Saturday, August 13, 2016
ဝေဠုကျော်ဖောင်ဒေးရှင်းက ရေဘေးသင့် ဒါးကတိုက်နယ်တွင် ဆန်အိတ်များသွားရောက်လှူဒါန်း
မဇ္ဈိမ
ရေဘေးသင့်ဒေသတစ်ခုဖြစ်သော ဧရာဝတီတိုင်း၊ ကန်ကြီးထောင့်မြို့နယ်၊ ဒါးကတိုက်နယ်အတွင်းမှ ရေဘေးသင့်ပြည်သူများအတွက် ဝေဠုကျော်ဖောင်ဒေးရှင်းက ဆန်အိတ် ၁၀၀အပါအဝင် ခေါက်ဆွဲခြောက်ထုပ်များအား ဩဂုတ် ၁၃ရက်တွင် လာရောက်လှူဒါန်းခဲ့သည်။
ဝေဠုကျော်ဖောင်ဒေးရှင်းမှ လာရောက်လှူဒါန်းသွားသော ပစ္စည်းများအား ကန်ကြီးထောင့်မြို့နယ်မှ ပြည်သူ့လွှတ်တော်အမတ် မန်းရွှေလှကြိုင်နှင့် အမျိုးသားလွှတ်တော်အမတ် စခင်ဇော်လင်းတို့က လက်ခံရယူထားသည်။
ဒါးကမြစ်ရေ မြင့်တက်မှုကြောင့် ဒါးကတိုက်နယ်အတွင်းရှိ အိမ်ခြေပေါင်း ၁၁၅၀မှာ ရေကြီးနစ်မြုပ်လျက်ရှိနေသည်။
(ဓာတ်ပုံ- ဇော်နိုင်)
ဝေဠုကျော်ဖောင်ဒေးရှင်းက ရေဘေးသင့် ဒါးကတိုက်နယ်တွင် ဆန်အိတ်များသွားရောက်လှူဒါန်း
Reviewed by timeayeyar
on
3:12 PM
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment