တက္ကသိုလ်ဝင်တန်းစာမေးပွဲ မတ်လ ၈ရက် စမည်
ရန်ကုန်၊ ဒီဇင်ဘာ ၁၀
ယခု ၂၀၁၆-၂၀၁၇ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း(ဆယ်တန်း)စာမေးပွဲကို ၂၀၁၇ခုနှစ် မတ်လ ၈ရက်မှ ၁၇ရက်အထိ စစ်ဆေးမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက ယနေ့(ဒီဇင်ဘာ ၁၀ရက်) ရက်စွဲဖြင့် သတင်းထုတ်ပြန်သည်။
မတ်လ ၈ရက်တွင် မြန်မာစာ၊ မတ်လ ၉ရက်တွင် အင်္ဂလိပ်စာ၊ မတ်လ ၁၀ရက်တွင် သင်္ချာ၊ မတ်လ ၁၁ရက်တွင် စိတ်ကြိုက် မြန်မာစာဖြေဆိုရမည်ဖြစ်ပြီး မတ်လ ၁၂ရက် တနင်္ဂနွေနေ့တွင် စာမေးပွဲရပ်နားမည်ဖြစ်ကြောင်း ယင်းသတင်းထုတ်ပြန်ချက်အရ သိရှိရသည်။
ထို့နောက် မတ်လ ၁၃ရက်တွင် ဓာတုဗေဒ၊ မတ်လ ၁၄ရက်တွင် ရူပဗေဒ၊ မတ်လ ၁၅ရက်တွင် ဇီဝဗေဒ၊ ဘောဂဗေဒ၊ မတ်လ ၁၆ရက်တွင် ပထဝီဝင်နှင့် မတ်လ ၁၇ရက်တွင် သမိုင်းဘာသာရပ်များကို နံနက် ၉နာရီမှ ၁၂နာရီအထိ ဖြေဆိုရမည်ဖြစ်ကြောင်း အဆိုပါသတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
J-02
Subscribe to:
Post Comments (Atom)
No comments:
Post a Comment