သူနာပြုများ ယူနီဖောင်းပြောင်းရန် ညှိနှိုင်းနေဟုဆို
ရန်ကုန်၊ ဒီဇင်ဘာ ၉
ကျန်းမာရေးနှင့် အားကစား ၀န်ကြီးဌာန လက်အောက်တွင် တာဝန် ထမ်းဆောင်နေသည့် သူနာပြုများကို တာဝန် ထမ်းဆောင်နေစဉ် အချိန်တွင် ထမိန် ၀တ်ဆင်ခြင်းမှ ဘောင်းဘီရှည် ၀တ်ဆင်ရန် ညှိနှိုင်းနေကြောင်း ကုသရေး ဦးစီးဌာနမှ သိရသည်။
ယင်းသို့ သူနာပြုများ၏ ၀တ်စုံ ပြောင်းလဲခြင်းကို လတ်တလောတွင် ဆွေးနွေးနေဆဲ ဖြစ်ပြီး အတည် မပြုသေးကြောင်း ကုသရေး ဦးစီးဌာနက တာဝန်ရှိသူ တစ်ဦးက ဆိုသည်။
“လွတ်လွတ် လပ်လပ် ရှိတယ်။ သွားရလာရ ပိုပေါ့ပါးတယ်။ ထမိန်ဆို ပြေးရင်း လွှားရင်း ကျွတ်ကျမလား စိတ်ပူနေရမယ်။ အင်္ကျီကလည်း ကျပ်ရင် နေရခက်မှာ စိုးလို့တောင် ပွပွ လုပ်ပေးထားတယ်” ဟု ပုဂ္ဂလိက ဆေးရုံတစ်ခုမှ ဆေးရုံ စီမံခန့်ခွဲရေး ဆောင်ရွက်သူ တစ်ဦးက ဆိုသည်။
သူနာပြု ကောင်စီ၊ သူနာပြု တက္ကသိုလ်၊ သူနာပြု သင်တန်းကျောင်းများနှင့် ယူနီဖောင်း ပြောင်းလဲရေး အတွက် ပူးပေါင်း လုပ်ဆောင်နေခြင်း ဖြစ်ကြောင်း ကုသရေး ဦးစီးဌာန တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
Sources ; The Voice
Subscribe to:
Post Comments (Atom)
No comments:
Post a Comment