Latest News

Friday, June 24, 2016

ပုသိမ်မြို့တွင် ရွှေ (၃၀ ) ကျပ်သားကျော် ခိုးယူမူအား (၅) ရက် အတွင်းဖမ်းဆီးသိမ်းဆည်းနိုင်ခဲ့


ပုသိမ်မြို့ တဂေါင်းဘုရားလမ်းအိမ်အမှတ် ၆၄ တွင်နေထိုင် သူ ဒေါ်သန်းသန်းမေသည် ခင်ပွန်းဖြစ်သူနှင့်အတူ မနလေး မြို့သို့ (၁၇.၆.၂၀၁၆) ရက်နေ့တွင် အိမ်တံခါးပိတ်ကာသွား ရောက်ခဲ့ပြီး (၂၀.၆.၂၀၁၆) ရက်နေ့ည (၇)နာရီခန့် နေအိမ်သို့ပြန်လည်ရောက်ရှိကာ နေအိမ်တံခါးသော့များမှာ ပျက်ဆီးနေပြီး အိမ်ခန်းအတွင်းမှ ရွှေထည်ပစည်းမျိုးစုံ (၂၄) မျိုး ( ၃၀ ) ကျပ်သားခန့် ငွေ ၁ သိန်း စုစုပေါင်းကာလတန်ဘိုး သိန်း (၂၃၀ ) ကျပ်ခန့်ပျောက်ဆုံးခဲ့သဖြင့် ပုသိမ်နယ်မြေရဲစခန်း (ပ) ၂၀၃/၁၆ ပုဒ်မ ၃၈၀ ဖြင့်အမှုဖွင့် စုံစမ်းခဲ့
အမှုအား ဧရာဝတီတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ပုသိမ်ခရိုင်ရဲတပ်ဖွဲ့မှူး ပုသိမ်မြို့နယ်ရဲ တပ်ဖွဲ့မှူးတို့ အနီးကပ်ကြီးကြပ်မှုဖြင့် တိုင်းမှု/နှိမ်အဖွဲ့မှ ရဲအုပ် မင်းရန်ထွန်း ပုသိမ်ခရိုင် မှု/နှိမ်မှ ရဲအုပ် ငြိမ်းချမ်းကျော် ပုသိမ်မြို့မရဲစခန်းမှ ရဲအုပ် ရာဇာမြငြိမ်း ပုသိမ်နယ်မြေစခန်းမှူး ရဲအုပ် သိန်းဇော်ဦးပါ တပ်ဖွဲ့ဝင်များ ပူးပေါင်းစုံစမ်းဖော် ထုတ်မှုကြောင့် (၂၅.၆.၂၀၁၆) ရက်နေ့တွင် ယခင်ကခိုးမှုဖြင့်ထောင် မှလွတ်လာသူ ပုသိမ်မြို့ ပန်းဆက် (၁၇)လမ်းနေ လင်းလင်း ၂၀ နှစ် (ဘ) ဦးအောင်နိုင်အား ဖမ်းဆီးခဲ့ပြီးနောက် စစ်ဆေးခဲ့ရာ လင်းလင်းမှ ရွှေထည်များအားခိုးယူပြီးရွှေထည်အားလုံးကို ပန်းအိုး အတွင်းထည့်ကာ နေအိမ်နောက်ဘက်အိမ်သာ ဘေးတွင် မြှပ်နှံထားကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် သက်သေများရှေ့တွင် တူးဖော်သိမ်းဆည်းနိုင်ခဲ့ပါကြောင်း ပုသိမ်မြို့သူ/သားများ အား သိစေအပ်ပါသည်
မိမိနေအိမ်မှ အိမ်တံခါးပိတ်ခရီးသွားပါက ယုံကြည်စိတ်ချသူအား အိမ်အစောင့်အဖြစ်ထားရှိရန် လိုအပ်ကြောင်းအကြံ ပြုပြောကြားပါရစေ
ကျေးဇူးတင်ပါသည်
Zaw Min Tun











No comments:

Post a Comment