...........................................................................................
ယနေ့ (၅-၄-၂၀၁၆)ဧရာဝတီတိုင်းလွှတ်တော်တွင် အတည်ပြုဖွဲ့ စည်း တိုင်းအစိုးရအမည်စာရင်း
၁။မန်းဂျော်နီ BA Dip,Ed (၀န်ကြီးချုပ်)(ကျုံပျော် မဲဆန္ဒနယ်-၂)
၂။ဗိုလ်မှူးကြီးကျော်စွာလှိုင်(လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး)
၃။ဦးလှကျော်(စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး)(ညွှန်ချုပ်အငြိမ်းစား)
၎။ဦးဘဟိန်း(စိုက်ပျိုးရေး/မွေးမြူရေး/သစ်တောနှင့်သတ္တုတွင်းဝန်ကြီး)
(ဒုတိုင်းမန်နေဂျာ-ငြိမ်း)
၅။ဦးဝင်းဌေး(လျှပ်စစ်/စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး)
(MAX Co, အင်ဂျင်နီယာချုပ်)
၆။ဦးကျော်မြင့်BA(Eco,)(စည်ပင်ဝန်ကြီး)(လပွတ္တာမဲဆန္ဒနယ်-၁)
၇။ဒေါက်တာလှမြတ်သွေး PhD in Linguistics(Germany)
(လူမှုရေးဝန်ကြီး)
၈။ဦးတင်စော(ရခိုင်တိုင်းရင်းသားဝန်ကြီး)
(မြောင်းမြပညာရေးကောလိပ်-ငြိမ်း)
၉။ဂါ့မိုးမြတ်မြတ်သူ(ကရင်တိုင်းရင်းသားရေးရာဝန်ကြီး)
(ကျောင်းအုပ်ဆရာမကြီး-ငြိမ်း)
၁၀။ဦးသိန်းရွှေ(ဥပဒေချုပ်)(ကယားပြည်နယ်ဥပဒေအရာရှိ-ငြိမ်း)
၁၁။ဒေါ်စန်းစန်းခိုင်(စာရင်းစစ်ချုပ်)
(မကွေးတိုင်း စာရင်းရုံးညွှန်ကြားရေးမှူး-ငြိမ်း)
၁၁။ဒေါ်စန်းစန်းခိုင်(စာရင်းစစ်ချုပ်)
(မကွေးတိုင်း စာရင်းရုံးညွှန်ကြားရေးမှူး-ငြိမ်း)
၂၀၁၃ခုနှစ်အတွင်း နေပြည်တော်မှာ
နှစ်ပေါင်းများစွာကွဲကွာနေတဲ့ သူငယ်ချင်းတစ်ယောက်ကို ပြန်တွေ့ ခဲ့ရပါတယ်။
သူဟာမိခင်ဆောက်လုပ်ရေးကုမ္ပဏီရဲ့ အပြာရောင်ယူနီဖောင်းနဲ
့အင်ဂျင်နီယာတွေဆောင်းတဲ့ သံခမောက်ကို ဆောင်းရင်း နှစ်ပေါင်းများစွာ
မြင်ခဲ့ဖူးတဲ့ သူ့ ရဲ့ ကိုယ်ပိုင်အပြုံးကို
ပြုံးပြလိုက်ပါတယ်။ဧရာဝတီတိုင်းသားပေမယ့် အညာသားလို အသားမည်းပြီး
စကားပြောရင် ရိုးရိုးရှင်းရှင်းပြောတ်တဲ့သူ့ ရဲ့ ဟန်ပန်ကိုကြည့်ရင်း
တချိန်က အင်းစိန်ထောင်ထဲမှာ ဒေါက်တွေ၊သံခြေချင်းတွေခတ်ပြီး အရိုက်ခံခဲ့ရတဲ့
ပုံရိပ်တွေနဲ့ ပြန်လည်နှိုင်းယှဉ်မိပါတယ်။သူ့ရဲ့နာမည်က
ကိုဝင်းဌေးလို့ခေါ်ပါတယ်။သူ့ကိုရေကြည်မြို
့နယ်၊ငါးသိုင်းချောင်း၊ကမ်းနီရွာမှာ
အဘဦးတက်ဖြိုး၊အမိဒေါ်သန်းခတို့ကမွေးဖွားခဲ့ပါတယ်။မွေးချင်း ၄ယောက်ရှိပြီး
ဘ၀ကိုကြိုစားရုန်းကန်ခဲ့ရတဲ့မိသားစုလည်းဖြစ်ပါတယ်။မိဘတွေကိုသူ့ကိုလယ်သမားဖြစ်မှာစိုးလို့စက်မှုအထက်တန်းကျောင်းကိုတက်စေခဲ့ပါတယ်။၁၉၈၂ခုနှစ်မှာစက်မှုအထက်တန်းကျောင်းကဘာသာစုံဂုဏ်ထူးနဲ့အောင်မြင်ပြီး
စက်မှုတက္ကသိုလ်ကိုရောက်ရှိလာခဲ့ပါတယ်။ သူ့ရဲ့ဘ၀က ၁၉၈၈
ဒီမိုကရေစီအရေးတော်ပုံသာမဖြစ်ခဲ့ရင်ရိုးရှင်းပြီးသာယာတဲ့ဘ၀တစ်ခုဖြစ်ခဲ့မှာပါ။
ဒါပေမယ့်စက်မှုတက္ကသိုလ်ကအစပြုတဲ့အရေးတော်ပုံလှုပ်ရှားမှုတွေကြောင့်
ကိုဝင်းဌေးရဲ့ဘ၀ဟာလည်း မုန်တိုင်းထန်ခဲ့ရပါတယ်။
၁၉၈၈ အရေးအခင်းကြီးဖြစ်နေတဲ့အချိန်မှာ
တက္ကသိုလ်ကျောင်းတွေပိတ်သွားလို
့ကိုဝင်းဌေးလည်းရွာကိုပြန်ခဲ့ရပါတယ်။ဒါပေမယ့်အကြာကြီး
ရွာမှာနေရတော့သူမပျော်တော့ပါဘူး။သူက
ရန်ကုန်မှာပဲနေချင်တဲ့လူတစ်ယောက်ဖြစ်ပါတယ်။ဒါကြောင့်မိဘတွေကိုအကျိုးအကြောင်းပြောပြီး
ရန်ကုန်ကိုပြန်တက်လာခဲ့ပါတယ်။ရန်ကုန်ရောက်တော့ အဆောင်မှာနေပြီး
ကြုံရာကျပန်းအလုပ်တွေလုပ်ခဲ့ပါတယ်။ပန်းရံလက်သမား အလုပ်တွေကစပြီး
ကျူရှင်ဆရာအဆုံးအကုန်လုံးကိုဝင်းဌေးလုပ်ဖူးပါတယ်။အလုပ်အဆင်ပြေပေမယ့် သူ
့ဗီဇကငြိမ်မနေပါဘူး။နိုင်ငံရေးလှုပ်ရှားနေတဲ့စက်မှုတက္ကသိုလ်ကျောင်းသားဘုန်းမော်
၂ နှစ်မြောက်နှစ်ပတ်လည်အခမ်းအနားပြုလုပ်ဖို့ အစီအစဉ်နဲ့
ကြုံလာပါတယ်။ဒီအစီအစဉ်ကိုစက်မှုတက္ကသိုလ်ကျောင်းသားတွေဖြစ်တဲ့ကျော်ကျော်စိုး၊ဇော်ရဲဝင်း၊ပုဏ္ဏား
စတဲ့သူတွေနဲ့ အကောင်အထည်ဖော်ဖို့ နိုင်ငံရေးသမားဟောင်းကြီး ဗိုလ်ကြာညွန်
့အိမ်မှာ တွေ့ ဆုံဆွေးနွေးခဲ့ကြပါတယ်။
ဒီအစီအစဉ်ကိုစစ်ထောက်လှမ်းရေးသိရှိသွားတဲ့အခါမှာ
သူတို့ ကို လိုက်လံဖမ်းဆီးခဲ့ပါတယ်။ကိုဝင်းဌေးလည်းဖမ်းဆီးခံခဲ့ရပြီး
အင်းစိန်ထောင်ထဲကိုရောက်ရှိသွားခဲ့ပါတယ်။ နောက်ဆုံး စစ်ခုံရုံးကသူတို
့ကိုထောင်ဒဏ်သုံးနှစ်စီ ချမှတ်ခဲ့ပါတယ်။ထောင်ထဲရောက်တော့
ကိုဝင်းဌေးအတွက်ပိုမိုကြီးမားတဲ့စိန်ခေါ်မှုတွေနဲ
့ရင်ဆိုင်ကြုံတွေ့ရတော့တာပါပဲ။ထောင်က နိုင်ငံရေးသမားတွေ၊ကျောင်းသားတွေကို
ထောင်အလုပ်တွေလုပ်ဖို
့လေဘာချတယ်။ကျောင်းသားတွေကမလုပ်နိုင်ဘူးဆိုပြီးငြင်းဆန်တယ်။ဒီမှာတင်ပြဿ
နာတွေဖြစ်ပြီး Labour Strike တွေဖြစ်ပေါ်လာပါတယ်။ဒီထဲမှာ
ကိုဝင်းဌေး၊ထက်ရာဇာ၊ကျော်ကျော်စိုး၊ကျော်ကျော်သိန်း၊ကိုမြင့်နိုင်တို
့အပါအ၀င်ကျောင်းသားတော်တော်များများပါဝင်ပြီး ထောင်အာဏာပိုင်တွေက
ခြေချင်းခတ်ပြီး စစ်ခွေးတိုက်ကို ပို့ ခဲ့ပါတယ်။စစ်ခွေးတိုက်မှာ
ထောင်ရဲ့နာမည်ကြီး လူမိုက်တွေဖြစ်တဲ့
ကြည့်မြင်တိုင်ကဟန်တင်ကြီးတို့၊ကြက်ဖတို့ကပုံစံကြီးထိုင်ခိုင်းပြီးနည်းမျိုးစုံနဲ့ရိုက်နှက်နှိပ်စက်ခဲ့ပါတယ်။စစ်ခွေးတိုက်မှာတလတိတိပညာပေးခံရပြီးမှ
အဆောင်ကိုပြန်ရောက်လာပါတယ်။မည်းမည်းရှည်ရှည်နဲ့ကိုဝင်းဌေးပုံစံက
ပိုမည်းပြီးမီးသွေးလိုမာကျစ်သွားပါတယ်။လောကဓံကိုလည်းပိုပြီးခံနိုင်ရည်ရှိသွားပါတယ်။
ကိုဝင်းဌေးနဲ့ အတူနေရတာကတော့
ဗမာပြည်ကွန်မြူနစ်ပါတီကသံမဏိဦးစိန်လှဖြစ်ပါတယ်။ဦးစိန်လှက ကိုဝင်းဌေးကို
နိုင်ငံရေးသဘောတရားတွေနဲ့နိုင်ငံရေးအယူအဆတွေကိုသင်ကြားပေးပါတယ်။သူအမြဲတမ်းအမှတ်ရနေတဲ့အဖြစ်အပျက်ကတော့
အဘဦးစိန်လှရဲ့ချဉ်ပေါင်ဟင်းပါပဲ။တခါတုန်းက အဘဦးစိန်လှက
စစ်ပြေးတပ်ကြပ်ကြီးတစ်ယောက်ကို ဆားနည်းနည်းရှာခိုင်းတယ်။ပြီးတော့
ကိုဝင်းဌေးကို တောင်ယာထဲသွားပြီး ချဉ်ပေါင်ရွက်ခူးခိုင်းတယ်။ပြီးတော့
ဘီစကွတ်မုန့်ထုပ်ထုတ်တဲ့ပလတ်စတစ်အဟောင်းကိုယူပြီး
ချဥင်္ပေါင်ရွက်တွေရောဆားတွေရောနယ်ပြီးထည့်လိုက်တယ်။ပြီးတော့အိမ်ဝမှာကြိုးနဲ
့စည်းပြီး တိုက်ခေါင်မိုးဖြစ်တဲ့သွပ်ပေါ်ကို ပစ်တင်လိုက်တယ်။ကိုဝင်းဌေးက
အဘဦးစိန်လှလုပ်ရပ်ကို
နားမလည်လို့မေးကြည့်တော့ခဲတစ်လုံးနဲ့ငှက်နှစ်ကောင်ပစ်သလိုတနေကုန်ရင်ချဉ်ပေါင်ဟင်းလည်းစားရမယ်၊သွပ်ပေါ်ကိုဆားရည်တွေစီးပြီး
ကြာရင်သွပ်ပေါက်သွားလိမ့်မယ်လို
့ပြောပါတယ်။ဒါကအဘဦးစိန်လှရဲ့ရန်သူကိုတိုက်ခိုက်ရမယ့်အယူအဆဖြစ်ပါတယ်။
၁၉၉၁ ခုနှစ်မှာတော့
အင်းစိန်မှာရှိတဲ့ကျောင်းသားတွေကိုလူစုခွဲတဲ့အခါ
ကိုဝင်းဌေးလည်းကျနော်တို့နဲ့အတူ တောင်ငူထောင်ကိုပြောင်းရွှေ
့ခဲ့ပါတယ်။တောင်ငူထောင်မှာထမင်းဝိုင်းတွေဖွဲ့ ကြတော့
ကျနော်တို့ထမင်းဝိုင်းကအကြီးဆုံးပါပဲ။ကြည့်မြင်တိုင်ကညီညီလှိုင်၊တောင်ဥက္ကလာကအောင်သွင်နဲ့ပါလေး၊မြောက်ဥက္ကလာကမင်းလွင်၊ငသိုင်းချောင်းကကိုဝင်းဌေး၊ဦးဇင်းဦးခေမာစာရ၊ပဲခူးကဇော်ဝင်း၊ဒိုက်ဦးကထွန်းထွန်း၊မင်းဘူးကကျနော်ပါဝင်ပါတယ်။ဒီထမင်းဝိုင်းကြီးရဲ့ချက်ပြုတ်ရေးတာဝန်ကို
ကိုဝင်းဌေးက ရဲရဲရင့်ရင့်တာဝန်ယူလိုက်ပါတယ်။ပြီးတော့ဒီလူဆယ်ယောက်စာ
စားဖို့ဟင်းအတွက်တစ်နေကုန်၊တစ်နေခန်းချက်ပြုတ်တော့တာပါပဲ။ဘာဟင်းချက်ချက်လောက်တယ်လို့မရှိပါဘူး။တောင်ယာဘုတ်ကိုင်က
ကန်ဇွန်းရွက်တစ်စည်းပေးလည်းအဆင်မပြေ၊၂စည်းပေးလည်းအဆင်မပြေ၊ငါးစည်းလောက်ပေးမှ
အဆင်ပြေတယ်။ ကြာတော့လည်းဘုတ်ကိုင်တွေက မပေးချင်တော့ဘူး။
ဝက်သားတွေဘာတွေဝယ်စားရင်လည်းတပိဿာကို
တစ်နပ်ပဲစားကြတယ်။ဒါတောင်ထမင်းကိုထောင်ကတာဝန်ယူလို့တော်သေးတယ်။
ဒီထမင်းဝိုင်းကြီးအတွက်
အဓိကခေါင်းစားရတာကတော့
ကျနော်တို့ရဲ့မာမီကြီးကိုဝင်းဌေးပါပဲ။ကျနော်တို့ကနေ့တိုင်းဘောလုံးကန်ဖို့၊ခြင်းခတ်ဖို့၊Scrabble
ဆော့ဖို့လောက်စဉ်းစားနေတဲ့အချိန်မှာ ကိုဝင်းဌေးခင်မျာ
ကြက်သွန်တွေနွှာလိုက်၊ငရုတ်သီးတွေထောင်းလိုက်၊ဆီတွေပြေးချေးလိုက်နဲ့အလုပ်ရှုပ်နေလေ့ရှိပါတယ်။သူ
၂နာရီလောက်ပင်ပင်ပန်းပန်းချက်ပြီးတဲ့အခါမှာ
ကျနော်တို့ကဆယ်မိနစ်နဲ့အပြတ်ရှင်းလေ့ရှိပါတယ်။တစ်ခါကတော့ကျနော်တို့ကိုအမြင်ကတ်လို့လားမသိဘူး။စွယ်တော်ရွက်အကြမ်းတွေကိုဟင်းချက်ပြီးကျွေးတယ်။သရက်ရွက်အကြမ်းတွေကိုလည်းသုပ်ပြီးကျွေးတယ်။သူဘာတွေပဲလုပ်လုပ်မစားတဲ့ဟင်းဆိုတာမရှိဘူး။ကျနော်တို့ကဂျီးမများပဲစားလေ့ရှိပါတယ်။ဒီလိုနဲ့တောင်ငူထောင်မှာ
ကိုဝင်းဌေးရဲ့လက်ရာနဲ့ ပျော်ပျော်ရွှင်ရွှင်စားသောက်ပြီး
ဖြတ်သန်းခဲ့ကြပါတယ်။
ခုတော့ဒီထမင်းဝိုင်းထဲက ပါလေးတစ်ယောက်က
ကွယ်လွန်သွားပါပြီ။အောင်သွင်၊ဇော်ဝင်းနဲ့
ဦးဇင်းခေမာစာရလည်းနိုင်ငံရပ်ခြားမှာ အခြေကျနေပါပြီ။ကျနော်လည်း
၂၀၁၂ခုထောင်က ပြန်လွတ်လာပြီးတဲ့နောက် မီဒီယာနယ်ပယ်မှာ
ပြန်လည်ကျင်လည်နေပါပြီ။ကျနော်တို့ရဲ့စားဖိုဆောင်မာမီကြီး ကိုဝင်းဌေးလည်း
သူ့ရဲ့မူလအလုပ်ဖြစ်တဲ့အင်ဂျင်နီယာအလုပ်ကိုလုပ်ကိုင်နေပါပြီ။အခုအသက်အရွယ်
အိမ်မှာဟင်းချက်ရသေးသလားဆိုတာကိုတော့သူ့အမျိုးသမီးပဲသိနိုင်တော့မှာဖြစ်ပါတယ်။
ဇော်သက်ထွေး
No comments:
Post a Comment