Latest News

Sunday, December 4, 2016

တတိယတန်းကျောင်းသူကို အဓမ္မကျင့်တဲ့ ကျောင်း ဆရာကို ဖမ်းဆီး

တတိယတန်းကျောင်းသူကို အဓမ္မကျင့်တဲ့ ကျောင်း ဆရာကို ဖမ်းဆီး

စာသင်ချိန် အချိန်ပိုခေါ်ယူပြီး အဓမ္မပြုကျင့်ခဲ့တာပါ။
     

စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ်ထဲက မူလတန်းကျောင်းတစ်ခုမှာ ကျောင်းဆရာတစ်ဦးက ဆယ်နှစ်အရွယ် တတိယတန်းကျောင်းသူတစ်ဦးကို စာသင်ချိန် အချိန်ပိုခေါ်ယူပြီး အဓမ္မပြုကျင့်မှု ဖြစ်ပွားခဲ့တယ်လို့ ဟုမ္မလင်းမြို့မ ရဲစခန်းကနေ သိရပါတယ်။

ဒီဇင်ဘာလ ၃ ရက်နေ့မနက်ပိုင်းက ဟုမ္မလင်းမြို့နယ် လောင်းမင်းကျေးရွာမူလတန်းကျောင်းက မြန်မာစာကျောင်းဆရာ ဦးတင်မင်းနိုင် (၂၆) နှစ်က တတိယတန်းကျောင်းသူကို အချိန်ပိုခေါ်ယူပြီး သူ့ရဲ့အိပ်ခန်းထဲမှာ အဓမ္မပြုကျင့်ခဲ့တာလို့ ဟုမ္မလင်းမြို့မ ရဲစခန်းမှူးကြည်စိုးက ပြောပါတယ်။

နောက်နေ့မနက်မှာ အဆိုပါမိန်းကလေးရဲ့ အဒေါ်ဖြစ်သူက ဟုမ္မလင်းမြို့နယ်ရဲစခန်းကို တိုင်ကြားခဲ့လို့ ပြစ်မှုကျူးလွန်တဲ့ကျောင်းဆရာကို ရာဇသတ်ကြီးပုဒ်မ ၃၇၆ အရ ဖမ်းဆီးကာ အမှုဖွင့်စစ်ဆေးနေတယ်လို့ သိရပါတယ်။
Source : 7DayDaily & Duwun

No comments:

Post a Comment