Latest News

Saturday, December 10, 2016

ယူ၂၂မြန်မာ-မလေးရှား ခြေစမ်းပွဲနှစ်နိုင်ငံ ဘောလုံးအဖွဲ့ချုပ်များ ဖျက်သိမ်း

ယူ၂၂မြန်မာ-မလေးရှား ခြေစမ်းပွဲနှစ်နိုင်ငံ ဘောလုံးအဖွဲ့ချုပ်များ ဖျက်သိမ်း


ရန်ကုန်၊ဒီဇင်ဘာ၉

၂၀၁၆ခုနှစ်ဒီဇင်ဘာလအတွင်း ယှဉ်ပြိုင်ကစားရန် စီစဉ်ထားသည့် ယူ၂၂နှစ်အောက် မြန်မာ-မလေးရှားခြေစမ်းဘောလုံးပြိုင်ပွဲနှစ်ပွဲကို နှစ်နိုင်ငံဘောလုံးအဖွဲ့ချုပ်တို့က ဖျက်သိမ်းလိုက်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် သတင်းမီဒီယာ ဆက်ဆံရေးတာဝန်ခံဦးဇော်မင်းထိုက်က ပြောကြားသည်။

အဆိုပါဘောလုံးပွဲစဉ်များကို မလေးရှားဘောလုံးအဖွဲ့ချုပ်က ယှဉ်ပြိုင်ကစားတော့မည်မဟုတ်ကြောင်း မြန်မာနိုင်ငံအဖွဲ့ချုပ်သို့ တရားဝင်အကြောင်းကြားလာသဖြင့် မြန်မာအသင်းဘက်မှလည်း ကစားပွဲဖျက်သိမ်းလိုက်ခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။

“သူတို့အကြောင်းကြောင်းကြောင့်မကစားဖြစ်တော့ဘူးဆိုတဲ့အတွက် MFF အနေနဲ့လည်း ဘာမှပြောစရာမရှိပါဘူး။လက်ရှိ ကစားမယ့်ပွဲပဲ မကစားဖြစ်တာပါအဖွဲ့ချုပ်အချင်းချင်း နားလည်သဘောပေါက်စွာနဲ့ ဆက်သွယ်ဆောင်ရွက်နေပါတယ်”ဟု ၎င်းကဆက်လက်ပြောဆိုသည်။

MFF အနေနှင့် မည်သည့်အကြောင်းပြချက်ကြောင့် မလေးရှားနိုင်ငံဘက်မှ ကစားပွဲဖျက်သိမ်းသည်ကို ထုတ်ဖော်ပြောဆိုခြင်း မရှိသော်လည်း မြန်မာနိုင်ငံ၊ရခိုင်ပြည်နယ်အတွင်းရှိ ဘင်္ဂလီများအရေးနှင့် ပတ်သက်၍ မလေးရှားနိုင်ငံက ကန့်ကွက်သည့်အတွက်ယင်းကဲ့သို့ ဖျက်သိမ်းလိုက်ခြင်းဖြစ်ကြောင်း သတင်းများ ထွက်ပေါ်လျှက်ရှိသည်။

မြန်မာယူ၂၂အသင်းသည် မလေးရှားအသင်းနှင့် ခြေစမ်းပွဲ ကစားမည်မဟုတ်သော်လည်း ယခုလ၁၆ရက်နေ့တွင် ယှဉ်ပြိုင်ကစားမည့် ဗီယမ်နမ် ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲကို သွားရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။

မလေးရှားနိုင်ငံသည် ယူ၂၂အာဆီယံဆီးဂိမ်း ဘောလုံးပြိုင်ပွဲ(၂၀၁၇)ကို အိမ်ရှင်အဖြစ် လက်ခံကျင်းပမည် ဖြစ်သည်။

Sources ; MFF ; The Voice

No comments:

Post a Comment