Latest News

Tuesday, July 5, 2016

စိတ်မနှံ့သည့်အရူးမကို လူငါးဦးမှအုပ်စုဖွဲ့ မုဒိန်းကျင့်မှုဖြစ်ပွား

မအူပင် (5.7.2016)
မအူပင်မြို့နယ်ငါးကြီးဂရက်အုပ်စု
သပြေကုန်းကျေးရွာလမ်းထိပ် တာဘေး အရက်ဆိုင်နှင့်မလှမ်းမကမ်း ရေလဲရွာနေ ငန်းနီတင်ဝင်းလယ်ထဲအတွင်း အရူးမတစ်ဦးအား ဦးတင်ဝင်း၏သား စိုးမင်းထွန်း၊ ဦးထွန်းအေး၏သား စိုးဝင်း ၊ ဦးအောင်ကျော်၏သား ဇော်လင်းအောင်၊ ဦးထွန်းငြိမ်း၏သား ငလင်း တို့ငါးဦးမှ စိတ်မနှံ့သည့် အရူးမကို ငန်းနီတင်ဝင်းလယ်စောင့်တဲအတွင်း
အဓ္ဓမ ပြုကျင့်ခဲ့ပါသည်။ယင်းကိစ္စအားအုပ်ချုပ်ရေးမှူးကို အကြောင်းကြားရာလာရောက်သောအုပ်ချုပ်ရေးမှူးဦးခိုင်မြင့်အားအရက်ဆိုင်မှအရက်ရောင်းသူဆိုင်ရှင်ကျော်ခိုင်မှလက်သီးဖြင့်ကိုယ်ထိလက်ရောက်စော်ကားခဲ့ကြောင်း ဖေ့ဘုတ်စာမျက်နှာတွင် မအူပင်မှ Ye Yint Aung တင်ပြချက်အရသိရသည်။

Ye Yint Aung (မအူပင်ဟစ်တိုင်)

No comments:

Post a Comment