Latest News

Tuesday, May 17, 2016

ကျေးရွာနေပြည်သူများသတိထားကြပါ

မအူပင်မြို့၏ကျေးလက်ဒေသများသို့ ကုမ္ပဏီမှယခုဆိုကာ LEDမီးသီးများ အား ၉၀၀၀ကျပ် ၊၁၁၀၀၀ကျပ်များဖြင့် လူတစ်စုမှလိမ်လည်၍ရောင်းချသွားကျောင်း ကျေးရွာနေပြည်သူတစ်ဦးမှပြောသည်။
ကျွန်မတို့က ဒီမီးသီးက ရေနဲ့အလွယ်တကူထွန်းလို့ရတယ်ဆိုတော့ ကျေးရွာမှာမီးကလည်းမရှိတော့ ဝယ်လိုက်တာပေါ့ ။ကျွန်မတို့ ရွာမှာကတော့ ၉၀၀၀ကျပ်နဲ့ရောင်းသွားပါတယ်။ဘေးရွာတွေမှာတော့ ၁၁၀၀၀ကျပ်နဲ့ရောင်းသွားပါတယ်။သူတို့ကတော့ကုမ္ပဏီကလို့ပြောတာပဲ ၊ အင်္ကျင်္ီ ပန်းရောင်နဲ့ဘောင်ဘီ အနက်ရောင်ဝတ်ထားတယ်။နောက်ပြီးဖုန်းနံပါတ်လည်းပေးသွားသေးတယ်။အခုတော့မီးသီးကလည်းမလင်းတော့ပါဘူး။သူတို့ဆီဖုန်းဆက်တာလဲမရတော့ဘူး ။ကျွန်မတို့လ်ုကျေးရွာနေ ဗဟုသုတနည်းတဲ့ ပြည်သူတွေကိုလိမ်သွားတဲ့သူတွေကိုသက်ဆိုင်ရာကဖမ်းပေးစေချင်ပါတယ်။ နောက်ပြီးကျွန်မတို့လို နောက်လူတွေကိုလည်းအလိမ်မခံစေချင်ပါဘူးဟု ကျေးရွာနေ အမျိုးသမီးတစ်ဦးမှပြောသည်။
ယင်းLEDမီးလုံးများမှာ မအူပင်မြို့ပေါ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်များ၌ တစ်လုံးလျှင် ၃၀၀၀ကျပ်နီးပါးသာရှိကြောင်းလည်းသိရသည်။
Photo-PLC
Phyo Lay Chem‎ to မအူပင်ဟစ်တိုင်


No comments:

Post a Comment