Latest News

Tuesday, December 13, 2016

ကသာမြို့တွင် ယာဉ်ယန္တရားများ ရပ်ထားသည့် ခြံဝင်းကို ထိန်းသိမ်းစစ်ဆေးရန် စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ညွှန်ကြား

ကသာမြို့တွင် ယာဉ်ယန္တရားများ ရပ်ထားသည့် ခြံဝင်းကို ထိန်းသိမ်းစစ်ဆေးရန် စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ညွှန်ကြား

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ကသာမြို့သို့ ရောက် ရှိစဉ် ခြံဝင်းနှစ်ခုအတွင်း ရပ်ထား သည့် ယာဉ်ယန္တရားများကို တွေ့ ရှိခဲ့၍ တရားဝင် ဟုတ်၊ မဟုတ် စစ်ဆေးရန်နှင့် ထိန်းသိမ်းထားရန် ဝန်ကြီးချုပ်က ဒေသတွင်း အုပ်ချုပ်ရေးအဖွဲ့အား ညွှန်ကြားခဲ့ကြောင်း သတင်းရရှိသည်။

စစ်ကိုင်းတိုင်းဒေသကြီး ဝန် ကြီးချုပ် ဒေါက်တာမြင့်နိုင်သည် ၎င်း၏ အစိုးရ အဖွဲ့နှင့်အတူ ကသာမြို့သို့ ဒေသဖွံ့ဖြိုးရေး အစီအစဉ်ဖြင့် လာရောက်စဉ် ရပ် ကွက် (၉)နှင့် တုံးပေါကျေးရွာရှိ ခြံဝင်းနှစ်ခုအတွင်း ဆီကန်အချို့ နှင့် မြေတူးစက်များ တွေ့ရှိ၍ ဝင် ရောက်စစ်ဆေးခဲ့ကြောင်း ဝန်ကြီးချုပ်ခရီးစဉ်တွင် လိုက်ပါခဲ့သော စစ်ကိုင်းတိုင်းဒေသကြီး လယ်ယာစိုက်ပျိုးရေးဝန်ကြီး ဦးကံဇာမုံက ပြောသည်။

‘‘ဘက်ဟိုးအသစ်တွေရော၊ အဟောင်းတွေရော၊ ကားအ ဟောင်းတွေရော ခြံဝင်းတစ်ခုထဲ မှာ စုပုံထားတာ တွေ့ခဲ့ရတယ်။ စောင့်တဲ့သူလည်း မရှိ၊ ခြံရှင် လည်းမရှိ၊ လုံခြုံရေးအနေနဲ့ ရဲ တွေကို စောင့်ခိုင်းထားတယ်။ သွားရင်းနဲ့ တွေ့ခဲ့တာ။ ခြံပိုင်ရှင် တွေကို ဆက်သွယ်ပြီးတော့ ဆက်လက်စုံစမ်းဖို့ ဝန်ကြီးချုပ်က ညွှန် ကြားထားတယ်’’ဟု ဦးကံဇာမုံက ပြောသည်။

ထိန်းသိမ်းထားရန် ညွှန် ကြားခဲ့သော ယန္တရားများတွင် ဘက်ဟိုး၊ ဆီသယ်ယာဉ်နှင့် ဆီ ကန်များ ပါဝင်ကြောင်း ဝန်ကြီး ချုပ်၏ ကိုယ်ရေးအရာရှိက ပြော သည်။ စာရင်းဇယားအတိအကျ ကို မြို့နယ်အထွေထွေအုပ်ချုပ် ရေးရုံးက တောင်းသော်လည်း လတ်တလော မရသေးကြောင်း သိရသည်။အဆိုပါ ယန္တရားများသည် ဖားကန့်ဒေသသို့ ပို့ဆောင်မည့် ယန္တရားများဖြစ်ပြီး လွန်ခဲ့သော နှစ်များကပင် ကသာမြို့မှ ဖားကန့် ဒေသသို့ ရေလမ်းဖြင့် ပို့ဆောင် လေ့ရှိကြောင်း ဒေသခံများက ပြောသည်။ အစိုးရသစ် လက် ထက်တွင်  ပို့ဆောင်ရန်  အ ကြောင်းအမျိုးမျိုးဖြင့် အခက်အခဲ ရှိနေ၍ လုပ်ငန်းရှင်များက ခြံဝင်း များထဲတွင် သိမ်းထားခြင်းဖြစ် ကြောင်း ပြောဆိုကြသည်။

တွေ့ရှိခဲ့သော ယန္တရားများ နှင့်ပတ်သက်၍ ကသာမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးဝင်းအောင်က ‘‘တရားဝင်လား၊ မဝင် လားဆိုတာ စစ်ဆေးရဦးမှာ။ ကညနတို့၊ ဘာတို့ လာဦးမှာ။ လာ ပြီး ကာစတန်ဂျူတီ ဘယ်လို ဆောင်ရလဲ၊ ဘာလဲ ပြန်စစ်ရဦး မှာ’’ဟု ပြောသည်။

တုံးပေါ ကျေးရွာအတွင်း တွေ့ရသော ယန္တရားများကို ပိုင်ဆိုင်သည့် ကုမ္ပဏီတာဝန်ရှိသူ အချို့က အုပ်ချုပ်ရေးအဖွဲ့ထံ လာရောက် ရှင်းလင်းခဲ့သော်လည်း ရပ်ကွက် (၉) တွင် တွေ့ရသော ယန္တရားများ၏ ပိုင်ရှင်ကို ဆက် သွယ်နေဆဲဖြစ်ကြောင်း ကသာ မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ သတင်းရရှိသည်။

သမ္မတဦးသိန်းစိန် အစိုးရ သက်တမ်းကုန်ခါနီး ၂၀၁၆ အစောပိုင်းကာလက ဖားကန့်ဒေသသို့ တရားမဝင်တင်သွင်းသော ယန္တ ရားများ အရှုပ်အထွေးပေါ်ပေါက် ခဲ့ပြီး ယင်းဖြစ်စဉ်ကို စုံစမ်းစစ်ဆေးရေး ခုံရုံးဖွဲ့၍ စစ်ဆေးခဲ့သည်။ ထိုသို့ စစ်ဆေးနေစဉ် တရားမဝင် ယာဉ်ယန္တရားများကို ဖားကန့် ဒေသရှိ တောတွင်းနေရာများနှင့် အနီးပတ်ဝန်းကျင်ဒေသများတွင် လုပ်ငန်းရှင်များက ဝှက်ထားခြင်း မျိုးရှိခဲ့သည်။

Sources ; 7 Day

No comments:

Post a Comment