Latest News

Thursday, June 30, 2016

လေးမျက်နှာမြို့နယ်ရှိ အိမ်ခြေ ၅၀၀ ခန့် မြစ်ကမ်းပြိုမည့် အန္တရာယ်ကြုံတွေ့နေရ

By ဆလိုင်းသန့်စင် | June 28, 2016
(ဓာတ်ပုံ – ဆလိုင်းသန့်စင် / ဧရာဝတီ)

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်၊ အိုင်သပြုကျေးရွာ၌ င၀န်မြစ်ရေ တိုက်စားမှုကြောင့် ကမ်းများပြိုကျနေပြီး၊ ထိုကျေးရွာရှိ အိမ်ခြေ ၅၀၀ ခန့်သည် မြစ်ကမ်းပြိုကျမည့် အန္တရာယ်ကြုံတွေ့နေရကြောင်း သိရသည်။


အိုင်သပြုကျေးရွာ ကမ်းနားလမ်းတွင် နေထိုင်သည့် ကိုခင်မောင်လွင်က “ကျနော့်အိမ်နဲ့ ကမ်းပြိုတဲ့နေရာနဲ့ နဂိုတုန်းကပေ ၇၀ လောက်ဝေးရာက အခုဆိုပေ ၃၀ လောက်ပဲ ဝေးတော့တယ်။ ဒီကမ်းကို ပြုပြင်မှု မလုပ်ဘူးဆိုရင် ဆက်ပြီးတော့ ပြိုနိုင်တယ်။ ဒီပုံအတိုင်း ဆက်ပြိုရင် ကျနော်တို့ရွာ အိမ်ခြေ ၁၅၀၀ ရှိတဲ့အထဲ ၅၀၀ လောက်က ကမ်းပြိုတဲ့အထဲ ပါသွားနိုင်တယ်” ဟု ဧရာဝတီကို ပြောသည်။

ကမ်းပြိုကျမှုကြောင့် နေစရာအခက်အခဲ ဖြစ်နေသူများကို အိုင်သပြုကျေးရွာ အုပ်ချုပ်ရေးတာဝန်ရှိသူများက မိသားစု ၁ စုလျှင် အလျားပေ ၄၀၊ အနံပေ ၆၀ ရှိသည့် မြေကွက် ၁ ကွက်စီ နေရာချ အပိုင်ပေးထားကြောင်း သိရသည်။ ပြီးခဲ့သည့် ၂၀၁၅ ခုနှစ် ဒီဇင်ဘာလက င၀န်မြစ်ကမ်းပါးကမ်းပြိုကျမှုတွင် ပါဝင်သွားသည့် နေအိမ် ၅၂ လုံးကို ဒေသဆိုင်ရာ တာဝန်ရှိသူများက ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ကြောင်း ဒေသခံများက ပြောသည်။
Irrawaddy

မြစ်ကမ်းပြို၍ ဒုက္ခရောက်သူများ


င၀န်မြစ်ရေတိုက်စားမှုကြောင့် လေးမျက်နှာမြို့နယ်၊ အိုင်သပြုကျေးရွာ၌ ပြီးခဲ့သည့် ၂၀၁၅ ခုနှစ် ဒီဇင်ဘာလက မြစ်ကမ်းပြိုမှုများဖြစ်ပွားခဲ့ပြီး ကမ်းပြိုမှုကြောင့် နေအိမ် ၅၂ လုံးကို ဒေသဆိုင်ရာ တာဝန်ရှိသူများက လေးမျက်နှာ - အိုင်သပြု ကားလမ်းနံဘေးတွင် မြေကွက်များဖော်ထုတ်၍ နေရာချပေးထားသည်။

ကမ်းပြိုမှုကြောင့် ဒုက္ခရောက်သူများနေထိုင်ရာရပ်ကွက်ကို သခင်ဖိုးလှကြီး ရပ်ကွက်ဟုအမည်ပေးထားပြီး မိသားစု ၆၂ စု နေထိုင်လျှက်ရှိကာ အဆိုတော် R ဇာနည်က နေအိမ် ၅ လုံး ဆောက်လုပ်လှူဒါန်းခဲ့သည့် အတွက် ရပ်ကွက်အတွင်းမှလမ်းတလမ်းကို R ဇာနည် လမ်းအဖြစ် ဒေသခံများက ဂုဏ်ပြုမှည့်ခေါ် ထားသည်။

ဓာတ်ပုံ - ဆလိုင်းသန့်စင်/ဧရာဝတီ
The Irrawaddy - Burmese Edition
June 27 at 3:49pm ·








ဟင်္သာတမြို့ က ပေါ်တော်မူဘုရားကိစ္စကျောင်းထိုင်ဆရာတော်နှင့်အမေးအဖြေ








29-6-2016 နံနက် အစောပိုင်းက ဟင်္သာတမြို့နယ် ဘုရားကုန်းအုပ်စု ဘုရာကုန်းအနောက်ကျောင်းကြီး တွင် ဗုဒ္ဓရွှေဆင်းတုတော်တစ်ဆူ ကျောင်းအဝင်ဝ ကွန်ကရစ်လမ်း အောက်ကနေ ထိုးဖောက်ပြီးတစ်ဖြည်းဖြည်း ပေါ်လာတယ်လို့ အင်တာနက်သတင်းတွေမှာ တွေ့ရပါတယ်။ကျောင်းက ဦးပဇ္ဇင်းတစ်ပါးက နံနက် ၇နာရီမှာ အာရုံဆွမ်းသွားယူရာကနေ စပြီးတွေ့တယ်လို့ဆိုပါတယ်။

ပေးကားပေး၏မရတဲ့စနစ်နဲ့ ကိုယ်ကျိုးစီးပွါးမျှဝေခြင်း


`ပေးကားပေး၏မရတဲ့စနစ်နဲ့ ကိုယ်ကျိုးစီးပွါး´
============================
လက်ရှိဧရာတိုင်းမှာ ဘယ်ကနေပဲပြန်စွန့် လွှတ်တဲ့မြေဖြစ်ပါစေ အစိုးရကိုယ်တိုင် သက်ဆိုင်ရာဌာန နဲ့ အစိုးရဟောင်း ကျင့်သုံးနေတဲ့အတိုင်း သက်ဆိုင်ရာ အာဏာပိုင်တွေကို လွှဲနေတုန်းပါပဲ
အဲ့ဒီမှာပဲ အရပ်အခေါ်ကြားပွဲစားလို့ လူသိများတဲ့ တာဝန်ခံလိုလို လူတွေပေါ်ပေါက်လာပြီး သူတို့ကိုယ်ကျိုးစီးပွါးအတွက် ပြန်စွန့်လွှတ်တဲ့မြေတွေကို လက်ရှိလုပ်ကိုင်နေသူကို မရရအောင် နည်းမျိုးစုံသုံး လိမ်ကြပါတော့တယ်
စွန့်လွှတ်လယ်မြေ တွေကိုပေးတဲ့နေရာမှာ လက်ရှိလုပ်ကိုင်နေသူကို ပေးလိုက်တာလား
အသိမ်းခံရတဲ့လယ်သမား လက်ထဲ တကယ်ပြန်ရောက်ရဲ့လား ဆိုတာကို အစိုးရအဖွဲ့ကို ရှင်းရှင်းလင်းလင်းချမပြပဲ လယ်သမားတွေ လက်ထဲဥပဒေအတိုင်း ပြန်လည်ပေးအပ် လိုက်ပါပြီ ဆိုတဲ့အစီရင်ခံစာ တင်ပါတော့တယ်
အရင်အစိုးရ လက်ထက်က လည်းဒီလိုလုပ်ခဲ့သလို အခုလည်း ဒီလမ်းစဉ်အတိုင်းပဲ လုပ်ဆောင်နေတာကို မကြာသေးမီက ဒုသမ္မတလာရောက် ပြီးပေးအပ်ခဲ့တဲ့ ပန်းတနော်နဲ့ဖျာပုံမြို့နယ် တွေကလယ်သမားတွေရဲ့ ပြဿနာက ထင်ထင်ရှားရှားပြသတော့မယ့် ဖြစ်ရပ်တစ်ခုဖြစ်နေပါတော့တယ်

`မျှဝေခြင်း´
ကျွန်တော့်အနေနဲ့ မနေ့က လယ်ယာမြေပြန်လည်စွန့်လွှတ်မှုတွေမှာ သမင်မွေးလိုက် ကျားစားလိုက် ဖြစ်နေတဲ့အခြေအနေ ကိုသိသာအောင် Post တစ်ခုတင်ပါတယ်
အဲ့ဒီမှာ အခုလက်ရှိ တကယ်လုပ်ကိုင်နေတဲ့ လယ်သမားတွေက သူတို့ထမင်းအိုးကွဲအောင် အကုန်စွန့်လွှတ်ရမှာလား သဘောမျိုးတွေ ပြောလာတာရှိပါတယ်
ကျွန်တော်အနေနဲ့ အဲ့ဒီသဘောမျိုး ရည်ရွယ်ခြင်းမဟုတ်ပါ ဒါပေမယ့် အဲ့ဒီလယ်ယာမြေကို မူလစတင်ပိုင်ဆိုင်ခဲ့ သူတွေက လက်လွတ်စပယ် အာဏာနဲ့အနိုင်ကျင့် အသိမ်းခံခဲ့ရတာ ဖြစ်တဲ့အတွက် ဘဝတွေနလန်မထူနိုင်အောင် ဖြစ်နေရတယ်ဆိုတာလည်း လက်ရှိလုပ်ကိုင်နေတဲ့ လယ်သမားတွေက ဒေသခံတွေ အတူတူအသိဆုံးဖြစ်မှာပါ
အဲ့ဒီတော့ အစိုးရ။တပ်။ကုမ္ပဏီ တွေကလည်း ပြန်စွန့်လွှတ်ပါပြီ ဆိုရင် ကိုယ်တွေလုပ်ကိုင်နေတဲ့ လယ်ယာမြေရဲ့ တာဝန်ရှိသူတွေ ဌာနတွေကို ပိုက်ဆံလိုက်ထိုးပြီး ဆက်လက်ပိုင်ဆိုင် ဖို့ကြိုးစားနေမယ့်အစား ၃၀ ဧကလောက်ရှိတဲ့သူက ၁၀ ဧကလောက် ဖြစ်ဖြစ်ကိုယ့်ရဲ့ ပိုင်ဆိုင်မှုကို ၃ ချိုး ၁ ချိုး မျှပေးဖို့ပဲညှိုနှိုင်းပြီး လုပ်လိုက်ရင်အဆင်ပြေဖို့ ရည်ရွယ်တာပါ
ဒါကလည်း ထမင်းမျှကျွေးတဲ့ သဘောမျိုးဖြစ်တဲ့အတွက် နတ်လူသာဓုခေါ်မယ့်ကိစ္စဖြစ်မှာပါ ဒါမှမဟုတ်ဘဲ ငါကလက်ရှိလယ်ပိုင်ရှင် ဘယ်လောက်ကုန်ကုန် ငွေနဲ့လိုက်မယ် ဆိုတဲ့စိတ်နဲ့ အကျင့်ပျက်ဌာနတွေကို ငွေနဲ့ပေါက် ခိုင်းစေပြီးဆက်လုပ်မယ် ဆိုရင်တော့ ရွှေထည်ခိုးတဲ့ပြစ်မှုလိုပဲ ပိုင်ရှင်သဘောမတူပဲ ခိုးတဲ့သူက အပေါင်လာခံတာကို လက်ခံထားတဲ့ အပေါင်ဆိုင်လိုပဲ ဘာတစ်ခုမှ မရတော့ပဲ မူလပိုင်ရှင်ကို ပေးဖို့ပြန်အသိမ်းခံ ရမယ့်အချိန်ကို မကြာခင်ရောက်လာတော့မယ်လို့ သတိပေးလိုက်ပါရစေ
မျိုးမင်း ထွန်း

တစ်ယောက်ဆင်းတစ်ယောက်တက်


Wednesday, June 29, 2016

(အစာအိမ် ရောင်ရမ်းခြင်း ကုသနည်း)



အစာအိမ်ရောင်ရမ်းခြင်းအတွက် အာလူးအစိမ်းနှင့် ပျားရည် သုံးရပါမည်။ ဆေးဖော်စပ်ပုံမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

၁။ အာလူးသီးအစိမ်းရည် တဖန်ခွက်ဖြစ်အောင် ပြင်ဆင်ပါ။ မာနေသော အာလူးအဖတ်များကို အရည်ကြည်သာကျန်သည်အထိ ထုတ်ပစ်ပါ။

၂။ ယင်းအာလူးသီးအရည်ထဲသို့ ပျားရည်စစ်စစ် လက်ဖက်ရည် တဇွန်းခန့် ထည့်ပါ။ ပျားရည်သည် အနာများ ကျက်စေသော အစွမ်းသတ္တိရှိပါသည်။ ပဋိဇီဝဆေးများ (Antibiotics) မပေါ်မီ ကာလအချိန်များ၌ ဥရောပတခွင်တွင် သေနတ်ဒဏ်ရာ ရသူများကို ပျားရည်ဖြင့် ကုသကြသည်။

၃။ အထက်ပါအတိုင်း သမအောင် ရောစပ်ထားသော အားလူးစိမ်းရည်နှင့် ပျားရည်ကို အိပ်ရာမ၀င်မီ သောက်ပါ။

၎။ ဤသို့သောက်ခြင်းအားဖြင့် တညလုံး အက်စစ်များထွက်၍ အစာအိမ်ကို ဒုက္ခပေးခြင်းမှ ကာကွယ်ပေးပါ လိမ့်မည်။

၅။ ညစဉ် အနည်းငယ်ခန့် ဆက်တိုက်သောက်ပါ။

၆။ ဤနည်းဖြင့် အစာအိမ်ရောင်ခြင်း မသက်သာလျှင် အားလူးသီးရည်အစား ဂေါ်ဖီထုပ်အရည် သုံးကြည့်ပါ။

ယခုဖော်ပြထားသည့်နည်းသည် သိပ္ပံနည်းကျ အစာအိမ်ရောဂါအတွက် သုံးစွဲနေသော (Cimetidine) ဆေးများကဲ့သို့ ထိရောက်ကြောင်း တွေ့ရပါသည်။ ယင်းဆေးမြီးတိုကို သုံးစွဲခြင်းဖြင့် အစာအိမ်ရောင် ရောဂါဝေဒနာများ တပတ်အတွင်း သက်သာလာသည်ကို တွေ့ရပါလိမ့်မည်။

Credit original uploader
=========×=========×==========

အစာအိမ်ရောဂါ
============

၁။ အစာအိမ် ရောဂါ ဆိုတာ ဘာလဲ။

အစားအိမ်နှင့် အူသိမ် ဦးပိုင်းရှိ အတွင်းနံရံ အမြှေးပါးတွင်း ဖြစ်ပွားသော အနာရောဂါနှင့် အဆိုပါ နေရာများရှိ အမြှေးပါးများ ရောင်ရမ်း ခြင်းကြောင့် ဖြစ်ပေါ်လာသော အစာမကြေခြင်း၊ ရင်ဘတ် အောင့်ခြင်း ရောဂါ ဝေဒနာကို ဆိုလိုပါတယ်။ ယခင်အခါ များက အစာအိမ် အတွင်း အက်စစ်ဓာတ် လွန်ကဲခြင်းကြောင့် အစာအိမ် ရောဂါ ဖြစ်တယ်လို့ ဆိုခဲ့ကြပေမယ့် ယခုအခါ H.pylori ရောဂါပိုးကြောင့် အက်စစ်ဓာတ် လွန်ကဲကာ အစာအိမ်ရောဂါ ဖြစ်ပွားတယ်လို့ သိရပါတယ်။ အကိုက်အခဲ ပျောက်ဆေး၊ ထိုးဆေးများ အလွန်အကျွံသုံးစွဲမှု ကြောင့်လည်း ဖြစ်ပွား တတ်ပါတယ်။

၂။ ရောဂါဖြစ်နိုင်ချေရှိပြီး အန္တရာယ်ရှိတဲ့ အုပ်စုက ဘယ်သူတွေလဲ။

လူတိုင်းမှာ အစာအိမ် ရောဂါ ဖြစ်နိုင်တဲ့ အန္တရာယ် ရှိပါတယ်။ ဖွံ့ဖြိုးဆဲ နိုင်ငံများမှာ လူဦးရေရဲ့ ၁၀% အထိ ဖြစ်ပွားလေ့ ရှိတတ်ပါတယ်။

၃။ ဒီရောဂါ ဖြစ်မှန်း ဘယ်လိုသိမလဲ။

ဝမ်းဗိုက် အထက်ပိုင်း ရင်ညွန့် နေရာမှ အောင့်ခြင်း၊ တစ်ခါတစ်ရံ အစာအိမ် ပေါက်သွား ခြင်းကြောင့် ၀မ်းဗိုက် အထက်ပိုင်း အလွန် အမင်းအောင့်ခြင်း၊ အစာအိမ် အနားမှ သွေးယို စီးတဲ့အတွက် သွေးအန်ခြင်း၊ သွေးဝမ်း သွားခြင်းစတဲ့ လက္ခဏာများ ဖြစ်ပေါ် ခံစားရပါတယ် အစာအိမ် နာရောဂါ ဖြစ်တာ နှစ်ပေါင်းများစွာ ကြာလာတဲ့ အခါ၊ အစာအိမ် ထွက်ပေါက် ကျဉ်းပြီး ပိတ်ဆို့ တတ်သောကြောင့် စားပြီးသော အစာများ မကြာခဏ ပြန်အန်ခြင်းတို့ ဖြစ်ပွား တတ်ပါတယ်။ အချို့သော သူများမှာ အစာအိမ် ကင်ဆာရောဂါ အဖြစ်နဲ့ လာတတ် ပါတယ်။ အစာအိမ် ရောဂါဖြစ်မှန်း သေချာအောင် သက်ဆိုင်ရာ ဆရာဝန်၏ အဆုံးအဖြတ် အစီအစဉ်ဖြင့် ဓာတ်မှန် ရိုက်ခြင်း၊ အစာအိမ် လမ်းကြောင်း မှန်ပြောင်းနှင့် ကြည့်ရှု လေ့လာခြင်း၊ H.pylori ပိုးရှိမရှိ မှန်ပြောင်းနှင့်ကြည့်ခြင်း၊ အစာအိမ်နာ ဖြစ်သောနေရာမှ အသားစ ယူကာ စစ်ဆေးခြင်း(သို့) အစာအိမ် မှန်ပြောင်း မကြည့်ဘဲ H.pylori ပိုးအတွက် ပဋိပစ္စည်းများ၊ ခုခံပစ္စည်းများ ထွက်နေခြင်း ရှိမရှိ သွေးကို ဓာတ်ခွဲစစ်ဆေးခြင်း အားဖြင့်လည်း သိရှိနိုင်ပါတယ်။

၎။ ခေတ်မီရောဂါကုထုံး ဘာတွေရှိသလဲ။

ဆိုဒါမှုန့် ဆေးဝါးနှင့် ခေတ္တခဏ ဝေဒနာ သက်သာ စေနိုင်ပါတယ်။ ATACID ဆေးပြားများ သောက်ခြင်းဖြင့် အတော်အတန် အစာအိမ်နာရောဂါကို ဖုံးကွယ် ပေးထား နိုင်ပါတယ်။ CIETIDINE,RANITIDINE စတဲ့ ဆေးများနှင့် အစာအိမ် အနာ အများအပြားကို အနာကျက် စေနိုင်ပါတယ်။ OMEPRAZOLE ဆေးနှင့် အစာအိမ်နာ များကို အလျင်အမြန် ပျောက်ကင်း စေနိုင်ပါတယ်။ ဒါပေမယ့် အစာအိမ်ရောဂါများဟာ သဘာဝအလျောက် တစ်နှစ်အတွင်း ၈၀%မှာ ရောဂါ ပြန်ပေါ် တတ်ပါတယ်။ H.pylori ပိုးလုံးဝ ကင်းစင်နိုင် သောကုသမှု စတင်အသုံးပြုလာခဲ့တဲ့ ၁၉၈၀-၉၀ ပြည့်နှစ်နောက်ပိုင်းမှာ အစာအိမ်နာရောဂါကို လုံးဝ ပျောက်ကင်းအောင် စွမ်းဆောင် နိုင်ပြီဖြစ်ပါတယ်။

၅။ အစာအိမ်ရောဂါဖြစ်နေတယ်လို့ သိရင်ဘာလုပ်ရမလဲ။

သက်ဆိုင်ရာ ဆရာဝန်နှင့် တိုင်ပင် ဆွေးနွေးပြီး လိုအပ်သော စမ်းသပ် စစ်ဆေးမှုများ၊ ကုသမှုများ ခံယူရပါမယ်။

၆။ အများပြည်သူအား မှာကြားချင်သော အဓိကအကြံပေးချက်။

အစာအိမ်နာ ရောဂါဟာ ယခု ၂၁ ရာစုနှစ်တွင် ဆေးဝါးနှင့် လုံးဝ ပျောက်ကင်းအောင် ကုသနိုင်သော ရောဂါ တစ်ခုဖြစ်ကြောင်း ဆေးသိပ္ပံ ပညာရှင်များက လက်ခံ ထားကြပါပြီ။ သက်ဆိုင်ရာ ဆရာဝန်နှင့် တိုင်ပင်ပြီး ကုသရန် လိုပါတယ်။ အကိုက်အခဲ ပျောက်ဆေးများ ကိုလည်း မိမိသဘောနှင့် မိမိ အလွန်အကျွံ သုံးစွဲခြင်းမှ ရှောင် ကြဉ် သင့်ပါကြောင်း မှာကြား ချင်ပါတယ်။
မြ၀တီ

ကမ္ဘာကျော်အားကစားပစ္စည်းကုမ္ပဏီ Adidas ဧရာဝတီတိုင်းအတွင်း စက်ရုံတည်ဆောက်နိုင်ဖို့ လာရောက်ဆွေးနွေး ၊ လျှပ်စစ်မီးလိုအပ်ချက် အဟန့်အတားဖြစ်နေ

ကမ္ဘာကျော်အားကစားပစ္စည်းကုမ္ပဏီ Adidas ဧရာဝတီတိုင်းအတွင်း စက်ရုံတည်ဆောက်နိုင်ဖို့ လာရောက်ဆွေးနွေး ၊ လျှပ်စစ်မီးလိုအပ်ချက် အဟန့်အတားဖြစ်နေ
==================================================


ကမ္ဘာကျော်အားကစားပစ္စည်းထုတ်ကုမ္ပဏီဖြစ်တဲ့ Adidas ကဧရာဝတီတိုင်းဒေသကြီးအတွင်း အားကစားပစ္စည်း စက်ရုံ လာရောက်တည်ဆောက်ဖို့ တိုင်းဒေသကြီးအစိုးရအဖွဲ့နဲ့ ဇွန်လ (၂၉)ရက်ကလာရောက် ဆွေးနွေးခဲ့တယ်လို့သိရပါတယ်။ တွေ့ဆုံဆွေးနွေးခဲ့မှုနဲ့ပတ်သတ်လို့ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ် မန်းဂျော်နီကနာမည်ကျော်ကုမ္ပဏီတစ်ခုဖြစ်တဲ့အတွက်လာရောက် ရင်းနှီးမြုပ်နှံဖို့စီစဉ် တာကိုကြိုဆိုပြီး ကုန်ပစ္စည်း ထုတ်လုပ်ဖို့လိုအပ်တဲ့ လျှပ်စစ်မီးကိစ္စ ကိုတော့တာဝန်မယူနိုင်ကြောင်း ပြောကြားခဲ့တယ်လို့ 5 Plus ကိုပြောပါတယ်။ တိုင်းဒေသကြီးအတွင်းရှိကျေးလက်ဒေသတွေကိုတောင် လျှပ်စစ်မီးအပြည့်အ၀ မပေးနိုင်တဲ့အတွက် စက်ရုံအတွက်လိုအပ်တဲ့ လျှပ်စစ်မီးအတွက်အစိုးရအနေနဲ့ တာဝန်မယူနိုင်ကြောင်းပြောကြား ခဲ့တာဖြစ်တယ်လို့ မန်းဂျော်နီက ပြောပါတယ်။ ဒါပေမယ့်လည်းဒီအစီအစဉ် ကိုလုံးဝ ဖျက်သိမ်းလိုက်တာ မဟုတ်ဘဲသက်ဆိုင်ရာ ပြည်ထောင်စု အစိုးရအဖွဲ့ကို ဆက်လက်တင်ပြသွားမယ်လို့လည်းဝန်ကြီးချုပ်မန်းဂျော်နီ ကပြောပါတယ်။ ကမ္ဘာကျော်အားကစားပစ္စည်းထုတ်လုပ်တဲ့ Adidas ကုမ္ပဏီဟာ ဂျာမနီနိုင်ငံမှာ အခြေစိုက်တာဖြစ်ပြီး ဘတ်စကတ်ဘော ၊ ဘောလုံး ၊ တင်းနစ်အစရှိတဲ့ အားကစားနဲ့ ဆက်စပ်ပစ္စည်းတွေကို ထုတ်လုပ်ပြီး ကမ္ဘာ့အနှံ့ကို ဖြန့်ချိနေတာဖြစ်ပါတယ်။
ဓာတ်ပုံ - မန်းဂျော်နီ FB
5 Plus News

ကမ္ဗောဇဘဏ်(ညောင်တုန်း)အတွက် တာဝန်ထမ်းဆောင်ရန် ဝန်ထမ်းများ လျှောက်လွှာခေါ်ယူနေပါပြီ။



မကြာမီဖွင့်လှစ်တော့မည့်
ကမ္ဗောဇဘဏ်(ညောင်တုန်း)အတွက် တာဝန်ထမ်းဆောင်ရန် ဝန်ထမ်းများ လျှောက်လွှာခေါ်ယူနေပါပြီ။

photo by Kyi Thu Maung

ဒုတိယအကြိမ် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေး အစီအစဉ်



ဘိုကလေးမြို့တွင် နှစ်လုံးထီ / ချဲထီ လောင်ကစားခြင်း ပြုလုပ်သည့် အမျိုးသားတစ်ဦးအား အင်းစိန် CID မှ ဖမ်း


၂၈.၆.၂၀၁၆ရက်နေ့ နံက် ၁၀း၄၀အချိန်ခန့်တွင် အမှတ်(၂)မှုခင်းတပ်ဖွဲ့ခွဲ(ရန်ကုန်)မှ ရဲအုပ် အောင်စိုး ဦးစီး၊တပ်ဖွဲ့ဝင်(၆)ဦးသည် သက်သေများနှင့်အတူ ဧရာဝတီတိုင်းဒေသကြီး ၊ ဖျာပုံခရိုင် ၊ ဘိုကလေးမြို့ အမှတ်(၂)ရပ်ကွက်၊ ကျော်ဇံကျောင်းလမ်း၊ အိမ်အမှတ်(၂၄)နေ မြတ်လင်းအောင်၏နေအိမ်တွင် နှစ်လုံးထီ/ချဲထီ လောင်းကစားပြုလုပ်နေကြောင်းသတင်းအရ (အင်းစိန်)မှုခင်း တပ်ဖွဲ့ခွဲမှ မှုခင်းကြီးကြပ်ရေးဌာနခွဲမှူး၏ လောင်းကစားနေအိမ်အား ၀င်ရောက်ရှာဖွေခွင့် ၀ရမ်းအမှတ်စဉ် (၃/၂၀၁၆)ဖြင့် ၀င်ရောက်ရှာဖွေရာ နေအိမ်ရှေ့ခန်းတွင် အိမ်ပိုင်ရှင်ဖြစ်သူ မြတ်လင်းအောင်(ခ)အောင်ပန်း(၃၂)နှစ်၊ (ဘ)ဦးဝင်းမြင့်သောင်း၊ ဈေးရောင်းသူအား လောင်းကစားပြုလုပ်နေသည်ကိုတွေ့ရှိပြီး အံဆွဲပါသစ်သား စားပွဲခုံပေါ်နှင့် အံဆွဲအတွင်းတို့မှ လောင်းကစားပြုလုပ်ရာတွင် အသုံးပြုသည့် သက်သေခံပစ္စည်းများနှင့် ငွေစက္ကူမျိုးစုံ(၁၁၁၄၀၀)ကျပ်တို့အား တွေ့ရှိသဖြင့်သိမ်းဆည်းခဲ့ပြီး မြတ်လင်းအောင်(ခ)အောင်ပန်းအား ရဲအုပ် အောင်စိုးမှ တရားလိုပြုလုပ်တိုင် တန်းကာဘိုကလေးမြို့မရဲစခန်း(ပ)၁၇၆/၂၀၁၆၊
လောင်းကစားဥပဒေပုဒ်မ-၁၅(က)/၁၆(က) ဖြင့်အမှုဖွင့်ပြီး အမှုအား ရဲအုပ်ထွန်းအောင် အမှတ်(၂)မှုခင်းတပ်ဖွဲ့ခွဲ၊ ရန်ကုန်မှ အမှုစစ် အဖြစ် စစ်ဆေးဆောင်ရွက်လျက်ရှိပါသည်။
မအူပင်သတင်းပုံရိပ်

‪#‎တိုင်း‬ဧရာ

ဧရာဝတီတိုင်းအတွင်း ကျောက်စုပ်လိုင်စင်သစ်များကို စိစစ်ချထားပေးရန် မြန်အောင် တိုင်းလွှတ်တော်အမတ် အဆိုတင်

စည်သူမောင်မောင်
Wed, 06/29/2016

(ဓာတ်ပုံ-စည်သူမောင်မောင်၊မဇ္ဈိမ)

ပုသိမ်၊ ဇွန် ၂၉ ။             ။ မြန်​​အောင်​မြို့နယ်​ တိုင်း​ဒေသကြီးကိုယ်​စားလှယ်​ ဦးလှမိုး​အောင်​က "​ကျောက်​စုပ်​လိုင်​စင်​သစ်များ ထုတ်ပေးသောအခါ  ဌာနဆိုင်​ရာပညာရှင်​များ ကွင်းဆင်းစစ်​​ဆေးပြီးဥပ​ဒေ၊ စည်းကမ်းများနဲ့ချ​ပေး​စေလို​ကြောင်း” အဆိုကို ဧရာဝတီတိုင်း​ဒေသကြီးအစိုးရအား တိုင်းလွှတ်​​တော်​ ၁၈ ရက်နေ့မြောက်တွင်​ တင်သွင်း​တောင်းဆိုခဲ့သည်​။

ဧရာဝတီတိုင်း​ဒေသကြီး ကြံခင်း၊ မြန်​​အောင်​၊ အင်္ဂပူ၊ ဟင်္သာတနှင့်​ ဇလွန်​မြို့နယ်​များတွင်​ ဧရာဝတီမြစ်​အတွင်း​ကျောက်​များကို လိုင်​စင်​စည်းကမ်း​ဘောင်​ကို ​ကျော်​လွန်​ ​ကျောက်​များစုပ်​ယူ​နေခြင်း၊ ​ကျောက်​မစုပ်​ရ သတ်​မှတ်​ထားသည့် နယ်​​မြေများတွင်​ စုပ်​ယူ​နေခြင်း၊ ဥပ​ဒေမဲ့​ကျောက်​စုပ်​ယူခြင်းကို တိုင်​ကြား​သော်​လည်း အ​ရေးမယူခြင်း၊ ထိ​ရောက်​စွာအ​ရေးမယူခြင်းတို့​ကြောင့်​ မြစ်​ကမ်းပါးများသည်​ သဘာဝလွန်​ကာ အမြန်​ကမ်းပြိုကျပြီး၊​ ဒေသခံပြည်​သူများ ​ရေ​ဘေးအန္တရာယ်​၊​ နေထိုင်​​ရေး၊ ပညာ​ရေး၊ ကျန်းမာ​ရေးကိစ္စများ အချိန်​နဲ့အမျှ ထိခိုက်​နစ်​နာ​နေရ​ကြောင်း အဆိုရှင်​ မြန်​​အောင်​မြို့နယ်​တိုင်း​ဒေသကြီးကိုယ်​စားလှယ်​ ဦးလှမိုး​အောင်​က လွှတ်​​တော်​တွင်​​ဆွေး​နွေးသည်​။

“ကျောက်​စုပ်​စက်​​လှေများ ၁၀စီး၊ အစီး၂၀အပြိုင်​​နေ့​ရောညပါ စုပ် ​ယူခြင်း၊ အဲဒီအခါ သဲ​တွေ ​ရေထဲ​မျောချင်​တဲ့​နေရာ​မျော ​အောက်​​ခြေက​ကျောက်​ထုထည်​က ကုန်း​ပေါ်​ရောက်​ပြီး မြစ်​ရဲ့ကြမ်းပြင်​ဟာ သဘာဝအ​နေအထားပျက်​ယွင်းပြီး ​ရေစီး ​ရေစွယ်​များ ဦးတည်​ရာမဲ့ထိုး​တော့တယ်​။ ထိုးလာတဲ့ ​ရေစွယ်​​တွေဟာ ​ဒေသခံပြည်​သူ​တွေရဲ့ အိုးအိမ်​ ကိုင်းကျွန်းရွာ​တွေဖျက်​​တော့တယ်​။ မီး ခိုးရင်​ ဘာမှမကျန်​ဘူးဆို​ပေမယ့် နေထိုင်​စရာ​မြေကျန်​ပါပါ​သေးတယ်။ လူလုပ်​ သဘာဝအန္တရာယ်​က ​နေထိုင်​ဖို့မကျန်​နိုင်​သလို စီးပွားရှာစားရတဲ့ ကိုင်းကျွန်း​မြေများ ဆုံးရှုံးရ​ကြောင်း” ဦးလှမိုးအောင်က ဆက်​လက်​​ဆွေး​နွေးတင်​ပြသည်​။

ဦးလှမိုးအောင်၏ အဆိုအား ကြံခင်းမြို့နယ်​တိုင်း​ဒေသကြီးကိုယ်​စားလှယ်​က ​လွှတ်​​တော်​တွင်​ဆက်​လက်​​ဆွေး​နွေးရန်​​ထောက်​ခံခဲ့ပါသည်။ ယင်းအဆိုနှင့်ပတ်သက်ပြီး တိုင်းအစိုးရအဖွဲ့ဝင်​ လမ်းပန်းလျှပ်​စစ်​စွမ်းအင်​ဝန်​ကြီးဦးဝင်း​ဌေးက"ကျွန်​​တော်​တို့ တိုင်းအတွင်း​ပေါများလှတဲ့ မြစ်​​ချောင်း​တွေမှာ​နေထိုင်​ကြသူ​တွေအတွက်​ အလွန်​အ​ရေးပါတယ်။ ရေ​ဘေးအန္တရာယ်​​တွေက ကာကွယ်​​ရေးတို့အတွက်​ တိုင်း​ဒေသကြီးအစိုးရက ထိ​ရောက်​စွာလုပ်​​ဆောင်​နိုင်​ဖို့အတွက်​ လွှတ်​​တော်​မှာ​ဆွေး​နွေးရန်​သင့်​​တော်​​ကြောင်း ​ထောက်​ခံအပ်​ပါတယ်​"ဟု ​ထပ်မံထောက်​ခံ​ဆွေး​နွေးခဲ့သည်​။
Mizzima

Tuesday, June 28, 2016

မော်လမြိုင်ကျွန်းမြို့နယ် ပင်လယ်ရေငန်တိုးဒေသတွင် ကျွန်းနှင့် ပျဉ်းကတိုး စိုက်ခင်းများ အောင်မြင်


မော်လမြိုင်ကျွန်း ဇွန် ၂၈
မော်လမြိုင်ကျွန်းမြို့နယ် ပင်လယ်ပိုင်းဒေသနှင့် ထိစပ်နေသော ရေငန် တိုးဒေသဖြစ် သည့် ရှောက်ချောင်းကျေးရွာအုပ်စု စွယ်စုံကျေးရွာဒေသ ခံတောင်သူ ဦးဇော်ဦးနှင့် မိသားစုများက ဥယျာဉ်ခြံမြေအတွင်း လွန်ခဲ့သော ၂ဝ၁၃ ခုနှစ် စက်တင်ဘာလက တစ်အုပ်တစ်မ ကျွန်းစိုက်ခင်းအဖြစ် ကျွန်းပျိုးပင် ၃ဝဝဝ ကျော် စမ်းသပ်စိုက်ပျိုး ခဲ့ကြသည်။
ယင်းကျွန်းပင်များမှာ အောင်မြင်ဖြစ်ထွန်းခဲ့ပြီး ယခုနှစ် ဇွန် ၂၅ ရက်တွင် ကျွန်းပင်သက်တမ်း သုံးနှစ်ခန့်တွင် အပင်အမြင့် ၁၈ ပေမှ ပေ ၂ဝ၊ လုံးပတ် တစ်ပေ နီးပါးအထိ ရှင်သန်ကြီးထွားလျက်ရှိပြီး ကျွန်းစိုက်ခင်းပိုင်ရှင် ဦးဇော်ဦး မိသားစုနှင့် ခြံလုပ်သားများက ကျွန်းစိုက်ခင်းအတွင်း တစ်နေ့နှစ်ကြိမ် ကွင်းဆင်းပြုစု ပျိုးထောင် ပေးလျက်ရှိသည်။
ထို့ပြင် ကျွန်းစိုက်ခင်းအပြင် ဥယျာဉ်ခြံမြေအတွင်း သုံးနှစ်သားခန့်ရှိ ပျဉ်းကတိုး စိုက်ခင်းအပင် ၂ဝဝ နှင့် နှစ်နှစ်သားရှိ သစ်မွှေးစိုက်ခင်း အပင် ၇ဝ တို့ကို လည်း နေ့စဉ် ပြုစုပျိုးထောင်ပေးလျက်ရှိရာ ကျွန်း၊ ပျဉ်းကတိုးနှင့် သစ်မွှေး တစ်အုပ်တစ်မ စိုက်ခင်းများ အောင်မြင်ရှင်သန်လျက်ရှိသည်။
အဆိုပါ ပင်လယ်ရေငန်တိုးဒေသတွင် ကျွန်း၊ ပျဉ်းကတိုးနှင့် သစ်မွှေး တစ်အုပ် တစ်မ စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းနေသောကြောင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးတွင် တိုက်ရိုက်အကျိုးပြုနေသည့်အပြင် အခြားဒေ သခံ တောင်သူများလည်း ဝင်ငွေတိုးပွားအကျိုးများမည့် နှစ်ရှည်ပင် ကျွန်းနှင့် ပျဉ်းကတိုး စိုက်ခင်းများတစ်အုပ်တစ်မ စိုက်ပျိုးအောင်မြင်ရေးအတွက် နည်းပညာပေးကူညီဆောင် ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။
မော်ကျွန်း-မြင့်အောင်

ပုသိမ်မနောသုခ အိမ်ရာစီမံကိန်းကို တိုက်ခန်းများတွင် နေထိုင်သည့် အိမ်ထောင်စုများ သဘောဆန္ဒအတိုင်း ဆုံးဖြတ်ရန် တိုင်းဧရာအစိုးရ စီမံထား

မျိုးမင်းထွန်း (မြစ်မခ)

ပုသိမ်၊ ဇွန်(၂၈)ရက်။

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ  ပြည်တော်သာအိမ်ရာ တိုက်ခန်းများကို ဖျက်သိမ်း၍ တည်ဆောက်မည့် မနှောသုခ အိမ်ရာစီမံကိန်းအား တိုက်ခန်းများတွင် နေထိုင်ကြသည့် အိမ်ထောင်စုများ ဆန္ဒသဘောထား အတိုင်း ဆက်လုပ်ဖြစ် မလုပ်ဖြစ် ဆုံးဖြတ်ရန် စီစဉ်ထားကြောင်း ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ သိရှိရသည်။

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဟောင်း၏ သဘောတူညီချက်ဖြင့် ပုသိမ်ပြည်တော်သာအိမ်ယာကို ဖျက်သိမ်း၍ အခန်းပေါင်း ၅၀၀ ပါဝင်သော မနောသုခတိုးချဲ့ အိမ်ရာစီမံကိန်းကို အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာန စတင်ခဲ့ခြင်းဖြစ်သည်။

လက်ရှိ ဒေသနေပြည်သူလူထု၏ ကန့်ကွက်မှုများကြောင့် ရပ်ဆိုင်းထားခြင်းဖြစ်ပြီး ယခုအစိုးရသစ်လက်ထက် တွင်လုပ်ဆောင်ရန် ကြိုးပမ်းလာမှုအပေါ်တွင် ပြည်သူ့သဘောဆန္ဒအတိုင်း ဆုံဖြတ်ချက်ချသွားရန် စီစဉ်ထားကြောင်း ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးများထံမှ သိရသည်။

`အဓိကအရေးကြီးတာ ပြည်သူတွေရဲ့ဆန္ဒပါ။ အဲ့မှာ နေထိုင်တဲ့အိမ်ထောင်စုတွေက ပြည်သူတွေရဲ့ သဘောဆန္ဒကို သေသေချာချာကို လေ့လာနားထောင်ပြီးမှ ဆက်လုပ်ဖြစ်မလုပ်ဖြစ်ကို ဆုံးဖြတ်ချက် ချသွားပါမယ်။”ဟု ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ၀န်ကြီး ဦးဝင်းဌေးက ပြောသည်။

စီမံကိန်းကို ပုသိမ်မြို့မှ လုပ်ငန်းရှင် ၉ ဦးဖြင့် ဖွဲ့စည်းထားသော Nine Engineering Group Co.Ltd မှ တည်ဆောက်မည်ဖြစ်ပြီး စာချုပ်အရ ၂၀၁၆ ဇွန်လတွင်ပြီးစီးရန်ပါရှိသဖြင့် သက်တမ်းကုန်ဆုံးနေပြီဖြစ်ကြောင်း မကြာမီအိမ်ခန်းများတွင်ရှိနေသော အိမ်ထောင်စုများနှင့် တွေ့ဆုံပြီးသဘောထား ဆန္ဒကိုရယူမည်ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

မနောသုခအိမ်ရာစီမံကိန်း ဆောင်ရွက်နိုင်ရန် ဖျက်သိမ်းမည့် အိမ်ရာများတွင် နေထိုင်လျှက်ရှိကြသော အိမ်ထောင်စု ၃၅၀ ရှိနေပြီး စည်းကမ်းပျက်သည်ဟုဆိုကာ အိမ်လခစည်းကျပ် ငွေရပ်ဆိုင်းထားသည့် အိမ်ထောင်စု ၁၇၁ စုရှိနေပြီး၊ အရေးယူဆောင်ရွက်ရမည့် အခန်း ၁၈ ခန်းရှိနေကြောင်း အိုးအိမ်ဦးစီးဌာနမှ တင်ပြထားပြီး ၎င်းတို့ကို အစိုးရအဖွဲ့မှပြန်လည်စိစစ်သွားမည်ဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့မှ သိရသည်။

“ကျွန်တော့်တို့ဆီက အိမ်လခယူတာကို ဖြတ်လိုက်တာ ၂ နှစ်လောက်ရှိပြီ အားလုံးစုပြီး စာတိုက် ကနေပို့တယ် လက်မခံဘူး။ အိမ်လခကို အိမ်အထိပြန်ပို့ပေးတယ်။ အိုးအိမ်စည်းကမ်း မချိုးဖောက်ဘဲနဲ့ စည်းကမ်းပျက်လို့ စွပ်စွဲတယ်။”ဟု အိုးအိမ်ဖွံ့ဖြိုးရေဦးစီးဌာန၏ ဖယ်ရှားရန် သတ်မှတ်သည့် အိမ်ထောင်စု ၁၇၁ စု တွင် ပါဝင်သော တပ်မတော်အငြိမ်းစား ဦးပြားကြီးက ပြောသည်။

မနောသုခအိမ်ရာစီမံကိန်းတည်ဆောက်ရန် ဖျက်သိမ်းမည့် ပုသိမ်မြို့ ပြည်တော်သာ အိမ်ယာကို ၁၉၅၁ ခုနှစ်က တည်ဆောက်ခဲ့ပြီး မြန်မာပြည်တစ်နိုင်ငံလုံးရှိ မြို့ကြီးများတွင် ပြည်တော်သာအိမ်ယာကဲ့သို့ အိမ်ရာပေါင်း ၄၆ ခုတည်ဆောက်ခဲ့ကြောင်း၊ ထိုအိမ်ယာတို့တွင် နေထိုင်သူများမှာ သားစဉ်မြေးဆက် နေထိုင်ခွင့်ရှိကြောင်း ဒေသခံအိမ်ထောင်စုများထံက သိရသည်။

သို့သော် ပုသိမ်မြို့ ပြည်တော်သာအိမ်ရာစီမံကိန်းမှာ ၁၉၉၄ ခုနှစ် ၀န်ထမ်းအိမ်ရာအဖြစ် အမည်ပြောင်းခဲ့ ကြောင်း ၂၀၁၄ ခုနှစ် ဇွန်လ ၂ ရက်နေ့က ပြည်တော်သာအိမ်ရာမှာ ၀န်ထမ်းအိမ်ရာ မဟုတ်ကြောင်း ပြည်သူ့အိမ်ရာသာဖြစ်ကြောင်း ပြည်သူလွှတ်တော်နှင့် ပြည်ထာင်စုစာရင်းစစ်ချုပ်တို့ထံ နေထိုင်သူ အိမ်ထောင်စု ၂၆၁ စုတို့က လက်မှတ်ရေးထိုးတင်ပြထားကြောင်း သိရသည်။
http://myitmakhamediagroup.com/news/public-news/8307/

ဟင်္သာတမြို့ နယ် ထွေအုပ်ရုံးမှ ဒုဦးစီးမှူးအား စစ်ဆေးအရေးယူရန် ဧရာဝတီတိုင်းအစိုးရအဖွဲ့မှ ဆုံးဖြတ်ပြီးသည့်တိုင် တိုင်းထွေအုပ်ရုံးမှ ညွှန်ကြားချက် မပေးသေးကြောင်းသိရ


ဟင်္သာတမြို့ နယ် ထွေအုပ်ရုံးမှ ဒုဦးစီးမှူးအား စစ်ဆေးအရေးယူရန် ဧရာဝတီတိုင်းအစိုးရအဖွဲ့မှ ဆုံးဖြတ်ပြီးသည့်တိုင် တိုင်းထွေအုပ်ရုံးမှ ညွှန်ကြားချက် မပေးသေးကြောင်းသိရ

Monday, June 27, 2016

ဥက္ကဋ္ဌ ကြီးရဲ့ ချက် အန် ဘဲ လင့်စ်


“ဥက္ကဋ္ဌ ကြီးရဲ့ ချက် အန် ဘဲ လင့်စ်”
………………………………………………
ကျန်ခဲ့တဲ့ရက်က ပုသိမ်မြို့ကို ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့် လာပြီး လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံ အမှာစကားပြောခဲ့တယ်…တကယ်တော့ သူသွားနေတာ ဧရာဝတီတိုင်းတစ်ခုတည်းမဟုတ်ပါဘူး…
မန္တလေး၊ မကွေး၊ ပဲခူး I မွန်၊ ကရင်ပြည်နယ်တွေကိုလည်းသွားရောက်တွေ့ဆုံခဲ့ပြီး ဖြစ်ပါတယ်…
တစ်တိုင်းတစ်ပြည်လုံးက လွှတ်တော်ကိုယ်စားလှယ်တွေဆီကို တဖြည်းဖြည်းချင်း အရောက်သွားပြီး ကိုယ်စားလှယ်တစ်ယောက်အနေနဲ့ဆောင်ရန်ရှောင်ရန် ထားရှိရမဲ့ စိတ်နေစိတ်ထား အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေး ဒီသုံးခုအကြား အပြန်အလှန်ထိန်းကျောင်းတဲ့နေရာမယ် ၀င်ရောက်စွက်ဖက်သလိုဖြစ်သွားမှာကို စိုးရိမ်ပြီး မမောနိုင်မပန်းနိုင် တစ်တိုင်းပြီးတစ်တိုင်း တစ်ပြည်နယ်ပြီး တစ်ပြည်နယ် လိုက်လံဟောပြောပေးနေရခြင်းဖြစ်ပါတယ်….


……………………………………………….

လွှတ်တော်ထဲမယ် ကိုယ်စားလှယ်တစ်ယောက်အနေနဲ့ ဘာတွေလုပ်မလဲ…
မေးခွန်းတွေမေးမယ်၊ အဆိုတင်မယ်၊ လိုအပ်ရင် ဥပဒေကြမ်းရေးဆွဲမယ်..ဒါသည် လွှတ်တော်ရဲ့အလုပ်…
မေးခွန်းမေးတဲ့နေရာမယ် ဘာတွေကိုမေးမလဲ ဘယ်စည်းမျဉ်းအောက်မှာ အကြုံးဝင်ဖို့လိုသလဲ…ဒါကအရေးကြီးတယ်…
မေးခွန်းမေးတဲ့နေရာမယ် စည်းကမ်းချက်တွေရှိတယ် ကန့်သန့်ချက်တွေရှိပါတယ်…
-ထင်မြင်ယူဆချက်တွေကို မမေးရဘူး
-အသေးအဖွဲကိစ္စတွေကို မမေးရဘူး
-မဖြစ်ဖွယ်သေးတဲ့ ကိစ္စတွေကို မမေးရဘူး
-နိုင်ငံတော်ရဲ့လျှို့ဝှက်ချက်ကို မမေးရဘူး
-ဗဟုသုတ အလို့ငှာ မမေးရဘူး (ကိုယ့်ဖာသာကိုယ် ရှာဖွေဖတ်ရှုလို့ ရနိုင်ပါလျှက် ကိုယ်တိုင်ကြိုးစားရှာဖွေ မဖတ်ရှုပဲ ဒါကဘာလဲ ဟိုဟာကဘာလဲ ဟိုဒင်းကကောဘယ်လိုလဲ ဒီလိုမျိုးလည်း မေးလို့မရပါဘူး)
တိုက်ရိုက်ထုတ်လွှင့်နေတဲ့ လွှတ်တော် Channel ကို တစ်တိုင်းတစ်ပြည်လုံးကကြည့်နေတာဖြစ်တဲ့အတွက် လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်အနေနဲ့ မေးခွန်းများ မေးမြန်းတဲ့နေရာမယ် ကိုယ်စားလှယ်ရဲ့အရည်အသွေး လွှတ်တော်ရဲ့ ဂုဏ်သိက္ခာကို မထိခိုက်စေဖို့ တစ်ဦးချင်းစီအနေနဲ့မိမိစွမ်းရည်ကို မြှင့်တင်ကြဖို့လိုအပ်ပါတယ်…

……………………………………………………………….

ကိုယ်စားလှယ်တွေ အနေနဲ့ မေးခွန်းမေးတဲ့နေရာမယ် အခြေအနေ အချိန်အခါနဲ့ ကိုက်ညီဖို့အလွန်ပင်လိုအပ်ပါတယ်…
တစ်ချို့က အရေးကြီးအဆို အရေးကြီးအဆို ဆိုပြီး ကိုယ်တင်တာမှန်သမျှ အရေးကြီးတယ်လို့ချည်းထင်နေကြပါတယ်..
သာမန်အဆိုလား၊ အရေးကြီးအဆိုလား၊ မေးခွန်းအဆင့်လားဆိုတာကို သိထားဖို့လိုပါမယ်…
အရေးကြီးအဆို ဆိုတာကတော့…
-ချက်ခြင်းရုတ်တရက်ဖြစ်တဲ့ဟာ ဖြစ်ရမယ်
-သာမန်မေးခွန်းမေးလို့မရနိုင်တဲ့အရာ ဖြစ်ရမယ်
-အများပြည်သူအကျိုးနဲ့ သက်ဆိုင်ရမယ်
-လွှတ်တော်မှာ ဆွေးနွှေးပြီးသားအကြောင်းအရာမဖြစ်ရဘူး
ဒီအချက်တွေနဲ့ မကိုက်ပဲနဲ့ ငါတင်ရင် အရေးကြီးတယ် ငါတင်ရင် အရေးကြီးတယ်ဆိုပြီး လုပ်လို့မရပါဘူး…

………………………………………………………

ဥပဒေကြမ်းရေးတဲ့နေရာမှာလည်း လိုရင်းတိုရှင်းနဲ့ထိထိမိမိဖြစ်ဖို့် ရေးထုံးသဒ္ဒါမှန်ဖို့လိုပါတယ်…
ဒီဥပဒေက ဘယ်သူကို အကျိုးပြုစေချင်တာလဲ…အများအတွက်အကျိုးပြုဖို့ အဓိပ္ပါယ်နှစ်မျိုး သုံးမျိုးမထွက်ဖို့လည်းလိုပါမယ်…
အဲ့ဒီတော့ လွှတ်တော်ကိုယ်စားလှယ်သည် မေးခွန်းမေးမယ် အဆိုတင်မယ် လိုအပ်ရင် ဥဒေပြဌာန်းနိုင်ဖို့ ဥပဒေကြမ်းရေးဆွဲတင်သွင်း…ဒါသည် ကိုယ်စားလှယ်အလုပ်….
ကိုယ်စားလှယ်သည် ကိုယ်စားလှယ်ရဲ့ လုပ်ပိုင်ခွင့်အတိုင်းအတာကို သိဖို့လိုပါတယ်….
ကို့ရဲ့ဒေသမှာ လမ်းတွေမကောင်းဘူး တံတားတွေကျိုးနေတယ်…ပြည်သူကတင်ပြတယ်…ကိုယ်စားလှယ်က သေချာလေ့လာတယ်…အဲ့ဒီကနေမှတစ်ဆင့် ကိုယ်စားလှယ်က အုပ်ချုပ်ရေးပိုင်းကိုသွားပြီး ဆရာရေ အာစရိရေ ဒီဒေသလေးကတော့ အတော်လေးဆိုးနေတယ် တကယ်လည်းလိုအပ်နေတယ် အာစရိတို့ အုပ်ချုပ်ရေးအပိုင်းအနေနဲ့ ဘယ်လိုမျိုးလုပ်ပေးနိုင်မလဲ…အဲ့ဒီ အခါမယ် အုပ်ချုပ်ရေးပိုင်းကလည်း ပြန်ကြည့်မယ်….ယခုတင်ပြလာတာသည် အရေးပေါ်လား ပထမဦးစားပေးထဲ ထည့်လို့ရမလား..ရွှေ့လို့ရသေးလား…ဘတ်ဂျက်ကျန်သေးလား…
အဲ့ဒီအပေါ်မှာကြည့်ပြီး လုပ်မယ်မလုပ်မယ်စဉ်းစားတယ်….
လုပ်မယ်ဆို ဘတ်ဂျက် ဘယ်လောက်ကုန်မလဲ…ခန်းမှန့်ဘတ်ဂျက်ဆွဲ…လွှတ်တော်ကိုပြန်တင်ပြ…
အဲ့ဒီတင်ပြလာတဲ့အပေါ်ကိုမှ လွှတ်တော်က လုပ်တော့ ချတော့ကွာဆိုပြီး ပြန်အတည်ပြုပေး….
အဲ့ဒီတော့မှ တင်ဒါတွေခေါ် ကုမ္ပဏီတွေရွေး ဖောက်မယ် ဆောက်မယ် ….
အဲ့ဒီလိုမျိုး လွှတ်တော်နဲ့ အုပ်ချုပ်ရေး ဟန်ချက်ညီဖို့လိုပါတယ်….

………………………………………………………………….

အဲ့ဒီလိုမဟုတ်ပဲ ကိုယ်စားလှယ်က အုပ်ချုပ်ရေးဆီကိုသွား…ဟေ့ရောင် ဒီမှာ လမ်းပျက်နေတာ မင်းမမြင်ဘူးလား မင်းနေ့တိုင်းသွားနေတာ မင်းကန်းနေလား…မနက်ဖြန် အဲ့လမ်း ပြင်လိုက်တော့ ဆိုလျှင်တော့ ဒါသည် အပြန်အလှန်ထိန်းကျောင်းတဲ့ Check and Balance ပုံစံမျိုး မဟုတ်တော့ပဲ ၀င်ရောက်စွက်ဖက်တာဖြစ်သွားပါပြီ.....
လွှတ်တော်ကိုယ်စားလှယ် အနေနဲ့ အုပ်ချုပ်ရေးပိုင်းက ဒီလမ်းကတော့ပျက်နေတယ် ဘတ်ဂျက်ချပေးပါဆိုပြီး တင်ပြလာတာကိုလည်း ငါ့ကို မပြောဘူး ငါ့ကိုအသိမပေးဘူး င့ါကို ဒီလိုကျော်ခွလို့ကလား ဒီလိုမရဘူး…နောင်ကျဉ်သွားအောင် ပညာတော့ပြလိုက်ဦးမှဆိုပြီး တကယ်လိုအပ်နေတာကို မချပေးပဲထားမယ်ဆိုရင် အုပ်ချုပ်ရေးဌာနက ဘတ်ဂျက်မကျ ငွေမရှိ ပိုက်ဆံမရှိ ရုံးထဲငုတ်တုတ်လေးထိုင်ပြီး ပြည်သူ့အကျိုးဘာမှလုပ်လို့ရမှာမဟုတ်ဘူး…
လွှတ်တော် နဲ့ အုပ်ချုပ်တဲ့အစိုးရ ညှိညှိနှိုင်းနှိုင်းနဲ့ အပြန်အလှန် နားလည်မှုရှိရှိထိန်းကျောင်းလုပ်ဆောင်သွားမှသာလျှင် ပွတ်တိုက်မှုမရှိပဲ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်နိုင်မှာ
ဖြစ်ပါကြောင်း အငှားပြန်လည် ဖောက်သည်ချလိုက်ပါတယ်….

ဇာနည်မောင်မောင်ကျော်

ဒေသခုနစ်ခုတွင် နေရာကွက်၍ မိုးကြီးနိုင်


Monday, June 27, 2016
ဘင်္ဂလားပင်လယ်အော်မှ လေဖိအားနည်းရပ်ဝန်း၏ အရှိန် ကြောင့် ဒေသ ခုနစ်ခုတွင် နေရာ ကွက်၍ မိုးကြီးနိုင်ကြောင်း မိုးလေ ၀သနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီး ဌာနက သတိပေးသည်။

ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းတွင် ဇွန်လ၂၆ ရက်မှစတင်ကာ လေဖိအား နည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်နေ ပြီး ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်းဒေသ ကြီး၊ ရခိုင်၊ ကရင်နှင့် မွန်ပြည် နယ်တို့၌ နေရာကွက်၍ မိုးကြီးနိုင်ကြောင်း သတိပေးထားသည်။

‘‘ဒီရက်ပိုင်း မိုးသတိထားရ တော့မယ့် ကာလပေါ့။ လေဖိအား နည်းရပ်ဝန်းအရှိန်ကြောင့် နေရာ ကွက်မိုးကြီးတာ သတိပြုရမယ်။ ကမ်းရိုးတန်းနဲ့ ပင်လယ်ပြင်မှာလည်း လှိုင်းရောလေပါ ပြင်းနိုင်တယ်’’ဟု မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက ပြောသည်။

မြန်မာ့ကမ်းရိုးတန်းဒေသများနှင့် ပင်လယ်ပြင်တွင် မိုးသက်လေပြင်းများ ကျရောက်နိုင်ပြီး တစ်နာရီလျှင် လေတိုက်နှုန်း ၃၅ မိုင်မှ မိုင် ၄၀ အထိ တိုက်ခတ်နိုင်ကြောင်း မိုးဇလက ထုတ်ပြန်ထားသည်။

ဘင်္ဂလားပင်လယ်အော်နှင့် ထိစပ်နေသော တောင်တရုတ်ပင်လယ်တွင် မုန်တိုင်း တစ်လုံးဖြစ်ပေါ်နေပြီး ယင်းမုန်တိုင်းသည် ဗီယက်နမ်ကမ်းခြေသို့ ဇွန်လ ၂၈ ရက်မတိုင်မီ ဖြတ်ကျော်ဝင်ရောက်နိုင်ကြောင်း မိုးလေ၀သပညာရှင် ဒေါက်တာထွန်းလွင်က သတိပေးထားသည်။
 Yatanarpon News

MEN Co,Ltd ပုသိမ်ရုံး ၀န်ထမ်းအလိုရှိသည်။

MEN Co,Ltd ပုသိမ်ရုံး ၀န်ထမ်းအလိုရှိသည်။

ဖျာပုံကပျောက်ဆုံးသွားတဲ့ မိန်းကလေး ငါးဦး



သတင်းအပြည့်စုံ
၂၇့  ၆့  ၂၀၁၆ ရက်နေ့ ညနေ ၆ နာရီခန့်တွင် ပြင်ဦးလွင်လူကုန်တားဆန့်ထုတ်အဖွဲ့မှ ၂၆့  ၆့  ၂၀၁၆ ရက်နေ့က ဖျာပုံမြို့ အထက ၁ ကျောင်းမှပျောက်ဆုံနေသော ၈ တန်းကျောင်းသူ ၅ ဦးအား ခရိုင် မြိုနယ်ရဲတပ်ဖွဲ့ဝင်များ ရကက ၁၀ အုပ်ချုပ်ရေးမူးနှင့်အဖွဲ့ဝင်များနှင့်ပူးပေါင်းကယ်တင်ရရှိခဲ့၍ ကလေးများအားမေးမြန်းရာ ၄င်းကလေးများမှာဖျာပုံမြို့ အထက ၁ မှ ၈တန်းကျောင်းသူများဖြစ်ပြီး ၂၅့  ၆့  ၂၀၁၆ ရက်နေ့ ညနေ့ ၃ နာရီခန့်က ကျုရှင်တက်ပြီးအပြန် မုန့်စားပြီးနောက် အမည်မသိ အမျိုးသမီးမှ စရိတ်ငြိမ်းတစ်လ ၅ သိန်းရမ်ည်ဟု အတင်းအကြပ်စည်းရုံးပြီး ၂၆့  ၆့ ၂၀၁၆ ရက်နေ့ ဒလ ဆိပ်ကမ်းငို့အရောက်လာရန် အတင်းအကျပ်ခေါ်သဖြင့်လိုက်ပါခဲ့ရာမှ ဇေယျာရွှေမြေကားဖြင့်ရန်ကုန်မှပြင်ဦးလွင်သို့ ၂၆့  ၆့ ၂၀၁၆ရက်နေ့ ညနေ ၄ နာရီခန့်
ထွက်ခွာခဲ့ပြီးစည်းရုံးခေါ်ဆောင်သူမှာ ဗင်ကားဖြင့်သီးခြားလိုက်ပါခဲ့ကြောင်း
အမြန်လမ်း ၁၀၅ မိုင်တွင်စည်းရုံးခေါ်ဆောင်သူမှာပါမလာဘဲပျောက်သွားကြောင်းစီစစ်သိရှိရသဖြင့် ကလေး ၅ဦးအားပြင်ဦးလွင်မြို့မရဲ့ရဲစခန်းတွင်ညအိပ်စေပြီး ၂၈့  ၆့  ၂၀၁၆ ရက်နေ့၌ ကလေးများ၏မိဘအုပ်ထိန်းသူများထံပြန်လည်အပ်နှံရန် စီစဉ်ထားရှိပါကြောင်းသတင်းရရှိပါသည်။
‎Phyo Wai Win‎ to မအူပင်ဟစ်တိုင်
Maubin, Myanmar ·
ဆက်စပ်သတင်း






ဖျာပုံမှ ကလေးများအားလုံး ပြန်တွေ့ပါပြီ။



ဖျာပုံမှ ကလေးများအားလုံး ပြင်ဦးလွင်မှာ ယနေ့ ၂၇.၆.၁၆ မှာ ပြန်တွေ့ပါပြီ။ ပြင်ဦးလွင် လူကုန်ကူးမှု တိုက်ဖျက်ရေးအဖွဲ့မှ ထိန်းသိမ်းထားပြီး မိဘများနှင့် တွေ့ဆုံနိုင်ရန် စီစဉ်နေပါသည်။ ပြန်လည်ရှဲပေးကြပါခင်ဗျာ။ ဖြစ်စဉ်အသေးစိတ်ကို မသိရသေးပါ။ အားလုံး အချိတ်အဆက်မိမိ လမ်းကြောင်းများကို လက်ဦးမှုရယူ ပိတ်ဆို့ပြီးဖြစ်သလို ပါဝင်သူကလေးတစ်ဦးမှလည်း ပြင်ဦးလွင်ကားဂိတ်မှ ဖုန်းဆက်သဖြင့် နီးစပ်ရာ လူကုန်တားအဖွဲ့များနှင့် ချိတ်ဆက်နိုင်ခြင်းဖြစ်ပါသည်။ ဆောင်ရွက်ပေးကြသော ဖျာပုံမြို့မှ ခရိုင်နှင့်မြို့နယ် ရဲဝန်ထမ်းများအားလုံး၊ ဖျာပုံခရိုင်လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးမှ ဆရာဆရာမများ၊ မြန်မာတစ်နိုင်ငံလုံးမှ ချိတ်ဆက်ဆောင်ရွက်ပေးကြသော လူကုန်ကူးမှုတိုက်ဖျက်ရေး ဌာနများ၊ ပူးပေါင်းဆောင်ရွက်ကြသော World Vision Pyapon နှင့် ဖျာပုံမြို့ခံအဖွဲ့အစည်းများ အထူးသဖြင့် အရပ်ဘက် ကလေးသူငယ် စောင့်ရှောက်ရေးဆပ်ကော်မတီမှ ပုဂ္ဂိုလ်များ၊ social media မှ ဝိုင်းဝန်းကူညီပေးကြသော မိတ်ဆွေများအားလုံးကို ကလေး ၅ ယောက်ရဲ့ အသက်/ဘဝ ကို ဝိုင်းဝန်းကယ်တင်နိုင်လိုက်ပြီဖြစ်ကြောင်း အသိပေး ဂုဏ်ပြုအပ်ပါသည်။
Thet Naung Soe
Pyapon, Myanmar ·
ဆက်စပ်သတင်း











ကိုယ်စားလှယ် ကျင့်ဝတ်(ဦးဝင်းမြင့်)


“ကိုယ်စားလှယ် ကျင့်ဝတ်……” ………………………………………………..

ကိုရင်သင်္ဃန်းစည်းပြီးလျှင် ကိုရင် ကျင့်ဝတ်…. ရဟန်းမှာလည်း ရဟန်းကျင့်ဝတ်….
လူမှာလည်း လူ့ကျင့်ဝတ်…. ရိုးရိုးသာမန်လူတစ်ယောက်တုံးက ကိစ္စမရှိပေမဲ့ လွှတ်တော်ကိုယ်စားလှယ်တစ်ယောက် ဖြစ်လာပြီဆိုလျှင်တော့ အပြုအမူအနေအထိုင် အမှုမဲ့အမှတ်မဲ့မနေထိုင်ပဲ မိမိ၏သိက္ခာထိန်းသိမ်းနေထိုင်ကြရန်လိုအပ်ကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်မှ ၂၄.၀၆.၂၀၁၆ လွှတ်တော်ကိုယ်စားလှယ်များနှင့် ပုသိမ်မြို့ ဧရာရွှေဝါခန်းမ တွေ့ဆုံပွဲတွင် မှာကြားခဲ့သည်…..
တိုင်းဧရာမှ ရိုက်ကူးတင်ဆက်သည်။

တိုင်းဧရာ (ကိုယ့်ထမင်းကိုယ်စား ဧရာဝတီသတင်းသမားများ)

1

ဧရာဝတီတိုင်းဒေသကြီး၏ လယ်ယာမြေပြသနာများအား ဒုတိယသမ္မတထံတင်ပြ.

ဧရာဝတီတိုင်းဒေသကြီး၏ လယ်ယာမြေပြသနာများအား ဒုတိယသမ္မတထံတင်ပြ။