Latest News

Friday, April 29, 2016

တိုင်းဧရာ(Time Ayeyar)

တိုင်းဧရာ(Time Ayeyar)ပေ့ခ်ျသည်
ဧရာဝတီနှင့်ပတ်သက်သော
နိုင်ငံရေး၊လူမှုရေး၊စီးပွားရေး အစရှိသည့်
သတင်းများကို ဧရာသားများသိစေရန်
လက်လှမ်းမှီသရွေ့ ၊တတ်စွမ်းသရွေ့ 
စုဆောင်းတင်ဆက်ပေးရန်ရည်ရွယ်ပါသည်။
အခြားသိမှတ်သင့်သည့်ဗဟုသုတ၊
ရီရွှင်ဖွယ်ဟာသ စသည်တို့ ကိုလည်း
ဝေမျှ တင်ဆက်သွားပါမည်။

နှစ်ငါးဆယ်အတွင်းပထမဆုံးပေါ်ပေါက်လာသော
ဒီမိုကရေစီအစိုးရသစ်၏လုပ်ကိုင်ဆောင်ရွက်နေမှုများကို
အများပြည်သူသိရှိနိုင်ရန် နှင့်
ပြည်သူတို့ ၏လိုအပ်ချက်၊နစ်နာချက်အစရှိသည်များကို
အစိုးရမင်းများသိရှိနိုင်ရန်အတွက်
တိုင်းဧရာမှ သတင်းအချက်အလက်များ
ရှာဖွေဖော်ပြရန်လည်းရည်ရွယ်ပါသည်။

တိုင်းဧရာ(Time Ayeyar) ပေ့ခ်ျသို့ 
ကိုယ့်ထမင်းကိုယ်စား ဧရာဝတီသတင်းသမားများ
သတင်း၊ဓာတ်ပုံ၊ဗီဒီယိုများပေးပို့ နိုင်ကြပါကြောင်း။
တင်ဆက်ဖော်ပြသောသတင်းအချက်အလက်များ
မှားယွင်းမှုတစ်စုံတရာရှိပါက ဝေဖန်ထောက်ပြကြရန်လည်း
ဖိတ်ခေါ်ပါကြောင်း။

မေတ္တာမွန်ဖြင့်
ကိုယ့်ထမင်းကိုယ်စား တိုင်းဧရာ အဖွဲ့ သားများ။

No comments:

Post a Comment