အဓမ္မပြုကျင့်ခံရသည်ဟု မောင်တောဒေသမှ အမျိုးသမီးအချို့၏ ထွက်ဆိုချက် မမှန်ကန်
မောင်တောဒေသမှ အမျိုးသမီးတစ်ဦးကို မေးမြန်းနေစဉ် (State Counsellor Office Information Committee)
အဓမ္မပြုကျင့်ခံရသည် ဟု မောင်တောဒေသမှ အမျိုး သမီးအချို့၏ ထွက်ဆိုချက်မှာ မှန်ကန်မှုမရှိဟု နိုင်ငံတော်အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်လိုက် သည်။
မောင်တောဒေသရှိ အမျိုး သမီးအချို့သည် လုံခြုံရေးအဖွဲ့ဝင်များ၏ အဓမ္မပြုကျင့်ခံရသည်ဟု မီဒီယာများအား ဖြေကြားခဲ့၍ ဖြစ်စဉ်မှန်ကန်မှု ရှိ၊ မရှိ တာဝန်ရှိသူများက သွားရောက်စိစစ်ရာ ကာယကံရှင်များက တိမ်းရှောင်နေပြီး ၎င်းတို့၏အိမ်နီးချင်းများကအဓမ္မပြုကျင့်ခံရသည်ဟု ကျေးရွာအတွင်း မကြားမိကြောင်း ဖြေကြားခဲ့သည်ဟု အစိုးရက ဒီဇင်ဘာ ၂၃ ရက်၌ သတင်းထုတ်ပြန် သည်။
‘မောင်တော အကြမ်းဖက် တိုက်ခိုက်မှုဖြစ်စဉ် ဖြစ်ပွားပြီး နောက် အမျိုးသမီးအချို့ အဓမ္မ ပြုကျင့်ခံရမှု ကောလာဟလနှင့် ပတ်သက်၍ စစ်ဆေးတွေ့ရှိချက် အပေါ် သတင်းထုတ်ပြန်ချက်’ဟူ ၍ နိုင်ငံတော်အတိုင်ပင်ခံရုံး သ တင်းထုတ်ပြန်ရေး ကော်မတီက သတင်းထုတ်ပြန်ခြင်းဖြစ်သည်။
ပြည်တွင်း၊ ပြည်ပ မီဒီယာ များပါဝင်သော သတင်းမီဒီယာအ ဖွဲ့သည် ဒီဇင်ဘာ ၁၉ ရက်မှ ၂၂ ရက်အထိ ရခိုင်ပြည်နယ်သို့ သွား ရောက်သည့် ခရီးစဉ်တွင် မောင် တောမြို့နယ် ပြောင်ပိုက်ကျေးရွာ သို့ ဒီဇင်ဘာ ၂၁ ရက်က ရောက်ရှိစဉ် ပြောင်ပိုက်ကျေးရွာနေ မဂျာမာလီဟာ(၂၅)နှစ်နှင့် ငါးစားကြူးကျေးရွာနေ ဒေါ်သန်းသန်း (ခ)မနိုရ်ဂျန် (၃၂)နှစ်တို့အား တွေ့ဆုံ မေးမြန်းရာ မဂျာမာလီဟာက ၎င်းကို လုံခြုံရေးတပ်ဖွဲ့ဝင်များ က အဓမ္မပြုကျင့်ခဲ့သည်ဟု ဖြေကြားခဲ့ကြောင်း၊ သို့ဖြစ်၍ ဖြစ်ရပ်မှန်ပေါ်ပေါက်ရေး၊ ကျူးလွန်ခဲ့သူများအား တရားဥပဒေနှင့်အညီ အရေးယူနိုင်ရေးနှင့် နစ်နာသူများ အား ဥပဒေနှင့်အညီ အကာအ ကွယ်များ ပေးအပ်နိုင်ရေးအ တွက် ဒီဇင်ဘာ ၂၂ ရက်တွင် တာဝန်ရှိသူများ ပါဝင်သော အဖွဲ့ သည် ပြောင်ပိုက်ကျေးရွာသို့သွား ရောက်ကာ ပြောင်ပိုက်ကျေးရွာ ရာအိမ်မှူး ခါလီ၊ စပယ်ကုန်း ကျေးရွာအုပ်ချုပ်ရေးမှူး မာမတ် အီနူးနှင့် ရပ်မိရပ်ဖများအား တွေ့ ဆုံမေးမြန်းခဲ့ကြောင်း သိရသည်။
မဂျာမာလီဟာနှင့် ဒေါ်သန်း သန်းတို့သည် ပြောင်ပိုက်ကျေးရွာ တွင် နေထိုင်ခြင်းမရှိဘဲ ငါးစား ကြူးကျေးရွာတွင် နေထိုင်လျက်ရှိ ကြောင်း သိရသဖြင့် လာရောက် ရန် ခေါ်ယူခဲ့သော်လည်း လာ ရောက်ခြင်းမပြုဘဲ တိမ်းရှောင်နေ ကြောင်း၊ ပြောင်ပိုက်ကျေးရွာရှိ မဂျာမာလီဟာ၏ နေအိမ်အနီး ၀န်းကျင်နေ အဘူဘော်ရှော့၊ မနူရ်နတ်၊ ရာအိမ်မှူးတို့ကို မေး မြန်းရာ အဓမ္မပြုကျင့်မှုဖြစ်စဉ်နှင့် ပတ်သက်၍ မှန်ကန်မှုမရှိ ကြောင်း၊ အဓမ္မပြုကျင့်ခံရသည် ဟု ကျေးရွာအတွင်း မကြားမိ ကြောင်း၊ ၎င်းအနေဖြင့် သတင်း ထောက်များအား မည်သည့် ရည် ရွယ်ချက်ဖြင့် အဓမ္မပြုကျင့်ခံရ သည်ဟု ပြောကြားသည်ကို မသိ ကြောင်း ဖြေကြားခဲ့သည်ဟု သ တင်းထုတ်ပြန်ချက်တွင် ပါရှိ သည်။
မောင်တောခရိုင်ရှိ ဒေသခံ များအနေဖြင့် အဓမ္မပြုကျင့်ခံရမှု များရှိပါက ဥပဒေနှင့်အညီ အမှု ဖွင့်တိုင်ကြားနိုင်ကြောင်း၊ မှန် ကန်မှုရှိပါက တရားဥပဒေနှင့်အညီ အရေးယူဆောင်ရွက်မည် ဖြစ်ကြောင်းနှင့် အမှန်တကယ်နစ် နာသူများကို ထိထိရောက်ရောက် အကာအကွယ်ပေးမည် ဖြစ် ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေး ကော်မတီ က ထုတ်ပြန်သည်။
ရခိုင်ပြည်နယ် မောင်တော မြို့နယ်ရှိ အမှတ်(၁) နယ်ခြား စောင့် ရဲကွပ်ကဲမှုဌာနချုပ် အပါ အ၀င် ရဲကင်းစခန်းများ တိုက် ခိုက်ခံရမှုကြောင့် ရဲတပ်ဖွဲ့ဝင်များ သေဆုံးဒဏ်ရာရရှိခဲ့ကာ လက် နက်မျိုးစုံ ၅၁ လက် နှင့် ကျည်မျိုး စုံ ဆုံးရှုံးခဲ့သည်။ ယင်းဖြစ်စဉ် ဖြစ် ပွားပြီးနောက် တပ်မတော်၊ မြန် မာနိုင်ငံရဲတပ်ဖွဲ့ ပူးပေါင်းစစ် ကြောင်းများက မောင်တောဒေသအတွင်း နယ်မြေရှင်းလင်းရေး ဆောင်ရွက်လျက်ရှိသည်။
Source : 7DayDaily
Subscribe to:
Post Comments (Atom)
No comments:
Post a Comment