Latest News

Sunday, December 4, 2016

အမေရိကန်နိုင်ငံ

အမေရိကန်နိုင်ငံ

အမေရိကန် ပြည်ထောင်စု
United States of America

အလံတော်  အထိမ်းအမှတ်တံဆိပ်
နိုင်ငံတော်ဆောင်ပုဒ် - In God We Trust
(တို့ဘုရားကို ယုံကြည်မှုရှိပါသည်)
နိုင်ငံတော်သီချင်း - The Star-Spangled Banner

ပထဝီ
မြို့တော် ဝါရှင်တန်ဒီစီမြို့
အကြီးဆုံးမြို့  နူးယော့မြို့
ဧရိယာ

    မြေဧရိယာ - ၉,၈၂၆,၆၃၀ km² (၃,၇၉၄,၀၆၆ sq mi) (အဆင့်: ၃/၄)
    ဧရိယာရေရာခိုင်နှုန်း - ၆.၇၆%

စံတော်ချိန်ဇုန်  UTC -၅ - -၁၀
လူထုအကြောင်း
ရုံးသုံးဘာသာများ  အင်္ဂလိပ်
လူဦးရေ

    လူဦးရေ - ၃၀၄,၆၀၉,၀၀၀ (၂၀၀၇) (အဆင့် - ၃)
    လူဦးရေအထူအထပ် - ၃၁/km² (၈၀/sq mi) (အဆင့် - ၁၁၉)

လူမျိုးများ  လူဖြူ (၈၀.၁%)၊ လက်တင်နွယ် (၁၄.၈%)၊ အာဖရိက(၁၂.၈%)၊ အာရှ (၄.၄%)၊ အမေရိကတိုင်းရင်သား (၁.၂%)၊ ကပြား (၁.၆%)
ဘာသာတရားများ  ခရစ်ယာန် (၇၈.၅%)၊ ဘာသာမဝင်သူ (၁၂.၁%)၊ အခြား (၂.၅%)၊ ရဟူဒီ (၁.၇%)၊ ဗုဒ္ဓ (၀.၇%)၊ အစ္စလာမ် (၀.၆%)
အစိုးရ
အစိုးရခေါင်းဆောင်များ

    သမ္မတ - ဘရတ် အိုဘားမား (Barack Obama)
    ဒုသမ္မတ - ဂျိုး ဘစ်ဒန် (Joe Biden)

ထူထောင်ရေး

    လွတ်လပ်ရေးကြေညာ - ၄ ဇူလိုင် ၁၇၇၆
    လွတ်လပ်ရေးသတ်မှတ် - ၃ စက်တင်ဘာ ၁၇၈၃
    အုပ်ချူပ်မှုဥပဒေကာလပေါ် - ၂၁ ဇွန် ၁၇၈၈

စီးပွားရေး
GDP(PPP)
total  US $၁၃.၅၄၃ ပကောဋိ (အဆင့် - ၁)
GDP(PPP)
per capita  $၄၃,၄၄၄ (အဆင့် - ၄)
HDI  ၀.၉၅၁ (အမြင့်) (အဆင့် - ၁၂)
ဗဟိုဘဏ်  ဖယ်ဒရယ်အရန်ဗဟိုစနစ်
ငွေ  ဒေါ်လာ (USD "$")
နိုင်ငံတော်အထိမ်းအမှတ်များ
အထိမ်းအမှတ်များ  ပန်း - နှင်းဆီ၊ သစ်ပင် - ဝက်သစ်ချ
ISO 3166-1  US
CCLTD  .us .gov .mil .edu

အမေရိကန် ပြည်‌ထောင်‌စု ကို ပုံမှန်အားဖြင့် United States, the U.S., the U.S.A., the States, the America စသည်ဖြင့် ရည်ညွှန်းခေါ်ဆိုလေ့ရှိကြကာ ဖွဲ့စည်းပုံအရ ဖက်ဒရယ် ဒီမိုကရက်တစ် သမ္မတနိုင်ငံ ဖြစ်ပြီး ပြည်နယ် ၅၀ ခုနှင့် အုပ်ချုပ်ရေးနယ်မြေတစ်ခု ပါဝင်သည်။

အမေရိကန် ပြည်ထောင်စုသည် မြောက် အမေရိက အလယ်ပိုင်းတွင် အဓိကတည်ရှိပြီး ထိုနေရာတွင် တဆက်တည်းဖြစ်နေသော ပြည်နယ် ၄၈ခုနှင့် အုပ်ချုပ်ရေးဆိုင်ရာမြို့တော် ဝါရှင်တန်ဒီစီ တို့သည် ပစိဖိတ် နှင့် အတ္တလန်တိတ်သမုဒ္ဒရာတို့ကြား၊မြောက်ဖက်တွင် ကနေဒါနိုင်ငံနှင့် တောင်ဖက်တွင် မက္ကဆီကိုနိုင်ငံတို့ဖြင့် ဝိုင်းရံ၍ တည်ရှိသည်။

အလက်စကာ ပြည်နယ်သည် တိုက်ကြီး၏ အနောက်မြောက်ဖက်ပိုင်းတွင် တည်ရှိပြီး အရှေ့ဖက်တွင် ကနေဒါနှင့် အနောက်ဖက် ဘဲရင်းရေလက်ကြား (Bering Strait)ကို ဖြတ်၍ ရုရှားနိုင်ငံတို့ရှိကြသည်။ ဟာဝိုင်အီ ပြည်နယ်သည် ပစိဖိတ်သမုဒ္ဒရာအလယ်တွင် ရှိသော ကျွန်းစုဖြစ်သည်။ အမေရိကန်သည် ကာရစ်ဘီယန် နှင့် ပစိဖိတ်ဒေသအနှံ့အပြားတို့တွင် နယ်မြေများနှင့် ကျွန်းများကိုလည်း ပိုင်ဆိုင်သည်။

ဒုတိယကမ္ဘာစစ်အပြီး ၂၀ရာစုအလယ်ပိုင်းမှစပြီး အမေရိကန်ပြည်ထောင်စုသည် စီးပွား​ရေး၊ နိုင်ငံရေး၊ စစ်ရေး၊ သိပံ္ပပညာ၊ နည်းပညား နှင့် ယဉ်ကျေးမှုဆိုင်ရာ အရေးကိစ္စများတွင် ကမ္ဘာနှင့်အဝှမ်း ထင်ရှားကာ လွှမ်းမိုးချယ်လှယ်လာခဲ့သည်။ ထိုသို့လွှမ်းမိုးချယ်လှယ်မှုကြောင့် အမေရိကန်အား အထူးသဖြင့် စစ်အေးတိုက်ပွဲ အပြီးတွင် အင်အားကြီးနိုင်ငံ (သို့မဟုတ်)မဟာအင်အားကြီးအနေဖြင့် မှတ်ယူကြသည်။

သမ္မတ ဘွတ်ရှ် (ညာဘက်) နှင့် ဗြိတိသျှဝန်ကြီးချုပ် ဂေါ်ဒွန်ဘရောင်း

ပြည်နယ်များ

အမေရိကန် ပြည်ထောင်စု သည် ၅၀ ခုသော ပြည်နယ်တို့ ၏ ဖဒရယ် ပြည်ထောင်စု ဖြစ်သည်။ မူလပထမ ပြည်နယ် ၁၃ခုသည် နယ်ချဲ့အင်္ဂလိပ် တို့ထံမှ ရရှိခဲ့ သည့် နယ်မြေ၁၃ ခုဖြစ်သည်။ ကျန်ရှိသော ပြည်နယ်အများစုမှာ စစ်ရေး ဖြင့် သော်လည်းကောင်း အစိုးရမှဝယ်ယူ ၍ သော်လည်ကောင်း ရရှိခဲ့ သည့်ပြည်နယ်များ ဖြစ်သည်။ ဗားမွန့်၊ တက်စက် နှင့် ဟာဝါရီ ပြည်နယ် များသည် အမေရိကန် ပြည်ထောင်စုနှင့် မပူးပေါင်းမီ လွတ်လပ်သော ရီပဘလစ် (republic)များ ဖြစ်ခဲ့ သည့် ချွင်းချက် ပြည်နယ် များဖြစ်သည်။

အခြားချွင်းချက် များမှာ မူလပထမ ပြည်နယ် ၁၃ခု မှ ခွဲထုတ်လိုက်သော ပြည်နယ်များဖြစ်သည်။ ဟာဝါယီ သည်ဩဂုတ်လ ၂၁၊၁၉၅၄ တွင် ပြည်ထောင်စု၏ နောက်ဆုံး ပြည်နယ် ဖြစ်လာခဲ့သည်။ ပြည်နယ်တိုင်းသည် ပြည်ထောင်စုမှ ခွဲထွက်ပိုင် ခွင့်မရှိချေ။
ပြည်နယ်များ

    အယ်လ်ဘာမား (Alabama)
    အလက်စကား(Alaska)
    အရီဇိုးနား (Arizona)
    အာကန်းဆာ့စ်(Arkansas)
    ကယ်လီဖိုးနီးယား (California)
    ကော်လိုရာဒို (Colorado)
    ကွန်နက်တီကတ် (Connecticut)
    ဒီလာဝဲ (Delaware)
    ဖလော်ရီဒါ(Florida)
    ဂျော်ဂျီယာ(Georgia)
    ဟာဝါယီ(Hawai)
    အီဒါဟို(Idaho)
    အီလီနွိုက်စ်(Illinois)
    အင်ဒီယားနား(Indiana)
    အိုင်အိုးဝါး(Iowa)
    ကန်းဆက်စ်(Kansas)
    ကန်တူကီ(Kentucky)
    လူးဝီစီယာနား(Louisiana)
    မိန်း(Maine)
    မယ်ရီလန်း(Maryland)
    မန်ဆာချူးဆက်(Massachusetts)
    မစ်ရှီဂန်(Michigan)
    မင်နီဆိုးတား(Minnesota)
    မစ်စစ္စပီ(Mississippi)
    မစ်စိုရီ(Missouri)
    မွန်တားနား(Montana)
    နီဘရာစကာ(Nebraska)
    နီဗားဒါး(Nevada)
    နယူး ဟမ်းရှိင်းယား(New Hampshire)
    နယူး ဂျာစီ(New Jersey)
    နယူး မက္ကစီကို(New Mexico)
    နယူး ယော့(ခ်)(New Rock)
    မြောက် ကယ်ရိုလိုင်းနား(North Carolina)
    မြောက် ဒါကိုတာ(North Dakota)
    အိုဟိုင်းယိုး(Ohio)
    အိုက္ကလာဟိုးမား(Oklahoma)
    အော်ရီဂွန်(Oregon)
    ပန်ဆယ်ဗေးနီးယား(Pennsylvania)
    ရုဒ်ကျွန်း State of Rhode Island and Providence Plantations(Rhode Island)
    တောင် ကယ်ရိုလိုင်းနား(South Carolina)
    တောင် ဒါကိုတာ(South Dakota)
    တန်နက်ဆီး(Tennessee)
    တက်ဆက်စ်(Texas)
    ယူထား(Utah)
    ဗားမောင့်(Vermont)
    ဗာဂျီးနီးယား(Virginia)
    ဝါရှင်တန်(Washington)
    အနောက် ဗာဂျီးနီးယား(West Virginia)
    ဝစ်ကွန်ဆင် (Wisconsin)
    ဝိုးမင်း(Wyoming)

မြို့တော်ဖြစ်သည့် ၀ါရှင်တန်ဒီစီမှာ ဗဟိုအစိုးရမှ တိုက်ရိုက်အုပ်ချုပ်သည့် သီးသန့်နယ်မြေဖြစ်ပါသည်။
Tin Maung Hlaing

No comments:

Post a Comment