Latest News

Thursday, December 29, 2016

ပုသိမ်-မုံရွာလမ်းပေါ်၌ လိုက်ထရပ်ကားတစီး ရှေ့ဘီးပေါက်၍ သစ်ပင်ကိုဝင်တိုက်ရာမှ လူတဦးသေဆုံး

ပုသိမ်-မုံရွာလမ်းပေါ်၌ လိုက်ထရပ်ကားတစီး ရှေ့ဘီးပေါက်၍ သစ်ပင်ကိုဝင်တိုက်ရာမှ လူတဦးသေဆုံး


မကွေးမှ ချောင်းသာသို့ ပုသိမ်-မုံရွာကားလမ်းအတိုင်း မောင်းနှင်လာသော 7G/9248 Porter II အမျိုးအစား ကားသည် ဒီဇင်ဘာ ၂၉ ရက် နံနက် ၄ နာရီ ၁၅ ခန့်တွင် ကားရှေ့ဘီးပေါက်ကာ မဲဇလီတံတားထိပ်အနီး၌ သစ်ပင်ကိုဝင်တိုက်ပြီး လမ်းဘေးသို့ထိုးကျခဲ့သည်ဟု သတင်းရရှိသည်။

“၀ုန်းကနဲ အသံကြားတော့ ကျွန်တော်တို့သွားကြည့်တာ ကားထဲမှာ လူတဦး ညပ်နေတာ။ နောက်တော့မှ ချုံထဲမှ ခြေထောက် ၁ ဖက်တွေ့တော့မှာ ညပ်နေတဲ့ တယောက်က ငြီးနေတယ်။ တနာရီကျော်ကြာ ထုတ်ယူရတယ်။ အောက်က ၁ ယောက်ကတော့ အသက်မရှိတော့ဘူး”ဟု ဖြစ်စဉ်အစအဆုံးကူညီခဲ့သူ ရဲတပ်ကြပ်ကြီး သန်းတင့်က ဆိုသည်။

ကားပေါ်တွင်တွေ့ရှိရသောတယ်လီဖုန်းမှတဆင့် လူနာရှင်၏သမီးထံ အဆက်အသွယ်ရရှိခဲ့ပြီး လူနာမှာ မကွေးမြို့မှ ဦးစန်းမြင့်အောင်ဖြစ်သည်ဟု သိရပြီး လူနာအား စေတနာမွန်လူမှုကူညီရေးအသင်းမှ မင်းတုန်းဆေးရုံသို့ တင်ပို့ပေးခဲ့ကြောင်း သိရှိရသည်။

ယာဉ်တိုက်မှုဖြစ်စဉ်၌ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဒေသခံများနှင့် စေတနာမွန်လူမှုကယ်ဆယ်ရေး အသင်းသားများက လာရောက်ကူညီခဲ့ကြောင်းလည်း သိရသည်။

Sources; ထန်ထန်(မဲဇလီ)News Watch

No comments:

Post a Comment