Latest News

Friday, May 20, 2016

ဝန်ကြီးချုပ်ရှေ့ပြေးယာဉ်ကို ဆိုင်ကယ်ဝင်တိုက်


ပုသိမ်မြို့ အမှတ် ၃ ရပ်ကွက် (မြို့အဝင်ရုပ်ထုအဝိုင်း) အနီးတွင် ယနေ့ ( မေလ ၂၀ ရက်) ညနေ ၅ နာရီခန့်က ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်၏ ရှေ့ပြေးလုံခြုံရေးယာဉ်ကို နံပါတ်မပါသည့် လော်ဂျား 110 အနက်ရောင်ဆိုင်ကယ်တစ်စီးက နောက်မှဝင်တိုက်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ယင်းဆိုင်ကယ်ကို မောင်းနှင်သူမှာ ပုသိမ်မြို့ အမှတ် ၂ ရပ်ကွက် ဒေါ်ဟန်လမ်းကြားနေ အသက် ၂၃ နှစ်အရွယ် မောင်နိုင်လင်း ဆိုသူဖြစ်ကြောင်း၊ ဆိုင်ကယ်သည် ဝန်ကြီးချုပ်၏ ယာဉ်ကိုကျော်တက်ပြီး ရှေ့မှ မောင်းနှင်နေသော ရှေ့ပြေးလုံခြုံရေးယာဉ်ကို ဆက်လက်ကျော်တက်စဉ် ယင်းလုံခြုံရေးယာဉ်၏ နောက်ပိုင်းကို ဝင်တိုက်မိခြင်းဖြစ်ကြောင်း ပုသိမ်မြို့ ယာဉ်ထိန်းရဲတပ်ဖွဲ့ရုံးထံမှ သိရသည်။
အဆိုပါယာဉ်တိုက်မှုကြောင့် ဆိုင်ကယ်နောက်တွင် လိုက်ပါလာသည့် အမှတ် ၅ ရပ်ကွက် ဘူတာလမ်းနေ အသက် ၂၄ နှစ်အရွယ် မောင်အောင်စိုးမိုးမှာ ဒဏ်ရာရရှိခဲ့ပြီး ပုသိမ်ဆေးရုံသို့ တင်ပို့ထားရကြောင်း၊ ဆိုင်ကယ်မောင်းနှင်သူကို စစ်ဆေးလျက်ရှိပြီး ပြစ်မှုဆိုင်ရာဥပဒေ၊ မော်တော်ယာဉ်ဥပဒေများနှင့် အရေးယူသွားမည်ဖြစ်ကြောင်း ပုသိမ်မြို့မ ရဲစခန်းထံမှ သိရသည်။
The Voice

No comments:

Post a Comment