အကောင်းဆုံးအနေအထားဖြစ်အောင်တိုးတက်အောင်သာ ကြိုးစားနေလိုက်ပါ
တစ်ခါတလေမှာ
ဝမ်းနည်းစရာ အကောင်းဆုံးက
ကိုယ့်ကိုမချစ်တော့တဲ့လူကို
ကိုယ်ဆုံးရှုံးလိုက်ရလို့ မဟုတ်ဘူး။
ကိုယ့်ကိုတကယ်ချစ်တဲ့လူနဲ့ တွေ့ဆုံချိန်
အကောင်းဆုံးအနေအထားမှာ ကိုယ် ရှိမနေတာပဲဖြစ်တယ်။
အခုမှ သင်ဟာ အသက် ၂ဝကျော်လေးပါ...
ဒီတစ်သက်မှာ သင့်ကိုတကယ်ချစ်မယ့်လူကို ရှာတွေ့တော့မှာ
မဟုတ်ဘူးလို့ မစိုးရိမ်ပါနဲ့။
တချို့သံယောဇဉ်က ငါတို့ကို နာကျင်စေတာမှန်ပေမယ့်
တချို့သံယောဇဉ်က ငါတို့ကို တန်ဖိုးထား၊ နားလည်စေတယ်၊
တချို့သံယောဇဉ်ရှေ့မှာ ငါတို့ ဟန်ဆောင်စရာမလိုဘဲ
လွတ်လွတ်လပ်လပ် ရှင်သန်နိုင်တယ်။
သင်သာ ယုံကြည်ရင်၊
သင်သာ စောင့်နိုင်ရင်၊
သင့်ကိုတကယ်ချစ်တဲ့သူ အလာနောက်ကျမှာကို မကြောက်ပါနဲ့။
အခုမှ သင် အသက် ၂ဝကျော်လေးပါ...
ဒီတစ်သက်မှာ သင့်ကိုတကယ်ချစ်မယ့်လူကို ရှာတွေ့တော့မှာ
မဟုတ်ဘူးလို့ မစိုးရိမ်ပါနဲ့။
သင့်ဘဝထဲ သူထွက်ပေါ်မလာသေးခင်
သင့်ကိုယ်သင် အကောင်းဆုံးအနေအထားဖြစ်အောင်၊
တိုးတက်အောင်သာ ကြိုးစားနေလိုက်ပါ....
#NineNineSaNay
Subscribe to:
Post Comments (Atom)
No comments:
Post a Comment