Latest News

Thursday, May 19, 2016

မူလတန်းဆရာ၊ဆရာမ ၅၀၀၀ နုတ်ဖြေစစ်ဆေးချက်ရလာဒ်မေလ ၂၅ရက်နေ့ ထုတ်ပြန်မည်



၂၀၁၆-၂၀၁၇ပညာသင်နှစ်တွင် ဧရာဝတီတိုင်းဒေသကြီးရှိ အခြေခံပညာကျောင်းများတွင် တာဝန်ထမ်းဆောင်နိုင်ရေးအတွက် မူလတန်းပြ နေ့ စားဆရာ၊ဆရာမ ၅၀၀၀ကျော်၏နုတ်ဖြေစစ်ဆေးချက်ရလာဒ်ကို မေလ ၂၅ရက်နေ့တွင် ထုတ်ပြန်ကြေငြာမည်ဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီး အခြေခံပညာ ညွှန်ကြားရေးမှူးရုံးမှ သိရှိရသည်။
ရေးဖြေအောင်မြင်သူ ၅၃၆၅ ဦးအနက် မူလတန်းပြ နေ့ စားလပေး၊ဆရာ၊ဆရာမများ ၃၂၇၉ဦးကို ခန့် အပ်ရေးအတွက် မေလ ၁၅ရက်နေ့ ကနုတ်ဖြေစစ်ဆေးမှုကို လုပ်ဆောင်ခဲ့ကြောင်း၊နုတ်ဖြေစစ်ဆေးမှုကို သက်ဆိုင်ရာမြို့ နယ် ပညာရေးမှူးရုံးများတွင်ပြုလုပ်ခဲ့ပြီးအောင်မြင်သူများကို ဘိုကလေး၊လပွတ္တာ၊မော်လမြိုင်ကျွန်းနှင့် ငပုတောမြို့ နယ် စသည့် ပင်လယ်ကမ်းခြေဒေသများရှိ အနီးဆုံးရွာများတွင် ခန့်အပ်မည်ဖြစ်ကြောင်းဧရာဝတီတိုင်းဒေသကြီး အခြေခံပညာ ဦးစီးဌာနညွှန်ကြားရေးမှူး(ယာယီ)ဦးဝင်းမောင်က ပြောကြားသည်။

"ရေးဖြေနုတ်ဖြေအောင်တဲ့သူတွေကိုဇွန်လလယ်ကနေစပြီးခန့်အပ်သွားမှာပါ။နေ့စားလပေး၊တစ်ရက်ကို၃၆၀၀ကျပ်နှုန်းဖြင့်ခန့် အပ်ပေးတာ၊ပထမဆုံးတစ်နှစ်ကိုနေ့စားလပေးခန့်ပြီးနောက်ပိုင်းပညာရေးကောလိပ်ဆရာအတတ်သင်တန်းကိုတက်လို့သင်တန်းဆင်းလက်မှတ်ရရင်အမြဲတမ်းဝန်ထမ်းအဖြစ်ခန့်သွားမှာပါ" ဟု၎င်းကရှင်းပြသည်။
ဧရာဝတီတိုင်းဒေသကြီးအခြေခံပညာမူလတန်းကျောင်း၆၃၅၀၊အလယ်တန်းကျောင်း ၁၀၅၆ နှင့်အထက်တန်းကျောင်း၄၄၂ကျောင်းစုစုပေါင်း အခြေခံပညာကျောင်း၇၈၄၈တွင် ၂၀၁၅-၂၀၁၆ပညာသင်နှစ်က ကျောင်းသားကျောင်းသူ ၁၁သိန်းကျော်ပညာသင်ကြားနေပြီး ဆရာ၊ဆရာမ ငါးသောင်းကျော်သင်ကြားပေးနေကြောင်းဧရာဝတီတိုင်းဒေသကြီး အခြေခံပညာဦးစီးဌာနညွှန်ကြားရေးမှူးရုံးထံမှသိရှိရသည်။
ဆရာ၊ဆရာမများကို ၀န်ထမ်းပြောင်းရွှေ့ခြင်း၊ရာထူးတိုးခြင်း၊နေ့စားအောက်ခြေ၀န်ထမ်းများခန့်အပ်ခြင်းများတွင်လာဘ်ပေးလာဘ်ယူကင်းရှင်းရေး၊မိမိကိုယ်တိုင်ကင်းရှင်းရန်နှင့်အုပ်ချုပ်ရေးမှုအောက်ရှိဝန်ထမ်းများကင်းရှင်းအောင်ကြပ်မတ်ရန် မသမာမှုရှိသည်ကိုစစ်ဆေးပေါ်ပေါက်ပါက ထိရောက်သောအရေးယူမှုခံရမည် ဖြစ်ကြောင်းဧရာဝတီတိုင်းဒေသကြီး လူမှုရေးဝန်ကြီးဒေါက်တာလှမြတ်သွေးက မေလ ၁၀ရက်နေ့က တိုင်းဒေသကြီးရှိတိုင်းခရိုင်မြို့ နယ်ပညာရေးမှူးများနှင့်တွေ့ဆုံရာတွင်ပြောကြားခဲ့သည်။


No comments:

Post a Comment