Latest News

Saturday, December 10, 2016

မောင်တောခရိုင်မှာ ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ကို သက်တမ်းထပ်တိုး

မောင်တောခရိုင်မှာ ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ကို သက်တမ်းထပ်တိုး


ဒီဇင်ဘာ ၉ ရက်က သက်တမ်းထပ်တိုးခဲ့တာပါ။
 

ရခိုင်ပြည်နယ် မောင်တောခရိုင်ထဲမှာ ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ကို ဒီဇင်ဘာ ၉ ရက်က ထပ်မံသက်တမ်းတိုး ခဲ့တယ်လို့ မောင်တောခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက သတင်းထုတ်ပြန်ခဲ့ပါတယ်။

‘‘မောင်တောခရိုင်မှာ ပုဒ်မ ၁၄၄ ကို ဆက်ထုတ်လိုက်ပါတယ်။ ညမထွက်ရတဲ့အချိန် သတ်မှတ်ချက်ကတော့ ပထမထုတ်ထားတဲ့ အတိုင်း ည ၇ နာရီ ကနေ မနက် ၆ နာရီအထိဖြစ်ပါတယ်’’လို့  မောင်တောမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်မြ၀င်းက ပြောပါတယ်။


မောင်တောခရိုင်မှာ ပုဒ်မ ၁၄၄ ကို ပြီးခဲ့တဲ့ ၂၀၁၂ ဇွန်လ ၈ ရက်ကစပြီး နှစ်လတစ်ကြိမ် ထုတ်ပြန်နေတာဖြစ်ကာ အရင်က ည ၁၁ နာရီကနေ မနက် ၄ နာရီအထိ သတ်မှတ်ထားခဲ့ပေမယ့် အောက်တိုဘာ ၉ ရက်က မောင်တောမြို့နယ်က နယ်ခြားစောင့် ရဲကင်းတွေကို အကြမ်းဖက်မှုဖြစ်ပွားပြီးနောက်ပိုင်း ည ၇ နာရီကနေ မနက် ၆ နာရီထိ တိုးမြှင့်သတ်မှတ်ခဲ့တာဖြစ်ပါတယ်။

Source : 7DayDaily
 

No comments:

Post a Comment