Latest News
Friday, June 17, 2016
မျောက်မကြီးကို ပြည့်တန်ဆာအဖြစ် အခငွေကြေးနဲ့ ခိုင်းစား
ပိုနီလို့ အမည်ပေးထားတဲ့  မျောက်မကြီးကို ပြည့်တန်ဆာအဖြစ် ခိုင်းစားတယ်ဆိုတဲ့သတင်းဟာ
မယုံကြည် နိုင်စရာပါပဲ။ အိုရန်ဂူတန်မျောက်မျိုးဖြစ်တဲ့ အသက်၆နှစ် ၇နှစ်အရွယ်မျောက်မကြီးကို အင်ဒိုနီရှားနိုင်ငံကလီမန်တန်၊ကရန်းပန်ဂီရွာမှာ လိင်လုပ်သားအဖြစ် ခိုင်းစေအသုံးချခဲ့တာပါ။
မျောက်မကြီးနဲ့  လိင်ဆက်ဆံဖို့ အတွက် စောင့်ဆိုင်းသူတွေကလည်း တန်းစီနေတယ်လို့ ဆိုပါတယ်။
လာတဲ့ဖောက်သည်တွေအတွက် အဆင်ပြေအောင် နေ့ တိုင်းသူ့ ကိုယ်က အမွှေးတွေကို ပိုင်ရှင်ကရိတ်ပစ်ပါတယ်။ ဒီလိုအမွှေးတွေရိတ်ထားတာကြောင့် သူခမြာ ခြင်တွေကိုက်တာခံရပြီး အနာတွေတောင်ဖြစ်နေပါ
တယ်။မွေ့ ယာပေါ်မှာ မျောက်မကြီးရဲ့ ခြေကျင်းဝတ်ကိုသံကြိုးနဲ့ ခတ်ထားပါတယ်။
သူ့ အနားကို ယောက်ျားတစ်ယောက်ရောက်သွားပြီးဆိုရင် လိင်ဆက်ဆံတဲ့ပုံစံအနေအထားနဲ့  နေပေးဖို့ 
 လေ့ကျင့်ထားခြင်းခံရပါတယ်။
ထိတ်လန့် ဖွယ်ပြည့်တန်ဆာဘ၀ကနေလွတ်မြောက်ပြီးတဲ့နောက်မှာမျောက်မကြီး ပိုနီဟာ သူ့ ဘ၀ကို
ဘယ်လို ခရီးဆက်ရမယ်မသိတော့ပါဘူး။ သူဟာ သစ်ပင်တောင်မတက်တတ်တော့တဲ့အခြေအနေ
ထိရောက်သွားပါတယ်။
အိုရန်ဂူတန်မျောက်တွေဟာ သူတို့ ရဲ့  နေအိမ်ကို သစ်ပင်ရဲ့ ထိပ်ဖျားမှာဆောက်လေ့ရှိတယ်။
အင်ဒိုနီးရှားမှာ စားအုန်းဆီအတွက် စိုက်ပျိုးခင်းတွေချဲ့ ထွင်ဖို့ သစ်ပင်တွေကို ခုတ်ထွင် ပစ်တဲ့အခါအိုရန်ဂူ တန်မျောက်တွေအတွက် နေစရာအိမ်တွေပျောက်ခဲ့ရတယ်။ ဘယ်ကိုသွားရမယ်မသိဖြစ်ခဲ့ကြတယ်။
စိုက်ခင်းပိုင်ရှင်တွေက မျောက်မကြီးတွေကိုသတ်၊သူတို့ ကလေးတွေကို အိမ်မွေးတိရိစ္ဆာန်တွေအဖြစ်ရောင်းစားခဲ့ကြတယ်။
သစ်တောတွေကိုခုတ်တာမရပ်တန့် ရင် ဒီမျောက်မျိုးစိတ်ဟာ ၂၀၁၅ မှာ မျိုးတုန်းတော့မယ် အနေအထား
အထိရောက်ရှိလာနိုင်ပါတယ်။ဒါကြောင့်သဘာဝပတ်ဝန်းကျင်ချစ်မြတ်နိုးသူတွေ၊တိရိစ္ဆာန်ချစ်သူတွေက သစ်တောခုတ်တာတွေရပ်ဖို့ ၊အိုရန်ဂူတန်မျောက်မျိုးစိတ်ကို ကယ်တင်ဖို့ အတွက် လက်မှတ်ရေးထိုးတောင်း
ဆိုတဲ့လှုပ်ရှားမှုတွေကိုလုပ်ဆောင်နေကြပါတယ်။
တိုင်းဧရာ
No comments:
Post a Comment