Latest News

Wednesday, December 14, 2016

ခုံးတံတားအောက်က ကစားကွင်းနဲ့ အပန်းဖြေနေရာတွေအတွက် ကျပ်သိန်းလေးထောင်သုံး

ခုံးတံတားအောက်က ကစားကွင်းနဲ့ အပန်းဖြေနေရာတွေအတွက် ကျပ်သိန်းလေးထောင်သုံး

နောက်ထပ်ခုံးကျော်တံတား ငါးစင်းအောက်မှာလည်းပြုလုပ်သွားမယ်လို့ ဆိုပါတယ်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရနဲ့ ပြင်သစ်ယဉ်ကျေးမှုဌာနတို့ ပူးပေါင်းဆောင်ရွက်တဲ့ စီမံကိန်းတစ်ခုဖြစ်တဲ့ ရန်ကုန်မြို့မြေနီကုန်း ခုံးကျော်တံတားအောက်က အပန်းဖြေကစားကွင်းတွေကို ငွေကျပ်သိန်းလေးထောင်နီးပါး အကုန်ကျခံပြီး တည်ဆောက်နေတယ်လို့ ဆိုပါတယ်။

မြေနီကုန်းခုံးကျော်တံတားအောက်မှာ ခြင်းလုံးကွင်း၊ ဘောလုံးကွင်းတွေအပါအဝင် အပန်းဖြေဖို့နေရာတွေ၊ အပင်စိုက်ပျိုးထား တာတွေနဲ့ တည်ဆောက်ထားတာဖြစ်ပါတယ်။

တိုင်းဒေသကြီးအစိုးရအနေနဲ့  ဒီစီမံကိန်းပြီးရင် နောက်ထပ်ခုံးကျော်တံတား ငါးစင်းအောက်မှာလည်း အများပြည်သူ အပန်းဖြေဖို့ နေရာတွေ လုပ်သွားမှာဖြစ်ပြီး နောက်ပိုင်းမှာ အများပြည်သူ အပန်းဖြေဖို့ စီမံကိန်းတွေ ဆောင်ရွက်ရင် နည်းပညာတက္ကသိုလ်က ကျောင်းသားတွေရဲ့ ဗိသုကာပညာတွေကိုပါ ထည့်သွင်းသွားမယ်လို့ ဆိုပါတယ်။

Source : 7DayDaily

No comments:

Post a Comment