ဆလိုင်းသန့်စင်၊ စက်တင်ဘာလ ၃ ၊ ၂၀၁၆
ဧရာဝတီတိုင်း၊ လပွတ္တာမြို့နယ်၊ ရွှေကျွန်းသာဒေသ ကြာကန် - ကွင်းပေါက် သစ်တောကြိုးဝိုင်း၊ အကွက်အမှတ် ၆ တွင် ယနေ့ နံနက် ၈ နာရီ ၃၀ မိနစ်ဝန်းကျင်က မြေယာပိုင်ဆိုင်မှု အငြင်းပွားရာမှ လယ်သမားများ ပဋိပက္ခ ဖြစ်ပွားခဲ့သည့်အတွက် လူ ၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။
ရွှေကျွန်းသာဒေသမှာ မြေသိမ်းခံ မူလလက်ငုပ်လယ်သမားများနှင့် လက်ရှိ လက်ငုပ်လုပ်ကိုင်နေသည့် လယ်သမား များအကြား မြေယာအငြင်းပွားမှုများဖြစ်ပွားနေသည့်ဒေသဖြစ်ပြီး ကျွဲကျောင်းသည့်ကိစ္စကို အကြောင်းပြု၍ မူလလယ်သမားနှင့် လက်ငုပ်လယ်သမားများအကြား အုပ်စုလိုက်ဖြင့် ပဋိပက္ခ ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း လပွတ္တာမြို့၊ ၈၈ မျိုးဆက်ပွင့်လင်းလူ့အဖွဲ့စည်းမှ ကိုသန်းနိုင်က ဧရာဝတီကို ပြောသည်။
“ကျွဲကျောင်းတဲ့ကိစ္စကို အကြောင်းပြုပြီး အခုလို ပဋိပက္ခတွေဖြစ်တာလို့ သိရတယ်။ လက်ရှိတော့ ဒဏ်ရာရတဲ့သူ ၅ ဦးစလုံး လပွတ္တာခရိုင်ဆေးရုံရောက်နေပြီ။ ဒဏ်ရာရသူ ၅ ဦးမှာ ၂ ဦးက အသက် အန္တရာယ်စိုးရိမ်ရတဲ့အနေအထားရှိတယ်”ဟု ကိုသန်းနိုင်က ပြောသည်။
လက်ရှိတွင် ပဋိပက္ခများဖြစ်ပွားသည့် ရွှေကျွန်းသာဒေသသို့ လပွတ္တာမြို့မှ ရဲတပ်ဖွဲ့ဝင်များ စက်လှေဖြင့် သွားရောက် နေကြပြီး ဒဏ်ရာရသူများထားရှိသည့် လပွတ္တာခရိုင်ဆေးရုံတွင်လည်း ရဲတပ်ဖွဲ့ဝင်တချို့ လုံခြုံရေးယူ စောင့်ကြပ်ပေးနေကြောင်း သိရသည်။
The Irrawaddy Burmese
လပွတ္တာမြို့နယ် လွှဇာအုပ်စု ရွှေကျွန်းသာ သစ်တောကြိုးဝိုင်းမြေ ထဲတွင လက်ရှိလယ်သမားနှင့်မူလလယ်သမားများစကားများရန်ဖြစ်ကြရာလက်ရှိတောင်သူဘက်မှ ကိုဝင်းရွှေ မှိန်းထိုးခံရပြီး မူလတောင်သူဘက်မှဦးထွန်းရီ ဒါးခုတ်ခံရပြီးမှိန်းထိုးခံရသူကိုဝင်းရွှေမှာသေဆုံးသွားခဲ့ပါပြီ်
Kowin Naing
No comments:
Post a Comment