ဆင်းရဲမှု့လျှော့ချရေးအတွက်တင်ပြခြင်း
ဂနိမ်းကြီးအင်းသည် ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်မြို့နယ် ဓနော်အုပ်စု ခရေကန်ကျေးရွာတွင် ရှိပင်ရှိနေသော်လည်း ခရေကန်ကျေးရွာမှ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ခွင့်မရှိပါ။ အစိုးရမှ သိန်းလေးဆယ်ခန့်ဖြင့် ရောင်းချပေး၍ ကျုံပျော်မြို့နယ်အတွင်းမှမဟုက်သော အင်းသားကြီးမှရရှိ၍ ထိုသူမှသိန်းတစ်ရာဖြင့် နှစ်စဉ် တဆင့်ပြန်လည်ရောင်းချနေပါသည်။ ခရေကန်ကျေးရွာ ဖွံ့ဖြိုးရေးအထောက်အကူပြုအဖွဲ့သို့ အစိုးရမှ ချပေးလျှင် ၄င်းအမြက်ငွေဖြင့် ကျေးရွာမီးလင်းရေးအတွက် ဆောင်ရွက်နိုင်ပါမည်။ သို့မှသာ ခရေကန်ကျေးရွာ၏ ဆင်းရဲမှု့လျော့ချရေးအတွက် အထောက်အကူဖြစ်နိုင်မည့်အပြင် လယ်ယာနွေစပါး မိုးစပါးအတွက် ရေသွားရေလာ စီမံခန့်ခွဲရာတွင်လည်း လယ်သမားတို့ ဆန္ဒအလျောက် လုပ်ကိုင်ရသည့်အတွက် လယ်ယာလုပ်ငန်းခွင်တွင်လည်း အဆင်ပြေနိုင်မည်ဖြစ်ပါသည်။
ထို့အတွက် ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့အစည်းများမှ ဆောင်ရွက်ပေးပါရန် ရွာသူရွာသားများနှင့် လယ်သမားအများစုမှ တင်ပြတောင်းဆိုအပ်ပါသည်။
လမ်းပြကြယ်တံခွန်
Tuesday, May 3, 2016
တိုင်းဧရာ ပြည်သူ့အသံကဏ္ဍ(ဆင်းရဲမှု့လျှော့ချရေးအတွက်တင်ပြခြင်း)
တိုင်းဧရာ ပြည်သူ့အသံကဏ္ဍ(ဆင်းရဲမှု့လျှော့ချရေးအတွက်တင်ပြခြင်း)
Reviewed by timeayeyar
on
8:52 PM
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment