Latest News

Saturday, April 30, 2016

ကျွဲခြံရေကျော်တံတား တည်ဆောက်ပြီးစီးတော့မည်


မော်ကျွန်း-ဘိုကလေး ဆက်သွယ်သွားလာနိုင်မည့်ကျွဲခြံရေကျော်တံတားကို လာမည့် မေလ ဒုတိယပတ်အကုန်တွင် လူ ၊ ကား ဆိုင်ကယ်နှင့်ယာဉ်မျိုးစုံ ဖြတ်သန်းသွားလာနိုင်မည်ဟု တံတားတည်ဆောက်ရေးစီမံကိန်း အထူးအဖွဲ့ ၁၁ မှဦးစီးအရာရှိ ဦးစိုးမိုး ထံမှသိရပါသည်။
အဆိုပါတံတားကို ၂၀၁၁ ဇွန် ၂ ရက်နေ့ တွင်စတင်တည်ဆောက်ခဲ့ပြီး တံတားအရှည် ၁၆၇၉ ပေ အ
ကျယ် ၂၄ ပေ (နှစ်လမ်းသွား) သံမဏိသံဘောင်နှင့်သံကူကွန်ကရစ်တံတားအမျိုးအစားဖြစ်ပြီး လူသွား
လမ်း တစ်ဖက်လျှင် ၃ပေစီပါရှိသည်။
မော်ကျွန်းမြို့ မှ ကျွဲခြံရေကျော်တံတားသို့ ၁၃ မိုင် ၃ဖာလုံ ကျွဲခြံရေကျော်တံတားမှ ဘိုကလေးမြို့ သို့  ၅မိုင်
မော်ကျွန်း-ဘိုကလေး စုစုပေါင်း ၁၈မိုင် ၃ ဖာလုံအကွာအဝေး ရှိကြောင်းသိရသည်။
ကျွဲခြံရေကျော်တံတား ပြီးစီးပါက မော်ကျွန်း-ဘိုကလေး ကုန်စည်စီးဆင်းမှုပိုမိုမြန်ဆန်လာပြီး ဒေသ
တွင်း စီပွားရေး လူမှုရေး လမ်းပန်းဆက်သွယ်ရေးပိုမိုတိုးတတ်ကောင်းမွန်လာနိုင်ကြောင်းဒေသခံများက
ဆိုပါသည် ။

MawGyunCity မှ
သတင်း-ဓါတ်ပုံ Showe Minthar

No comments:

Post a Comment