Latest News

Monday, May 2, 2016

ဟင်္သာတမြို့နယ်တွင် မိုးရွာသွန်းပြီး လေပြင်း တိုက်ခတ်မှုကြောင့် နေအိမ် အလုံး (၅၀)ပြို၊ (၂၅၀)အမိုးများလန်၍ လှေ(၃)စီး ပျက်စီး


မိုးရွာသွန်းပြီး ရုတ်တစ်ရက်လေပြင်း တိုက်ခတ်မှုကြောင့် နေအိမ်အချို့ ပျက်စီးမှုများဖြစ်

ဟင်္သာတ မေ ၂

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် ဟင်္သာတမြို့နယ်၌ မေ ၂ရက်နေ့ ညနေ ၅ နာရီ ၃၀ မိနစ်ခန့်က မိုးအနည်းငယ် ရွာသွန်းပြီး ရုတ်တစ်ရက်လေပြင်းများ တိုက်ခတ်မှုကြောင့် မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု ၁၃ အုပ်စုမှ ကျေးရွာ ခွဲပေါင်း ၄၀ ရွာတို့တွင် နေအိမ်များ အမိုးလန်ခြင်းနှင့် ပြိုကျပျက်စီးခြင်းများ ဖြစ်ပွားခဲ့သည်။


ရုတ်တစ်ရက် လေပြင်းတိုက်ခတ်မှုကြောင့် မြို့ကွင်းကျေးရွာ အုပ်စုတွင် နေအိမ် ၅ လုံးပြို၊ ၂၅ လုံး အမိုးလန်ခြင်း၊ သမ္ဘရာတိုင်းကျေးရွာအုပ်စုတွင် နေအိမ် ၃ လုံးပြို၊ ၁၉ လုံးအမိုးလန်၍ လှေ ၃ စီးပျက်စီးခြင်း၊ ကရင်အင်းကျေးရွာအုပ်စု တွင် နေအိမ် ၃ လုံး အမိုးလန်ပျက်စီးခြင်း၊ လိပ်ချောင်းကျေးရွာအုပ်စုတွင် နေအိမ် ၈ လုံးပြို၊ ၆၁ လုံး အမိုးလန်ခြင်း၊ အင်္ဂရန်းကျေးရွာအုပ်စုတွင် နေအိမ် ၃၃ လုံးပြို၊ ၁၀၁ လုံး အမိုးလန်ခြင်း၊ သဲဖြူ(ဓမ္ဘီ)ကျေးရွာအုပ်စုတွင် အလက(ခွဲ) ကျောင်း ၁ ကျောင်းနှင့် နေအိမ် ၁ လုံး အမိုးလန်ခြင်း၊ ငါးဖားကျေးရွာအုပ်စုတွင်နေအိမ် ၂ လုံး အမိုးလန်ခြင်း၊ ဒူးယား (ထန်းတစ်ပင်)ကျေးရွာအုပ်စုတွင် နေအိမ် ၂ လုံးအမိုးလန်ခြင်း၊ ကညင်ကောက်ကျေးရွာအုပ်စုတွင် နေအိမ် ၁၃ လုံး အမိုးလန်ခြင်း၊ ကော်ဇံ(ဆောက်သေ)ကျေးရွာအုပ်စုတွင် နေအိမ် ၁ လုံးပြို၊ ၈ လုံးအမိုးလန်ခြင်း၊ အိပ်ပျက်ကျေးရွာအုပ် စုတွင် နေအိမ် ၂ လုံး အမိုးလန်ခြင်း၊ ပဲကြီးကျွန်းကျေးရွာအုပ်စုတွင် နေအိမ် ၁ လုံး အမိုးလန်ခြင်းနှင့် ရွာသာကျေးရွာ အုပ်စုတွင် နေအိမ် ၁၂ လုံး အမိုးလန်ခြင်းများဖြစ်ပွားခဲ့ရာ စုစုပေါင်း နေအိမ် အလုံး (၅၀)ပြို၊ (၂၅၀)အမိုးများလန်၍ လှေ(၃)စီး ပျက်စီးမှုများဖြစ်ပွားခဲ့ပြီး လူနှင့်တိရစ္ဆာန်ထိခိုက်သေဆုံးမှုမရှိကြောင်း သတင်းရရှိပါသည်။

အဆိုပါဖြစ်ပွားရာနေရာဒေသများသို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် သက်ဆိုင်ရာတာဝန်ရှိဝန် ထမ်းများက ကွင်းဆင်းကောက်ယူ၍ အသေးစိတ်အခြေအနေများကို စစ်ဆေးဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်(ဟင်္သာတ)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar

No comments:

Post a Comment