Latest News

Monday, December 26, 2016

အမေစုအိမ်မှာ ဆုတောင်းသီချင်းသွားဆိုခဲ့တဲ့ ကော်နီ

အမေစုအိမ်မှာ ဆုတောင်းသီချင်းသွားဆိုခဲ့တဲ့ ကော်နီ

အခြားသော အနုပညာရှင်များလည်း ပါဝင်တယ်လို့ သိရပါတယ်။

အဆိုတော် ကော်နီက ဒီဇင်ဘာ(၂၆)ရက်နေ့က အမေစုအိမ်မှာ ဆုတောင်းသီချင်းများ သွာေးရာက်သီဆိုခဲ့တယ်လို့ သိရပါတယ်။ သူမနဲ့အတူ အခြားသော အနုပညာရှင်များဖြစ်ကြတဲ့ ဟေမာနေဝင်း၊ ရှင်ဖုန်း၊ သံသာဝင်း၊ အနဂ္ဂ၊ တို့နဲ့အတူ အမေစုအတွက် အသက်ရှည် ကျန်းမာစေကြောင်း ဆုတွေတောင်းပြီး သီချင်းလေးတွေ ဆိုကြတယ်လို့ သူမရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားပါတယ်။

" အမေ ခဏတာလေးတွေ့ဆုံခွင့်ရတဲ့ အချိန်လေးမှာတောင် အမေစုပြောတဲ့ စကားလေးတွေ တန်ဖိုးရှိလိုက်တာ ကျေးဇူးပါ" လို့လည်း ကော်နီက ရေးထားပါသေးတယ်။  အဆိုတော် ကော်နီက သူမရဲ့ မွေးနေ့မှာ ပုဂံသို့ သူငယ်ချင်းများနဲ့ သွားရောက်လည်ဖြစ်ခဲ့တယ်လို့လည်း သိရပါတယ်။

ဂီတလှုပ်ရှားမှုများနဲ့ ပတ်သက်ပြီးတော့လည်း အသက်(၅၀)ပြည့် တစ်ကိုယ်တော်ဖျော်ဖြေပွဲကို ၂၀၁၇ခုနှစ်ထဲမှာ လုပ်သွားဖို့ရှိတယ်လို့လည်း သိရပါတယ်။

Sources; Duwun Photo : ကော်နီ ဖေ့စ်ဘွတ်

No comments:

Post a Comment