Tuesday, June 7, 2016
လယ်ယာမြေ ပိုင်ဆိုင်မှုပြသနာ……
"လယ်ယာမြေ ပိုင်ဆိုင်မှုပြသနာ……"
ဖွရုံ အော်ရုံ ဆဲရုံ ဝေဖန်ရုံနဲ့ လိုချင်တာ ရနိုင်ပါသလား
……………………………………………………..
ကျောက်ခတ်ဆိုရင်လည်းကောင်းသား …..
လူယဉ်ကျေးအဖွဲ့အစည်းမှာ ပိုင်ဆိုင်ခွင့်အတွက် ဒုတ် ဓါးတွေအစား စာရွက်စာတမ်း ဥပဒေတွေက အစားထိုး ၀င်ရောက်လို့လာခဲ့သည်…..
နုသည် ရွသည် ရှုပ်သည်….
တံဇဉ်ကိုင်လက်တွေအတွက် လုပ်ထုံးလုပ်နည်းများသည် မယဉ်ပါးစရာများဖြစ်နေသည်…..
ခေတ်အဆက်ဆက်ငါပိုင်ခဲ့သည်…ငါလုပ်ခဲ့သည်….တလောကလုံးတရွာလုံး သိသည်ဆိုကာ ပတ်ဝန်းကျင်ကိုသက်သေတည်သည်…..
တစ်ဖက်မှလည်း မင်းဖာသာမင်း မွေးကတည်းပဲလုပ်လုပ် မမွေးခင်ကတည်းပဲ ပိုင်ပိုင်
ငါတို့မသိ….ငါတို့နားမလည်….
ငါတို့လိုချင်သည်က ဥပဒေအတိုင်းသွားဖို့ပဲဖြစ်သည်ဆိုလာခဲ့လျှင်
ဒီမောင်တွေမှ ဒါတွေ သိထားဖို့တော့လိုလိမ့်မည်…..
……………………………………….
၂၀၁၂ လယ်ယာမြေနည်းဥပေဒအရ…..
“လယ်ယာမြေပိုင်ဆိုင်ခွင့်လျှောက်ထားလာခြင်းအတွက် အစိုးရဌာနမှစီစစ်ဆုံးဖြတ်သည့် လုပ်ထုံးလုပ်နည်းအဆင့်ဆင့်များ”
လယ်ယာမြေလျှောက်ထားမှုကို ဆုံးဖြတ်ပေးမည့် အစိုးရအဖွဲ့အဆင့်ဆင့်-
(၁)ရပ်ကွက်/ကျေးရွာ လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့
(၂)မြို့နယ်ဦစီးဌာန
(၃)မြို့နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့
(၄)ခရိုင် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့
…………………………………….
ဇာတ်လမ်းပမာလို ပုံပြင်လိုအလွယ်တကူပြောပြရမည်ဆိုလျှင်-
လယ်သမားက သူ့နေထိုင်သည့်ကျးရွာအုပ်စုမှာ လယ်ပိုင်ဆိုင်လိုမှုအတွက် လျှောက်လွှာတင်ရမည်….
အဲ့ဒီလျှောက်လွှာကို ကျေးရွာလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့က စီစစ်ပြီးမြို့နယ်ကိုတင်သည်….
မြို့နယ်က အဲ့ဒီလူတင်ထားတာကို ဘယ်သူကန့်ကွက်ချင်သလဲ ကြော်ငြာပေးရသည်….
မြို့နယ်ဦးစီးဌာနက ရုံးပိုင်းဆိုင်ရာ စာရင်းသွင်းစီစစ်တာကို အဓိကလုပ်ပြီး သူတင်ပြလာသည်ကို မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ကထပ်မံစီစစ်သည်…..
မြို့နယ်က အားလုံးစီစစ်ပြီးလျှင် သဘောထားမှတ်ချက်နဲ့အတူ ခရိုင်ကိုဆက်တင်ပေးရသည်…..
ခရိုင်က လယ်လုပ်ပိုင်ခွင့်ကို လက်ခံလား ငြင်းပယ်လား ဆုံးဖြတ်ချက်အား မြို့နယ်ကို အကြောင်းပြန်ပေးသည်….
…………………………………………………………………………..
လုပ်ထုံးလုပ်နည်း အဆင့်ဆင့်…….
လယ်ယာပိုင်ဆိုင်လိုသူသည်
ရပ်ကွက်/ကျေးရွာ လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့မှတစ်ဆင့်
ပုံစံ - ၁ = လယ်ယာမြေ ပိုင်ဆိုင်ခွင့်လျှောက်လွှာကို မြို့နယ်ဦးစီးဌာနရုံးကို တင်ရမည်
(ရပ်ကွက်/ကျေးရွာ လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့က ရက်ပေါင်း ၃၀ အတွင်း ပုံစံ-၁ လျှောက်လွှာအား စီစစ်ထောက်ခံချက်ဖြင့် မြို့နယ်ဦးစီးရုံးသို့ ရောက်အောင်ပို့ပေးရမည်)
……………………………….
မြို့နယ် ဦးစီးဌာနရုံး မှ လက်ခံရရှိသည့်လျှေက်လွှာအား ပုံစံ(၂)ဖြင့်ကြော်ငြာသည်
ပုံစံ - ၂ = ကန့်ကွက်နိုင်ရန်ထုတ်ဆင့်သည့် ကြော်ငြာစာ
(ကြော်ငြာစာကို ၁၅ ရက်အတွင်းကြော်ငြာပေးရမည်…
.မြို့နယ်ရုံးတွင်ကပ်ပေးရမည်….ကပ်ထားသည့်ရက်မှ ရက်ပေါင်း ၃၀အတွင်း ကန့်ကွက်လိုသူသည် လာရောက်ကန့်ကွက်နိုင်သည်)
ပြီးလျှင် လျှောက်လွှာအား စာရင်းသွင်းပြီး လျှောက်လွှာပါအချက်များ မှန်ကန်မှုရှိမရှိစစ်ဆေးမည်….
ပုံစံ - ၃ = လယ်ယာမြေ ပိုင်ဆိုင်ခွင့်လျှောက်လွှာ မှတ်ပုံတင်စာရင်း
ပုံစံ - ၄ = လယ်ယာမြေ လုပ်ပိုင်ခွင့် စစ်ဆေးချက်
(လာရောက်ကန့်ကွက်စာတင်သူရှိ လျှင် ၇ ရက်အတွင်း ကျေးရွာလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့သို့ စာတမ်းအမှတ်အသားများပေးပို့၍ ပြန်လည် စုံစမ်းစစ်ဆေးခိုင်းရမည်)
(မြို့နယ်ဦးစီးဌာနက စီစစ်ပြီးလျှင် ရက်ပေါင်း ၃၀ အတွင်း မြို့နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ကို သဘောထားမှတ်ချက်နှင့်တကွတင်ပြရမည်…
မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့က စီစစ်ပြီးလျှင် ၇ ရက်အတွင်း သဘောထားမှတ်ချက်နှင့်တကွ ခရိုင်လယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့ ကိုဆက်တင်ရမည်)
……………………………………..
ခရိုင်မှ နေပြီးတင်ပြလာသည့် လယ်ယာမြေလုပ်ပိုင်ခွင့်ကို ထပ်မံစီစစ်ပြီး လက်ခံကြောင်း(သို့) ငြင်းပယ်ကြောင်း မြို့နယ်ဦးစီးဌာနရုံးသို့ ၁၅ ရက်အတွင်း ပြန်လည်အကြောင်းပြန်ပေးရမည်
……………………………………………….
မြို့နယ်ဦးစီးဌာနမှ ခရိုင်အကြောင်းပြန်စာအပေါ် ရုံးအလုပ် စာရင်းသွင်းတာတွေ လုပ်မည်
(လယ်လုပ်ကိုင်ခွင့်ရရှိသူကို ဦးစီးဌာနငွေစာရင်းမှာ မှတ်ပုံတင်ကြေးပေးသွင်းစေရမည်)
ပြီးလျှင်
ပုံစံ - ၅ = လယ်ယာမြေလုပ်ပိုင်ခွင့်ရရှိသူများ မှတ်ပုံတင်စာရင်း
ပုံစံ - ၆ = မြေလုပ်ပိုင်ခွင့် ငြင်းပယ်ခွင့်ခံရသူများ မှတ်ပုံတင်စာရင်း ကိုလုပ်ဆောင်သည်
မြို့နယ်ဦးစီးဌာနက အားလုံးစာရင်းသွင်းပြီးလျှင် မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ကိုတင်ပြရမည်
မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့မှ လယ်သမားကို
ပုံစံ - ၇ =လယ်ယာမြေလုပ်ပိုင်ခွင့်လက်မှတ် ထုတ်ပေးရမည်
ငြင်းပယ်ခဲ့လျှင်လည်း...
ပုံစံ - ၈ = လျှောက်ထားချက်ကို ငြင်းပယ်ကြောင်း အကြောင်းကြားစာ ကိုပြန်ထုတ်ပေးရမည်
(ဆက်လက်ဖေါ်ပြပါမည်)
ဇာနည်မောင်မောင်ကျော်
ဓါတ်ပုံ။ ။ အင်တာနက်.....
လယ်ယာမြေ ပိုင်ဆိုင်မှုပြသနာ……
Reviewed by timeayeyar
on
6:41 AM
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment