Latest News

Thursday, July 14, 2016

ရေကြီးနစ်မြုပ်နေသော လယ်ယာမြေများ ရေမညီမျှမှုအပေါ်တင်ပြခြင်း


သို့
ဝန်ကြီးချုပ်
ဧရာဝတီတိုင်းဒေသကြီး
ပုသိမ်မြို့

အကြောင်းအရာ။ ။ရေကြီးနစ်မြုပ်နေသော လယ်ယာမြေများ ရေမညီမျှမှု့အပေါ်တင်ပြခြင်း ကျုံပျော်မြို့နယ်ဂနိမ်းအုပ်စု ဓနော် ဆင်ဂေါင်း ကျွဲတလင်း အိမ်ယာကြီး ဇင်ပြွန်းကုန်း ဘောဇုတ် ကျုံတနီး အုပ်စုများအတွင်းရှိ လယ်သမားများ စိုက်ပျိုးထားသော မိုးစပါးစိုက်ခင်းများရှိ အနိမ့်ကွင်းကျဲခင်းများ ရေနစ်မြုပ်ခြင်း စပါးလတ်စိုက်ခင်းများ ရေနစ်မြုပ်မှု့နှင့်အတူဆင်းသုခစိုက်ခင်းများပါ စိုးရိမ်ရသည့်အခြေအနေဖြစ်နေပါသည်။

ဖြစ်ရသည့်အကြောင်းမှာ ကော့သလိုင်ရေတံခါးကို ပန်းတနော်မြို့နယ်မှပိတ်၍ ကျုံပျော်မြို့နယ်မှတောင်သူများမှ ပြန်ဖွင့်ရန်တောင်းဆိုသောအခါ 25.6.2016ရက်နေ့တွင် ဝန်ကြီးချုပ်အမိန့်ဖြင့် တာဝန်ရှိလူကြီးများမှ ကော့သလိုင်ရေထိန်းတံခါးအား လာရောက်ဖွင့်ပါသည်။

ဝန်ကြီးချုပ် မှာကြားလိုက်သော စကားအား ဦးမြင့်ဆွေမှပြောသည်မှာ ပန်းတနော် ကျုံပျော် နှစ်မြို့နယ်မှာ ဧရာဝတီတစ်တိုင်းထဲတွင်ဖြစ်၍ ရေချိန်ညီရန် တန်းတူညီမျှဖြစ်ရန် မြုပ်လျှင်အကုန်မြုပ် ပေါ်လျှင်အကုန်ပေါ်ဟု ပြောကြားသွားပါသည်။
14.7.2016 အထိကော့သလိုင်ရေထိန်းတံခါး ရေအမှက်မှာကျုံပျော်ဘက်အခြမ်းတွင် 14.2 ဖြစ်၍ ပန်းတနော်ဘက်အခြမ်းတွင် 11.2 ဖြစ်ကာ 3ပေကွာနေပါသည်။ ထို့ကြောင့် ကျုံပျော်မြို့နယ် လယ်သမားများမှာ ရေကြီးနစ်မြုပ်နေရခြင်း ဖြစ်ပါသည်။

 ရေမျက်နှာပြင်အမြင့် 3ပေ ကွာရခြင်းမှာ ကော့သလိုင်တာပေါ်ရှိ ရေတံခါးပေါက်အမှတ်(1)နှင့် အမှတ်(2) မှာယခင်အစဉ်အလာမှာဖွင့်ထားသော်လည်း ယခုလက်ရှိအချိန်အထိပိတ်ထားခြင်း နတ်ချောင်းပေါက် ဆင်ချောင်းရွာလယ်ရိုး သပြုချောင်း ယင်းယို သရောဂနက် ဇီးပင် မင်းတစုဘုရားကြီးပေါက်ဖွင့်ထားသော ရေရှင်ပေါက်များအား အသေပိတ်လိုက်ခြင်း။
ပန်းတနော်-ကျုံတနီး ရေလမ်းကြောင်းပေါ်ရှိ အကွီ နှဲကောတာအား ချောင်းဖြတ်၍ ပိတ်ထားခြင်းများကြောင့် ကျုံပျော်မြို့နယ် ရေကြီးနစ်မြုပ်နေရခြင်းဖြစ်ပါသည်။ ကော့သလိုင်တာသည် လယ်သမားတာဖြစ်ပါလျှက် ဆည်မြောင်းမှအပိုင်စီး၍ အမှတ်(2)ရေတံခါးပေါက်အား 12.3.2012တွင် တာကို3ပေအမြင့်ထပ်တင်ခြင်းနှင့်အတူ ပိတ်ထားခြင်းများကြောင့် ဖြစ်ရပါသည်။

 ကော့သလိုင်ရေထိန်းတံခါး ရေပိုလွှဲသည် 11ပေဖြစ်မှသာ ကျုံပျော်မြို့နယ်အတွက် အဆင်ပြေပါမည်။ ယခု 14.72016ရက်အထိ ရေအမှတ်မှာ 14.2 ဖြစ်နေသော်လည်း ရေလျှံပေါက်သည် ရေကျော်ခြင်းမရှိသေးပါ။ ယခု14ပေသည် ယခင်တာဟောင်းအမြင့်ဖြစ်ပြီး 12.3.2012တွင် တာအာ3း ပေထပ်မြှင့်ခြင်းမှာ ကျုံပျော်ပိုင်ရေမြုပ်ခြင်းအား သိပါလျှက်တာထပ်မြှင့်သည့်အတွက် ကျုံပျော်ပိုင်နစ်နာမှု့ကို ပိုမိုဖြစ်ပေါ်စေပါသည်။

အထက်တွင်ဖော်ပြခဲ့သော ရေပေါက်များ အကွီနှဲကောတာတို့အား ယခင်အတိုင်းပြန်လည်ထားရှိရန်နှင့် ကောသလိုင်ရေတံခါးအား
 ပြန်လည်ပြုပြင်ပေးပါရန်နှင့် ဆင်ချောင်းအမှတ်(1)ရေတံခါးကို ယခုလက်ရှိအချိန်တွင် ဖွင့်ပေးပါရန် လေးစားစွာ တင်ပြတောင်းဆိုအပ်ပါသည်။

ရေနစ်မြုပ်လယ်သမားများ

No comments:

Post a Comment