Latest News

Wednesday, May 25, 2016

စိတ်ဖိစီးမျှားလာပါက တာဝန်မှ ချက်ခြင်းနုတ်ထွက်မည်ဟု ဥပဒေချုပ်ပြော


မျိုးမင်းပိုင်
အဖိုးကြီးကို စိတ်ချမ်းသာအောင်ထားကြ။စိတ်ညစ်အောင်မလုပ်ကြနဲ့။စိတ်ချမ်းသာအောင်ထားကြဆိုတာ ပိုက်ဆံပေးဖို့ မဟုတ်ပါဘူး။ ဒီအဖိုးကြီးကလည်းကျမ်းမာရေးကောင်းသမျှဆောင်ရွက်ပေးမယ်။လာမယ့်ငါးနှစ်နှစ်အတွင်းRules Of Lawဥပဒေစည်းမျဉ်း၊စည်းကမ်းအတိုင်းသွားကြမယ်။အဲဒီလိုအခြေအနေကမှ ကျန်းမာရေးမကောင်းလို့ ရော၊စိတ်ညစ်လာရင်ချက်ခြင်းနုတ်ထွက်မယ် ဟု၎င်းကပြောသည်။
မေ ၂၀ ရက်နေ့က  ပုသိမ်မြို့တိုင်းဒေသကြီးဥပဒေချုပ်ရုံးတွင်ပြုလုပ်သောပြည်ထောင်စုရှေ့နေချုပ်နှင့် တိုင်း ဒေသကြီးဥပဒေချုပ်၊တိုင်းဒေသကြီးပြည်နယ်ဥပဒေအရာရှိများ၏ ပထမအကြိမ် လုပ်ငန်းညှိုနှိုင်းဆွေးနွေးပွဲ ထပ်ဆင့်ရှင်းလင်းခြင်းအခမ်းအနားတွင် အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။
 တိုင်းဒေသကြီး ဥပဒေအရာရှိအဖြစ် အငြိမ်းစားယူထားသော ဦးသိန်းရွှေသည် အသက်(၈၀)နှစ်ကျော်ရှိနေပြီ ဖြစ်သော်လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီ၏ကမ်းလှမ်းမှုဖြင့်လက်ရှိဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့တွင် ဥပဒေချုပ်ရာထူးဖြင့် တာဝန်ထမ်းဆောင်နေခြင်း ဖြစ်သည်။
"စိန်ခေါ်မှုနဲ့ စိတ်ဖိစီးမှုတွေကရှိလာမယ်ဆိုပေမယ့် ကိုယ်ကပြည်သူတွေကောင်းကျိုးအတွက် ပြောတဲ့အတိုင်းလုပ်မယ်။ဘာတွေပဲပြောလာပြောလာ လျစ်လျူရှုမှာပဲ" ဟုဦးသိန်းရွှေက The Messenger Media သို့ ပြော သည်။

No comments:

Post a Comment