မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ ဆုချီးမြှင့်ပွဲကျင်းပ
ရန်ကုန် ဒီဇင်ဘာ ၈
မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီက ကြီးမှူး၍ စတုတ္ထမဏ္ဍိုင် ဆုပေးအပ်သည့် ဂုဏ်ပြုပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၁ဝ နာရီက ရန်ကုန်မြို့ ဗိုလ်တထောင် ဘုရားလမ်းရှိOrchid Hotel ၌ ကျင်းပသည်။
ရှေးဦးစွာ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဥက္ကဋ္ဌကိုယ်စား ဒုတိယဥက္ကဋ္ဌ(၁) ဦးအောင်လှထွန်းက အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် အတွင်းရေးမှူး ဦးသီဟစောက စတုတ္ထမဏ္ဍိုင်ဆုပေးပွဲနှင့် ဂုဏ်ပြုပွဲကျင်းပရခြင်းကို ရှင်းလင်း ပြောကြားသည်။
ယင်းနောက် ဒုတိယဥက္ကဋ္ဌ ဒေါက်တာမျိုးသန့်တင်ကMyanmar Now News
Agency မှ သတင်းထောက်ချုပ် ဦးဆွေဝင်းအား ဂုဏ်ပြုဆုငွေကျပ် သိန်း ၂ဝ၊ ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုတံဆိပ်တို့ကို ပေးအပ်ချီးမြှင့်သည်။
ဆက်လက်၍ တွဲဖက်အတွင်းရေးမှူး ဒေါ်သင်းသင်းသာက မအက်စတာထုဆန် အား ဂုဏ်ပြုဆုငွေကျပ် ငါးသိန်း၊ ဂုဏ်ပြု မှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုတံဆိပ်တို့ကို ပေးအပ်ချီးမြှင့်သည်။ ယင်းနောက် ဂုဏ်ပြုဆုရရှိကြသူများက ကျေးဇူးတင် စကား ပြန်လည်ပြော ကြားကြသည်။
ထို့နောက် သတင်းမီဒီယာကောင်စီဝင် ဟံသာဝတီဦးအုန်းကြိုင်က နိဂုံးချုပ် စကားပြောကြားသည်။
စတုတ္ထမဏ္ဍိုင်ဆုရရှိသည့် သတင်းထောက်ချုပ် ဦးဆွေဝင်းသည် ရန်ကုန်မြို့ အင်းဝအပ်ချုပ်ဆိုင်၌ ကျွန်ပြုနှိပ်စက်ခံရသော အိမ်အကူမိန်းကလေး ငယ် နှစ်ဦး၏ ဘဝအကြောင်းကို စုံစမ်းဖော်ထုတ်သတင်းရေးသားခြင်းဖြင့် ဂုဏ်ပြုဆုရရှိခြင်းဖြစ်သည်။
ထို့အတူ သတင်းထောက် မအက်စတာထုဆန်သည် အရှေ့တောင်အာရှ ပင်လယ် ပြင်၌ ကျွန်ပြုခံရသော မြန်မာအများစုပါဝင်သည့် ရေလုပ်သားများ အကြောင်းကို တစ်နှစ်ကျော်ကြာ စုံစမ်းဖော်ထုတ်ရေးသားခဲ့သည့်အတွက် မအက်စတာထုဆန် အပါ အဝင် အမျိုးသမီးသတင်းထောက် လေးဦးပါအဖွဲ့ ကို ပူလစ်ဇာဆု ချီးမြှင့်ခဲ့သည့်အတွက် ဂုဏ်ပြုဆုချီးမြှင့်ခြင်းဖြစ်ကြောင်း သိရသည်။
အောင်သူရ
ပြန်/ဆက်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment