Tuesday, May 3, 2016
ပုသိမ်မြို့ရွှေစည်းခုံကန်လမ်း ကိုယ့်အားကိုယ်ကိုး သောက်သုံးရေကန်ကြီး
ပုသိမ်မြို့ရွှေစည်းခုံကန်လမ်း ကိုယ့်အားကိုယ်ကိုး သောက်သုံးရေကန်ကြီး
အောင်မြင်စွာ တူးဖော်နိုင်သဖြင့် ဒေသခံတို့ကြည်နူးဝမ်းမြောက်လျက်ရှိ
ပုသိမ် မေ ၂
အယ်နီညို အပူလှိုင်းဒဏ်ပြင်းထန်မှု ကြောင့် ပုသိမ်မြို့အမှတ်(၂)နယ်မြေ ရွှေစည်းခုံ ကန်လမ်းရပ်ကွက်ကြီး၌ ပြည်သူများ သောက်သုံးရေအခက်အခဲ နှင့် မီးဘေးကာကွယ်ရေးအခက်အခဲ ကြုံတွေ့နေကြရသည်။ ထို့ကြောင့် မြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးတင်အုံး၊ ရပ်ကွက် ဖွံ့ဖြိုး အထောက်အကူကော်မတီ ဦးမော်ကြီး၊ အမှတ်(၂)ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးတင်ထွန်းတို့ ဦးဆောင်သော ဒေသခံ ပြည်သူတို့ ညှိနှိုင်းဆောင်ရွက်မှုဖြင့် ရှေးယခင်ကတိမ်ကော ပျက်စီးနေသောရေကန်ဟောင်းနယ်နိမိတ်ကို အသစ် ပြန်လည်ဖော်ထုတ်ပြီး ပေ၂ဝဝ ပတ်လည် အနက် ၁၂ ပေ၊ ကန်ပေါင် ခြောက်ပေ အမြင့်ဖြင့် ပန်းအလှစိုက်ခင်းများ စိုက်ပျိုး လျက်ရှုမောသာယာဖွယ် ရွှေစည်းခုံကန် တော်မင်္ဂလာအဖြစ် စီမံလျက် မတ် ၂၇ ရက် နံနက် ၈ နာရီက စတင်တူးဖော် ခဲ့ရာ ဧပြီ ၂၃ ရက်တွင် ရေကန် တူးဖော်ရေးလုပ်ငန်း အောင်မြင် ခဲ့သည်။ သို့သော်သဘာဝရေ လွှတ်ကြော များ ခန်းခြောက်ပျောက်ကွယ်နေသဖြင့် ကန်ရေအခက်အခဲ ကြုံတွေ့ကြရသည်။ ထိုကြောင့် မြို့နယ်စည်ပင်ကော်မတီ နှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက် ပြည်သူအကျိုးဆောင်များ ပူးပေါင်းညှိနှိုင်း ဆောင်ရွက်မှုဖြင့် ပုသိမ်မြစ်တွင်းမှ ပေ ၃ဝဝဝ ကွာဝေးသော ရွှေစည်းခုံကန်တော် မင်္ဂလာအတွင်းသို့ ရေပိုက်ကြီးများ သွယ် တန်းလျက် နေ့၊ ညမပျက်နာရီ ပေါင်း ၄ဝ ကျော် ခက်ခက်ခဲခဲမြစ်ရေများ ပို့လွှတ်ပြီး သိုလှောင်နိုင်ခဲ့သဖြင့် မေ ၂ ရက် နံနက် ၄ နာရီတွင် ပေ ၂ဝဝ ပတ် လည်ရေအနက် ၁၂ ပေမြစ်ရေများ ပြည့်ဝစွာဖြင့် တင့်တယ်သာမောရှိနေ သည်။
မည်သို့ဖြစ်စေ ''ထမင်းအသက်ခုနစ် ရက်၊ ရေအသက်တစ်မနက်ဆိုသလို ပူလောင်ပြင်းပြတဲ့ နွေရာသီမှာ ရေခိုး ရေရိပ်အေးအေးနဲ့ ချိုးသုံးနိုင်ခွင့်ရရှိလို့ ကိုယ်လက်ကျန်းမာစိတ်ချမ်းသာမှုရရှိ ပါတယ်၊ မီးဘေးကာကွယ်ရေးအတွက် လည်း စိတ်အေးချမ်းသာရပါတယ်'' ဟု အသက် ၈ဝ ကျော် အဘွားဒေါ်လုံမ က ဝမ်းသာအားရ ပြောသည်။
ပုသိမ်-လှကြည်
MOI Webportal Myanmar
ပုသိမ်မြို့ရွှေစည်းခုံကန်လမ်း ကိုယ့်အားကိုယ်ကိုး သောက်သုံးရေကန်ကြီး
Reviewed by timeayeyar
on
8:53 PM
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment