Latest News

Sunday, December 25, 2016

မောင်တောဒေသခံများ အဓမ္မပြုကျင့်ခံရပါက တိုင်ကြားနိုင်ပြီး နစ်နာသူများအား အကာအကွယ်ပေးမည်ဟု နိုင်ငံတော်အတိုင်ပင်ခံရုံးသတင်းထုတ်ပြန်


မောင်တောဒေသခံများ အဓမ္မပြုကျင့်ခံရပါက တိုင်ကြားနိုင်ပြီး နစ်နာသူများအား အကာအကွယ်ပေးမည်ဟု နိုင်ငံတော်အတိုင်ပင်ခံရုံးသတင်းထုတ်ပြန်

မောင်တောခရိုင်ရှိ ဒေသခံများအနေဖြင့် အဓမ္မပြု ကျင့်ခံရမှုများရှိပါက ဥပဒေနှင့်အ ညီ အမှုဖွင့်တိုင်ကြားနိုင်ပြီး မှန် ကန်မှုရှိပါက တရားဥပဒေနှင့်အ ညီ အရေးယူ၍ အမှန်တကယ်နစ် နာသူများကို ထိထိရောက်ရောက် အကာအကွယ်ပေးမည် ဖြစ် ကြောင်း  နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီ က သတင်းထုတ်ပြန်သည်။


နိုင်ငံတော် အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီ က ဒီဇင်ဘာ ၂၃ ရက်တွင် အထက် ပါအတိုင်း ထုတ်ပြန်ခြင်း ဖြစ် သည်။

မောင်တောအကြမ်းဖက် တိုက်ခိုက်မှုဖြစ်စဉ် ဖြစ်ပွားပြီး နောက် အမျိုးသမီးအချို့ အဓမ္မ ပြုကျင့်ခံရမှု ကောလာဟလနှင့် ပတ်သက်၍ အင်တာနက်နှင့်လူမှု ကွန်ရက်များတွင် မဟုတ်မမှန် လုပ်ကြံဝါဒဖြန့်သောသတင်းများ လွှင့်တင်ခြင်း၊ ပြည်ပမီဒီယာအ ချို့ကလည်း မဟုတ်မမှန်လုပ်ကြံ ထားသည့် တစ်ဖက်သတ်စွပ်စွဲ ချက်သတင်းများကို မီဒီယာကျင့် ဝတ်နှင့်မညီဘဲ ထုတ်လွှင့်ခြင်းများ ဆောင်ရွက်၍ အဖျက်သဘော ဖြင့် မကောင်းသတင်းများ ဖြန့် ဝေလျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

အဓမ္မပြုကျင့်မှုများရှိသည် ဟု ပြောကြားချက်များရှိနေသဖြင့် ယင်းတို့နှင့်စပ်လျဉ်း၍ ဖြစ်ရပ်မှန် ပေါ်ပေါက်ရေး၊ ကျူးလွန်ခဲ့သူများ ကို တရားဥပဒေနှင့်အညီ အရေး ယူနိုင်ရေးနှင့် နစ်နာသူများကို အကာအကွယ်များပေးအပ်နိုင်ရေး အတွက် ဒီဇင်ဘာ ၂၂ ရက်တွင် တာဝန်ရှိသူများက မေးမြန်းသော် လည်း ယင်းသတင်းကိုလွှင့်နေသူ မဂျာမာလီဟာနှင့် ဒေါ်သန်းသန်း တို့မှာ တိမ်းရှောင်လျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။

မောင်တောနယ်စပ်တွင် အ ကြမ်းဖက်မှုဖြစ်ပွားပြီးနောက် နယ်မြေတည်ငြိမ်မှုမရှိအောင် အကြမ်းဖက်သမားများနှင့် ပတ်သက် ဆက်နွှယ်နေသည့် ဘင်္ဂါလီများက မဟုတ်မမှန်သတင်းများလွှင့်နေသည်ကို တွေ့ရှိရပြီး  သတင်းမှန် ပြောကြားသူများကိုလည်း နှုတ်ပိတ်သည့်အနေဖြင့် သတ်ဖြတ်ခြင်းများရှိလာကြောင်း နယ်ခြားစောင့်ရဲအရာရှိတစ်ဦးက ပြောသည်။


Sources; 7Day

No comments:

Post a Comment