Latest News

Tuesday, August 9, 2016

လယ်သမားတာဆိုသည်မှာ.....


ဧရာတိုင်းမှာ လက်ရှိ ကျိုးနေတဲ့တာ တွေ ဘယ်လိုတာတွေလဲ။

လက်ရှိဧရာတိုင်းမှာ တာကျိုးတယ် လို့သတင်းတွေထွက်တိုင်း ဖုန်းဆက်မေး ရင်လယ်သမားတာ ဆိုတဲ့ တာလေးတွေ ဖြစ်နေပါတယ် အဲ့ဒီတာ တွေက ဘယ်လိုတာတွေပါလဲ။

အင်္ဂလိပ်အစိုးရ လက်ထက်က ဧရာတိုင်း မှာ မြစ်ရေ ကြီးလာရင် အရေးကြီးတဲ့ မြို့ ရွာတွေ စပါးစိုက်ပျိုးနေတဲ့ အဓိကလယ်တွေကို ရေမမြုပ်အောင် မိုင်ပေါင်းများစွာရှိတဲ့ တာကြီးတွေကို သေချာတွက်ချက်ပြီး အခိုင်အမာ တည်ဆောက်ခဲ့ပါတယ်။

ရေကာမယ့်တာ တွေတည်ဆောက် တာနဲ့တပြိုင်တည်း ရေတွေအယ်မနေဖို့ ရေတွေဝင်ရောက်လို့ရမယ့် မြေလွတ်မြေရိုင်းတွေ လူမနေတဲ့ ဒေသတွေ ကိုတာမထားရေလွှတ်မယ့် ဒေသအဖြစ်သတ်မှတ်ပြီး ရေဝင်ဖို့နေရာ သီးသန့် ထားခဲ့တာပါ။

ဒါပေမယ့် နောက်ပိုင်းမှာ အဲ့ဒီဒေသတွေက မြေလွတ်မြေရိုင်း တွေကို လယ်သမားတွေက ဝင်ရောက်ထွန်ယက်လုပ်ကိုင်ရင်း မိမိတို့လယ်တွေ ရေမမြုပ်အောင် တပိုင်တနိုင် ရေတားဖို့အတွက် တာလေးတွေ ဖို့ ခဲ့လို့ လယ်သမားတာ လို့ခေါ်တာပါ။

ပြောချင်တာက လက်ရှိ ကျိုးနေတဲ့ လယ်သမားတာလေးတွေဟာ တာကြီးတွေကာထားလို့ အယ်နေတဲ့ရေတွေ ဝင်ရောက်ဖို့ သီးသန့်ထားထားတဲ့ နေရာတွေက တာတွေဖြစ်တဲ့ အတွက် ဒီနှစ်လို ရေများတဲ့နှစ်တိုင်း မဖြစ်မနေ ကျိုးမယ့်တာတွေဖြစ်ပါတယ် လို့ပြောရင်း တာကျိုးတယ်လို့ ပြောတိုင်း မစိုးရိမ်ကြပါရန် ရေးသားလိုက်ပါတယ်။
မျိုးမင်း ထွန်း

No comments:

Post a Comment