Latest News

Tuesday, May 17, 2016

အာဂျင်တီးနားက အစ်ဂွာဇူ လို့ ခေါ်တဲ့ရေတံခွန်


တိုင်းဧရာမှ ကမ္ဘာတလွှားခရီးသွားအစီအစဉ်တင်ဆက်မှု။

ဒီရေတံခွန်က အာဂျင်တီးနားက အစ်ဂွာဇူ လို့ ခေါ်တဲ့ရေတံခွန်ပါ။အာဂျင်တီးနား
နယ်နိမိတ်ထဲမှာရှိပေမယ့် ဘရာဇီးနိုင်ငံဖက်ကကြည့်ရင် မြင်ကွင်းတွေက
ပိုလှပပါတယ်။ဘရာဇီးဘက်ကနေ ဟယ်လီကော်ပတာစီးပြီး ကြည့်လို့ ရအောင်
စီစဉ်ပေးထားပြီး စီးခဒေါ်လာ ၁၁၅ ဒေါ်လာကျသင့်မှာဖြစ်ပါတယ်။
ဒီရေတံခွန်နဲ့  ပတ်သက်တဲ့ဒဏ္ဍာရီက နတ်ဘုရားတစ်ပါးဟာ အရမ်းလှပတဲ့မိန်းမပျိုလေးနဲ့ 
လက်ထပ်ယူ ဖို့ ကြံစည်ပါသတဲ့။အဲဒီအချိန်မှာ ဒီမိန်းမပျိုလေးက သူချစ်သူနဲ့ ကနူးလှေ
ကိုစီးပြီးထွက်ပြေးကြပါသတဲ့။
နတ်ဘုရားက သူတို့ ထွက်ပြေးရာမြစ်ကို နှစ်ခြမ်းခွဲပစ်လိုက်ပြီး ချစ်သူနှစ်ဦးကို
ပြစ်ဒဏ်ပေးတဲ့အနေနဲ ထာဝရ ရေတံခွန်အဖြစ်ဖန်တီးလိုက်ပါသတဲ့။
ကမ္ဘာကျော်နိုင်ယာဂရာရေတံခွန်ကြီးရှိတဲ့ အမေရိကန်နိုင်ငံက
သမ္မတ ကတော် အယ်လီနာရုစဗဲ့ကတော့ ဒီရေတံခွန်ကိုရောက်ခဲ့ပြီး
ပြုခဲ့တဲ့မှတ်ချက်က "နိုင်ရာဂရာ ဟာသနားစရာပဲ"လို့ မှတ်ချက်ပြုပါတယ်။
တိုင်းဧရာ

No comments:

Post a Comment