Latest News

Friday, June 24, 2016

လေးဘက်နာ၊ အဆစ်မြစ်နာ တောင်းဆိုလာသူများအတွက် အတွက် ဆေးကောင်း


ဆေးနည်း (၁) ...

(၁) ရှောက်သီးတစ်ခြမ်းကို ထမင်းစားဇွန်း တစ်ဇွန်းခန့်ရအောင် အရည်ညစ်ယူပါ။
(၂) ချင်း(ဂျင်းတက်)ကို ထုထောင်း၍ လက်ဖက်စားဇွန်းတစ်ဇွန်းခန့်ရအောင် အရည်ညစ်ယူပါ။
(၃) သဘာဝပျားရည်စစ်စစ်ထမင်းစားဇွန်းတစ်ဇွန်းခန့်ထည့်ပါ။
(၄) ၄င်း ၃ မျိုးကို ဖန်ခွက်တစ်ခွက်ထဲတွင် အတူရောမွှေ၍ ရေနွေးချမ်းနှင့်သော်၎င်း၊ ရေအေးနှင့်သော်၎င်းမနက်၊ နေ့၊ ည တစ်နေ့ ၃ ကြိမ်သောက်ပါ။ ပျားရည်ကို သဘာဝပျားရည်၊ ရှောက်သီးကို ရှောက်ခါးသီး(တောရှောက်သီး) ဆိုလျှင် ပိုကောင်းပါသည်။ ၄င်းသဘာဝဆေးကိုပုံမှန်သောက်သုံးပေးပါက အဆစ်အမြစ်နာဖြစ်ခြင်း၊ကိုက်ခဲခြင်း၊ အညောင်းအညာဖြစ်ခြင်းတို့မှ သက်သာပျောက်ကင်းစေပါသည်။
လူတိုင်းအနာရောဂါကင်းဝေး၍ ကျန်းမာစွာ အသက်ရှည်နိုင်ကြပါစေ။

ဆေးနည်း (၂) ...

၎င်းဝေဒနာရှင်အားပက်လက်အိပ်စေ၍တမာခက်ဖြင့် လက်ဝဲ ဘက်ဦးခေါင်းဘေးမှ တဖြည်းဖြည်း ခြေထောက် အထိ၎င်း၊ခြေထောက် မှဆက်၍လင်္ကျာ ဦးခေါင်း အထိဖြည်းညှင်းစွာ အသက်အောင့်၍(၃) ပတ် .ပတ်မိအောင်ရိုက်ပြီး (၄င်းတမာခက်များကို လမ်းဆုံသို့ နောက်ပြန်လှည့်မကြည့်ဘဲ ပစ်ထားခဲ့ရပါမည်။ နှလုံးရာဂါအစ. လေးဘက်နာ ရောဂါကိုလွယ်ကူစွာ စတိနည်းဖြင့် လက်တွေ့ပျောက်ကင်းချမ်းသာစေနိုင်ပါသည်။

★ လေးဘက်နာ အဆစ်အမြစ်ပါမကျန် ပျောက်ဆေး★
၁=နနွင်း (၁၀)သား
၂.=တောရှောက်သီး(ရှောက်ခါးသီး) ၃/၄လုံးပါးပါးလှီး။
၃=တောအရက်ဦးရည်
အခိုးလုံပုလင်း (သို့ )ငှက်ပျောဖူးပုလင်းထဲထည့် အဖုံးကိုလုံစွာပိတ် ထားပါ။
(အခိုးလုံပါစေ)
အသုံးပြုရချိန် =နှစ်ရက်သုံးရက်အကြာစိမ် ပြီးနောက်လိမ်းနိုင်သည်၊ကြာလေကောင်း လေဖြစ်ပါသည်။

★ ပျောက်ကင်းသောရောဂါ★
လေးဘက်နာ ၊အကြောတက်၊ခြေလက်ဖောရောင်၊အဆစ်အမြစ်ကိုက်ခဲရောဂါများလက်တွေ့ အမြစ်ပါမကျန် ပျောက်ကင်းပါသည်။
Credit original uplòader
စေတနာများစွာဖြင့် -
မြန်မာဆေးကောင်းများ " စိတ်ညစ်ပယ်ချိုး စိတ်မဆိုး " ဆနွင်းလုံး


No comments:

Post a Comment