ်တာလဲ လို့မေးကြည့်မှ သူ့သူငယ်ချင်းနှစ်ယောက်ကို ဆရာက ဒီလိုတွေကျူးလွန်နေတယ် ဆိုတာပေါ်ပေါက်ခဲ့တာပါ။” ဟု ကညင်ကုန်းကျေးရွာ နေထိုင်သူတစ်ဦးကပြောသည်။

ဆရာဦးရန်နိုင်ကို ၁၅ နှစ်အရွယ် ၈ တန်းကျောင်းသူအား ၅ ကြိမ်တိုင်တိုင် သားမယားပြုကျင့်ကျူးလွန်ခဲ့ခြင်းကို အရေးယူ ပေးပါရန် ဖခင်ဖြစ်သူမှ တိုင်တန်းချက်အရ ကျိုက်လတ်မြို့မရဲစခန်းမှ (ပ)၁၉၆/၂၀၁၆ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၇၆ ဖြင့်လည်းကောင်း၊ ၁၄ နှစ်အရွယ် ၈ တန်းကျောင်းသူကို ၃ ကြိမ်တိုင်တိုင် သားမယားပြုကျင့် ကျူးလွန်ခဲ့ခြင်းကို အရေးယူပေးပါရန် ဖခင်ဖြစ်သူ၏ တိုင်တန်းချက်အရ ကျိုက်လတ်မြို့မ ရဲစခန်းမှ(ပ) ၁၉၇/၂၀၁၆ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၇၆ ဖြင့်လည်းကောင်း အသီးသီးအမှုဖွင့်ဖမ်းဆီး အရေးယူ ထားကြောင်း သိရသည်။

မြစ်မခ

Tuesday, September 27, 2016

မိသားစုလိုက် ငါးပူတင်းချက်စားရာမှ အဆိပ်သင့်


ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့နယ်၊ ချောင်းကလေးကျေးရွာအုပ်စု၊ ဘုရားငူကျေးရွာတွင် ၂၇.၉.၂၀၁၆
ရက်နေ့ ညနေခင်းက မိသားစုလိုက် ငါးပူတင်းချက်စားရာမှ အဆိပ်သင့်ကာ ရွာဆေးခန်း
သို့ အမြန်ပို့ဆောင်ခဲ့ပါသည်။ မအိထက်ဆိုသူ အသက်(၈)နှစ်အရွယ်မှာ ရွာတွင် သေဆုံး
ခဲ့ပြီး အမေဖြစ်သူ အဖေ ဖြစ်သူနှင့် ညီအစ်ကို မောင်နှမ ဖြစ်သူများမှာ အရေးပေါ်ကယ်
ဆယ်ရေးကားဖြင့် ပန်းတနော်မြို့နယ် ပြည်သူ့ဆေးရုံသို့ အရေးပေါ် အထူးလူနာဖြင့် ဆေး
ကုသခံယူနေပါသည်။ အမေဖြစ်သူမမို့မို့လွင်မှာလည်း ကိုယ်ဝန်ကြီးနှင့်အရေးကြီးနေပါ
သည်။ လူနာများ အသက်အန္တရာယ်အတွက် ဆရာဝန်များမှာ အထူးအနည်းကပ်လူနာ
ဖြင့်စောင့်ကြည့်မူခံယူနေကြပါသည်။
ထိုသို့သော ဗဟုသုတ နည်းပါးသော ပြည်သူများအနေနှင့် အသက်အန္တာရယ်
ကိုထိခိုက်စေနိုင်သော ငါးပူတင်းအားလုံးဝလုံးဝ မစားမိကြရန် ပညာပေး
ရင်နှင့်ဖွယ်ဖြစ်ရပ်ဖြင့် တင်ပြလိုက်ပါသည်။
တိမ်မင်းသားလေး(ပန်းတနော်)





ကျိုက်လတ်မြို့နယ်တွင် ကျောင်းဆရာတစ်ဦးက ၈တန်းကျောင်းသူ၂ဦးအားမုဒိန်းကျင့်မှုဖြစ်ပွား


ကျိုက်လတ်မြို့နယ်တွင် ကျောင်းဆရာတစ်ဦးက ၈တန်းကျောင်းသူ၂ဦးအားမုဒိန်းကျင့်မှုဖြစ်ပွားခဲ့ကြောင်းသိရပါတယ်။
27.9.2016 မနေ့က ကျိုက်လတ်မြို့နယ် ကညင်ကုန်း ကျေးရွာ အထက ခွဲကျောင်းမှ
အလယ်တန်းပြ ကျောင်းဆရာရန်နိုင် သည် ၈တန်းကျောင်းသူ ၂ဦး အား ရက်ခြား
သားမယားပြုကျင့်မှုဖြစ်ပေါ်သဖြင့်ရပ်မိရပ်ဖ များကရဲစခန်းသို့ တရားခံအားဖမ်းဆီးကာ
 ပို့ဆောင်ခဲ့ကြောင်း သိရသည်။

ဖြစ်ရပ်မှန် 27: 9:2016

Credit U Thar Hto
Via - Ye Lin Aung

ပုသိမ်ရှိ ပြည်သူပိုင်နေရာများတွင် အရက်သောက်သူနှင့် လက်နက်ကိုင်ဆောင်သူများကို အရေးယူ

ဆလိုင်းသန့်စင်| September 27, 2016 |

ညအချိန် လှည့်ကင်းဖြင့် စစ်ဆေးနေမှု မြင်ကွင်း။(ဓာတ်ပုံ-ဆလိုင်းသန့်စင်/ဧရာဝတီ)

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ အများပြည်သူအပန်းဖြေရာနေရာများ၌ ညပိုင်းအချိန် ၀ိုင်းဖွဲ့ အရက်သောက်သူများနှင့် လက်နက်ကိုင်ဆောင်သူများကို ဧရာဝတီတိုင်းဒေသကြီးရဲတပ်ဖွဲ့က မူးယစ်ရမ်းကားမှု၊ လက်နက်ကိုင်ဆောင်မှုများဖြင့် ဖမ်းဆီးအရေးယူလျက်ရှိကြောင်း သိရှိရသည်။

“ပုသိမ်မြို့က အများပြည်သူအပန်းဖြေတဲ့နေရာတွေမှာ ၀ိုင်းဖွဲ့ပြီး အရက်သောက်တဲ့အခါကျတော့ ပြည်သူလူထုအပန်းဖြေဖို့ အနှောင့်အယှက်ဖြစ်တယ်။ ပြီးတော့ အမြင်မတင့်တယ်ဘူး။ ဒါကြောင့် ဖမ်းဆီးအရေးယူတာပါ”ဟု စီမံချက်တွင် ပါဝင်လုပ်ဆောင်နေသူ ပုသိမ်နယ်မြေ ရဲစခန်းမှူး ရဲအုပ် သိန်းဇော်ဦးက ဧရာဝတီကို ပြောသည်။

ပုသိမ်မြို့ရှိ လူစည်ကားရာလမ်းများ၊ အများပြည်သူအပန်းဖြေရာနေရာများတွင် ယခုလ ၂၁ ရက်နေ့မှ စတင်၍ ပုသိမ်ခရိုင်၊ မြို့နယ်၊ ပုသိမ်မြို့ပေါ်ရဲစခန်းများမှ ရဲတပ်ဖွဲ့ဝင်များပါဝင်သည့် ရဲကား ၃ စီး၊ ဆိုင်ကယ်များ အပြင် အချုပ်ကားတစီးလိုက်ပါလျှက် ကင်းလှည့်ဆောင်ရွက်နေပြီး အရက်ဝိုင်းဖွဲ့ သောက်သုံးသူများကို မူးယစ်ရမ်းကားပုဒ်မ ၄၇ ဖြင့် ဖမ်းဆီးအရေးယူနေခြင်း ဖြစ်သည်။

“စစ်ဆေးတာကတော့ ညတိုင်းလှည့်ပြီးစစ်တော့မှာပါ။ အရက်ဝိုင်းဖွဲ့သောက်တာတင်မဟုတ်ပါဘူး၊ ညဘက်ကို တုတ်ဓား လက်နက်တွေ ဆောင်ထားရင်လည်း လက်နက်ကိုင်ဆောင်ပုဒ်မနဲ့ ဖမ်းဆီး အမှုဖွင့်မှာပါ”ဟု ရဲအုပ်သိန်းဇော်ဦးကပြောသည်။

စီမံချက်ကာလ ၇ ရက်အတွင်း အမျိုးသမီး ၆ ဦးအပါအ၀င် လူပေါင်း ၅၂ ဦးကို မူးယစ်ရမ်းကားမှု
ပုဒ်မ ၄၇ ဖြင့် ဖမ်းဆီးအရေးယူ၍ ပုသိမ်မြို့နယ် တရားရုံးသို့ တရားစွဲဆိုတင်ပို့ခဲ့ရာ အဆိုပါ အမှုများအား မြို့နယ်တရားရုံးက ထောင်ဒဏ် ၈ ရက် ချမှတ်ခဲ့ကြောင်း သိရသည်။

“ရဲတပ်ဖွဲ့က အခုလို ဆောင်ရွက်တာ ကျနော်တို့တော့ ကြိုက်တယ်။ ကမ်းနားမှာ အပန်းဖြေဖို့ သွားတဲ့အခါ မူးယစ် သောက် စား နေတော့ အပန်းဖြေအနားယူတဲ့လူတွေ အနှောင့်အယှက် ဖြစ်တယ်။ လူဆိုတာ မူးလာရင် ပြဿနာဖြစ်မယ်။ ခိုက် ရန် ဖြစ် မယ်။ အခုလို ဖမ်းဆီးတာတွေလုပ်တော့ အများပြည်သူ အေးဆေး အပန်းဖြေလို့ရတယ်”ဟု ပုသိမ်မြို့၊ အမှတ် ၅ ရပ်ကွက်မှ ဦးဆန်းညွန့်က ပြောသည်။

ဧရာဝတီတိုင်းရဲတပ်ဖွဲ့က ပုသိမ်မြို့တွင် လှည့်ကင်းများဖြင့် အရက်ဝိုင်းဖွဲ့သောက်သူများကို ဖမ်းဆီး ဆောင်ရွက်နေ သည့်အပြင် ယခုလ ၂၂ ရက်နေ့မှ စတင်၍ ယာဉ်စည်းကမ်း မလိုက်နာသော ကားနှင့် ဆိုင်ကယ်အားလုံးကို ညအချိန်တွင်ပါ စစ်ဆေးဖမ်းဆီးခဲ့ရာ စက်တင်ဘာ ၂၆ ရက်နေ့အထိ ဆိုင်ကယ်စီးရေ ၁၀၀၀ ကျော်ကို ဖမ်းဆီး အရေးယူခဲ့ကြောင်း တိုင်းဒေသကြီးရဲတပ်ဖွဲ့မှုးရုံးမှ သိရသည်။
Irrawaddy

ရေကြည်မြို့နယ်ကွမ်းသီးကုန်းကျေးရွာတွင်အဓမ္မပြုကျင့်မှုကြောင့် ပထမတန်းကျောင်းသူသေဆုံး



ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်၊ ကက္ကူကြီးကျေးရွာအုပ်စု၊ ကွမ်းသီး ကုန်းကျေးရွာရှိ ကြယ်နီသုံးလုံး နှစ်ရှည်ပင်စိုက်ပျိုးခြံအတွင်း စက်တင်ဘာ (၂၆)ရက် ည(၇) နာရီအချိန်မှာ စက်စက်ယိုအခြေခံပညာမူလတန်းကျောင်းမှာ တက်ရောက်နေတဲ့ ပထမတန်း ကျောင်းသူ မလှသူဇာဝေအဓမ္မပြုကျင့်ခံရပြီး သေဆုံးသွားတယ်လို့သိရပါတယ်။

စက်တင်ဘာ(၂၆)ရက် ည(၇)နာရီခွဲအချိန် ကုန်းပြင်နယ်မြေရဲစခန်းမှာ ဒုရဲအုပ်ဝင်းမြင့်ရှိနေစဉ် ရေကြည်မြို့နယ်၊ ကက္ကူကြီး ကျေးရွာအုပ်စု၊ ကွမ်းသီးကုန်းကျေးရွာနေ ဦးရွှေနီရောက်ရှိလာပြီး သူ့ရဲ့မြေးဖြစ်သူ မလှသူဇာဝေကျောင်းဆင်းချိန်ကျော်လွန်ပေမယ့်လည်း ပြန်မရောက်လာ တဲ့အတွက်ကူညီရှာဖွေပေးဖို့လာရောက်ပြောကြားချက်အရစက်စက်ယိုကျေးရွာက ရပ်မိရပ်ဖဦးပေါက်တူး၊ ဦးအန်းတို့နဲ့အတူ သတင်းစုံစမ်းရှာဖွေရာမှာ မလှသူဇာဝေကို ကျောင်းဆင်းချိန်မှာအကိုဝမ်းကွဲတော်စပ်သူမိုးဇော်ဦးမှ ခေါ်ဆောင်သွားကြောင်းသတင်းရရှိတဲ့အတွက်မိုးဇော်ဦးကိုခေါ်ယူစစ်ဆေးရာ ငွေကြေးအခက်အခဲရှိတဲ့အတွက်ဇနီးဖြစ်သူမ၀င်းလဲ့ဇင်နဲ့တိုင်ပင်ပြီးညီမ၀မ်းကွဲတော်သူမလှသူဇာဝေကျောင်းဆင်းချိန်မှာ သွားရောက်စောင့်ခေါ်ကာ နားဆွဲယူဖို့စီစဉ်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီနောက် ကျောင်းဆင်းချိန်မှာ မိုးဇော်ဦးဟာ ဇနီးဖြစ်သူနဲ့အတူကျောင်းကိုသွားကာ စောင့်ခေါ်ခဲ့ပြီးနောက် ဇနီးဖြစ်သူကိုကားလမ်းမှာစောင့်ခိုင်းခဲ့ပြီးမလှသူဇာဝေကိုကြယ်နီသုံးလုံးနှစ်ရှည်ပင်စိုက်ခြံအတွင်း ခေါ်သွားခဲ့တယ်လို့ သိရပါတယ်။ ဆက်လက်ပြီး အစ်ကိုဝမ်းကွဲဖြစ်သူ မိုးဇော်ဦးက မလှသူဇာဝေကို လည်ပင်းညစ်ပြီး သားမယားအဖြစ်ပြုကျင့်စဉ်သေဆုံးသွားတဲ့အတွက် နားဆွဲ(၁)စုံခန့်မှန်း တန်ဖိုး(၈၀၀၀)ကျပ်ခန့်ကိုချွတ်ယူပြီးအလောင်းကိုခြံအတွင်းရှိ မြောင်းအတွင်းထားခဲ့ကြောင်းစစ်ဆေးပေါ်ပေါက်ခဲ့ပါတယ်။

မလှသူဇာဝေကိုလည်ပင်းညစ်ကာ သားမယားအဖြစ်ပြုကျင့်ပြီး နားဆွဲ(၁)စုံအားချွတ်ယူသူ မိုးဇော်ဦးနဲ့ မ၀င်းလဲ့ဇင်နှစ်ဦးတို့ကိုဒုရဲအုပ်ဝင်းမြင့်ကတရားလိုပြုလုပ်တိုင်တန်းခဲ့တဲ့အတွက် စက်တင်ဘာ(၂၆)ရက် ည(၁၁)နာရီအချိန်မှာ ကုန်းပြင်နယ်မြေရဲစခန်း(ပ)၆၆/၂၀၁၆၊ ရာဇသတ်ကြီးပုဒ်မ (၃၀၂/၃၇၆/၃၉၂/ ၁၁၄(အမှုကြီးအမှတ်စဉ် ၁/၂၀၁၆)နဲ့ အမှုဖွင့်လှစ်ခဲ့ပြီး စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း မင်းဇော်ဦး(ရေကြည်)ရဲ့ သတင်းပေးပို့ချက်အရ သိရပါတယ်။ ဒီသတင်းကို Central News Bureau က ပေးပို့တာဖြစ်ပါတယ်။

Central News Bureau

Thursday, September 22, 2016

jipsy ရွက်ကြွေလေးတွေ-၁(အောင်ရဲလင်း၊၀တ်မှုန်ရွှေရည်)




jipsy ရွက်ကြွေလေးတွေ-၁(အောင်ရဲလင်း၊၀တ်မှုန်ရွှေရည်) by burmesemovies

အပိုင်း(၂)


  
jipsy ရွက်ကြွေလေးတွေ-၂(အောင်ရဲလင်း၊၀တ်မှုန်ရွှေရည်) by burmesemovies

ကမ္ဘာ့ဆရာများနေ့ မှာ မှတ်တမ်းတင်ခံရမယ့်ဆရာရဲစစ်မှူး။

 အဂတိလိုက်စားတဲ ဆရာ ဆရာမတွေကို အရေးယူပါ ဒီလို အနစ်နာခံ သင်ကြားနေတဲ့ ဆရာတွေကိုလည်း အသိအမှတ်ပြုပါ။။
*******************************************************************
ကမ္ဘာ့ဆရာများနေ့ မှာ မှတ်တမ်းတင်ခံရမယ့်ဆရာရဲစစ်မှူး ။
မျိုးမင်းပိုင်

ဒီနှစ်မှာ သာပေါင်းမြို့ နယ်ထဲက အထက်တန်းကျောင်းတစ်ကျောင်းကို တက္ကသိုလ်ဝင်တန်း အောင်ချက်ရာနှန်းတက်စေဖို့  တတ်နိုင်သလောက်ဆောင်ရွက်နေပါတယ် ။
တစ်နေ့  တော့ ကျနော့် ကျောင်းသားတွေရှိတဲ့ နေရာတွေ ဆီအရောက်သွားရင်း သပေါင်းမြီု့ နယ် က ရွာသစ်ကုန်း(၂)ဆိုတဲ့  မူလတန်း ကျောင်းလေးတစ်ကျောင်းမှာ ကလေးတွေကို စာသင်နေတာတွေ့ ရပါတယ် ။
အဲ့ ဒီမှာ ကျနော့်ကျောင်းက ဆယ်တန်းကျောင်းသားကလေးတွေက လှမ်းနှတ်ဆက်တယ် မင်္ဂလာပါဆရာ ဆရာ ဘယ်ကိုလဲ ဆိုတော့ သူတို့ ဆီ ကျနော် ၀င်လိုက်ပါတယ် ။
ဒီလိုနဲ့  ဆရာတစ်ယောက် ထွက်လာတယ် ကျနော့်ကို အဲ့ သည့် ဆရာကို မိတ်ဆက်ပေးတယ် ကျနော့်ကိုလည်း ကလေးတွေကပဲ ပြန် မိတ်ဆက်ပေးလိုက်တယ် ။
သိရတာက သူ့ နာမည်ရဲစစ်ဦးပါတဲ့  နေတာက သာပေါင်းမှာပါတဲ့  ကလေးတွေ ကျောင်းဆင်းတာနဲ့ ရေမိုးချိုးပြီး သူ့ ဆီလာကြတယ် လာတော့ ကလေးတွေကို အခမဲ့  စာသင်ပေးတာပါတဲ့  ။
သူသင်ပေးနေတဲ့ ကျောင်းသားတွေ ထဲမှာ ဆယ်တန်း က (၁၃)ယောက် ကိုးတန်းက (၁၁)ယောက် ၊ရှစ်တန်းက (၁၀)ယောက် ၊ခုနစ်တန်းက (၁၂)ယောက် ၊ခြောက်တန်းက(၁၀)ယောက် ၊ငါးတန်းက (၈)ယောက် စုစုပေါင်း (၆၄)ယောက်ပါဝင်ပါတယ်။
သူနဲ့ အတူ သူ့ ကိုကူနေတာကတော့ ကျန်းမာရေးဝန်ကြီးဌာန လက်အောင် ကျေးလက်ကျန်းမာရးဌာနက သူ့ အမျိုးသမီးပါ ။သူ့ အမျိုးသမီးကတော့ ကလေးတွေကို စာစစ်ပေးတဲ့  အလုပ်လုပ်ပါတယ်.။
အိုကေ ဆရာ ဆရာ့ကို ကျနော် လေးစားပါတယ်ခင်ဗျား အသိအမှတ်ပြုပါတယ် ဒီမှာကျနော့် ကျောင်းက ကလေးတွေလည်း ပါတယ် ၀မ်းသာတယ် ကျနော်လည်း သူတို့ ကျောင်းကို အောင်ချက်တက်အောင် လုပ်နေတာပါပဲ ၀ိုင်းဝန်းလုပ်ကြရအောင်ဆိုတော့ သူလည်း သဘောတူပါတယ် ။

ဒါနဲ့ ထပ်ပြီး စပ်စုလိုက်တယ် ဆယ်တန်းတွေကိုသင်ရတာ အဆင်ပြေလား ကျနော့်ကလေးတွေ ဘယ်ဘာသာရပ် ဘာအခက်အခဲရှိလဲ အင်္ဂလိပ်နဲ့  သ င်္ချာရော ဆိုတော့ အဆင်ပြေတယ် ပြောတယ် ဒါဆို ဘယ်လို သင်လည်းဆိုတော့ ကျနော် သာပေါင်းက အပြင်မှာသင်နေတဲ့ ဂိုက်က ဆရာတွေဆီမှာသူတို့ သင်တာကို ဆယ်တန်းကလေးတွေနဲ့ အတူတူ လိုက်သင်တယ် ပီးတော့ ကလေးတွေကို ပြန်သင်တယ်တဲ့  သူ့ ရဲ့ ရိုးသားမှု ပါ လေးစားစရာပဲဖြစ်ပါတယ်.။
ဒါနဲ့ ဆယ်တန်း အင်္ဂလိပ်ကို ကျနော် ညနေ ပိုင်းသူ့ ဆီသွားသင်ပေးတယ် သူကတော့ ဆယ်တန်းတစ်ခုတည်းရယ် မဟုတ်ပါဘူး ငါးတန်းကနေ ဆယ်တန်းအထိ ဆို ခြောက်ဆယ်ကျော်ပါတယ်.။
မမောတမ်း နေ့ တိုင်း သင်နေသလို ကျနော် တွေ့ တိုင်း သူ့ လက်နဲ့ ပုဆိုးမှာ မြေဖြူ မှုန်တွေက ဟိုတစ်ကွက် ဒီတစ်ကွက် နေရာ ယူထားတာတွေ့ ရပါတယ်။
ဒီလိုနဲ့ ရေတွေတက်လာတော့လည်း ကလေးတွေ ကို အရင်အတိုင်းခေါ်ယူသင်ပေးခဲ့ ပါတယ်။
ဒါနဲ့  ပညာရေး ၀န်ကြီးဌာနက ရေဘေးဖြစ်နေတဲ့  စာသင်ကျောင်းတွေကို လေ့ လာရင်း ကိုရဲစစ်ဦးဆီ ဆိုက်ဆိုက် မြောက်မြောက် ရောက်လာပါတော့တယ်။
သူ့ အကြောင်းကို သိသွားတော့ ပညာရေးဝန်ကြီးဌာနက အောက်တိုဘာလ(၅)ရက်နေ မှာမြန်မာတစ်နိုင်ငံလုံး အဆင့် ကျင်းပတဲ့ ကမ္ဘာ့ဆရာများနေ့ မှာ မှတ်တမ်းတင် ဂုဏ်ပြုမှာဖြစ်ပါတယ်.
ဒီလိုပဲ ဆရာ့ကို ဘာလိုအပ်လည်းဆိုတော့ သူ့ ဘေးမှာ လိုအပ်နေတဲ့  စာသင်ကျောင်းတစ်ကျောင်း အမြန်ဆောက်ပေးပါလို့  တောင်းဆိုထားပါတယ်။
ပြောချင်တာက အဂတိလိုက်စားတဲ ဆရာ ဆရာမတွေကို အရေးယူပါငွေးကြေးတောင်းသူတွေကိုအရေးယူပါ ဒီလို အနစ်နာခံ သင်ကြားနေတဲ့ ဆရာတွေကိုလည်း အသိအမှတ်ပြုပါ။။ဆရာ ဆရာမတွေ ဘ၀ အခြေနေကိုလည်း လေ့ လာကြပါခင်ဗျာ….။

မြန်မာနိုင်ငံမှာအကျင့်ပျက် ချစားတဲ့ ဝန်ထမ်းတစ်ချို့ ရှိနေသလို ကိုရဲစစ်မှူးလိုဆရာတွေ အများအပြားရှိနေဦးမှာပါ
မျိုးမင်းပိုင် စက်တင်ဘာလ (၂၂)ရက်

စွမ်းထက် ၀ိဇ္ဖာဇီဝက ကင်ဆာ အမြစ်ဖြတ်ဆေး



တုနှိုင်းမဲ့စေတနာ

ယနေ့ သူငယ်ချင်းအိမ်တွင် ဖွင့်လှစ်ထားသော ကျွန်တော်တို့ ကုမ္ပဏီ ၌ အစည်းအဝေးတစ်ခုလုပ်ပြီး သကာလ မပြန်ခင်သူတို့လင်မယားနှင့် အလ္လာပ သလ္လာပပြောရင်း သူငယ်ချင်း မင်းကို ငါတစ်ခုပြအုံးမယ် ဟုဆိုကာ ထမင်းစားခန်း ထဲသို့ ၀င်သွားပြီး အ၀ကျယ် ဆေးပုလင်းတစ်လုံး ယူလာကာ ကျွန်တော့်ကို ပြလေ၏ ။

"အဲဒါ ဘာတုံးဟ"ဟု မေးတော့
"ဟိုနေ့က ငါ့မိန်းမရဲ့ သူငယ်ချင်း တစ်ယောက်ဆီက ယူလာတာ ။ အဲဒီအမျိုး သမီးက သားအိမ်ကင်ဆာ အဆင့် ၃ ဖြစ်ပြီး မိန်းမကိုယ်ကထွက်တဲ့အနံ့က အရမ်းနံလွန်းလို့ လူသူတွေနဲ့ ကင်းဝေးရာ တစ်နေရာမှာ သူ့ဟာသူ နေ နေခဲ့တာ ။ ။သူက အရင်က ခွဲစိတ်ထားပြီးသား ။ ဒါပေမဲ့ ကင်ဆာဆဲလ်တွေက မကုန်တော့ အဲ့လို ပြန်ဖြစ်တာလို့ပြောတယ် ။

အဲ့လိုနေရင်းနဲ့ တစ်နေ့တော့ဆရာတစ်ယောက်နဲ့တွေ့ပြီး အဲ့ဆေးနဲ့ ကုပေးလိုက်တာ အခုရောဂါ ပျောက်ပြီး လူကောင်းပကတိဖြစ်နေတာ ကြာလှပြီ ။ ဒါ့ကြောင့် ရောဂါဖြစ်တဲ့သူတွေကို ကိုယ်ချင်းစာလို့ အခု အဲ့ဆေးကို လှူနေတာ ။ သူက အတော့ကို ချမ်းသာတာ ။ ဆရာတော် အရှင် ဆေကိန္ဒရဲ့ ကျောင်းဆောက်ဘို့ မြေကွက် ကို သူလှူထားတာကွ"ဟု နိဒါန်းချီလေ၏ ။

သို့ဖြင့် ကျွန်တော်လည်း ဘာဆေးများပါလိမ့်ဟု စိတ်ဝင် စားလှသဖြင့် ပုလင်းကိုသေချာယူကြည့်တော့ စွမ်းထက် ၀ိဇ္ဖာဇီဝက ကင်ဆာ အမြစ်ဖြတ်ဆေး ဟုရေးထားသည်ကိုတွေ့ရလေ၏ ။ ပါဝင်ပစ္စည်းများကို စေ့ငုကြည့်တော့ ချင်း (ဂျင်း) နှင့် ပျားရည် ပစ္စည်း ၂ မယ်သာ ပါသည်ကိုတွေ့ရတော့ ယင်းဆေးကိုသိပ်တော့ စိတ်မ၀င်စားလှပေ ။

သို့ရာတွင် သူငယ်ချင်း၏ နောက်ဆက်တွဲပြောစကားကြောင့် အတန်ငယ်စိတ်ဝင်စားမိပြန်လေ၏။ သူငယ်ချင်းက ဆက်ပြောသည်မှာ အဆိုပါအမျိုးသမီးမှ သူ့ရောဂါပျောက်ကင်းစေသည့်ဆေးကို ကင်ဆာ ဖေါင်ဒေးရှင်းတစ်ခု၏ ဆေးရုံတွင်တက်ရောက်ကုသနေသော ကင်ဆာဝေဒနာရှင် များအားသွားရောက် လှူဒါန်းရာ ရင်သားကင်ဆာ ၊ အရိုးကင်ဆာ ၊ အစာအိမ်ကင်ဆာ စသည့်ကင်ဆာ အတော်များများ ပျောက်ကင်း ကြောင်း သူ့ဘာသာ မှတ်တမ်းတင်ချက်များအရ ဝေဒနာသည် ၅၀ ပျောက်ကင်းပြီးဖြစ်ကြောင်း သိရသည် ဆို၏။ သို့ရာတွင် ကျွန်ုပ်မှာ လောလောဆယ် ကင်ဆာမဖြစ်သေးရကား သူ့စကားများကို သိတ်အလေး အနက်မထားမိခဲ့ပေ ။

သို့ပေသည့် သူ့အနေဖြင့် လွန်ခဲ့သည့် သုံးလေးရက်ခန့်က တုပ်ကွေးဖျား ဖျားလေရာ ယင်းအမျိုးသမီး က အဆိုပါ ကင်ဆာပျောက်ဆေးကို ပေးလိုက်သဖြင့် စမ်းသောက်ကြည့်ရာ အဖျားလည်းပျောက် ၊ ဆီးချို လည်းကျ ၊ သွေးလည်းမတိုးတော့ကြေင်း ၊ ခါတိုင်းဆိုလျင် အမြဲတမ်းဗိုက်ဆာနေသလို ခံစားနေရရာမှ ၄င်းဆေး ကို သောက်နေစဉ်ရက်များအတွင်း အစာစားချင်စိတ်ကိုလည်းထိန်းထားနိုင်ကြောင်း ၊ သို့ဖြစ်၍ တစ်ပတ်ခန့် အတွင်း ကိုယ်အလေးချိန်လည်း ၄ ပေါင်ခန့် ကျသွားကြောင်း ပြောပြသည့်အခါမှာတော့ ကျွန်ုပ်၏ စိတ်ဝင်စားမှု ဒီဂရီက ချက်ချင်းတိုးမြင့်လာကာ ခေါင်းတွေဘာတွေထောင်လာလေတော့၏ ။

အဘယ့်ကြောင့်ဆိုသော် ကျွန်ုပ်မှာ သွေးတိုးရှိသလို ၀မ်းဗိုက်တ၀ိုက်တွင်စုနေသောအဆီများကြောင့် ဗိုက်ပူတစ်ယောက်ဖြစ်နေရကား ကိုယ်အလေးချိန်ချရန်နည်းကို ရှာနေလေရာ ယခုမှ တိုက်တိုက်ဆိုင်ဆိုင် ရပြီဖြစ်သဖြင့် "သူငယ်ချင်း ၊ မင်းနောက်တစ်ခါ ဆေးသွားဝယ်ရင် ငါ့ဘို့လည်း တစ်ပုလင်းလောက်ပိုဝယ်ခဲ့ကွာ ။ငါနဲ့တည့်ရင် နောက်စွဲသောက်ကြည့်တာပေါ့"ဟု ပြောတော့ ၊ အဲဒါတော့သိတ်လွယ်မယ်မထင်ဘူးသူငယ်ချင်း ၊ အဲ့ဆေးက ရောင်းတာမဟုတ်ဘူး ၊ အဲ့အမျိုးသမီးက ကုသိုလ်ဖြစ်လှူနေတာ မို့လို့ပါ ပြန်ပြောလေ၏။

ထိုအခါ၎င်းဆေးလှူသည့် လိပ်စာကိုမေးတော့
သုခိတာ (၇)လမ်း ၊ မြောက် ဘက်အဖြတ် အင်းစိန်ဟုဆိုတော့ "ဟာဒါဆိုအခန့်သင့်လိုက်လေ သူငယ်ချင်းရယ် ငါပြန်မဲ့လမ်းပေါ်မှာဘဲ ၊ အပြန်ဝင်ပြီး အလှူခံလိုက်မယ်" ဟု ဆိုကာ သူငယ်ချင်းအိမ်မှ ပြန်လာခဲ့လေတော့၏ ။

သူညွှန်သည့်အတိုင်း လာခဲ့လေရာ ဆေးလှူသည့်နေရာသို့ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်ခဲ့လေသည် ။စင်စစ် ထိုနေရာကား မြန်မာတိုင်းရင်းဆေးများထုတ်လုပ်သည့်စက်ရုံတစ်ရုံဖြစ်လေသည်။ မြန်မာတိုင်း ရင်းဆေး များထုတ်သည့်စက်ရုံဆိုလို့ လျှော့တော့မတွက်လေနှင့် စက်ရုံဝင်း၏ ရှေ့မျက်နှာစာမှာ ပေ ၂၀၀ ခန့်ကျယ်ဝန်းလေသည် ။

၎င်းစက်ရုံ အ၀င်ဝရောက်တော့ အသက် ၅၀ ခန့်လူကြီးတစ်ယောက် က"ဘာကိစ္စ များရှိ လို့ပါလဲ"ဟု မွန်ရည် ပျူငှာစွာ မေးလေရာ ကျွန်ုပ်ကလည်း ဆရာမဒေါ်……………….ရှိပါသလား ဟုပြန်မေးလိုက်ရာ အော် ရှိပါတယ် ခနထိုင်ပါဦးဟု ပြောပြီး ဟိုမှာပါဟု လက်ညှိုးထိုးပြလေ၏ ။

ထိုအချိန်တွင် ထိုဆရာမ မှာ လူနာကိုယ်စားလှယ်တစ်ဦးကို ရောဂါအကြောင်းမေးပြီး Diagnose လုပ်နေသည်ကိုတွေ့ရ၏ ။ ထို့နောက် လူနာသောက်ရန်အတွက် သူ့ဆေးညွှန်းကို သေချာ ရှင်းပြ နေလေ၏ ။ လူနာမှာ အသက် ၇၀ ကျော်ပြီး အရိုးကင်ဆာဖြစ်နေ၍ ခြေထောက်မထောက်နိုင်သောကြောင့် လူနာကို ခေါ်မလာနိုင်သည်ကို နားလည်ပေးစေလိုကြောင်း ပြောပြီး လူနာရှင်များက ဆေးသောက်ပုံသောက်နည်းများကို သေချာလိုက်ကာ မှတ်သားနေကြသည်ကိုလည်း တွေ့မြင်နေရ၏ ။

လူနာကိုယ်စားလှယ်များကိုသေချာရှင်းပြ ပြီးနောက် အသက် ၄၀ ကျော်၅၀ ခန့် ဆရာတစ်ယောက်ကို ဆရာ ဆေးဘယ်နှစ်ဗူးပေးလိုက်ရမလဲဟု မေးရာထိုဆရာက ခရီးဝေး တော့ ၅ ဗူးတော့ပေးလိုက်ပါ ။နောက်ပြီး အဲ့ဆေးသောက်ပြီးရင် လောက်သေရွက်ပြုတ်ရည်ကို များများဝင် အောင် တိုက်ပေး ဘို့လိုတယ် ၊ ဒါပေမဲ့ လူနာရှင်တွေ ရှာရခက်မှာစိုးလို့ လောက်သေရွက်ခြောက် တစ်ထုပ်ကိုပါတည့်ပေးလိုက်ပါဟုလည်းပြောလိုက်၏ ။ ထိုဆရာမှာ ယခုဆေးလှူသည့် အမျိုးသမီး၏ ဝေဒနာကို ပျောက်ကင်းအောင် ကုသပေးခဲ့သည့် ဆရာဖြစ်မည်ဟုစိတ်ထဲကမှတ်ချက်ပြုမိ၏ ။

လူနာရှင်ဘက်ကလိုက်နာရမည်မှာ ဆေးကို ဆရာညွှန်သည့် အတိုင်း တိတိကျကျတိုက်ရန် ၊ ၀မ်းတွင်းသား ကလီစာများလုံဝမစားရန် ၊ ဆေးသောက်ပြီး သည်နှင့် လောက်သေရွက်ပြုတ်ရည်ကိုများများတိုက်ပေးရန်သာလို၏။ ဆေးတစ်နေ့သုံးကြိမ် တိုက်ရမည့်လူနာအတွက် တစ်နေ့လျင် လောက်သေရွက်ပြုတ်ရည် လေးငါးပုလင်းခန့် သောက်ပေးရန် အထပ်ထပ်မှာလေသည် ။

ဆေးဘိုးလည်း တစ်ပြားမှ ပေးစရာမလို ။ သို့ဖြစ်၍ ၄င်းဆရာနှင့်ဆရာမ တို့ကို များစွာလေးစားမိလေ၏ ။ လူနာရှင်များကို မှာနေလိုက်ပုံများသူတို့(ဆရာ ၊ ဆရာမ) ၏ ဆွေမျိုးရင်းချာ တစ်ယောက်နေမကောင်းလို့ မှာနေသည့်ပုံ အတိုင်းပင် ။ အလွန်ပင်စေတနာ ပါလှကြောင်းတွေ့ရ၏ ။

သို့ဖြင့် နာရီဝက်ခန့်စိတ်ရှည်လက်ရှည် ရှင်းပြ ၊ မှာကြား ၊ ပြုလုပ်ပြီးနောက် ကျွန်ုပ်၏ အလှည့်သို့ ရောက်လာသဖြင့် ဦးလေး ၊ လာပါ ။ ဘာဖြစ်လို့ပါလဲ ဟု မေးလေရာ ကျွန်ုပ်အနေဖြင့် ရောဂါလည်းမယ် မယ်ရရမရှိသဖြင့် ဆရာရယ် ကျွန်တော်က ကင်ဆာ ရောဂါတော့ဖြင့်မဟုတ်ပါဘူး ။ဒါပေမဲ့ သွေးတိုး တော့ရှိ ပါတယ် ။ ကျွန်တော့ သူငယ်ချင်းက ဆရာတို့ ပေးလိုက်တဲ့ဆေးသောက်လိုက်တာ ဖျားတာလည်းပျောက် ၊ ဆီးချိုလည်းကျ ၊ သွေးတိုးလည်းကျ ၊ ၀ိတ်လည်းကျ ဆိုတော့ သဘောကျလို့ပါ ။ အဲဒါကြောင့် ဆေးလာဝယ် တာပါ ဟုပြောပြရာ - ဟာ ကျွန်တော်တို့က ခုရက်ပိုင်းအတွင်း ဆေးကိုအလှူလုပ်နေတာမို့ ရောင်းတော့မရောင်းပါဘူး ၊ ဦးလေးအတွက် ဆေး ၂ပုလင်းလှူလိုက်ပါ့မယ် ။

ဒါပေမဲ့ ကင်ဆာဝေဒနာ သည်တွေလိုတော့ တစ်နေ့သုံးခါ သောက်စရာမလိုပါဘူး ၊ တစ်နေ့တစ်ကြိမ် တစ်ဇွန်းဘဲသောက်ပါ ။ ပြီးတော့ လောက်သေ ရွက်ပြုတ်ရည် လည်း သောက်စရာမလိုပါဘူး ၊ ကြိုက်နှစ်သက်ရာ ရေနွေး သို့မဟုတ် ရေအေးနဲ့ သောက်ပါ ဟု အင်မတန်စေတနာပါသောအသံဖြင့် ပြောကြားကာ ဆေး ၂ ပုလင်းလှူလိုက်ပေတော့သည် ။ ကျွန်ုပ်လည်း ဆရာ ၊ ဆရာမတို့၏ စေတနာ ၊ သဒ္ဓါ တရားများကိုလွန်စွာ လေးစားမိသဖြင့် မေတ္တာပို့ ဆုတောင်းများပြုခဲ့ပြီး ပြန်ခဲ့ပါတော့သည် ။

ဆေးရုံဆေးခန်းများမှ လက်လွှတ်လိုက်ပြီးသော ကင်ဆာဝေဒနာရှင်များအနေဖြင့် ရေနစ်သူများ အသက်ရှင်လိုရှင်ငြား ကောက်ရိုး လေးတစ်မျှင်ပင်ဖြစ်စေ ဆွဲမိကြသလို ဝေဒနာရှင်များ အနေဖြင့်လည်း နောက်ဆုံးမျှော်လင့်ချက်အဖြစ် ကြိုးစားကြည့်လိုကြပါက

အမှတ် (၂၈၄-၂၈၅) ၊ ၇လမ်း(မြောက်) ၊ အရှေ့ကြို့ကုန်း ၊ အင်းစိန် ရှိ စွမ်းထက် တိုင်းရင်းဆေး စက်ရုံ သို့ ဖုန်းနံပါတ် ၀၉-၄၂၀ ၀၃၄ ၁၀၈ ၊ ၀၉-၇၉၅ ၃၉၈ ၃၁၈ ၊ ၀၉-၇၈၁ ၀၆၂ ၄၁၉ တို့သို့ ဆက်သွယ် မေးမြန်းစုံစမ်းနိုင်ပါရန် ဆေးပုလင်းပါ လိပ်စာနှင့် ဖုန်း နံပါတ်များအား ဖေါ်ပြပေးထားပါကြောင်း ။
ဝေဒနာရှင်များရောဂါများအမြန်ပျောက်ကင်းချမ်းသာကြပါစေ ။

Credit by Original Uploader

U Win Naing Zaw Page မှ။
http://www.themeltingpot4u.com/2016/09/blog-post_84.html

နှာရည်ပုပ်ခြင်း ၊ နှာခေါင်းပိတ်ခြင်း၊ ရိုးရိုး အဆက်မပြတ် ချောင်းတဟွတ် ဟွတ် ဆိုးခြင်းများအတွက် လက်တွေ့ပျောက်ကင်းတဲ့ ဆေးနည်းတို


နှာရည်ပုပ်ခြင်း ၊ နှာခေါင်းပိတ်ခြင်း၊ ရိုးရိုး အဆက်မပြတ် ချောင်းတဟွတ် ဟွတ် ဆိုးခြင်းများအတွက် လက်တွေ့ပျောက်ကင်းတဲ့ ဆေးနည်းတိုလေးပါ ၊၊ လိုအပ်လျှင် အသုံးပြုကြည့်နိုင်ပါရန် တဆင့်ပြန်လည် မျှဝေလိုက်ပါတယ်ရှင် .....

#နှာခေါင်းမှ နှာရည်အဆက်မပြတ် စီးကျပြီး မကြာခဏ ညှစ်ထုတ်ရခြင်း ၊
#နှာခေါင်း နီရဲ ရောင်ရမ်း၍ နှာခေါင်းအ၀များ အထိမခံနိုင်လောက်အောင်
နာကျင်စွာ ခံစားရခြင်း ၊
#ကြာရှည်၌ နှာရည်များ ပုပ်အက်အက် အနံ့ပင် ထွက်လာခြင်းအတွက် .....

#ဆေးနည်း
ကင်ပွန်းသီး ရင့်ရင့် အခြောက်တစ်တောင့်အား သန့်စင်
အောင်ဆေး၊ ကျောက်ပျဉ်သန့်သန့်တွင် ဆန်ဆေးရည်နှင့် ခပ်ပျစ်ပျစ်သွေးပြီး
ထိုဆေးရည်ကို နှာခေါင်းတစ်ခုလုံး ခပ်ထူထူ လိမ်းပေးပါ ၊၊ နှာခေါင်းဝအတွင်းသို့
ဖြေးညင်းစွာ ခပ်ပါးပါးလေး ထည့်သွင်းသုတ်လိမ်းပေးရင်း ဖြေးညင်းစွာ ရှူပေးရပါ
မည် ၊၊ အားလုံး လိမ်းပြီးပါက ပက်လက်လှန်၍ ဆေးခြောက်သွားသည်အထိ ငြိမ်
သက်စွာ နားရပါမည် ၊၊ နံနက်တစ်ကြိမ် ၊ ညအိပ်ရာဝင်ခါနီး တစ်ကြိမ်၊ (၃ ) ရက်
ခန့်လိမ်းပြီးပါက သိသာစွာ သက်သာလာမည်၊၊ ရောဂါနုလျှင် တစ်ပတ်ခန့်
ရောဂါကြီးမားပါက နှစ်ပတ်ခန့် ကြာတတ်ပါသည် ၊၊နှစ်ပတ်နှင့် မပျောက်ကင်းပါက
လည်း ဇွဲမလျော့ပဲ ပုံမှန်လိမ်းပေးပါက သက်သာစွာ ပျောက်ကင်းစေပါသည်၊၊

~~~~~~~~~~~~~~~

#နှစ်ရှည်လများ နှာခေါင်းပိတ်ခြင်း ၊
#နှာခေါင်းဖြင့် အသက်ရှူမရပဲ ပါးစပ်ဖြင့် အသက်ရှူရခြင်း အတွက် .....

#ဆေးနည်း
လင်ပန်း ( သို့) ဒယ်အိုးဖုံးပေါ်တွင် မီးအရှိန်နီရဲနေသော မီးခဲလက်သီးစုပ်ခန့် လေးငါးခဲတင်ပါ ၊၊ကင်ပွန်းသီး ရင့်ရင့် အခြောက် တစ်တောင့်
အား ထိုမီးခဲပေါ်သို့တင်ပြီး မီးခိုးငွေ့အား ခံသာရုံ အနေ ဖြေးညင်းစွာ ရှူပါ ၊၊
အစ၌ ရှူရခက်သော်လည်း နှာဝအတွင်း အငွေ့ဝင်စေဖို့ လိုပါမည်၊၊ တစ်ကြိမ်
ဆောင်ရွက်ရုံဖြင့် မထူးခြားနိုင်ပါ ၊၊ မိမိ ရောဂါ အနုအရင့် ကိုလိုက်ပြီး နံနက်တစ်
ကြိမ်၊ ည တစ်ကြိမ် ဆောင်ရွက်ပါ၊၊ ( ၃)(၄ ) ရက်ခန့် အကြာတွင် နှာခေါင်းမှ
နှပ်များ အတောင့်လိုက် ထွက်ကျလာပါမည် ၊၊

~~~~~~~~~~~~~~~

* ရိုးရိုး ချောင်းတဟွတ်ဟွတ် အဆက်မပြတ်ဆိုးပါက .....

#ဆေးနည်း
မည်သည့်ပဲပင်ပေါက် အမျိုးအစားဖြစ်စေ ၅ကျပ်သားခန့်အား
သန့်စင်အောင်ဆေးကြော ၊ မတ်ခွက်ထဲထည့် ၊ ပွက်ပွက်ဆူထားသော ရေနွေးအ
ဖြူအား ပဲပင်ပေါက်မြှုပ်ရုံ လောင်းထည့်၊၊ ( ၃) မိနစ်ခန့်ထားပြီး ထိုအရည်ကို နည်း
နည်းခြင်း ကုန်စင်အောင် သောက်သုံးရမည်၊၊ တစ်နေ့ (၃ )ကြိမ်နှုန်း၊ ( ၃) ရက်
ခန့်အကြာ၌ လုံးဝပျောက်ကင်းဧ၊၊် ၊၊<မှတ်ချက်၊၊ ဆောင်းပါးရှင်ဧ၊၊် ကိုယ်တွေ့နည်း>
Credit:ဆောင်းပါးရှင် ~ ဦးကိုကိုကြီး &
ကျန်းမာရေးအတွက်ဆေးတစ်ခွက် & Oo Oo Aye

Tuesday, September 20, 2016

ပုသိမ်-ကြံခင်းရထားလမ်းပေါ်တွင် လူတစ်ဦး ရထားကြိတ်မိသဖြင့် သေဆုံး


လှမြင့်ထွန်း (မြစ်မခ)

မြန်အောင်၊ စက်တင်ဘာ(၂၀) ရက်။

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်-ကြံခင်းရထားလမ်းပေါ်တွင် စက်တင်ဘာ(၂၀) ရက် နံနက် (၅း၃၀)နာရီ အချိန်က လူစီးအမြန်ရထားဖြင့် လူတစ်ဦးအားကြိတ်မိသဖြင့် သေဆုံးမှု ဖြစ်ပေါ်ခဲ့ကြောင်း သိရှိရသည်။

မြန်အောင်မြို့နယ် အင်ပင်မြို့အနီး အင်ပင်မီးရထားဘူတာမှ ဟင်္သာတဘက်သို့အထွက် မိုင်တိုင် 152/7နှင့် 152/8 အကြား ကြံခင်းဘက်မှ ပုသိမ် ဘက်သို့ထွက်လာသော စက်ခေါင်းမောင်း ဦးဝင်းလတ် မောင်းနှင်သည့် အမှတ် 182 အမြန်ရထားဖြင့် ကြိတ်မိခဲ့ခြင်းဖြစ်သည်။

သေဆုံးသူမှာ အင်ပင်အုပ်စု မကျီးတန်းရွာနေ ဇော်လွင်(ခ)မုဒု အသက်(၃၅)နှစ် (ဘ)ဦးထွန်းချို ဖြစ်ကြောင်း သိရသည်။

“ရထားလမ်းဘေး  ရိုးချောင်းထဲကို ညတိုင်း  ငါးသွားရှာရပါတယ် အရင်ညတွေတော့ အိမ်ပြန်တာက
စောတယ်။ ဒီညတော့ အိမ်ပြန် နောက်ကျတာပါ။ သူက ရိုးချောင်းထဲ ဆင်းပြီး ငါးရှာတာပါ။ ရထားလမ်းပေါ် အိပ်ရေးပျက်တော့ ပြန်တက် အိပ်နေရင်းနဲ့ အခုလိုဖြစ်တာပါ။”ဟု သေဆုံးသူ၏ ဇနီးဖြစ်သု မယဉ်အေးက ပြောသည်။

အဆိုပါ ရထားကြိတ် သေဆုံးမှုကို မြန်အောင်မြို့နယ် အင်ပင်နယ်မြေ ရဲစခန်းမှ သေမှုသေခင်း အမှတ်စဉ်
၆/၂၀၁၆ ဖြင့် အမှုဖွင့် စစ်ဆေးနေကြောင်း အင်ပင်နယ်မြေ ရဲစခန်းမှ စခန်းမှူး ရဲအုပ်ဇော်ထွန်းထံမှ သိရသည်။

ချောင်းသာကမ်းခြေ သန့်ရှင်းသာယာလှပရေးနှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး အရှိန်အဟုန်မြင့်ဆောင်ရွက်မည်


မျိုးမင်းထွန်း (မြစ်မခ)

ပုသိမ်၊ စက်တင်ဘာ(၁၉)ရက်။

ချောင်းသာကမ်းခြေတွင် ကမ်းခြေသန့်ရှင်းသာယာလှပရေးနှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး အရှိန်အဟုန်မြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ သိရှိရသည်။

ချမ်းသာကမ်းခြေ သန့်ရှင်းသာယာရေးနှင့် ရေရှည်ဖွံ့ဖြိုးရေးအတွက် စက်တင်ဘာလ ၁၆ ရက်မှ ၁၈ ရက် အထိ အလုပ်ရုံဆွေးနွေးပွဲပြုလုပ်ပြီး အဆိုပါ ရလာဒ်ကို အစီရင်ခံစာပြုလုပ်ကာ ပြည်ထောင်စုအစိုးရ၊ ပြည်ထောင်စု အဆင့် ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းမှ ပညာရှင် အသီးသီးထံ ပေးပို့ပြီး အကြံဥာဏ်၊ အကူအညီများ တောင်းခံပြီးဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့မှ သိရသည်။

“ချောင်းသာကမ်းခြေ သန့်ရှင်းသာယာလှပ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ဒီကမ်းခြေမှာမှီခိုနေထိုင်သူအားလုံးမှာ တာဝန်ရှိတယ်။ စိတ်ပိုင်းဆိုင်ရာပါ ပြောင်းလဲဖို့လိုတယ်။ အတ္တတွေမများကြဖို့ ကိုယ်ဘက်ကိုယ် မယက်ကြဖို့ တရားဥပဒေ စိုးမိုးဖို့လိုပါတယ်။ ချောင်းသာဒေသတိုးတက်ဖို့ အားလုံးပူးပေါင်း ပါဝင်ဆောင်ရွက်ကြမှ အောင်မြင်မယ်။”ဟု ဧရာဝတီတိုင်းဒေသကြီး ၀န်ကြီးချုပ် မန်းဂျော်နီက ပြောသည်။

ပျက်စီးယိုယွင်းပြီး သန့်ရှင်းမှုများ တစ်နှစ်ထက်တစ်နှစ် ယိုယွင်းလာနေသော ချောင်းသာကမ်းခြေကို ထိုသို့ ဆောင်ရွက်ရာတွင် ချောင်းသာဒေသရှိ လုပ်ငန်းရှင်များ၊ ဒေသခံများအပြင် ရေကြည်ရာမြက်နုရာ လာရောက်ရှာဖွေ စားသောက်သူများ အားလုံး စိတ်ပိုင်းဆိုင်ရာများပါ ပြုပြင်၍ ပူးပေါင်းဆောင်ရွက်ကြမှသာ အောင်မြင်မည်ဟု ၎င်းက ဆက်ပြောသည်။

ချောင်းသာကမ်းခြေတွင် အချို့သော ဟိုတယ်များသည် ၎င်းတို့ရှေ့သောင်ပြင်များသို့ ခြံခတ်တိုးချဲ့ခြင်းနှင့် ဆောက်လုပ်ရေးလုပ်ငန်းများမှ ကမ်းခြေတွင် သဲတူးယူခြင်းတို့ကြောင့် ကမ်းခြေသောင်ပြင် ပျက်စီးလာကာ ကမ်းခြေတစ်လျှောက် အပန်းဖြေရန်နေရာ ကျဉ်းမြောင်းလာကြောင်း ဒေသခံများထံမှ သိရသည်။

ထို့ပြင်ကမ်းခြေဈေးသည်များ စည်းကမ်းမဲ့အမှိုက်များ စွန့်ပစ်မှု၊ အပျော်စီးမြင်းများ၏ အညစ်အကြေးများနှင့် ဒီရေတောများ ခုတ်ထွင်၍ တည်ဆောက်သည့် အိမ်ယာသစ်များမှ စည်းကမ်းမဲ့ စွန့်ပစ်သော အညစ်အကြေးနှင့်  အမှိုက်များမှာ ဒီရေ၀င်ရောက်သည့် ချောင်းများမှ တစ်ဆင့်ကမ်းခြေသို့ ပြန်လည် ရောက်ရှိလာနေကြောင်း အပန်းဖြေသူများထံမှ သိရသည်။

“ကျောက်ဆောင်တွေကို ဖြိုပြီးလမ်းခင်းတာတွေလည်းရှိတော့ ကမ်းခြေတိုက်စားမှု ပိုများလာတာပေါ့။ ရေ ကြည်ရာ မြက်နုရာလာရောက်ပြီး စီးပွားရှာသူတွေရော၊ ဧည့်သည်တွေရော၊ လုပ်ငန်းရှင်တွေရော၊ ဒေသခံတွေ ရော စည်းကမ်းရှိဖို့လိုပါတယ်။ ပြီးတော့ စည်းကမ်းမဲ့ သူတွေကို တရားဥပဒေနဲ့ အညီ ထိထိရောက်ရောက် အရေးယူစေချင်တယ်။”ဟု ချောင်းသာကျေးရွာ အုပ်ချုပ်ရေးမှူး ဦးတေဇာအောင်က ပြောသည်။

ချောင်းသာကမ်းခြေတွင် ဟိုတယ် ၂၅ လုံး၊ လိုင်စင်ရှိ တည်းခိုခန်း ၅၀ ကျော်၊ လိုင်စင်မဲ့တည်းခိုခန်းများ၊ ဒေသခံများ၏ နေအိမ်များ၊ ကျောင်းများတွင် ဧည်သည်များတည်းခိုနိုင်ကြပြီး ဟိုတယ်အခန်း ပေါင်း ၁၈၀၀ ကျော်ရှိကာ ၂၀၁၆ ခုနှစ် စက်တင်ဘာလလယ်အထိ ပြည်တွင်းပြည်ပ ခရီးသွား ဧည့်သည် ၄ သိန်း ဝင်ရောက်ခဲ့ ပြီးဖြစ်ကြောင်း ချောင်းသာကမ်းခြေ ဟော်တယ်ဇုန်လုပ်ငန်းအဖွဲ့မှ သိရသည်။
myitmakhamediagroup

သတ်ကြ၊ ဖြတ်ကြသည် အထိ ရှုပ်ထွေးနေတဲ့ လယ်ယာမြေ ပြဿနာ


တိုင်းဒေသကြီး အစိုးရအဖွဲ့ ညွှန်ကြားချက်ကို အောက်ခြေက ခရိုင်အဆင့် မြို့နယ်အဆင့်က ၀န်ထမ်းတွေ တာဝန်ရှိသူတွေကို ထိထိရောက်ရောက် မဖြေရှင်းလို့ ခုလို့ ပြဿနာ ဖြစ်တာလို့ မူလလက်ငုတ် လယ်သမားက ဆိုပါတယ်။
သို့သော် အစိုးရအဖွဲ့မှာ တာဝန်ရှိသလားဆိုတဲ့ မီဒီယာတွေရဲ့မေးမြန်းမှုကိုတော့ ပြန်လည်ဖြေကြားမှု မရှိဘဲ ခေတ်အဆက်ဆက် တာဝန်ယူ ဆောင်ရွက်ခဲ့တဲ့ အစိုးရအဖွဲ့ရဲ့ ဆိုးမွေးလို့သာ ဆိုပါတယ်။

သတ်ကြ၊ ဖြတ်ကြသည် အထိ ရှုပ်ထွေးနေတဲ့ လယ်ယာမြေ ပြဿနာ

မျိုးမင်းပိုင် MESSENGER JOURNAL
ဧရာဝတီတိုင်းဒေသကြီး လပွတ္တာမြို့နယ် လွှဇာအုပ်စု ရွှေကျွန်းသာ သစ်တောကြိုးဝိုင်းမြေမှာ လက်ရှိလုပ်ကိုင်ခွင့်ရသူ လယ်သမားများနှင့် မူလလက်ငုတ် လယ်သမားများ စကားများ ရန်ဖြစ်ကြရာ လက်ရှိလယ်ယာမြေ လုပ်ကိုင်နေသူ ကိုဝင်းရွှေမှာ မှိန်းဒဏ်ရာနဲ့ သေဆုံးခဲ့ပါတယ်။
မူလ လက်ငုတ်တောင်သူဖြစ်တဲ့ ဦးထွန်းရီလည်း ဓားခုတ်ခံရပြီး လပွတ္တာ သုံးမိုင်မြို့သစ် ဆေးရုံမှာ ဆေးကုသမှု ခံနေရသလို၊ နှစ်ဖက်တောင်သူလေးဦး ဒဏ်ရာရရှိခဲ့ပါတယ်။
ရွှေကျွန်းသာဒေသမှာ မြေသိမ်းခံ မူလပိုင်ရှင် လယ်သမားများနဲ့ လက်ရှိလုပ်ကိုင်နေတဲ့ လယ်သမားများအကြား မြေယာအငြင်းပွားမှုများ ဖြစ်ပွားနေသည့် ဒေသဖြစ်ပြီး၊ ကျွဲကျောင်းသည့် ကိစ္စကို အကြောင်းပြုပြီး စက်တင်ဘာလ (၃) ရက် နံနက် (၈) နာရီခွဲခန့်က မူလလယ်သမား နှင့် လက်ရှိလုပ်ကိုင်နေသော လယ်သမားများအကြား အုပ်စုလိုက် ပဋိပက္ခ ဖြစ်ပွားခဲ့ကြတာပါ။
သက်ဆိုင် ရာရဲဝန်းထမ်းများနဲ့ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အနေဖြင့် လုံခြုံရေး ကြီးကြပ်မှု ဆောင်ရွက်နိုင်ခြင်း မရှိသလို၊ ကျူးကျော်စိုက်ပျိုးတဲ့ လယ်ယာမြေ လုပ်ကိုင်နေသူများ ညွန်ကြားချက်ကို လိုက်နာခဲ့ခြင်း မရှိခဲ့လို့ လူသေဆုံးမှု အထိ ဖြစ်လာရတာလို့ ရွှေကျွန်းသာ လယ်ယောမြေ စုံစမ်းစစ်ဆေးရေး ကော်မတီ ဒုဥက္ကဋ္ဌ အစိုးရအဖွဲ့ စည်ပင်သာယာရေး ၀န်ကြီးဦးကျော်မြင့်က ဆိုပါတယ်။
““တာဝန်ရှိတဲ့ အုပ်ချုပ်ရေး အဖွဲ့အစည်းနဲ့ တာဝန်ရှိသူတွေ ကလည်း ကွင်းဆင်းကြီးကြပ် စစ်ဆေးတဲ့ကြားက စိုက်တဲ့သူကလည်း ခိုးဝှက်စိုက်တယ်။ ဒီအပ်ါမှာ အုပ်ချုပ်ရေး အဖွဲ့တွေ နိုင်နင်းအောင် မတားမြစ်နိုင်ဘူးလို့၊ မတားမြစ်နိုင်ဘူးဆိုတဲ့ အကြောင်းကလည်း စိုက်တဲ့သူတွေ အင်အားက အရမ်းများတဲ့ အပိုင်းလည်းပါတယ်””လို့ ၄င်းကဆိုပါတယ်။
ရဲတပ်ဖွဲ့ကတော့ ပဋိပက္ခဖြစ်ပွားခဲ့တဲ့ နယ်မြေကို ဧရာဝတီတိုင်း ဒုတိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီးလှိုင်တင့်ကို စေလွှတ်ကာ လပွတ္တာခရိုင် ရဲတပ်ဖွဲ့ကို အနီးကပ် ကွပ်ကဲကာ ပဋိပက္ခများကို တားဆီးထိမ်းသိမ်းရန် တာဝန်ပေးထားကြောင်း ဧရာဝတီတိုင်း ရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်ပါတယ်။
စက်တင်ဘာလ (၇) ရက်နေ့အထိ မူလလယ်သမားများဘက်မှ (၈) ဦးနဲ့ လက်ရှိလုပ်ကိုင်ခွင့်ရတဲ့ လယ်သမားသုံးဦး စုစုပေါင်း(၁၁) ဦးကို လပွတ္တာရဲစခန်းက ဖမ်းဆီးထားပါတယ်။
ရွေကျွန်းသာ လယ်ယောမြေသည် ၁၉၆၂ ခုနှစ်နောက်ပိုင်း လယ်ယာမြေ ဖော်ထုတ်ရေး စီမံကိန်းအရ လယ်မဲ့ယာမဲ့များကို ဖော်ထုတ် လုပ်ကိုင်ခွင့်ပြုခဲ့ခြင်း ဖြစ်ပါတယ်။
၁၉၈၉ ခုနှစ်မှာတော့ သစ် တောဦးစီဌာနက ဒီရေတောစီမံကိန်း ဖြင့် သိမ်းဆည်းလိုက်ပြီးနောက်ပိုင်း မှာ လက်ရှိလုပ်ကိုင်သူတွေက ဆက် လက်လုပ်ကိုင်နေခြင်းဖြစ်ပါတယ်။
““ဘာလို့ သူတို့လုပ်ကိုင်ခွင့်ရလဲဆို မြို့နယ်ကျေးရွာ အုပ်ချုပ်ရေး အဖွဲ့ကသူတွေ တစ်နိုင်တစ်ပိုင် ၀င်ရောက်လုပ်ကိုင်ကြသလို တချို့အကျင့်ပျက် သစ်တောဝန်ထမ်းတွေ ကလည်း ရောင်းစားကြတယ်””လို့ မူလလယ်သမားဖြစ်သူ ဦးဝင်းနိုင်က ဆိုပါတယ်။
လက်ရှိလုပ်ကိုင်နေတဲ့ လယ်သမားများကတော့ သစ်တောဝန်ထမ်းတွေနဲ့ အဆင်ပြေအောင် ဆောင်ရွက်ပြီး တစ်စဉ် တစ်ဆက်တည်း လုပ်ကိုင်လာတာ (၁၈) နှစ်ခန့်ရှိပြီလို့ ဆိုပါတယ်။
““အစ်မအခုလုပ်နေတဲ့လယ်က လယ်သမားဟောင်းလို့ဆိုပြီး တောင်းဆိုနေတဲ့ သူတွေဆီက ၀ယ်ပြီးလုပ်တာ။ ခုပြန်တောင်းဆိုနေတဲ့ သူတွေထဲမှာလည်း သူတို့ကိုယ်တိုင် ပြန်ရောင်းစားထားတဲ့ သူတွေကိုယ်တိုင်ပါတယ်”” လို့ လက်ရှိလုပ်ကိုင်နေသူ မဇင်လဲ့မွန်က ပြောပါတယ်။
လတ်တလောမှာ အငြင်းပွားနေတဲ့ မြေကဧကရှစ်ထောင်ကျော် ရှိပြီး မူလပိုင်ဆိုင်သူ လယ်သမား (၃၀၀) ကျော်ရှိကာ လက်ရှိလုပ်ကိုင်ခွင့်ရသူ လယ်သမား(၄၂၀) ကျော် လုပ်ကိုင်နေပါတယ်။
၂၀၁၂ခုနှစ် လယ်ယာမြေဥပဒေသစ် ပေါ်ထွက်လာပြီးနောက်မှာတော့ မူလပိုင်ဆိုင်ခဲ့သည်ဟု ဆိုသူများက သက်ဆိုင်ရာ တာဝန်ရှိသူတွေထံ တင်ပြတောင်းဆိုခဲ့ကြပါတယ်။
၂၀၁၂ ခုနှစ်က စတင်ပြီး ယခုအချိန်အထိ လယ်မြေများကို သူပိုင်ကိုယ်ပိုင် ပြောဆိုရင်း တစ်ဖက်နဲ့တစ်ဖက် စကားများ ရန်ဖြစ်မှုတွေ ဖြစ်နေခဲ့တာကို အစိုးရနဲ့ တာဝန်ရှိသူတွေ ထိထိရောက်ရောက် မထိန်းသိမ်းနိုင်ခဲ့ပါဘူး။
၂၀၁၅ ခုနှစ် ဧပြီလမှာတော့ လက်ရှိလုပ်ကိုင်ခွင့် ရရှိထားသော လယ်သမားများက လူစုလူဝေးဖြင့် ၀င်ရောက် ရိုက်ခတ်မှုများကြောင့် အသက်(၂၇) နှစ် အရွယ်ရှိ မူလလယ်ပိုင်ရှင်သား ဒုတိယနှစ်ကျောင်းသား ကိုထွန်းထွန်းလင်း လှံထိုးမိတဲ့ ဒဏ်ရာနဲ့ သေဆုံးခဲ့ပါတယ်။
ဒီလိုလူသေမှုအထိ ဖြစ်ပွားခဲ့ပြီး နောက်ပိုင်းလည်း သက်ဆိုင်ရာ တာဝန်ရှိသူတွေက ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းခဲ့ခြင်း မရှိခဲ့ပါဘူး။
ဒါ့ကြောင့် မူလလယ်သမားများက အစိုးရသစ် လက်ထက်မှာ အမြန်ဆုံး ဖြေရှင်းပေးဖို့ နိုင်ငံတော် သမ္မတ ဦးထင်ကျော်နဲ့ ၀န်ကြီးချုပ် ဦးမန်းဂျော်နီ ဦးဆောင်တဲ့ အစိုးရအဖွဲ့တို့ကို တင်ပြခဲ့ကြပါတယ်။
ပဋိပက္ခ ဖြစ်ပွားနေသည်များကို ဥပဒေနှင့်အညီ ဖြေရှင်းပေးပါရန် နိုင်ငံတော်သမ္မထံ တင်ပြစာကို လက်ခံရရှိကြောင်းနဲ့ လိုအပ်သလို ဆက်လက် စိစစ်ဆောင်ရွက်သွားမယ်လို့ နိုင်ငံတော်သမ္မတရုံးက ၂၀၁၆ ခုနှစ်၊ ဇွန်လ(၁) ရက်နေ့မှာ အကြောင်းပြန်ခဲ့ပါတယ်။
၂၀၁၆ ခုနှစ် ဇွန်လ (၉)ရက် နေ့မှာ ဧရာဝတီတိုင်း ဒေသကြီး အစိုးရအဖွဲ့ အနေဖြင့် ပြဿနာ ဖြစ်ပွားတဲ့ နေရာတွေမှာ ၀င်ရောက်စိုက်ပျိုး ထွန်ယက်ခြင်း တဲထိုးခြင်းများ မပြုလုပ်ရန် ပြုလုပ်ပါက ခြေချုပ်ဥပဒေဖြင့် အရေးယူမည်ဟု နှစ်ဖက် လယ်သမားများကို ညွှန်ကြားချက် တစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။
တိုင်းခရိုင် မြို့နယ်မှ ရပ်ကျေး အုပ်ချုပ်ရေး အထိ အဆင့်ဆင့် ညွှန်ကြားချက် ထုတ်ပြန်လိုက်သော်လည်း လက်ရှိလုပ်ကိုင်နေသူများက ဆက်လက် လုပ်ကိုင်ခဲ့ကြပြီး အစိုးရအဖွဲ့ရဲ့ ညွှန်ကြားချက်က အသက်မ၀င်ခဲ့ပါဘူး။
လက်ရှိလုပ်ကိုင်ခွင့်ရသူ တောင်သူများကတော့ မိသားစု စားဝတ်နေရေး အခြေနေကြောင့် တားမြစ်ချက်ကို ကျော်လွန်ဆောင်ရွက်ခဲ့တာလို့ ဆိုပါတယ်။
““ပျိုးကြဲပြီးသွားပြီ၊ လူငှားကလည်း သွင်းပြီးပြီ။ စရိတ်ကလည်း အကုန်ကျခံထားတော့ ဒီမှာရပ်လိုက်ရင် စားဝတ်နေရေး ရှိတယ်။ အကြွေးတွေရှိတယ်။ သမချေးငွေလည်း ထုတ်ထားတော့ ဒီတစ်နှစ် ဆက်လုပ်ပါရစေဆိုပြီး စာပို့တယ်၊ တောင်းပန်တယ်၊ ဆက်လုပ်ဖြစ်တယ်။ အဲဒီတော့ ၀န်ကြီးနှစ်ပါး လာတွေ့ပြီး မေးခွန်း ဆယ်ချက်မေးပေမယ့် အခုအချိန်အထိ ဘာမှ ညှိနှိုင်းဆောင်ရွက်မပေးဘူး””လို့ လက်ရှိလုပ်ကိုင်ခွင့်ရသူ တောင်သူများက ပြောပါတယ်။
အစိုးရအဖွဲ့က ဒီဖြစ်စဉ်ကို ကွင်းဆင်း လေ့လာဆောင်ရွက်ဖို့ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန သစ်တောဦးစီးဌာနနဲ့ နယ်မြေရဲတပ်ဖွဲ့တွေကို တာဝန်ပေးခဲ့သော်လည်း အောက်ခြေမှာ ညွန်ကြားချက်အတိုင်း နှစ်ဖက်လယ်သမားများ လိုက်နာ ဆောင်ရွက်နေပြီး မည်သည့်ပြဿနာ တစ်စုံတစ်ရာမှ မရှိဘူးလို့ အစိုးရအဖွဲ့ထံ တင်ပြခဲ့ကြပါတယ်။
““ခရိုင်အုပ်ချုပ်ရေး၊ မြို့နယ်အုပ်ချုပ်ရေး၊ သစ်တောဦးစီးနဲ့ ရဲဝန် ထမ်းတွေ ပါပါတယ်။ သူတို့ မြေပြင်ဆင်းစစ်တဲ့အခါ ထွန်ယက်စိုက်ပျိုးနေတာ မတွေ့ရဘူးလို့ အစီရင်ခံစာ အကြိမ်ပေါင်းများစွာ ပြန်တက်တော့ ကျွန်တော်တို့ကလည်း ဒီအစီရင်ခံစာတွေသာ ဖတ်ရပြီး တကယ့်လက်တွေ့ မြေပြင်မှာ ခိုင်းထားတဲ့ အဖွဲ့အစည်းတွေက အဲဒီလိုစစ်ဆေး ပြီး တင်ပြလာတဲ့ အပေါ် လိုအပ်ချက်တွေ ရှိလာတာပဲ””လို့ ဦးကျော်မြင့်က ဆိုပါတယ်။
တိုင်းဒေသကြီး အစိုးရအဖွဲ့ ညွှန်ကြားချက်ကို အောက်ခြေက ခရိုင်အဆင့် မြို့နယ်အဆင့်က ၀န်ထမ်းတွေ တာဝန်ရှိသူတွေကို ထိထိရောက်ရောက် မဖြေရှင်းလို့ ခုလို့ ပြဿနာ ဖြစ်တာလို့ မူလလက်ငုတ် လယ်သမားက ဆိုပါတယ်။
သို့သော် အစိုးရအဖွဲ့မှာ တာဝန်ရှိသလားဆိုတဲ့ မီဒီယာတွေရဲ့မေးမြန်းမှုကိုတော့ ပြန်လည်ဖြေကြားမှု မရှိဘဲ ခေတ်အဆက်ဆက် တာဝန်ယူ ဆောင်ရွက်ခဲ့တဲ့ အစိုးရအဖွဲ့ရဲ့ ဆိုးမွေးလို့သာ ဆိုပါတယ်။
လက်ရှိအငြင်းပွားနေတဲ့ မြေယာများဟာ သစ်တောမြေအဖြစ်သာ တည်ရှိနေပြီး မည်သူမျှ မပိုင်ဆိုင်ဘူးလို့ ဧရာဝတီတိုင်း ဒေသကြီး အစိုးရအဖွဲ့ စုံစမ်းစစ်ဆေးရေး ကော်မတီဝင်တစ်ဦးက ပြောပါတယ်။
လက်ရှိလုပ်နေတဲ့ သူတွေကလည်း တစ်ဝက်ပေနိုင်လား ဆိုတော့လည်း မပေးနိုင်ဘူး။ တောင်းဆိုတဲ့ သူကလည်း တစ်ဝက်သို့ တစ်ဝက်ထက်ပိုမှ လက်ခံမယ့် အနေအထား ရှိနေတော့ လိုချင်သူတွေက လောဘတွေ များနေတော့ တိုင်းဒေသကြီး အစိုးရလည်း ဘယ်လိုဖြေရှင်းရမယ် ဆိုတာတောင် မသိရအောင် ဖြစ်နေပြီး၊ ဆက်ပြီး အဖြေတစ်ခုရအေင် ညှိနှိုင်းရမယ်””လို့ ၄င်းကဆက်ပြောပါတယ်။
““ဒီလောက်လုပ်နေတဲ့ကြားက လုံလောက်မှု မရှိတာကို လုံလောက်မှု ရှိအောင် နိုင်ငံတော်ကို တင်ပြပြီးကို လုပ်သွားမယ့် အစီအစဉ် ရှိပါတယ်””လို့ စည်ပင်သာယာရေး ၀န်ကြီး ဦးကျော်မြင့်က ပြောပါ တယ်။
လယ်ယာမြေ အငြင်းပွားမှုများမှ အစပြုကာ ယခုကဲ့သို့သော အခြေနေမျိုး မဖြစ်အောင် ဆောင်ရွက်ရန်လည်း အစိုးရအဖွဲ့မှာ တာဝန်ရှိနေတယ်လို့ လယ်ယာမြေအရေးလိုက်ပါ ဆောင်ရွက်နေသူများက ပြောပါတယ်။
(၇၀) ရာခိုင်းနှုန်း လယ်ယာမြေ လုပ်ကိုင်ကြတဲ့ ဧရာဝတီတိုင်း ဒေသကြီးမှာ အငြင်းပွားနေတဲ့ လယ်ယာမြေ ပဋိပက္ခပေါင်းများစွာ ရှိနေပြီး ဧရာဝတီတိုင်း ဒေသကြီးမှာ အစိုးရဌာနဆိုင်ရာများ၊ လုပ်ငန်းရှင်များနှင့် ကုမ္ပဏီများမှ သိမ်းဆည်းထားသော လယ်ဧက တစ်သန်းနီးပါး ရှိနေပါတယ်။
အစိုးရအဖွဲ့အနေနဲ့ လယ်ယာမြေ ပြဿနာများကို ထိထိရောက်ရောက် ကိုင်တွယ်ရမှာ ဖြစ်သလို အမြန်ဆုံးနဲ့ အမှန်ဆုံး ဖြေရှင်းပေးသင့်ပြီး ကိုယ်လမ်းညွန်တဲ့ အောက်ခြေ အဖွဲ့အစည်း ကလည်း တကယ်လိုက်နာ ဆောင်ရွက်လားဆိုတာ ဆန်းစစ်ဖို့ အချိန်တန်ပါပြီ။
““အောက်ခြေက တိတိကျကျ မဆောင်ရွက်သလို တရားဥပဒေလည်း စိုးမိုးမှုမရှိတော့လို့ မိသားစုတွေ ဘ၀ပျက်ကြရတယ်။ သတ်တဲ့သူကလည်း ထောင်ထဲမှာ နေနေရသလို၊ ခံရလို့ သေသွားတဲ့ မိသားစုအတွက် သားသမီးတွေ အတွက် ဘ၀တွေပျက်ကြရတယ်။ အဲဒီတော့ အစိုးရက အမြန်ဆုံး ဖြေရှင်းပေးသင့်ပါတယ်။
နောက်နောင် ဒါမျိုးတွေ ဆက်ဖြစ် မယ်ဆိုရင်တော့ ကြားလို့လည်း မကောင်းဘူး။ တာဝန်ရှိသူတွေလည်း သမိုင်းတရားခံ ဖြစ်သွားမယ်”” လို့ မူလလယ်သမား ဦးတင်ဦးက ပြောသည်…။

Monday, September 19, 2016

တရားဥပဒေစိုးမိုးမှသာ ချောင်းသာကမ်းခြေသန့်ရှင်းသာယာမည်

ချောင်းသာ - စက်တင်ဘာ ၁၇

တရားဥပဒေစိုးမိုးမှုမရှိသရွေ့ ချောင်းသာကမ်းခြေ သည် သန့်ရှင်းသာယာသောကမ်းခြေတစ်ခု မည်သည့်အခါမှ ဖြစ်လာမည်မဟုတ်ကြောင်း ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမန်းဂျော်နီ ကပြောသည်။

ချောင်းသာကမ်းခြေရှိ ဟိုတယ်ဧရာဝတီ၌ ပြုလုပ်နေသော ချောင်းသာကမ်းခြေသန့်ရှင်းသာယာလှပရေးနှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲတွင် ဦးမန်းဂျော်နီက အထက်ပါအတိုင်း ပြောကြားလိုက်ခြင်းဖြစ်သည်။

"တရားဥပဒေစိုးမိုးမှုဆိုတာနဲ့ နောက်မှာ လာဘ်ပေး လာဘ်ယူဆိုတာ ရှိလာပါတယ်။ ကျွန်တော့် လက်ထက်မှာ အဲဒါတွေကို မလိုချင်ဘူး။ ကျွန်တော် တကယ်ပြောနေတာနော်။ပိုက်ဆံနဲ့လုံးဝမလာကြပါနဲ့"ဟု ၄င်းကပြောသည်။

ယင်းအလုပ်ရုံဆွေးနွေးပွဲကို ချောင်းသာကမ်းခြေ သာယာ သန့်ရှင်းရေး၊ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး၊ ကမ်းခြေကို မှီတင်းနေထိုင်ကြသူများ ဆက်လက် ရှင်သန်နိုင်ရေး တို့အတွက် ရည်ရွယ်ပြုလုပ်ခြင်း ဖြစ်ကြောင်း မြန်မာနိုင်ငံ ဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်း (ချောင်းသာဇုန)်
ဥက္ကဌ ဦးကျော်ခိုင်ကပြောသည်။

ကမ်းခြေသာယာလှပရေး သန့်ရှင်းရေးအတွက် ဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်းတစ်ခုတည်းက ပြုလုပ်၍ မရကြောင်း နိုင်ငံတော်အစိုးရဘက်ကလည်း ကူညီပေးရန်လိုအပ်ကြောင်း ဦးကျော်ခိုင်က ပြောသည်။

ယင်းအလုပ်ရုံဆွေးနွေးပွဲကို စက်တင်လာလ ၁၆ ရက်နေ့မှ စတင်ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး စက်တင်ဘာ ၁၈ ရက်နေ့ထိ ပြုလုပ်သွားမည်ဖြစ်ကြောင်းဆွေးနွေးပွဲတွင် ပညာရှင်များနှင့် ဒေသခံများ၏ ဆွေးနွေးချက်များကို ပြည်ထောင်စုအစိုးရ၊ တိုင်းအစိုးရနှင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ ဟိုတယ်လုပ်ငန်းရှင်များထိံ ပေးပို့သွားမည်ဖြစ်ကြောင်း သိရသည်။

အလုပ်ရုံဆွေးနွေးပွဲကို ဧရာဝတီတိုင်းဝန်ကြီးချုပ် အပါအဝင် အစိုးရအဖွဲ့ဝင်များ၊ တိုင်းလွှတ်တော် ကိုယ်စားလှယ်များ၊ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးပညာရှင်များ ဟိုတယ်လုပ်ငန်းရှင်များ ၊ဒေသခံများ တက်ရောက်ကြသည်။

လင်းဟိန်း

Popular

Friday, September 16, 2016

အင်းလေလံတွေကို ကန့်ကွက်ဆန္ဒပြ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်မှာရှိတဲ့ မြို့နယ် ၅ ခုက ငါးမွေးမြူရေးလုပ်ကိုင်တဲ့ အင်းလုပ်ကွက်တွေကို အမှန်တကယ် မလုပ်ကိုင်တဲ့ လုပ်ငန်းရှင်တွေကိုပဲ လုပ်ကိုင်ခွင့်ပြုလိုက်တဲ့အတွက် ဒေသခံ ၇၀၀ ကျော်က ပုသိမ်မြို့ မြို့တော်ခန်းမရှေ့မှာ ဒီကနေ့ ဆန္ဒပြကြပါတယ်။
ငါးမွေးမြူရေးလုပ်ကွက်တွေ ချပေးတဲ့အခါ အားလုံးမျှမျှတတဖြစ်ဖို့အတွက် ရေလုပ်သားသမဂ္ဂတွေနဲ့ အာဏာပိုင်တွေ ညှိနှိုင်းထားပေမယ့် လုပ်ငန်းရှင်တွေကိုပဲ ဦးစားပေး လုပ်ကိုင်ခွင့်ပြုလိုက်တဲ့အတွက် အခုလို ဆန္ဒပြတာဖြစ်တယ်လို့ လေးမျက်နှာမြို့နယ် ရွှေပေါက်ပင်ကျေးရွာက ကိုသိန်းထိုက်ဦးက ပြောပါတယ်။
" ဒီပြဿနာတက်တဲ့ အင်းအကုန်လုံးကို ရေလုပ်သားအစုအဖွဲ့တွေနဲ့ အင်းသားကြီးတွေနဲ့ ညှိနှိုင်းဆောင်ရွက်ပြီးတော့ အညီအမျှခွဲပါဆိုပြီးတော့ အောက်ခြေမှာ လွှတ်တော်အမတ်တွေနဲ့ ငါးဦးစီးတွေနဲ့ ထွေအုပ်တွေနဲ့ အကုန်လုံး ညှိနှိုင်းခိုင်းပါတယ်ခင်ဗျ၊ ကျွန်တော်တို့က လုပ်စားကွက်လေးပေးပါ လုပ်စားကွက်မပေးနိုင်ရင်လည်း ကျွန်တော်တို့ဒေသက အင်းကို နိုင်ငံတော် အခွန်ငွေဖြစ်တဲ့ ၂၁ သိန်းကို ကျွန်တော်တို့ဆောင်ပေးမယ် ကျွန်တော်တို့ကို အင်းချပေးပါဆိုပြီး ကျွန်တော်တို့ တောင်းဆိုတယ်၊ ဒါပေမယ့်မရဘူး၊ အင်းသားကြီးကို ဒီနေ့လုပ်ကိုင်ခွင့်ချပေးလိုက်တယ်၊ အဲ့ဒါက တရားမျှတမှုမရှိတဲ့အတွက်ကြောင့် တိုင်းဒေသကြီး အစိုးရထိလာရောက်ပြီး ကျွန်တော်တို့ တောင်းဆိုရခြင်းဖြစ်ပါတယ်"
ဧရာဝတီတိုင်း ပန်းတနော်၊ အိမ်မဲ၊ ကျောင်းကုန်း၊ လေးမျက်နှာနဲ့ အင်္ဂပူမြို့နယ်တွေမှာရှိတဲ့ အင်းငါးဖမ်းလုပ်ကွက်တွေရဲ့ လေလံဈေးဟာ အများဆုံး ငွေကျပ် သိန်း ၁၀၀ အထိရှိပြီး ဒေသခံတွေ လုပ်ပိုင်ခွင့်ရရှိရေး တောင်းဆိုထားတဲ့ ငါးဖမ်းလုပ်ကွက်တွေကတော့ သိန်း သုံးဆယ်အောက်ရှိတဲ့ လုပ်ကွက်တွေဖြစ်တယ်လို့ ဆန္ဒပြရာမှာပါဝင်သူတွေက ပြောပါတယ်။
အဲဒီဒေသတွေက အင်းလုပ်ကွက်တွေကို အရင်နှစ်တွေကလည်း လုပ်ငန်းရှင်တွေပဲ လေလံအောင်ခဲ့ပြီး အမှန်တကယ် လုပ်ကိုင်တဲ့ ရေလုပ်သားတွေအနေနဲ့ လေလံအောင်တဲ့ လုပ်ငန်းရှင်ကို အမြတ်ပေးပြီး တဆင့်ခံ လုပ်ကိုင်ခဲ့ရတာဖြစ်ပါတယ်။
ဒါ့အပြင် အင်းတွေကို လေလံတင်တဲ့ အချိန်မှာလည်း အောက်ခြေ ပြည်သူတွေကို အသိမပေးဘဲ လုပ်ငန်းရှင်တွေနဲ့ပဲ ပူးပေါင်းလုပ်ဆောင်တာတွေ ရှိနေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
Photo: Myo Myo Aye
( အင်းလုပ်ကွက်တွေကို လုပ်ငန်းရှင်တွေကိုပဲ လုပ်ကိုင်ခွင့်ပြုလိုက်တဲ့အတွက် စက်တင်ဘာလ ၁၆ ရက်နေ့က ပုသိမ်မြို့ မြို့တော်ခန်းမရှေ့မှာ ဒေသခံတွေ ဆန္ဒပြကြစဉ်)
RFA

Wednesday, September 14, 2016

ဆွဲစားမဝ တဲ့ ပွဲစားမ


အောင်သီရိ ဗီဒီယို ထုတ်လုပ်ရေး
**** ဆွဲစားမဝ တဲ့ ပွဲစားမ *****
ဒါရိုက်တာ__ ကျော်ဇောလင်း ( အတွေးပုံရိပ်)
 ဇေရဲထက်.သုတ.ယုသန္တာတင် .ယွန်းရွှေရည်

Tuesday, September 13, 2016

ဗမာစကားသိပ်မတတ်တဲ့ ကရင်သင်းအုပ်ဆရာကြီးရဲ့ မင်္ဂလာစကား




ဗမာစကားသိပ်မတတ်တဲ့ ကရင်သင်းအုပ်ဆရာကြီးရဲ့ မင်္ဂလာစကား

ဆီးချိုတက်ရင် ကွမ်းရွက်နဲ့ကြက်သွန်ဖြူ



ဆေးနည်းလေးပြောပြမယ်။
ဖွားမိတ်ဆွေတစ်ယောက်ခွဲခန်းဝင်ကာနီး
ဆီးချိုတွေတအားတက်နေလို့ ခွဲမဲ့အချိန်
ရွေ့ထားရတယ်။ ဒါနဲ့ဘေးအခန်းက
အသက် ၇၀
အရွယ်အဖွားတစ်ယောက်က
ဆေးနည်းလေးပေးတယ်။
ဆီးချိုတက်ရင် ကွမ်းရွက်နဲ့ကြက်သွန်ဖြူ
ကိုက်စားလိုက် ချက်ချင်းကျတယ်တဲ့။
တစ်ကယ် စားလိုက်တာ နာရီဝက်အတွင်း
ဆီးချို ၆၀၀ ကျော်တက်နေတာ
ပုံမှန်နီးပါးထိပြန်ကျသွားပါတယ်။
တစ်ကယ်စွမ်းလို့ ပြန်လည်မျှဝေပေး
လိုက်ပါတယ်။
p.k
Phwar Khin 


Monday, September 12, 2016

ငရုတ်ကောင်းတွင် တည်ဆောက်လိုသည့် ဒေါ်လာသန်း ၄၀၀ တန် စီမံကိန်းကို လွှတ်တော်ကော်မတီ စစ်ဆေးမည်

ဆလိုင်းသန့်စင်| September 9, 2016 |


ငပုတောမြို့နယ် ငရုတ် ကောင်း ဒေသရှိ ဂေါ်ရင်ဂျီ ကမ်းခြေ (ဓာတ်ပုံ – ဆလိုင်းသန့်စင်/ဧရာဝတီ)

ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်၊ ငရုတ်ကောင်း ကမ်းခြေဒေသတွင် တည်ဆောက်ရန် SIM ကုမ္ပဏီမှ အဆိုပြုထားသည့် ကမ်းလွန်ထောက်ပံ့ ပို့ဆောင်ရေးစခန်း စီမံကိန်းကို ဧရာဝတီ တိုင်းဒေသကြီး လွှတ်တော် စီမံကိန်း ကော်မတီက စစ်ဆေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

အမေရိကန်ဒေါ်လာ သန်း ၄၀၀ ခန့် ကုန်ကျနိုင်မည့် အဆိုပါ စီမံကိန်းကို ငရုတ်ကောင်းမြို့နယ်ခွဲ၊ နံ့သာပု ကျေးရွာအုပ်စုတွင် တည်ဆောက်ရန် မြန်မာနိုင်ငံသားပိုင် SIM ကုမ္ပဏီက နေပြည်တော်ရှိ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) ထံ အဆိုပြုတင်ပြခဲ့ရာ MIC က ဧရာဝတီတိုင်း အစိုးရထံသို့ သဘောထားမှတ်ချက် တောင်းခံခဲ့သည်။

ထို့ကြောင့် ဧရာဝတီတိုင်း အစိုးရအဖွဲ့ကိုယ်စား ၀န်ကြီး ဦးလှကျော်က လက်ရှိကျင်းပလျှက်ရှိသည့် ဒုတိယအကြိမ် ဧရာဝတီတိုင်း လွှတ်တော် ဒုတိယမြောက် ပုံမှန်အစည်းအဝေးတွင် တင်ပြခဲ့ရာ တိုင်းလွှတ်တော်၏ စီမံကိန်းနှင့် စီးပွားကုန်သွယ်ရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီက စီမံကိန်းကို ကွင်းဆင်းစစ်ဆေးရန် တိုင်းလွှတ်တော်က ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

“စီမံကိန်းလုပ်ဖို့ အဆိုပြုထားတဲ့ ငရုတ်ကောင်းဒေသကို ကျနော်တို့ ကွင်းဆင်းစစ်ဆေးဖို့ ပြင်နေပါပြီ။ နောက်တပတ်ထဲမှာ ဆင်းဖြစ်မယ်။ အဓိကကတော့ ဒီစီမံကိန်းဟာ ဒေသခံတွေရဲ့ စီးပွားရေး၊ လူမှုရေးတွေအပေါ် ကောင်းကျိုး၊ ဆိုးကျိုး ဘယ်လောက်ရှိမလဲ၊ သဘာဝ ပတ်ဝန်းကျင်အပေါ် ထိခိုက်နိုင်မှု အခြေအနေတွေကို အဓိကထား စစ်ဆေးသွားမှာပါ” ဟု တိုင်းလွှတ်တော် စီမံကိန်း ကော်မတီ ဥက္ကဋ္ဌ ပုသိမ်မြို့နယ်၊ အမှတ် ၂ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သူထွေးက ဧရာဝတီကို ပြောသည်။

လွှတ်တော်ကော်မတီ အနေဖြင့် ကွင်းဆင်းစစ်ဆေးပြီးနောက် လေ့လာတွေ့ရှိချက်နှင့် သဘောထား မှတ်ချက် အစီရင်ခံစာကို ယခုလ ၂၈ ရက်နေ့တွင် ပြန်လည်ကျင်းပမည့် လွှတ်တော်အစည်းအဝေးတွင် တင်ပြသွားမည်ဖြစ်ကြောင်း သိရသည်။

SIM ကုမ္ပဏီအနေဖြင့် ကမ်းလွန် ရေနံတွင်းများ၏ လိုအပ်လျှက်ရှိသော ပို့ဆောင်ရေးနှင့် အခြား ၀န်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန်အတွက် နိုင်ငံတကာအဆင့်မီ ကမ်းလွန်ထောက်ပံ့ ပို့ဆောင်ရေးစခန်းတခု တည်ဆောက်ရန် ရည်ရွယ်ထားပြီး စီမံကိန်း တည်ဆောက်ရန် နံ့သာပုကျေးရွာ အုပ်စုရှိ မြေဧရိယာ ၁၈၄ ဒသမ ၃၀ ဧကကို ဒေသခံတောင်သူ ၄၆ ဦးထံမှ ၂၀၁၅ ခုနှစ်အတွင်းက ၀ယ်ယူခဲ့ကြောင်း ကုမ္ပဏီ၏ အဆိုပြုလွှာတွင် ဖော်ပြထားသည်။

မြေအသုံးချခွင့်အတွက် ကုမ္ပဏီမှ တင်ပြလျှောက်ထားခဲ့ရာ ယခင်ဝန်ကြီးချုပ် ဦးသိန်းအောင် ဦးဆောင်သည့် ဧရာဝတီတိုင်း အစိုးရအဖွဲ့ဟောင်းက ယခုနှစ် မတ်လ ၁၁ ရက်နေ့တွင် လယ်ယာမြေ အခြားနည်းသုံးစွဲခွင့် ၃၀ (ခ) ကို ခွင့်ပြုပေးထားပြီး ဖြစ်ကြောင်း သိရသည်။

အဆိုပါစီမံကိန်းတွင် ဆိပ်ခံတံတား၊ ကုန်သိုလှောင်ရုံ၊ ရေသိုလှောင်ကန်၊ စက်ပစ္စည်းသိုလှောင်ရုံ၊ အသက်မွေးဝမ်းကျောင်းမှု သင်တန်းကျောင်း၊ ဟိုတယ်နှင့် စားသောက်ဆိုင်များ တည်ဆောက်ရန် ပါရှိပြီး သင်္ဘောကမ်းကပ်သည့် ၀န်ဆောင်မှု၊ ရုံးခန်းငှားရမ်းခြင်း ၀န်ဆောင်မှု၊ အကောက်ခွန် ၀န်ဆောင်မှု၊ လုံခြုံရေးနှင့် အစောင့်ချထားသည့် ၀န်ဆောင်မှုနှင့် မီးငြှိမ်းသတ်သည့် ၀န်ဆောင်မှုများ လုပ်ဆောင်ရန် ရည်ရွယ်ထားကြောင်း အဆိုပြုလွှာတွင် ရေးသားဖော်ပြထားသည်။

“စီမံကိန်းဖော်ပြချက်က အကျဉ်းချုပ်သာဖြစ်ပြီး ကောင်းတာတွေပဲ ဖေါ်ပြထားတယ်။ ဆိုးကျိုးတွေကို ဖော်ပြမထားဘူး။ စီမံကိန်းတခုမှာ ဆိုးကျိုး ကောင်းကျိုး နှစ်မျိုးစလုံးရှိမှာ ဆိုပေမယ့် ဒေသခံ ပြည်သူတွေရဲ့သဘောထားက အရေးကြီးပါတယ်။ ဒေသခံပြည်သူကို ချပြပြီး ပြည်သူရဲ့ သဘောထားတွေ ရယူသင့်ပါတယ်” ဟု ဧရာဝတီတိုင်းဒေသကြီး လွှတ်တော် ငပုတောမြို့နယ် ကိုယ်စားလှယ် ဦးဖြိုးဇော်ရွှေက ပြောသည်။

ငရုတ်ကောင်း ကမ်းခြေဒေသတွင် ဂေါ်ရင်ဂျီကျွန်းနှင့် သဘာဝ အတိုင်းရှိနေသော တောတောင်ကမ်းခြေ များကြောင့် စက်မှုဆိုင်ရာ လုပ်ငန်းများထက် ခရီးသွားလုပ်ငန်းများနှင့် ဒေသဖွံ့ဖြိုးရေးများ လုပ်ပေးစေချင်ကြောင်း ငရုတ်ကောင်းမြို့ခံ ဦးမောင်ကံက ပြောသည်။

“ဒီစီမံကိန်းက ယခင်အစိုးရ လက်ထက်ကတည်းက လုပ်မယ်ဆိုတဲ့ ရေနက်ဆိပ်ကမ်း စီမံကိန်းကို အခုမှ ပုံစံတမျိုးနဲ့ ပြန်အကောင်အထည် ဖော်တာလို့ ထင်တယ်။ ကျနော်တို့ ဒေသခံတွေကတော့ စီမံကိန်းကြောင့် ဒေသရဲ့ လူမှုစီးပွား အခြေအနေတွေ ပျက်ပြားကုန်မှာ စိုးရိမ်ပါတယ်” ဟု သူက ပြောသည်။

ငရုတ်ကောင်းဒေသ၊ နံ့သာပုကျေးရွာအနီးရှိ ဂေါ်ရင်ဂျီကျွန်းနှင့် ဂေါ်ရင်ဂျီကမ်းခြေမှာ သာယာ လှပသည့်အတွက် ယခုနှစ်ပိုင်းအတွင်း ပြည်တွင်းပြည်ပ ခရီးသွားများအကြား ရေပန်းစားနေပြီး တနှစ်ထက်တနှစ် လာရောက်လည်ပတ် အပန်းဖြေသူ များပြားလာသည့် ဒေသတခု ဖြစ်သည်။
Irrawaddy

မြောင်းမြဆေးရုံကြီး သားဖွားဆောင်မှ ဆရာမကြီးဒေါ်နီနီဇော်နှင့်ဝန်ထမ်းများကိုဂုဏ်ပြုလျက်


မြောင်းမြဆေးရုံမှ Operation တစ်ခု။
ဒီနေ့အပင်းသွင်းထားတဲ့စုန်းမနဲ့ပညာပြိုင်ရတယ်။
မှော်ဆရာကလဲဗိုက်ထဲကအပင်းလုံးကိုမှော်ဒါးနဲ့ခုတ်၊
အင်းပြားကိုမီးရှို့ပြီးဗိုက်ပတ်ပတ်လည်မှာတင်ပြီးမီးပူပေးထားတယ်။
မှော်ဆရာလက်လျှော့မီးဆရာဝန်ဆီရောက်လာတယ်။
အလုံးကနာလဲနာ ညနေတိုင်းလဲအဖျားတက်တယ်တဲ့။
ပေါ့သေးသေးမဟုတ်တော့ပီပဲ။
မိခင်ဆေးတက္ကသိုလ်ကအပင်းသွင်းပယောဂ
အပမှီကုနည်းကိုမသင်လိုက်တော့စိတ်ညစ်ရတယ်။
ဘာရမလဲ စုန်းမကိုတော့အလျှော့မပေးဘူး။
သရဏဂုံသုံးပါးခွဲဒါးနဲ့ခွဲ diathery ဆိုတဲ့
အင်းအချောင်းနဲ့သွေးထွက်တဲ့နေရာတွေရှို့
အူမကြီးဆီးလမ်းကြောင်းနဲ့ကပ်နေတဲ့အလုံးတွေနဲ့
သားအိမ်ကိုခက်ခက်ခဲခဲခွဲစိတ်ရတယ်။
နောက်ဆုံးတော့အပင်းသွင်းပြုစားခံရတဲ့ရောဂါကုတတ်ပီ။

ဒါနဲ့ဆက်တွေးမိတယ်။
အရေးပေါ်အခြေအနေလူနာနဲ့လူနာရှင်ကတော့ဒီလိုအခြေအနေကို
အရေးပေါ်လို့သတ်မှတ်ပေမဲ့ဆရာဝန်ဆရာမအတွက်တော့ late arrival နောက်ကျမှကုသရန်
ရောက်လာခြင်းဖြစ်ပါတယ်။
အချိန်မီရမ်းကုနဲ့မှော်ဆရာများကပေါက်ကရလုပ်ထားသောူလူနာသည်ဆရာဝန်ဆရာမအတွက်တော့
ကုသရန်ခက်ခဲသောအခြေအနေဖြစ်နေဖို့များပါသည်။
တကယ်ာ့ရောဂါလက္ခဏာများပျောက်သွားပြီးသွေးဆိပ်ပျန့်ခြင်း အဖျားဝင်ခြင်း သွေးအားနည်းခြင်း
ကျောက်ကပ် အသည်း နှလုံးတို့ကောင်းစွာအလုပ်မလုပ်ကိုသိနိုင်ရန်သွေးစစ် ဆီးစစ်
ဓါတ်မှန်ရိုက် usg လုပ်ရပါသည်။
အထက်ပါစစ်ဆေးမှုများသည် ၄၅ မိနစ်တစ်နာရီအနည်းဆုံးကြာတတ်ပါသည်
လူနာဘေးကင်းစေရန်လိုအပ်ပါကမေ့ဆေးအထူးကု ခွဲစိတ်အထူးကု သမားတော်တို့ပါဝိုင်းဝန်းခေါင်းချင်းဆိုင်စဉ်းစားကုသရပါသည်။
သို့ဖြစ်ပါ၍ကျန်းရေးဝန်ထမ်းနှင့်လူနာ လူနာရှင်တို့အကြားမလိုလားအပ်သောနားလည်မှု
အမှားအယွင်းကင်းစေရန်လူတိုင်းလူတိုင်းကျန်းမာရေးဗဟုသုတရှိရန်လိုခြင်း အမှန်တကယ်ဆေးပညာကိုကျွမ်းကျင်စွာတတ်မြောက်သောဆေးပညာရှင်များနှင့်စောစီးစွာတိုင်ပင်ဆွေးနွေးကုသရန်ပညာပေးခြင်းတို့နိုင်ငံတော်အစိုးရကဦးစားပေးအဖြစ်ချမှတ်အကောင်အထည်ဖေါ်
လုပ်ဆောင်သင့်ပါသည်။
Credit Daw Ne Ne Zaw

ပုသိမ်တွင် ပထမဆုံးအကြိမ် တန်ဖိုးသင့် တိုက်ခန်း အငှားစနစ် စတင်

ပုသိမ်၊ စက်တင်ဘာ ၁၁

ဧရာဝတီ တိုင်းဒေသကြီး၏ မြို့တော် ပုသိမ်မြို့ရှိ၊ ဥမ္မာဒန္တီ၊ အငှားအိမ်ရာတွင် တန်ဖိုးသင့် တိုက်ခန်းများကို ပြည်သူများ ငှားရမ်း နေထိုင်နိုင်ရန် လျှောက်လွှာများ စတင် ရောင်းချနေကြောင်း တိုင်းဒေသကြီး အစိုးရအဖွဲ့က ကြေညာသဖြင့် ပုသိမ်မြို့တွင် နှစ် ၅ဝ ကျော်အတွင်း ပထမဆုံး တန်ဖိုးသင့် တိုက်ခန်း အငှားစနစ် စတင်မည်ဖြစ်ကြောင်း ယင်းအစိုးရ အဖွဲ့ရုံးထံမှ သိရှိရသည်။

အဆိုပါ တိုက်ခန်းများကို ငှားရမ်းရာတွင် နေအိမ် အခက်အခဲ ရှိနေသော ဝန်ထမ်း၊ ပင်စင်စား၊ ကုမ္ပဏီဝန်ထမ်း၊ ပြင်ပပြည်သူဟု လျှောက်လွှာ အမျိုးအစား ကွဲပြားသော်လည်း လျှောက်ထားသူများကို ညီမျှစွာ ငှားရမ်း ပေးမည်ဖြစ်ပြီး တိုက်ခန်း အမျိုးအစားအလိုက် ငှားရမ်းခမှာ ၃၂,၅ဝဝ ကျပ်မှ ၄၃,၅ဝဝကျပ် ရှိကြောင်း၊ ရွေးချယ်ရာတွင် မဲစနစ်ဖြင့် ပွင့်လင်းမြင်သာ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ဧရာဝတီ တိုင်းဒေသကြီး စက်မှုလက်မှု လျှပ်စစ်နှင့် လမ်းပန်း ဆက်သွယ်ရေး ဝန်ကြီးဦးဝင်းဌေးက ပြောသည်။

“မည်သူမဆို လျှောက်ထားနိုင်ပါတယ်၊ လျှောက်လွှာမှာပါတဲ့ ထောက်ခံချက်တွေတော့ ပါရှိဖို့တော့ လိုအပ်ပါမယ်၊ တိုက်တစ်လုံးစီက ကိုယ်စားလှယ် တစ်ဦးစီနဲ့ အိုးအိမ် ဦးစီးဌာနက ဝန်ထမ်း တစ်ဦးပါဝင်တဲ့ တိုက်ခန်း သာယာရေး ကော်မတီ ဖွဲ့ပြီး အုပ်ချုပ်မှုနဲ့ စီမံခန့်ခွဲမှုများ ဆောင်ရွက်မှာပါ”ဟု ၎င်းက ရှင်းပြသည်။

အဆိုပါ တန်ဖိုးသင့် လူနေတိုက်ခန်းများ လျှောက်လွှာကို ဧရာဝတီ တိုင်းဒေသကြီး အိုးအိမ် ဦးစီးဌာနတွင် ဝယ်ယူနိုင်ကြောင်း၊ ငှားရမ်းရာတွင်  ပြီးစီးသော အခန်း ၉၂ ခန်းကို ငါးနှစ်အငှား စာချုပ်ဖြင့် ငှားရမ်းမည်ဖြစ်ပြီး တစ်လဝင်ငွေ တစ်သိန်းမှ ၃သိန်း ကြားရှိသူများ လျှောက်ထား နိုင်ကြောင်း ဧရာဝတီ  တိုင်းဒေသကြီး မြို့ပြနှင့် အိမ်ရာ ဖွံ့ဖြိုးရေး ဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဦးမြင့်ဇော်ဦးက ပြောသည်။

၂ဝ၁၅ ခုနှစ် မေလပိုင်းက ယင်းစီမံကိန်းကို ပုသိမ်မြို့ ၁၄ ရပ်ကွက်တွင် စတင် ဆောင်ရွက်ခဲ့ပြီး ၂ဝ၁၆ နှင့် ၂ဝ၁၇ ခုနှစ် ဘဏ္ဍာနှစ်အတွင်း အပြီးတည်ဆောက်ရန် လျာထား သတ်မှတ်ထားကြောင်း မြေ ၉ ဒသမ ၃၄ ဧကပေါ်တွင် စုစုပေါင်း အဆောက်အအုံ ၂၇ လုံး တည်ဆောက်ပြီး အခန်း ၄ဝဝ ခန့်ရှိပြီး ဆောက်လုပ်ရေး ကုမ္ပဏီ ၈ ခုက တာဝန်ယူ တည်ဆောက်နေခြင်း ဖြစ်ကြောင်း  ဥမ္မာဒန္တီ တန်ဖိုးနည်း အိမ်ရာ စီမံကိန်းနှင့် တန်ဖိုးသင့် အငှား အိမ်ရာစီမံကိန်း ကွပ်ကဲရေးရုံးထံမှ သိရှိရ သည်။
thevoicemyanmar

င့ါရင်ထဲကလိပ်ပြာ(ဇေရဲထက်၊ရွှေမှုန်ရတီ)



င့ါရင်ထဲကလိပ်ပြာ-၁(ဇေရဲထက်၊ရွှေမှုန်ရတီ) by burmesemovies

 Part-2


င့ါရင်ထဲကလိပ်ပြာ-၂(ဇေရဲထက်၊၀တ်မှုန်ရွှေရည်) by burmesemovies

ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်အဆောက်အအုံ အောက်တိုဘာလအတွင်းတည်ဆောက်မည်ဟုဆို

ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်အဆောက်အအုံ အောက်တိုဘာလအတွင်းတည်ဆောက်မည်ဟုဆို

ကာလာစုံLesson(စိုင်းစိုင်းခမ်းလှိုင်၊ဖွေးဖွေး၊မာရီကိုးလ်၊ခင်သဇင်၊ဆန်းသစ်လ)


ကာလာစုံLesson(စိုင်းစိုင်းခမ်းလှိုင်၊ဖွေးဖွေး၊မာရီကိုးလ်၊ခင်သဇင်၊ဆန်းသစ်လ)

ကျုံပျော်မြို့နယ် သောင်ရွာကျေးရွာရှိမကုဋာရာမကျောင်းတိုက်တွင် တည်ထားကိုးကွယ်တော်မူသောမျက်ရှင်ကိုယ်တော်


ကျုံပျော်မြို့နယ် သောင်ရွာကျေးရွာရှိမကုဋာရာမကျောင်းတိုက်တွင် တည်ထားကိုးကွယ်တော်မူသောမျက်ရှင်ကိုယ်တော်သည် 9.10.2016 ( စနေနေ့ ) ည ၈နာရီဝန်းကျင်တွင်တန်ခိုးအရာ ရောင်ခြည်ဖြာ၍သက်ဝင်သကဲ့ ပြတော်မူ၏။ ကျွန်တော်လည်း ထိုနေ့မှ ရွာကို ခေတ္တပြန်ခဲ့ပါသည်။တိုက်တိုက်ဆိုင်ဆိုင်ဆိုသလို့ ကိုယ်တိုင်ဖူးမျှော်ခွင့်ရခဲ့ပါသည်။ အနယ်နယ်အရပ်ရပ်မှ မိတ်ဆွေအပေါင်းအဖော်များ ဖူးမျှော်ရစေရန်သူငယ်ချင်းများထံမှ ကူးယူ၍ထပ်ဆင့်ကုသိုလ်ပွားအပ်ပါသည်။ အားလုံးသော လူအပေါင်းကျန်းမာချမ်းသာကြပါစေ...... ကျုံပျော်မြို့နယ် သောင်ရွာကျေးရွာရှိမကုဋာရာမကျောင်းတိုက်တွင် တည်ထားကိုးကွယ်တော်မူသောမျက်ရှင်ကိုယ်တော်သည် 9.10.2016 ( စနေနေ့ ) ည ၈နာရီဝန်းကျင်တွင်တန်ခိုးအရာ ရောင်ခြည်ဖြာ၍သက်ဝင်သကဲ့ ပြတော်မူ၏။ ကျွန်တော်လည်း ထိုနေ့မှ ရွာကို ခေတ္တပြန်ခဲ့ပါသည်။တိုက်တိုက်ဆိုင်ဆိုင်ဆိုသလို့ ကိုယ်တိုင်ဖူးမျှော်ခွင့်ရခဲ့ပါသည်။ အနယ်နယ်အရပ်ရပ်မှ မိတ်ဆွေအပေါင်းအဖော်များ ဖူးမျှော်ရစေရန်သူငယ်ချင်းများထံမှ ကူးယူ၍ထပ်ဆင့်ကုသိုလ်ပွားအပ်ပါသည်။ အားလုံးသော လူအပေါင်းကျန်းမာချမ်းသာကြပါစေ......
ဆရာကိုကျော်