Monday, May 23, 2016
ဖေ့ဘွတ်ပေါ်တွင်မဟုတ်မမှန်ရေးသားသည်ဟုဆိုကာငါးမြင်းချောင်းနေမအိအိဇော်အား အုပ်ချုပ်ရေးမှူးက တရားစွဲ
၁၄.၁၁.၂၀၁၅ရက်နေ့တွင် တရားလို ဦးအုန်းမြင့်သည် ငါးမြင်းချောင်းကျေးရွာအုပ်စုတွင် အုပ်ချုပ်ရေးမှူး တာဝန်ထမ်းဆောင်နေစဉ် ငါးမြင်းချောင်းနေမအိအိဇော်မှ ၄င်း၏ facebook အကောင့်စာမျက်နှာတွင်
"အုပ်ချုပ်ရေးမှူးတစ်ယောက်လုပ်နေပြီး ခရီးသွားထောက်ခံစာ သွားလုပ်တာ ဘာပြောတယ်မှတ်လဲ
သူငယ်ချင်းတို့ရေ၊ စာမရေးတတ်လို့ ထောက်ခံစာကို လုပ်မပေးဘူး။အဲ့ဒါ ဘယ်လိုလုပ်ပြီးတော့များ ကျေးရွာတိုးတက်အောင် အုပ်ချုပ်နိုင်ပါ့မလဲ။တွေးပြီး ရွာသူရွာသားများအတွက် ရင်မောမိပါတယ်။ ဧရာဝတီ
တိုင်းဒေသကြီး၊ မြောင်းမြမြို့နယ်၊ ငါးမြင်းချောင်းရွာသူရွာသားတို့တွေ လက်တွေ့ခံစား
နေရတာပါ။" ဟု မဟုတ်မမှန်ရေးသားခဲ့သဖြင့် (ဘ)ဦးမြင့်ဇော်၏ သမီးဖြစ်သူမအိအိဇော် (၂၇)နှစ်၊ ၁၄/ငပတ(နိုင်)၁၈၀၇၆၄၊မှီခို၊ ငါးမြင်းချောင်းကျေးရွာနေသူအား အရေးယူပေးရန် အုပ်ချုပ်ရေးမှူး ဦးအုန်းမြင့်မှ
တရားလိုပြုလုပ်တိုင်တန်းခဲ့ရာ မြောင်းမြမြို့မရဲစခန်း(ပ)၄၀၂/၂၀၁၅၊ ဆက်သွယ်ရေးဥပဒေ
ပုဒ်မ-၃၄(ဃ)ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်ခဲ့ပြီး အမှုမှတရားခံ မအိအိဇော်မှာ အမှုဖြင့် ထွက်ပြေး
တိမ်းရှောင်နေသဖြင့် အမှုအား မြို့နယ်ဥပဒေအကြံပြုချက်တောင်းခံရာ မြို့နယ်ဥပဒေအရာရှိ၏အကြံပြုချက်အရ ဆက်သွယ်ရေးဥပဒေပုဒ်မ-၆၆(ဃ)/ကျင့်-၅၁၂ဖြင့် တရားစွဲတင်ပို့ရန်စီစဉ်ဆောင်
ရွက်ထားရှိပြီး အမှုမှ တရားခံ မအိအိဇော်အား ကူညီစုံစမ်းပေးပါရန် ၄င်း၏ ဓာတ်ပုံများအား ဖော်ပြထားရှိပြီး တာဝန်သိပြည်သူများမှ မိမိပတ်ဝန်းကျင်တွင်တွေ့ရှိပါက သက်ဆိုင်ရြာေ မာင်းမြမြို့မရဲစခန်း၏ ဖုန်းအမှတ်-
၀၇၄ ၇၀၃၁၄ အား အကြောင်းကြားပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Ayeyarwaddy.region.police force
ဖေ့ဘွတ်ပေါ်တွင်မဟုတ်မမှန်ရေးသားသည်ဟုဆိုကာငါးမြင်းချောင်းနေမအိအိဇော်အား အုပ်ချုပ်ရေးမှူးက တရားစွဲ
Reviewed by timeayeyar
on
9:54 PM
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment