Latest News

Tuesday, June 28, 2016

မော်လမြိုင်ကျွန်းမြို့နယ် ပင်လယ်ရေငန်တိုးဒေသတွင် ကျွန်းနှင့် ပျဉ်းကတိုး စိုက်ခင်းများ အောင်မြင်


မော်လမြိုင်ကျွန်း ဇွန် ၂၈
မော်လမြိုင်ကျွန်းမြို့နယ် ပင်လယ်ပိုင်းဒေသနှင့် ထိစပ်နေသော ရေငန် တိုးဒေသဖြစ် သည့် ရှောက်ချောင်းကျေးရွာအုပ်စု စွယ်စုံကျေးရွာဒေသ ခံတောင်သူ ဦးဇော်ဦးနှင့် မိသားစုများက ဥယျာဉ်ခြံမြေအတွင်း လွန်ခဲ့သော ၂ဝ၁၃ ခုနှစ် စက်တင်ဘာလက တစ်အုပ်တစ်မ ကျွန်းစိုက်ခင်းအဖြစ် ကျွန်းပျိုးပင် ၃ဝဝဝ ကျော် စမ်းသပ်စိုက်ပျိုး ခဲ့ကြသည်။
ယင်းကျွန်းပင်များမှာ အောင်မြင်ဖြစ်ထွန်းခဲ့ပြီး ယခုနှစ် ဇွန် ၂၅ ရက်တွင် ကျွန်းပင်သက်တမ်း သုံးနှစ်ခန့်တွင် အပင်အမြင့် ၁၈ ပေမှ ပေ ၂ဝ၊ လုံးပတ် တစ်ပေ နီးပါးအထိ ရှင်သန်ကြီးထွားလျက်ရှိပြီး ကျွန်းစိုက်ခင်းပိုင်ရှင် ဦးဇော်ဦး မိသားစုနှင့် ခြံလုပ်သားများက ကျွန်းစိုက်ခင်းအတွင်း တစ်နေ့နှစ်ကြိမ် ကွင်းဆင်းပြုစု ပျိုးထောင် ပေးလျက်ရှိသည်။
ထို့ပြင် ကျွန်းစိုက်ခင်းအပြင် ဥယျာဉ်ခြံမြေအတွင်း သုံးနှစ်သားခန့်ရှိ ပျဉ်းကတိုး စိုက်ခင်းအပင် ၂ဝဝ နှင့် နှစ်နှစ်သားရှိ သစ်မွှေးစိုက်ခင်း အပင် ၇ဝ တို့ကို လည်း နေ့စဉ် ပြုစုပျိုးထောင်ပေးလျက်ရှိရာ ကျွန်း၊ ပျဉ်းကတိုးနှင့် သစ်မွှေး တစ်အုပ်တစ်မ စိုက်ခင်းများ အောင်မြင်ရှင်သန်လျက်ရှိသည်။
အဆိုပါ ပင်လယ်ရေငန်တိုးဒေသတွင် ကျွန်း၊ ပျဉ်းကတိုးနှင့် သစ်မွှေး တစ်အုပ် တစ်မ စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းနေသောကြောင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးတွင် တိုက်ရိုက်အကျိုးပြုနေသည့်အပြင် အခြားဒေ သခံ တောင်သူများလည်း ဝင်ငွေတိုးပွားအကျိုးများမည့် နှစ်ရှည်ပင် ကျွန်းနှင့် ပျဉ်းကတိုး စိုက်ခင်းများတစ်အုပ်တစ်မ စိုက်ပျိုးအောင်မြင်ရေးအတွက် နည်းပညာပေးကူညီဆောင် ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။
မော်ကျွန်း-မြင့်အောင်

No comments:

Post a Comment