နိုင်ငံအတွင်းရှိ တက္ကသိုလ်အားလုံး အဆင့်မြှင့်ရန်လိုကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြော
ရန်ကုန်တက္ကသိုလ်သည် တစ်ကမ္ဘာလုံးက အသိအမှတ်ပြု ခံရသော အဆင့်မြင့်ပညာသင် ကြားပေးသည့် ဌာနတစ်ခုဖြစ်ရန် လိုပြီး ကျောင်းသား၊ ကျောင်းသူ များ၊ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများက တက္ကသိုလ်ကို အလွန်တန်ဖိုးရှိသော အမြင်ဖြင့် စွဲစွဲလမ်း လမ်းဖြစ်ရန် လိုအပ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြော ကြားသည်။
နိုင်ငံတကာတက္ကသိုလ်များ ကိုကြည့်ပြီး ရန်ကုန်တက္ကသိုလ်ကို ခေတ်နှင့်အညီ ပြုပြင်ဆောင် ရွက်ရန်လိုကြောင်း၊ ခေတ်နှင့်လျော်ညီသည်ဆိုသည်မှာ နိုင်ငံတကာတက္ကသိုလ်များမှ တွေ့ကြုံခဲ့ရသော သင်ခန်းစာများ ရယူကာ မိမိတို့၏ လက်ရှိအခြေအနေနှင့် ကိုက်ညီသော အချက်များကို အတုယူကြရမည် ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က အကြံ ပြုပြောကြားသည်။
ရန်ကုန်တက္ကသိုလ်တစ်ခု တည်းမဟုတ်ဘဲ မြန်မာနိုင်ငံအ တွင်းရှိ တက္ကသိုလ်များအားလုံးအဆင့်မြှင့်တင်ရန် လိုအပ်ကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ရန်ကုန်တက္ကသိုလ် (ပင်မ)ပြုပြင်မွမ်းမံရေးနှင့် အဆင့်မြှင့်တင်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းခြင်း အခမ်းအနား၌ တိုက်တွန်း ပြောကြားသည်။
ဆက်လက်၍ စာကြည့်တိုက်များတွင် စာအုပ်များ စနစ်တကျ ထားရှိရန် လိုအပ်ကြောင်း၊ တက္က သိုလ်များတွင် စာဖတ်ရုံမျှမက ဆွေးနွေးခြင်း၊ အမြင်ဖလှယ်ခြင်း များ ပြုလုပ်ရန် လိုအပ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ထည့် သွင်းပြောကြားသည်။
ရန်ကုန်တက္ကသိုလ် စာကြည့်တိုက်နှင့်ပတ်သက်၍ ရန်ကုန် တက္ကသိုလ် စာကြည့်တိုက်မှူး ဒေါက်တာလှိုင်လှိုင်ကြီးက ‘‘စာကြည့်တိုက်တွေမှာ စာဖတ်ရုံသာမကဘဲ စာဖတ်သူတွေကိုပါ တိုးတက်ဖို့အတွက် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က အကြံပေးပြော ခြင်းဖြစ်ပါတယ်။ စာကြည့်တိုက်တွေမှာ စာအုပ်တွေကိုသာမက ဘဲ စာဖတ်တဲ့သူတွေကိုပါ တိုးတက်ဖို့အတွက် ပြောခြင်းဖြစ်ပါ တယ်။ ဒါဟာ အရမ်းကို ကောင်းမွန်တဲ့အကြံပြုချက်ပါ။ စာအုပ် တွေကို စနစ်တကျထိန်းသိမ်းဖို့ဆိုတာထက် စာဖတ်တဲ့ ဝါသနာရှိတဲ့သူတွေကို ပိုပြီးလိုချင်တာပါ။
စာဖတ်သူတွေကလည်း အ ချင်းချင်းဆွေးနွေးတာတွေ အမြဲ တမ်းရှိပါတယ်။ စာကြည့်တိုက် အနေနဲ့ ဒီထက် တိုးတက်ဖို့အ တွက် အဆင့်မြှင့်တင်တာတွေကို အမြဲတမ်းလုပ်နေပါတယ်’’ ဟု ပြောကြားသည်။
အစည်းအဝေးသို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည်၊ ပညာရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက် တာ မျိုးသိမ်းကြီး၊ ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်သူ့လွှတ်တော် ပညာရေးမြှင့်တင်မှု ကော်မတီ ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော် ပညာရေးမြှင့်မှုကော်မတီဥက္ကဋ္ဌ၊ ရန်ကုန်တက္ကသိုလ် (ပင်မ)ပြုပြင် မွမ်းမံရေးကော်မတီဝင်များ၊ အ မျိုးသားပညာရေးမူဝါဒ ကော်မ ရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ညွှန် ကြားရေးမှူးချုပ်များ၊ ရန်ကုန် တက္ကသိုလ်ပါမောက္ခချုပ်၊ ဒုတိယ ပါမောက္ခချုပ်များနှင့် တာဝန်ရှိသူ များ တက်ရောက်ခဲ့သည်။
Sources ; 7 Day
Subscribe to:
Post Comments (Atom)
No comments:
Post a Comment