Latest News

Friday, November 11, 2016

ကျောင်းသားကျောင်းသူများလေ့ လာရေးအတွက် ရန်ပုံငွေတေးဖျော်ဖြေပွဲပြုလုပ်


ဧရာဝတီတိုင်းဒေသကြီး သာပေါင်းမြို့ နယ်အတွင်းမှ ကျောင်းသားကျောင်းသူများ လေ့ လာရေးခရီးစဉ်အတွက် ရန်ပုံငွေတေးဂီတဖျော်ဖြေပွဲတစ်ခုကို ပုသိမ်မြို့ ကိုးသိန်းအားကစားကွင်းတွင် သာပေါင်းဖောင်ဒေးရှင်းကဦးဆောင်၍နိုဝင်ဘာလ(၁၁)ရက်နေ့ က ကျင်းပပြုလုပ်ခဲ့ သည်။

ဖျော်ဖြေပွဲကို တေးသံရှင် GFattကောင်းကောင်း၊ဖြိုးပြည့်စုံ၊အောင်ထက်၊စည်သူမင်း၊အိုင်းရင်းဇင်မာမြင့် ၊ရွယ်ရွယ် ၊လူးလူ၊မေရီအောင် ၊ဒေးဗစ်ထူး၊Rice တို့ က ပါဝင်သီဆိုဖျော်ဖြေခဲ့ ကြသည်။
ဖျော်ဖြေပွဲပြုလုပ်ခြင်းနှင့် ပတ်သတ်၍ သပေါင်းဖောင်ဒေးရှင်းတာဝန်ခံကိုကောင်းထက်ပိုင်ကဒီဇင်ဘာလအတွင်း မှအခြေခံပညာကျောင်းသားတွေကိုလေ့ လာရေးခရီစဉ်တစ်ခုအတွက်စီစဉ်ဖြစ်တာပါလေ့ လာရေးခရီးစဉ်ရဲ့ အဓီကအကြောင်းရင်းကတော့ ဗျာ ကျေးလက်ဒေသက ကလေးတွေ ပြင်ပဗဟုသုတရအောင် ရညနှု့်ရွယ် လုပ်တာပါ  နောက်ေတစ်ခုကတော့ ရှေ့ ဆက် လုပ်ဆောင်မယ့်ပညာရေးဖွံ့ ဖြိုးမှုလုပ်ငန်းတွေအတွက်ပါဟု ပြောသည်။

အဆိုပါ ဖျော်ဖြေပွဲဖွင့်ပွဲကို ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ စိုက်ပျိုး မွေးမြိုရေး  သယံဇာတနှင့် ပတ်ဝန်းကျင်ထိမ်းသိမ်းရေးဝန်ကြီး ဦးဗဟိန်းနှုင့် တိုင်းအဆင့်ဌာနဆိုင်ရာများ လူမှုရေး အဖွဲ့ အစည်းများတက်ရောက်ခဲ့ သည်။
အစိုးရအဖွဲ့  အပါဝင် လွတ်တော် ဒုဥက္ကဌ ကလည်း အလှူငွေ ထည့် ၀င့် ကြတယ် တစ်ခြားဌာနဆိုင်ရာတွေ အရပ်ဘက်အဖွဲ့ အစည်းတွေကလည်းတက်ရောက်ပြီး စည်းစည်းကားကားဘာမှ အခက်အခဲမရှိဆောင်ရွက်နိုင်တဲ့ အတွက်ကျေနပ်ပါတယ် ကုန်ကျစားရိတ်နဲ့  ပြန်လည်ရရှိငွေကတော့ အပိုမရှိပေမဲ့  ရည်မှန်းချက်တွေကိုတော့ဆက်လက်အကောင်ထည်ဖော်ဆောင်ရွက်သွားမှာပါ ဟုပွဲဖြစ်မြောက်ရေးဦးဆောင်စီစဉ်သူကိုမျိုးမင်းပိုင်ကပြောသည်

သာပေါင်းဖောင်ဒေးရှင်းကို ၂၀၁၄ ခုနှစ်က စတင်တည်ထောင်ထားပြီး သာပေါင်းဒေသတွင်းလူငယ်များ နှင့် အခြေခံပညာကျောင်းသားများ   ဖွံ့ ဖြိုးတိုးတက်ရေးလုပ်ငန်းများမူလတန်းကျောင်းဆောင်သစ်နှင့်ရေရှားသည့်ကျေးလက်ဒေသများတွင်ရေတွင်းရေကနတူး ဖော်မှုများ ဆောင်ရွက်နေသည်။
မျိုးမင်းပိုင်









No comments:

Post a Comment