"အာဆီယံ လူမှုအသိုင်းအဝိုင်း ဆိုတာ ဘာလဲ၊ နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင် ဆိုတာ ဘာလဲ" ဟု မလေးဝန်ကြီးချုပ် နာဂျစ် မေးခွန်းထုတ်
အာဆီယံ ပဋိညာဉ်စာတမ်းအပေါ် မြန်မာ၏ တုံ့ ပြန်ခဲ့မှုနှင့် ပတ်သက်ပြီး လူ့ အခွင့်အရေးကို ကာကွယ်စောင့်ရှောက်ရန် တခြားအဖွဲ့ ဝင်နိုင်ငံများကို မလေးရှားဝန်ကြီးချုပ် နာဂျစ်က တောင်းဆိုလိုက် သည်။
"တစ်ခုတည်းပဲ ရွေးဖတ်ပြီး တခြားဟာတွေကို လျစ်လျူရှုတယ်။ သူတို့ ကန်းနေကြပြီလား" ဟု နာဂျစ်က ရခိုင်အရေး ဆန္ဒပြနေသူ လူအုပ်ကြီးအား ပြီးခဲ့သည့် တနင်္ဂနွေနေ့က ကွာလမ်လာပူမြို့တွင် ပြောကြားခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်က မလေးရှား ကိုယ်စားလှယ် များနှင့် တွေ့ ဆုံရန် ငြင်းပယ်ခဲ့သည်ဟုလည်း နာဂျစ် က ပြောကြားခဲ့သည်။ "ကျွန်တော်က မလေး နိုင်ငံခြားရေးဝန်ကြီး အနီဖာအာမန်ကို ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခိုင်းပါတယ်။ ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည်က ဘာပြန်ပြောသလဲဆို တော့ ရိုဟင်ဂျာတွေ အကြောင်းသာ ဆွေးနွေးမယ်ဆိုရင် မတွေ့ ချင်ဘူးလို့ ပြောတယ်”
“သည်ကိစ္စမှာ အာဆီယံ လူမှုအသိုင်းအဝိုင်း ဆိုတာ ဘာလဲ၊ နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင် ဆိုတာ ဘာလဲ" သူ့ အနေဖြင့် မွတ်ဆလင် များအတွက် ပါးစပ်မပိတ်နိုင် မျက်လုံးမမှိတ်နိုင်ဘဲ ကာကွယ်သွား မည်ဟု ဆိုသည်။
ကုလသမဂ္ဂနှင့် OIC ကို အရေးကြီးသည့် နေရာကပါဝင်ကြဖို့ နှင့် အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒို အားလည်း ပူးပေါင်းပါဝင်ရန် တိုက်တွန်းလိုက်သည်။
"မွတ်ဆလင်တွေ ရက်စက်တဲ့ ကံကြမ္မာကနေ လွတ်မြောက်ဖို့  ကမ္ဘာ့ခေါင်းဆောင် အားလုံး ရပ်တည်ပြီး လက်တွဲအဖြေရှာဖို့ ကျွန်တော် တိုက်တွန်းလိုက်ပါတယ်”
လင်းလင်း
The Ladies News
Tuesday, December 6, 2016
အာဆီယံ လူမှုအသိုင်းအဝိုင်း ဆိုတာ ဘာလဲ၊ နိုဘယ်လ် ငြိမ်းချမ်း ရေးဆုရှင် ဆိုတာ ဘာလဲ" ဟု မလေးဝန်ကြီးချုပ် နာဂျစ် မေးခွန်းထုတ်
အာဆီယံ လူမှုအသိုင်းအဝိုင်း ဆိုတာ ဘာလဲ၊ နိုဘယ်လ် ငြိမ်းချမ်း ရေးဆုရှင် ဆိုတာ ဘာလဲ" ဟု မလေးဝန်ကြီးချုပ် နာဂျစ် မေးခွန်းထုတ်
Reviewed by Ar Ti
on
10:42 AM
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment