Latest News

Sunday, June 26, 2016

ဖျာပုံမြို့မှကလေးများပျောက်နေခြင်း



၂၆.၆.၁၆ ရက်နေ့မှာ ပျောက်သွားသော
ဖျာပုံမြို့မှ ကလေး ၅ ယောက်ရဲ့ ဓာတ်ပုံများပါ။ ကလေးများမှာ စာကျက်မည်ဆိုကာ အိမ်မှထွက်သွားရာမှ အိမ်ပြေန်မရောက်သဖြင့် မိဘများမှ စုံစမ်းရှာဖွေရာ နံနက် ၁၀:၀၀ ခန့်တွင် ဒလသို့ ကားငှားသွားကြောင်း ဒလကားဂိတ်မှ ကလေးများဖြစ်သဖြင့် မသင်္ကာသဖြင့် မေးရာ အမျိုးဆေးရုံတက်သဖြင့် သွားတွေ့မည်ဖြစ်ကြောင်း ပြောပါသည်။ ဂိတ်မှူးမှ ကလေးများပုံကိုပါ ဓာတ်ပုံရိုက်ထားပါသည်။ ကားသမားမှ လမ်းတွင် ကလေးများမှာ မူမမှန်သဖြင့် မိဘများ လိုက်လာလို့လိုက်လာငြား ကားကို ဖြေးဖြေးမောင်း သဖြင့် ကလေးတစ်ဦးမှ ချိန်းထားသည်များ လွဲမည်ဖြစ်သဖြင့် အမြန်မောင်းပါဟု ပြောကြောင်း ကားသမားမှ ပြောသည်။ ဦးဆောင်သည့် ကလေးမသည် အိမ်မှ ငွေတစ်သိန်း ယူသွားကြောင်းသိရသည်။ သက်ဆိုင်ရာ ရဲစခန်းနှင့် လူကုန်ကူးမှုတိုက်ဖျက်ရေး အရေးပေါ် hotline များသို့ အကြောင်းကြားထားပြီးဖြစ်ပါသည်။
မိတ်ဆွေများနှင့် နီးစပ်ရာအားလုံး ဝိုင်းဝန်းကူညီပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။
မိဘများ စိတ်ပူနေကြပါသည်။ ကလေးများမှာ ကရင်တိုင်းရင်းသူ ၃ ဦး ဗမာ ၂ ဦးဖြစ်ပါသည်။
Credit Thawzin Kyaw







No comments:

Post a Comment