Latest News

Monday, May 23, 2016

ဇာတိမြေမှာ ကျောင်း ဖွင့် ပွဲတွေ တက်ရောက်နေတဲ့  ၀န်ကြီးချုပ် ဝေဖန် ခံရ


မျိုးမင်းပိုင်
မိမိ ဇာတိမြေက ကျောင်းဖွင့်ပွဲတွေ ကိုအများဆုံး တက်ရောက် နေတယ်ဆိုပြီး ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် မန်းဂျော်နီ ကို ပြည်သူတစ်ချို့  ဆီက ဝေဖန်မှုတွေ ထွက်ပေါ်လာပါတယ်။
ခုဝေဖန်မှုတွေ များလာတာကတော့ တိုင်းဒေသကြီး ဖွံ့ ဖြိုးတိုးတက်အောင် ပြည်သူတွေအတွက် ဘာတွေလုပ်ပေးမယ်ဆိုတဲ့  သတင်းစကားများကိုမကြားရပဲ မိမိဒေသဖြစ်တဲ့  ကျုံပျော် မြို့ နယ်တွင်းက ကျောင်းဖွင့်ပွဲတွေ အခမ်းအနားတွေ တက်ရောက်မှုများနေတယ်ဆိုပြီး ဝေဖန် မှုတွေ ထွက်ပေါ်လာတာပါ။

ဝန်ကြီးချုပ် မန်းဂျော်နီဟာတိုင်းဒေသကြီးအတွင်းပြုလုပ်တဲ့  ကျောင်းဖွင့်ပွဲ အပါဝင် အခမ်းအနား အထိမ်း
အမှတ်ပွဲ(၂၀)ကျော်ခန့် ကို တက်ရောက်ခဲ့ သလို မိမိဇာတိဖြစ်တဲ့  ကျုံပျော် ဒေသတွင် ပြုလုပ်သည့် ကျောင်းဖွင့် ပွဲ ငါးခုလောက်ကို တက်ရောက်ခဲ့ ပြီးဖြစ်ပါတယ်။

"ပွဲတိုင်းတက်တယ်။မတက်တဲ့ ပွဲရယ် မရှိဘူး။ ကျုံပျော်မှာလုပ်တဲ့ ကျောင်းဖွင့်ပွဲ တိုင်းလည်းတက်တယ်။ ကိုယ့်ရပ် ကိုယ့်ဇာတိဆိုတော့လည်း လူတိုင်းက ဖွံ့ ဖြိုးစေချင်မယ်။ ဒါ့ ကြောင့်လည်း တက်တာနေမှာပေါ့ ။"
ဟု အစိုးရအဖွဲ့ နဲ့  နီးစပ်တဲ့ တစ်ဦးကပြောပါတယ်။

တိုင်းနဲ့ ပြည်နယ် အသီးသီးက ၀န်ကြီးချုပ်တွေဟာ ပြည်ထောင်စုကြံ့ ခိုင်ရေးနှင့် ဖွဲ့ ဖြိုးရေးပါတီ အစိုးရ လက်ထက်မှာ မဖြေရှင်းနိုင်ခဲ့ တဲ့ အဂတိလိုက်စားမှုများ မြေယာသိမ်းဆည်းမှအစရှိတဲ့  ပြဿနာများအပါဝင် လူ့ အခွင့်ရေးချိုးဖောက် ခံရမှု၊တရားဥပဒေဘောင်အတွင်း လုံခြုံစိတ်ချစွာနေထိုင်ခွင့်မရတဲ့  လူနေမှုဘ၀များအပါဝင် အခြား ရင်ဆိုင် ဖြေရှင်းရမည့် အခက်အခဲပြဿနာများစွာလည်းရှိနေပါတယ်။

အစိုးရအဖွဲ့  ၀န်ကြီးချုပ် အနေဖြင့်ယခင်အစိုးရမဖြေရှင်းနိုင်ခဲ့ သောအရာများကို ဖြေရှင်းရန် အစီအစဉ်ကောင်းများချမှတ်ရန် လိုအပ်ပြီး စီမံကိန်းများ ဘက်ဂျက်များကို လေ့လာကာ တိုင်းဒေသကြီး အတွင်း ပြည်သူလူထု အကျိုးစီးပွါးဖြစ်ထွန်းစေမည့် နှစ်တို နှစ် လတ် နှစ်ရှည် စီမံကိန်း များအတွက် ပြင်ဆင်နေရင်းသာ
အချိန်ကုန်သင့်သည်ဟု နိုင်ငံရေးလေ့လလာသူတစ်ဦးကဆိုပါတယ်။

"ဖွင့်ပွဲတွေ အခမ်းအနားတွေ တက်တယ်ဆိုတာက အရင်အစိုးရလက်ထက်ကပုံစံနဲ့ တူနေတယ် အမှန်ဆို ၀န်ကြီးချုပ်ကိုယ်တိုင် အမြဲ တက်နေစရာမလိုပါဘူး သက်ဆိုင်ရာ ၀န်ကြီးတစ်ယောက် လွတ်လည်းဖြစ်နိုင်တာပဲ အခုအခြေနေက ကက်ဘိနက်အစည်းအဝေးတွေခေါ် ပြီးတော့စီမံကိန်း တွေ နဲ့ ပတ်သတ်ပြီး အရင်အစိုးရလုပ်ခဲ့ တာတွေကို ပြန်လေ့ လာ အရင်ကဘာေ့ကြာင့်မအောင်မြင်ခဲ့ လည်း တို့ အစိုးရက ဘာတွေ ဆက်လုပ်မလဲဆိုပြီး သူ့ စားပွဲပေါ်မှာတင် အလုပ်ရှုပ်နေရမှာ အချိန် ၀န်ကြီးချုပ် ဖွင့်ပွဲ တွေ အခမ်းအနားတွေမှာပဲ အချိန်ကုန်နေတာကိုတော့ သဘောမကျဘူး"လို့  တိုင်းအဆင့် ဌာနဆိုင်ရာတစ်ဦးကပြောပါတယ်။

ယင်းအပြင် ဧရာဝတီတိုင်းဒေသကြီးအတွင်း အများဆုံး ဖြေရှင်းပေးရမယ့် လယ်ယာမြေ ပြဿနာတွေကိုလည်း ဘယ်လိုံ မူဝါဒ တွေ ဘယ်လိုမျိုး ဥပဒေသစ်တွေ ပြဌာန်းပြီး ဆောင်ရွက်ပေးမလဲဆိုတာကိုလဲ ပြည်သူ
တစ်ချိ့ က သိချင်နေကြပြီး လယ်ယောမြေ အရေးလိုက်ပါဆောင်ရွက်ပေးသူတစ်ဦးဖြစ်တဲ့ လူ ကိုထွန်းထွန်းဦးကလည်း ၀န်ကြီးချုပ်ကို ခုလို ဝေဖန်ထောက်ပြပြောဆိုလာပါတယ်။

"အဓိကကတော့ ဧရာဝတီတိုင်းဒေသကြိး ၀န်ကြီးချုပ်ဟာ ဗဟို လယ်ယာစီမံခန့် ခွဲ ရေး ကော်မတီမှာ
အဖွဲ့ ဝင်တစ်ယောက်အဖြစ်နဲ့ လည်းပါတယ်/ အဲ့ တော့ ဧရာဝတိတိုင်းရဲ့ လယ်ယောမြေ ကိစ္စတွေကို ၀န်ကြီးချုပ်ကိုလိပ်မူပြီးပို့ ထားတဲ့  တိုင်စာတွေကအများအပြားပဲ ပထမဆုံး တွေ့ ဖို့ ကြိုးစားတဲ့ အချိန်မှာပဲ
သူ့ ဒေသပြန်ရောက်နေလို့ တွေ့ ခွင့်မရဘူး။ သို့ သော် စိုက်မွေးဝန်ကြီး
နဲ့ တွေ့ တယ်တွေ့ တဲ့ အချိန်မှာ
လည်း လယ်မြေနဲ့ ပတ်သတ်ပြီး သေချာတဲ့ မူဝါဒမရှိသေးဘူး။ ပြောချင်တာက ၀န်ကြီးချုပ်ဟာ ဗဟို လယ်ယာစီမံခန့်ခွဲရေးပါပေမဲ့ ဘယ်လယ်ကွင်းထဲမှမရောက်သေးသလို လယ်သမားတွေနဲ့ တွေ့ ဆုံတာလဲ မရှိသေးဘူး။ လယ်သမားတွေရဲ့ တိုင်စာတောင် ဖတ်ထားပုံမရဘူး" လို့  ကိုထွန်းထွန်းဦးကပြောပါတယ်။

တစ်လကျော် သက်တမ်း အတွင်းသာရှိသေးတဲ့  ပြည်သူ တွေ ရဲ့  လိုအပ်ချက်တွေကို မျှော်လင့် ချက်တွေ က များနေတာလည်းဖြစ်နိုင်ပါတယ် ။မန်းဂျော်နီဝန်ကြီးချုပ်စတင်ဖြစ်လာစဉ် မှာ လယ်ယာမြေ လုပ်ကိုင်သူများ တစ်နိုင်တစ်ပိုင် ရေချိုလုပ်ငန်းလုပ်ကိုင်သူများလ၀မြှင့်တင်ပေးနိုင်အောင်ဆောင်ရွက်ပေးမယ်လို
လွှတ်တော်ရဲ့ ပထမဆုံးမိန်းခွန်းမှာ ပြောဆိုထားပါတယ်။

လက်တလောအချိန်မှာတော့ ၀န်ကြီးချုပ် ဦးဆောင်တဲ့  အစိုးရအဖွဲ့ ဟာ အရေးကြီးတဲ့  ကက်ဘိနပ်အ
အစည်းအဝေးတစ်ခုနဲ့ အရေးပေါ်အစည်းအဝေးတစ်ခုသာ ပြုလုပ်နိင်သေးသလို ပြည်သူတွေအကျိုးစီးပွါး
အတွက် ရေရာသေချာတဲ့  အကြောင်းအရာတွေကိုလည်းမီဒီယာမှတစ်ဆင့်ရော ပြည်သူတွေကိုပါ တိတိကျကျ တရားဝင်ပြောကြားလာတာမရှိသေးပါဘူး။

ဒါနဲ ပတ်သတ်ပြီး ဧရာဝတီတိုင်းဒေသကြီး အစိုးရဟာ အခြားတိုင်းနဲ့  ပြည်နယ်တွေထက် စာရင် ဖွံ့ ဖြိုးမှုနောက်ကျနေတယ်လို့  ပြည်သူတစ်ချို့ ပြောနေကြတယ်ဆိုပြီး အစိုးရအဖွဲ့  ၀န်ကြီးချုပ် မန်းဂျော်နီကို သတင်းထောက်တစ်ဦးက မေးမြန်းခဲ့ ဘူးပါတယ်။

"လူထု ဝေဖန်တာကတော့ အမျိုးမျိုးကို ဝေဖန်နေမှာပဲ ဒီဝေဖန်တာကို ငါတို့ က နားထောင်မယ် တို့ လုပ်နိုင်တာကို လုပ်နိုင်သလောက်သွားမှာပဲ နော်" လို့ ဝန်ကြီးချုပ်က ပြန်လည်ဖြေကြားထားဖူးပါတယ်။

"၀န်ကြီးချုပ်ထဲမှာ ရန်ကုန်တိုင်းဝန်ကြီးချုပ်ရဲ့  လုပ်ဆောင်ချက်ကိုအားရတယ် တနေ့ တမျိုး ပြည်သူ့အတွက်
လုပ်ဆောင်ပေးနေတယ် ဒီမှာတော့ အားမရပါဘူး မြင်မြင်သမျှသတင်းကဟိုဖွင့်ပွဲတက်ဒီဖွင့်ပွဲတက် ကျုံပျော်ဘက်က လူတွေ မှ ပြည်သူမဟုတ်ပါဘူး တိုင်းမြို့တော် ဖွံ့ဖြိုးတိုးတက်အောင် လည်း ကြိုးစားပေးပါအုံး"လို့
ပုသိမ်ဒေသခံတစ်ဦးဖြစ်တဲ့  ကိုသားကြီးကဆိုပါတယ်။

လက်ထောက် မြို့ နယ် ပညာရေးမှူးအငြိမ်းစားတစ်ယောက်ဖြစ်တဲ့ ဝန်ကြီးချုပ်မန်းဂျော်နီဟာ အစိုးရအဖွဲ့ 
ဝန်ကြီးချုပ် အဖြစ် ဧပြီလ(၁)ရက်နေ့ လွတ်တော်မှာကြမ်းသစ္စာဆိုပြီး နောက်တစ်နေ့ မှာ ပဲ မြောင်းမြမြို့ နယ် နတ်ရွာ အခြေခံပညာ မူလတန်းကျောင်းဆောင်သစ် ဖွင့်ပွဲအခမ်းအနားကို စတင်တက်ရောက်ဖွင့်လှစ်ပေးခဲ့ သူတစ်ဦးလည်းဖြစ်ပါတယ်။

မျိုးမင်းပိုင် လူလေးမောင်သုည

ဧပြီလ (၂)ရက်နေ့ က မြောင်းမြ နတ်ရွာကျောင်းဆောင်သစ်ဖွင့်ပွဲတွင်တွေ့ ရသော ၀န်ကြီးချုပ်

No comments:

Post a Comment