Latest News

Sunday, December 4, 2016

မြန်မာ-ထိုင်းဘောလုံးပွဲ၌ ဆူပူရမ်းကားသူ ၄၀ ကျော်ကို ထိန်းသိမ်း

မြန်မာ-ထိုင်းဘောလုံးပွဲ၌ ဆူပူရမ်းကားသူ ၄၀ ကျော်ကို ထိန်းသိမ်း

မြန်မာ-ထိုင်း ပွဲစဉ်အပြီးတွင် ဆူပူမှုများ ဖြစ်ပေါ်ခဲ့မှုကြောင့် ဆူပူရမ်းကားသူ ၃၆ ဦးနှင့် တုတ်၊ ဓား လက်နက်များ ယူဆောင်သူ ခြောက်ဦးကို ဖမ်းဆီးထားကြောင်း ဘောလုံးပွဲ လုံခြုံရေးအဖွဲ့မှ ရဲအရာရှိက ပြောကြားသည်။

"လတ်တလော ဆူပူမှုကို ခဏထိန်းသိမ်းထားတာပါ။ အုပ်ထိန်းသူတွေ ခေါ်ပြီး မကြာခင် အာမခံနဲ့ ပြန်လွှတ်ပေးမယ်"ဟု အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့မှ ရဲအရာရှိက ဆိုသည်။

အဆိုပါပွဲကို ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှ အင်အား ၅၀၀ အပါအဝင် ရဲအင်အား ၁၃၇၈ ဦး လုံခြုံရေး ဆောင်ခဲ့ရကြောင်း ရဲအသိုင်းအဝိုင်းထံမှ သိရသည်။
The Voice

No comments:

Post a Comment