
ကျောင်းကုန်းမြို့နယ်တွင် ဒါးကမြစ်ရေ ဆက်လက်မြင့်တက်နေမှုကြောင့် စာသင်ကျောင်းများပါ ပိတ်ထားရပြီး ရေဘေးသင့်ပြည်သူများအတွက် အကူညီထောက်ပံ့မှုများ လိုအပ်နေကြောင်း၊ ရေဘေးသင့်ပြည်သူများအတွက် ကယ်ဆယ်ရေးစခန်းများကို အစိုးရပိုင်းမှ ဖွင့်လှစ်ပေးခြင်း မရှိသေးသောကြောင့် နီးစပ်ရာ ဘုန်ကြီးကျောင်းများ အသိမိတ်ဆွေများ၏ နေအိမ်များတွင် နေထိုင်နေရပြီး ကူညီထောက်ပံမှုများ လိုအပ်လျက်ရှိကြောင်း သတင်းရရှိသည်။
ဒါးကမြစ်ရေ ဆက်လက် မြင့်တက်လာမှုကြောင့် ကျောင်းကုန်းမြို့နယ်အတွင်း မြို့ပေါ် ရပ်ကွက်(၃) ခု၊ ကျေးရွာ (၁၀) ရွာ၊ ရေကြီးနစ်မြုပ်နေလျက်ရှိကာ အိမ်ထောင်စုပေါင်း ၁၅၀၀ ခန့်မှာ ရေဘေးနှင့် ရင်ဆိုင်နေရကြောင်း၊ ရေကြီးမှုကြောင့် အခြေခံပညာ အထက်တန်းကျောင်း တစ်ကျောင်း၊ အခြေခံပညာ အထက်တန်းကျောင်းခွဲ တစ်ကျောင်း၊ အခြေခံပညာ အလယ်တန်းကျောင်းခွဲ တစ်ကျောင်း၊ မူလတန်းကျောင်း ကိုးကျောင်း ပိတ်ထားလိုက်ရကြောင်း သိရသည်။
“ကျွန်တော်တို့ မြို့နယ်က ရေနဲ့မစိမ်းတဲ့မြို့။ ဒါပေမဲ့ ဒီနှစ်က မနှစ်ကထက် ပိုဆိုးတယ်။ အစိုးရပိုင်းက ထိုင်ကြည့်နေသလိုပဲ။ ပြည်သူကို ပြည်သူကပဲ ကယ်နေရတယ်။ ပြည်သူကလဲ အချင်းချင်း ကယ်ကြပါဦးပဲ ဖြစ်နေတော့ ဘယ်ကယ်နိုင်မလဲ။ အစိုးရပိုင်းက စောင့်ကြည့်နေသလိုပဲ။ ကယ်ဆယ်ရေးစခန်းတွေကလဲ အခုထိ လုပ်ပေးဖို့ ကူညီပေးဖို့ဆိုတာ မလုပ်ကြဘူး” ဟု ကျောင်းကုန်းမြို့ခံ ဒေသခံတစ်ဦးဖြစ်သူ ကိုအောင်ကျော်ဇောက ပြောသည်။
■ မင်းသူဝင်းထွဋ်
Eleven Media Group
No comments:
Post a Comment