Latest News

Wednesday, May 25, 2016

မြောင်းမြမြို့တွင် ညပိုင်းအချိန်များ ဆိုင်ကယ်များဖြင့်ဖုန်းနှင့်ငွေကြေးများလုယူထွက်ပြေးမှုများ မကြာခဏဖြစ်ပွားနေ

မြောင်းမြမြို့တွင် ညပိုင်းအချိန်များ ဆိုင်ကယ်များဖြင့်ဖုန်းနှင့်ငွေကြေးများလုယူထွက်ပြေးမှုများ မကြာခဏဖြစ်ပွားနေ
မြောင်းမြ မေ ၂၃
မြောင်းမြမြို့တွင် ညပိုင်းအချိန်များတွင်ဆိုင်ကယ်များဖြင့်လူရှင်းသောနေရာများတွင် ခရီးသွားသူများထံမှ
ဖုန်းနှင့်ငွေကြေး လုယူထွက်ပြေးမှုများ မကြာခဏဖြစ်ပွားလာကြောင်း သတင်းရရှိသည်။
ညပိုင်းအချိန်များတွင် လမ်းလျှောက်ခရီးသွားသူများ စက်ဘီးဖြင့်ခရီးသွားသူများနှင့် ဆိုင်ကယ်ဖြင့် သွားလာနေသည့် အမျိုးသမီးများအား ဆိုင်ကယ်ဖြင့်နောက်မှ ၀င်တိုက်ကာ ယူဆောင်လာသည့် ဖုန်းနှင့်ပစ္စည်းများ လုယူထွက်ပြေးခြင်းများမကြာခဏဖြစ်ပွားနေကြောင်း၊ အခင်းဖြစ်ပွားလေ့ရှိသည့်နေရာများမှာ မြို့ ပတ်လမ်း၊သိပ္ပံလမ်းနှင့် ဗိုလ်ဗထူးလမ်းဒေါင့်၊မြို့ပတ်လမ်းနှင့် မြဂုဏ်ရည်လမ်းထောင့်နှင့် အခြားသောလူအသွားအလာနည်းပါးပြီး လမ်းမီးတိုင်များမရှိသည့်နေရာများတွင်အဖြစ်များကြောင်း၊လုယူခံရသူများမှာ လူအုပ်စုလိုက် ဆိုင်ကယ်ဖြင့်ဝင်တိုက်ကာ လုယူခြင်းဖြစ်သောကြောင့် ကျူးလွန်သူများကို မှတ်မိခြင်းမရှိသဖြင့် ရဲတပ်ဖွဲ့ထံ အသိပေးအကြောင်းကြားမှုများမှ အပ အမှုဖွင့်လှစ်တိုင်ကြားမှုများမရှိခဲ့ကြောင်း ၊ကျူလွန်ခံရသူများထံမှ သိရသည်။

"ကျနော်ညက (မေ ၂၂ ရက်) စာသင်ပြီးတော့ စက်ဘီးနဲ့ပြန်လာတာ ပတ်လမ်းနားလဲရောက်ရော နောက်ကနေလူသုံးယောက်စီးလာတဲ့ဆိုင်ကယ်က စက်ဘီးခြင်းထဲက ကျနော်အိတ်ကိုလုတယ်။မမိလိုက်တော့ ဆိုက်ကယ်နဲ့တိုက်တာ။ကျနော်လည်းစက်ဘီးလဲကျပြီးတော့ လွင့်သွားတော့ သူတို့ ကကျနော့်ဖုန်းကိုကောက်ယူပြီး တော့ ထွက်ပြေးတယ်။ကျနော်က တွေ့တဲ့ဆိုင်ကယ်တွေကိုအကူအညီလှမ်းတောင်းတာ ဘယ်သူမှရပ်မပေးကြဘူး။အားလုံးပေါင်းလူသုံးယောက်ခင်ဗျ။ဆိုင်ကယ်နဲ့အနားကိုရောက်လာပြီးတော့ ကျနော့်စက်ဘီးကို တိုက်ပြီးတော့ တစ်ယောက်က တွန်းလှဲလိုက်တာ။" ဟုဖုန်းလုယက်ခံခဲ့ရသူကိုဟန်ဇင်နိုင်ကပြောကြားသည်။

ယင်းကဲ့သို့ လုယက်မှုများ ဖြစ်ပွားနေသည်မှာ နေ့စဉ်နီးပါး ဖြစ်ပွားနေပြီး စက်ဘီးဖြင့် သွားလာသူများ အမျိုးသမီးငယ်များမှာ ကျူးလွန်သူများ၏ အဓိကပစ်မှတ်တစ်ခုသဖွယ် ဖြစ်နေကြောင်း၊ကျူးလွန်ခံရသူများထံမှ သိရသည်။
မင်းသူဝင်းထွဋ်(မြောင်းမြ)

No comments:

Post a Comment