Latest News

Wednesday, June 29, 2016

ကမ္ဘာကျော်အားကစားပစ္စည်းကုမ္ပဏီ Adidas ဧရာဝတီတိုင်းအတွင်း စက်ရုံတည်ဆောက်နိုင်ဖို့ လာရောက်ဆွေးနွေး ၊ လျှပ်စစ်မီးလိုအပ်ချက် အဟန့်အတားဖြစ်နေ

ကမ္ဘာကျော်အားကစားပစ္စည်းကုမ္ပဏီ Adidas ဧရာဝတီတိုင်းအတွင်း စက်ရုံတည်ဆောက်နိုင်ဖို့ လာရောက်ဆွေးနွေး ၊ လျှပ်စစ်မီးလိုအပ်ချက် အဟန့်အတားဖြစ်နေ
==================================================


ကမ္ဘာကျော်အားကစားပစ္စည်းထုတ်ကုမ္ပဏီဖြစ်တဲ့ Adidas ကဧရာဝတီတိုင်းဒေသကြီးအတွင်း အားကစားပစ္စည်း စက်ရုံ လာရောက်တည်ဆောက်ဖို့ တိုင်းဒေသကြီးအစိုးရအဖွဲ့နဲ့ ဇွန်လ (၂၉)ရက်ကလာရောက် ဆွေးနွေးခဲ့တယ်လို့သိရပါတယ်။ တွေ့ဆုံဆွေးနွေးခဲ့မှုနဲ့ပတ်သတ်လို့ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ် မန်းဂျော်နီကနာမည်ကျော်ကုမ္ပဏီတစ်ခုဖြစ်တဲ့အတွက်လာရောက် ရင်းနှီးမြုပ်နှံဖို့စီစဉ် တာကိုကြိုဆိုပြီး ကုန်ပစ္စည်း ထုတ်လုပ်ဖို့လိုအပ်တဲ့ လျှပ်စစ်မီးကိစ္စ ကိုတော့တာဝန်မယူနိုင်ကြောင်း ပြောကြားခဲ့တယ်လို့ 5 Plus ကိုပြောပါတယ်။ တိုင်းဒေသကြီးအတွင်းရှိကျေးလက်ဒေသတွေကိုတောင် လျှပ်စစ်မီးအပြည့်အ၀ မပေးနိုင်တဲ့အတွက် စက်ရုံအတွက်လိုအပ်တဲ့ လျှပ်စစ်မီးအတွက်အစိုးရအနေနဲ့ တာဝန်မယူနိုင်ကြောင်းပြောကြား ခဲ့တာဖြစ်တယ်လို့ မန်းဂျော်နီက ပြောပါတယ်။ ဒါပေမယ့်လည်းဒီအစီအစဉ် ကိုလုံးဝ ဖျက်သိမ်းလိုက်တာ မဟုတ်ဘဲသက်ဆိုင်ရာ ပြည်ထောင်စု အစိုးရအဖွဲ့ကို ဆက်လက်တင်ပြသွားမယ်လို့လည်းဝန်ကြီးချုပ်မန်းဂျော်နီ ကပြောပါတယ်။ ကမ္ဘာကျော်အားကစားပစ္စည်းထုတ်လုပ်တဲ့ Adidas ကုမ္ပဏီဟာ ဂျာမနီနိုင်ငံမှာ အခြေစိုက်တာဖြစ်ပြီး ဘတ်စကတ်ဘော ၊ ဘောလုံး ၊ တင်းနစ်အစရှိတဲ့ အားကစားနဲ့ ဆက်စပ်ပစ္စည်းတွေကို ထုတ်လုပ်ပြီး ကမ္ဘာ့အနှံ့ကို ဖြန့်ချိနေတာဖြစ်ပါတယ်။
ဓာတ်ပုံ - မန်းဂျော်နီ FB
5 Plus News

No comments:

Post a Comment