Friday, April 29, 2016
ကြံခင်းမြို့ပေါ်တွင် ဆိုင်ကယ်ပျောက်ဆုံးမှုများ ဆက်တိုက်ဖြစ်ပေါ်
ကြယ်စင်လင်း (မြစ်မခ)
ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့ပေါ်တွင် ဧပြီလပိုင်း အတွင်း ဈေးကြီးအနီးအနားတွင် ဆိုင်ကယ် ပျောက်ဆုံးမှုများ ဆက်တိုက်ဖြစ်ပေါ်နေကြောင်း ကြံခင်းမြို့မ ရဲစခန်းမှ သိရှိရသည်။
အဆိုပါ ဆိုင်ကယ်ပျောက်မှုသည် ယခုနှစ်တွင် နှစ်ပတ်လျှင်တစ်ကြိမ် ပျမ်းမျှ ပျောက်ဆုံးနေခြင်းဖြစ်ပြီး ပျောက်ဆုံးမှု အများဆုံးဖြစ်နေသည့် ဈေးပတ်ဝန်းကျင်တွင် ရဲတပ်ဖွဲ့ဝင်များအနေဖြင့် စောင့်ကြည့်အဖွဲ့များ
ချထား၍ စောင့်ကြည့်မှုများပြုလုပ်နေရကြောင်း သိရသည်။
အဆိုပါပျောက်ဆုံးရသည့် ဆိုင်ကယ်အများစုသည် ဈေးအနီး လူစည်ကားချိန် နံနက်(၈း၀၀)နာရီနှင့် (၁၀း၀၀)နာရီ ကြားတွင် ပျောက်ဆုံးခြင်းဖြစ်ပြီး ဧပြီလ(၂၆)ရက်နေ့တွင် သံသယရှိသူ(၁)ဦးဖမ်းမိထား၍ စစ်ဆေးဆဲဖြစ်ကြောင်း သိရသည်။
မြစ်မခမီဒီယာ
ကြံခင်းမြို့ပေါ်တွင် ဆိုင်ကယ်ပျောက်ဆုံးမှုများ ဆက်တိုက်ဖြစ်ပေါ်
Reviewed by timeayeyar
on
7:36 PM
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment