Latest News

Friday, April 29, 2016

ငရုတ်ကောင်းမြို့ ဂေါ်ရင်ဂျီကျွန်း ဘုရားတောင်ပေါ်တွင် စေတီတည်ခြင်းကို ယာယီတားမြစ်ထား


မျိုးမင်းထွန်း – ဧရာဝတီတိုင်း(မြစ်မခ)

ဧရာဝတီတိုင်းဒေသကြီး၊ ငရုတ်ကောင်းမြို့ ဂေါ်ရင်ဂျီကျွန်းဘုရားတောင်ပေါ်တွင် စေတီတည်ခြင်းကို  ယာယီတားမြစ်ထားကြောင်း ဘုရားဂေါပကအဖွဲ့မှ သိရှိရသည်။

ဂေါ်ရင်ဂျီဘုရားတောင်သည် သက်နုကျောက်အမျိုးအစားဖြစ်ပြီး သဘာဝအတိုင်းတည်ရှိနေခြင်းမဟုတ်ပဲ အ လွှာများဖြင့်တည်ရှိနေသောကြောင့် သဘာဝအတိုင်းပြောင်းလဲမှုကိုလိုလားသဖြင့် အင်အားဖြင့်အပြောင်းအလဲမဖြစ်စေချင်သောကြောင့် စေတီတည်ဆောက်ခြင်းများကို ယာယီတားမြစ်ရခြင်းဖြစ်ကြောင်း သိရသည်။

“ပညာရှင်တွေရဲ့ အကြံပြုချက်တွေကိုမသိလို့ အလှူရှင်တွေ လှူဒါန်းတဲ့စေတီတွေကို လက်ခံတည်ဆောက် နေတာပါ။ အခုတော့ တည်ဆောက်နေဆဲ စေတီတွေနဲ့ဆက်လက်တည်ဆောက်မယ့် စေတီအလှူရှင်တွေကို အကျိုးအကြောင်းပြောပြီး တားမြစ်ထားပါတယ်။”ဟု ဂေါ်ရင်ဂျီ ဘုရားတောင် ဂေါပကလူကြီးရွှေဒိုင်လင်းက
ပြောသည်။

ဂေါ်ရင်ဂျီဘုရားတောင်ပေါ်တွင် အလှူရှင်များမှ နဂါးရုံဘုရားကိုးဆူလာရောက် တည်မှုကို ဒေသခံများမှ စိုးရိမ်သဖြင့် တားမြစ်ရခြင်းဖြစ်ပြီး ပညာရှင်များနှင့်တိုင်ပင်ပြီးမှသာ ဆက်လက်တည်ထားခွင့်ပြုမည်ဖြစ်ကြောင်း ဘုရားဂေါပက အဖွဲ့ဝင်များထံမှ သိရသည်။

“ဒီတောင်က ကျောက်အမျိုးအစားကို ဓာတ်ခွဲမကြည့်ရသေးလို့ မသိနိုင်သေးဘူး၊ ကျောက်အနေနဲ့ခွဲခြား ရင်တော့ အလွှာလိုက်တည်ရှိနေတာပါ။ ဒါ့ကြောင့်ကျောက်ပုံထဲကနေ ကျောက်တစ်ခုဆွဲထုတ်တာပဲဖြစ်ဖြစ်
ကျောက်ပုံပေါ်ကို ဖိအားပေးတာပဲဖြစ်ဖြစ် ကျောက်တစ်ခုကို ရိုက်ထည့်လိုက်တာပဲဖြစ်ဖြစ်ပြောင်းလဲသွားနိုင် တယ်။”ဟု T.O.P Engineering Consultants International မှ တာဝန်ခံ အင်ဂျင်နီယာ ဦးသက်ပိုင်ဦးက ပြောသည်။

ဂေါ်ရင်ဂျီ တောင်ပေါ်တွင် စေတီပုထိုးများအပြင် အခြားအဆောက်အဦးများ ဆောက်လုပ်မည်ဆိုပါက ကျွမ်းကျင်ပညာရှင်များ၏ ခွင်ပြုချက်ရယူပြီးမှသာ တည်ထားသင့်ကြောင်း အင်ဂျင်နီယာအချို့မှ သုံးသပ်ပြော ကြားသည်။

ဂေါ်ရင်ဂျီတောင်၏ ယခုပုံစံသည် သဘာဝအတိုင်းပြောင်းလဲလာခြင်းဖြစ်ပြီး တောင်အပြင် အခြားလှပသည့် ကျွန်းကျောက်ဆောင်များရှိသော်လည်း လွန်ခဲသည့်ငါးနှစ်ခန့်တွင် မိကျောင်းခေါင်းကြီးကဲ့သို့ ဖြစ်နေသည့်
ကျောက်ဆောင်ပေါ်တွင် အလှူရှင်တစ်ဦးမှ ကြက်ရုပ်ကြီးတင်လိုက်သဖြင့် ပြိုကျပျက်စီးရာမှစတင်၍ အင်အား သုံးတည်ဆောက်မှုများကြောင့် ပျက်စီးလာမှုကို ဒေသခံများမှ သတိထားမိခဲ့ခြင်းဖြစ်သည်။
myitmakhamediagroup

No comments:

Post a Comment